မေ ၂၉၊နယူးဒေလီ(WION) - အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် (Ajit Doval) သည် သောကြာနေ့က မော်စကိုမြို့၌ ကျင်းပသည့် ပထမဆုံးအကြိမ် နိုင်ငံတကာ လုံခြုံရေးဖိုရမ်၏ ပြင်ပ သီးသန့်တွေ့ဆုံမှုအဖြစ်တွင် မြန်မာအစိုးရ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ဦးတင်အောင်စန်းနှင့် ဆွေးနွေး ပွဲများ ပြုလုပ်ခဲ့သည်။
လုံခြုံရေးဆိုင်ရာ အကြီးအကဲနှစ်ဦးသည် လုံခြုံရေး၊ ကာကွယ်ရေး၊ ဆက်သွယ်မှုနှင့် အခြား နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတစ်လျှောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး မကြာ သေးမီက ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအခြေအနေဆိုင်ရာ စိန်ခေါ်မှုများနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း ပိုမို ကျယ်ပြန့်သော ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများ ရှိနေသော်လည်း အိမ်နီးချင်းနှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေးပိုမိုခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ယခုတွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ကို နှစ်နိုင်ငံစလုံးက အလေးထားကြောင်း မီးမောင်းထိုးပြလျက် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေး ဦးတင်အောင်စန်းသည် (၅) ကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးအကြံပေးများ အစည်းအဝေး အတွက် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံသို့ လာရောက်ရန် အစီအစဉ်ရှိသည်။
ယခု မော်စကိုတွေ့ဆုံမှုသည် မေလ (၃၀) ရက်မှ ဇွန်လ (၃) ရက်နေ့အထိ ပြုလုပ်မည့် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၏ အဆင့်မြင့် အိန္ဒိယနိုင်ငံခရီးစဉ်အတွက် လမ်းခင်းပေးလိုက်ခြင်းဖြစ်သည်။
မေ ၂၉၊၂၀၂၆- နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မကြာမီစတင်မည့် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း စီးပွားရေးစီမံကိန်းများပူးပေါင်းဆောင်ရွက်မှုများနှင့် နယ်စပ်စီမံခန့်ခွဲရေးကိစ္စများ ပါဝင်ဖွယ်ရှိနေ ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအခြေစိုက် Wion သတင်းဌာန၏ ယနေ့ မေ၂၉ရက် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း အပါအဝင် ဆက်သွယ်ရေး စီမံကိန်းများ၊ စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ပိုမိုကောင်းမွန်သော နယ်စပ်စီမံခန့်ခွဲရေးကိစ္စရပ်များမှာ ခရီးစဉ်အတွင်း ထင်ရှားစွာ ပါဝင်လာမည်ဟု မျှော်လင့်ရကြောင်းဖော်ပြထားခြင်းဖြစ်သည်။
ကုန်သွယ်ရေး၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော နယ်စပ် တစ်လျှောက် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ် ပြည်နယ်များကို အရှေ့တောင်အာရှနှင့် ချိတ်ဆက်ပေးနိုင်မည့် ဆက်သွယ်ရေးစင်္ကြံများကိစ္စသည်လည်း ဆွေးနွေးပွဲ အစီအစဉ်တွင် လွှမ်းမိုးထားဖွယ်ရှိနေကြောင်းလည်း သတင်းကဆိုသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင် ခေါင်းဆောင်များ ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဇွန်လ (၁) ရက်နေ့တွင် နယူးဒေလီမြို့၌ ဝန်ကြီးချုပ် မိုဒီနှင့် တရားဝင် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံအကြား “သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများ” ကို ပိုမို ခိုင်မာအားကောင်းစေရေး အဓိကထား ဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ခရီးစဉ်အတွင်း သီးသန့် စီးပွားရေးဖိုရမ်တစ်ခုကိုလည်း ကျင်းပသွားမည် ဖြစ်သည်။
ဇွန်လ (၂) ရက်နေ့တွင် အိန္ဒိယ စက်မှုလုပ်ငန်းရှင် ခေါင်းဆောင်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံမှုများနှင့် လုပ်ငန်းခွင်လေ့လာရေးများအတွက် မွမ်ဘိုင်းမြို့သို့ ခရီးမထွက်ခွာခင် သမ္မတ ဦးမင်းအောင်လှိုင်သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါသော ဘာသာရေး အထွတ်အမြတ်ထားရာ နေရာဖြစ်သည့် ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂါယာသို့ မေ၃၀ရက်တွင် သွားရောက်မည်ဖြစ်သည်။
"မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းပထမ (Neighbourhood First)၊ အရှေ့မျှော်(Act East)မူဝါဒ နှင့် မဟာဆာဂါ (MAHASAGAR- လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်နှင့် ဘက်စုံတိုးတက်ရေး)) မူဝါဒများ ဆုံစည်းရာတွင် တည်ရှိနေသည်" ဟု အိန္ဒိယအစိုးရ၏ ထုတ်ပြန် ချက်တွင် မှတ်ချက်ပြုထားပြီး၊ နယူးဒေလီအစိုးရအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် မည်မျှ မဟာ ဗျူဟာမြောက် အလေးထားကြောင်းကို မီးမောင်းထိုးပြထားကြောင်း အဆိုပါသတင်းကရေးသားသည်။
ယခုခရီးစဉ်သည် သမ္မတ ဦးမင်းအောင်လှိုင်၏ လက်ရှိရာထူးတာဝန်ဖြင့် ပထမဆုံးအကြိမ် ပြည်ပသို့ သွားရောက်သော ခရီးစဉ်လည်းဖြစ်သည်။
သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA)က ကြီးမှူးပြီးပထမဦးဆုံးအကြိမ်အဖြစ် “ငှက်ကြည့်ခြင်း (Bird Watching) သင်တန်း” ကိုဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 29 May 2026
#ငှက်မျိုးစိတ် #ငှက်ကြည့်ခြင်းသင်တန်း
#YMG/SW #Yangon_Times
ယာဉ်အို/ယာဉ်ဟောင်းတွေနေရာမှာ လျှပ်စစ်သုံးယာဉ်တွေကို အစားထိုးလဲလှယ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့နိုင်ငံခြား ငွေကြေးကိုလည်း ဗဟိုဘဏ်ကထုတ်ရောင်းပေးသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 29 May 2026
#ယာဉ်အို #ယာဉ်ဟောင်း
#YMG/NN #Yangon_Times
ယူနန်ပြည်နယ်မှလုပ်ငန်းရှင်များအနေနဲ့ပြည်တွင်းရှိစွမ်းအင်ကဏ္ဍနဲ့အခြေခံအဆောက်အဦကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံလိုတယ်လို့ ကူမင်းကောင်စစ် ဝန်ချုပ်ရုံးမှ သိရပါတယ်။
#Local_News
Published 29 May 2026
#ယူနန် #ကူမင်းကောင်စစ် ဝန်ချုပ်ရုံး
#YMG/SW #Yangon_Times
ရန်ကုန်မြို့မှာ သုံးရက်တိုင်တိုင်ကျင်းပနေတဲ့ အကြိမ်(၂၀)မြောက် မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်ခြံမြေ ကားအရောင်းပြပွဲကြီးမှာအိမ်ခြံမြေ ကားတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 29 May 2026
#အိမ်ခြံမြေ #ကားအရောင်းပြပွဲ
#YMG/NN #Yangon_Times
#Daily_News
Published 29 May 2026
၁။ ငှက်မျိုးစိတ်များအားလေ့လာနိုင်ရန် ငှက်ကြည့်သင်တန်းဖွင့်မည်
၂။ ယာဉ်အို/ယာဉ်ဟောင်းများနေရာ၌ (EV)ယာဉ်များဖြင့် အစားထိုးလဲလှယ်ပေးမည်
၃။ ယူနန်မှလုပ်ငန်းရှင်များကစွမ်းအင်ကဏ္ဍနှင့်အခြေခံအဆောက်အဦကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံလို
၄။ အမြောက်အများထုတ်လုပ်မှုအဆင့်ရောက်လာကာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်စိုးမိုးလာသည့် တရုတ်3Dပရင့်လုပ်ငန်းကဏ္ဍ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 25 of 2418