#Local_News
Published 08 December 2025
▪️ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း ၊ယနေ့ညနေအထိခန့်မှန်းချက်မှာ နေပြည်တော်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်းဖော်ပြထားသည်။
▪️ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်းသိရသည်။
▪️ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၈ ဒီဇင်ဘာ၊၂၀၂၅
◾️မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမျာအတွက် ထိုင်းနိုင်ငံ အမျိုးသား ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီ (PTTEP) သည် လာမည့် ၅ နှစ်တာကာလအတွင်း အမေ ရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်းသိရသည်။
◾️PTTEP၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါသတင်းကို ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက် Upstream online တွသ် ဖော်ပြထားခြင်းဖြစ်သည်။
◾️အဆိုပါ PTTEP၏ အစီအစဉ်သည် တန်ဖိုးမြှင့်တင်ခြင်း (Driving Value)၊ ကာဗွန်လျှော့ချခြင်း (Decarbonisation) နှင့် လုပ်ငန်းကဏ္ဍစုံသို့ တိုးချဲ့ခြင်း (Diversification) ဟူသော အဓိကမဟာဗျူဟာ ၃ ရပ်အပေါ် အခြေခံထားသည်ဟုဆိုသည်။
◾️လာမည့်နှစ်အတွက် PTTEP ၏ အဓိက ဦးစားပေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် သဘာဝ ဓာတ်ငွေ့ ပို့လွှတ်နေသော မြန်မာကမ်းလွန်ရှိ ရတနာနှင့် ဇောတိက လုပ်ကွက်များလည်းပါဝင်သည်။
◾️မြန်မာကမ်းလွန်ရှိ M3 စီမံကိန်းများအပါအဝင် တည်ဆောက်ရေးကာလတွင်ရှိသော စီမံကိန်းများကို သတ် မှတ်ထားသည့် ကာလအတွင်း စတင်လည်ပတ်နိုင်ရန် PTTEP က အရှိန်မြှင့်တင်လိုသည်ဟု ဆိုသည်။
◾️၂၀၂၆ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ မြန်မာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် အယ်လ်ဂျီးရီး ယားနိုင်ငံတို့၌ ရှာဖွေရေးနှင့် အကဲဖြတ်တွင်းများ တူးဖော်ရန်အတွက် ဒေါ်လာ ၁၀၁ သန်း ရင်းနှီး မြှုပ်နှံရန် PTTEP က စီစဉ်ထားကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
◾️နောက်ဆုံးထုတ်ပြန်ထားသည့် ၅ နှစ်တာ စီမံကိန်းအရ ကုမ္ပဏီ၏ မတည်ရင်းနှီးငွေ (Capex) သည် ၂၀၂၈ ခုနှစ်တွင် ဒေါ်လာ ၅.၂၄၉ ဘီလီယံဖြင့် အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုနှစ်တွင် စုစုပေါင်း အသုံးစရိတ်သည်လည်း ဒေါ်လာ ၇.၆၇၆ ဘီလီယံဖြင့် အများဆုံး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
#ymg/knl
#Local_News
Published 08 December 2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲထွန်းဦးနှင့်အတူ ယမာန် နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်း စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေကိုလည်းကောင်း၊ ပြည်ပဆိုက်ရောက် ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ဆိုက်ရောက် ဗီဇာ(Visa on Arrival)ဖြင့် ရောက်ရှိလာသည့် ခရီးသည်များအား စစ်ဆေးခွင့်ပြုဆောင်ရွက်သည့် ကောင်တာကိုလည်းကောင်း၊ ပြည်ပနိုင်ငံအသီးသီးမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ဖြင့် ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို မည်သည့်အထောက်အထားမျှ မတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေး၍ NV Card ရရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြား တင်ပြနိုင်သူများကို Bographic/Biometric ကောက်ယူပြီး Unique ID နံပါတ် ထုတ်ပေးမှုအခြေအနေ များကိုလည်းကောင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် CIP Lounge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားတွေ့ဆုံရာ ဦးစွာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လေဆိပ်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ လူဝင်မှုစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး အခြေအနေကို ရှင်းလင်းတင်ပြပြီး လေဆိပ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်အောင်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ ဆိုက်ရောက်၊ ထွက်ခွာလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ လေကြောင်း လိုင်းများအခြေအနေနှင့် လက်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအခက်အခဲများကိုမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုကြောင်း၊ ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မလိုလားအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသား များ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက် ပေးကြရန် လိုကြောင်း၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
တိုက်ကြီးမြို့နယ် စက်တန်းကျေးရွာကထုတ်လုပ်တဲ့ ရိုးရာနတ်မြင်းရုပ် တွေကို ရန်ကုန်တိုင်းက ဥက္ကံမြို့နဲ့ ၊ ပဲခူးတိုင်းက သုံးဆယ်မြို့တွေကို တင်ပို့ရောင်းချနေပြီးကုန်ကြမ်းရှားပါးလာတာကြောင့် လုပ်ကိုင်သူနည်းလာတယ်လို့ နတ်မြင်းအလုပ်ရုံတွေက သိရပါတယ်။
#Local_News
Published 06 December 2025
#ရိုးရာနတ်မြင်းရုပ် #တိုက်ကြီးမြို့နယ် #ပဲခူးတိုင်း
#YMG/NN #Yangon_Times
PYIN OO LWIN (December 6) — Senior General Min Aung Hlaing, Chairman of the National Security and Peace Commission and Commander-in-Chief of Defence Services, stated on Friday that the military’s presence in Hluttaw could be gradually scaled back, but only once democratic systems have flourished and there are no longer ethnic armed organizations operating in the country.
Speaking at a meeting with officers, soldiers, families, and cadets at the Pyin Oo Lwin station, the Senior General emphasized that the timeline for reducing the Tatmadaw's legislative quota is strictly tied to stability and the cessation of armed conflict.
The Commander-in-Chief addressed the institution's long-standing involvement in national leadership, citing "historical reasons" and "current prevailing conditions" as the primary drivers for the Tatmadaw’s continued political role. He noted that while the military's principal duty remains national defense, the security situation across successive eras has necessitated its active participation in resolving internal insurgency.
During the address, the Senior General also highlighted ongoing institutional developments, noting that upgrades are being carried out for the Tatmadaw alongside parallel reform efforts for the Myanmar Police Force.
The meeting was attended by high-ranking military officials, including the Senior General and his wife, Daw Kyu Kyu Hla; Commander-in-Chief (Navy) General Htein Win; and Commander-in-Chief (Air) General Tun Aung, along with senior officers from the Office of the Commander-in-Chief (Army) and personnel stationed in Pyin Oo Lwin.
-End-
၆ ဒီဇင်ဘာ ၂၀၂၅
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန် တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ် လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၆ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ ၊ဖြစ်ပေါ်နေသည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
တပ်မတော်၏အဓိကတာဝန်သည်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးအခန်း ကဏ္ဍတွင်လည်း ပါဝင်နေရတယ်လို့ ဗိုလ်ချုပ်မှူးကြီးကဆိုပါတယ်။
တပ်မတော်ကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆက်လက်ပြောကြား ပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ၊ ဗိုလ်လောင်းများ တက်ရောက်ခဲကြကြောင်းသိရှိရပါတယ်။
#yng/knl

ရွှေကို လေပတ်ကားနဲ့အရောင်းအဝယ်မလုပ်ဖို့နဲ့ သတ်မှတ်ရည်ညွှန်းဈေးနဲ့ သာ ရောင်းဝယ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်းက ယမာန်နေ့ကအသိပေးထုတ်ပြန်လာပါတယ်။
#Local_News
Published 06 December 2025
#ရွှေ #လေပတ်ကား
#YMG/NN #Yangon_Times
Page 25 of 2266