နေပြည်တော်၊ ဖေဖော်ဝါရီ ၂ — သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဒီဇယ်ဆီတင် သင်္ဘောတစ်စီးအား ဓာတ်ခွဲစမ်းသပ်ချက်အရ အရည်အသွေး စံချိန်စံညွှန်းမမီသဖြင့် ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ တွင် ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က သီလဝါဆိပ်ကမ်းရှိ Apex Terminal သို့ ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) တင်ဆောင်လာတဲ့ Tanker သင်္ဘောတစ်စီး ရောက်ရှိလာခဲ့ရာ ဝန်ကြီးဌာနက တင်ဆောင်လာတဲ့ ဒီဇယ်များကို နမူနာရယူ၍ ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်ဆေးချက်ရလဒ်များအရ အဆိုပါဒီဇယ်ဆီတွေက သတ်မှတ်ထားတဲ့ အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရတဲ့အတွက် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေး ယခုကဲ့သို့ ပြန်လည်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု လျှော့ချရေးနှင့် ပြည်တွင်း ရေနံချက်စက်ရုံ စီမံကိန်းများကို အပိုင်းလိုက် အကောင်အထည်ဖော်လျက်ရှိနေပါတယ်။ ဒါပေမယ့် ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ တင်သွင်းနေရဆဲဖြစ်သဖြင့် တင်သွင်းလာသည့် စက်သုံးဆီများနှင့် ဈေးကွက်တွင်းရှိ စက်ဆီချောဆီများ၏ အရည်အသွေး၊ အခြင်အတွယ်နှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေး တို့ကို တင်းကြပ်စွာ စိစစ်ထိန်းကျောင်းလျက်ရှိတယ်လို့သိရပါတယ်။
#knl/ymg
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) မှ ကြီးမှူးမှုနဲ့ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှဦးစီးကာ အဆောက်အဦးများပြုပြင်ခြင်းဆိုင်ရာ(ပန်းရံ) သင်တန်းအား မန္တလေးမြို့နဲ့ မန္တလေးမြို့ ဝန်းကျင်မှာ
ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 02 February 2026
#𝐌𝐂𝐄𝐅 #မန္တလေး
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာရသူများအတွက် ဥရောပသမဂ္ဂ (အီးယူ)က ယူရို ၃၈.၆ သန်း ထောက်ပံ့သွားမယ်လို့ ကြေညာထားပါတယ်။
#Local_News
Published 02 February 2026
#ယူရို #ဥရောပသမဂ္ဂ
#YMG/SW #Yangon_Times
#Local_News
Published 02 February 2026
#မိုးရွာသွန်း
#YMG/NN #Yangon_Times
မြန်မာ့လက်ဖက်ပွဲတော်ကို ရန်ကုန်မြို့အင်းလျားကန်ဘောင်ရှိစိမ်းလန်းစိုပြေဥယျာဉ်မှာ အဆိုပါပွဲတော်ကို ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ရက် ကနေ ၁၄ရက်အထိကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 02 February 2026
#မြန်မာ့လက်ဖက် #ပြည်ထောင်စုနေ့
#YMG/NN #Yangon_Times
#Daily_News
Published 02 February 2026
၁။ မန္တလေးတွင် အဆောက်အဦးများပြုပြင်ခြင်းဆိုင်ရာ(ပန်းရံ) သင်တန်းအခမဲ့ဖွင့်လှစ်မည်
၂။ မြန်မာရှိ နေရပ်စွန့်ခွာရသူများအတွက် အီးယူက ယူရို ၃၈.၆ သန်း ထောက်ပံ့မည်
၃။ ဒေသအချို့၌ မိုးရွာသွန်းခြင်းနှင့် ညအပူချိန်များလျော့ကျနိုင်
၄။ အင်ဒိုနီးရှားမြေပြိုမှုဖြစ်စဉ်ကြောင့် သေဆုံးသူအယောက်(၅၀)အထိမြင့်တက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 02 February 2025
■ ပြည်တွင်းပြည်ပဈေးကွက်အခွင့်အလမ်းတွေရရှိစေရန် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးကပြောသည်။
■ အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
■ “အဓိကကတော့ နိုင်ငံတော်က MSME လုပ်ငန်းရှင်တွေကို ပြည်တွင်းပြည်ပဈေးကွက်အခွင့်အလမ်းတွေရရှိစေဖို့ ရည်ရွယ်တာပါ။ ဒီပြပွဲနဲ့အတူ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေရရှိရေးအတွက် ချိတ်ဆက်မှုအပြင် သက်ဆိုင်ရာအစိုးရဌာနတွေကနေ သတင်းအချက်အလက်တွေကို မျှဝေပေးမယ့်အစီအစဉ်တွေ ပါဝင်ပါတယ်။ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအနေနဲ့ MSME လုပ်ငန်းတွေက ထုတ်လုပ်ထားတဲ့ ထုတ်ကုန် ပစ္စည်းတွေကို ပြည်တွင်းမှာရှိတဲ့ Modern စတိုးတွေ၊ လက်လီ/လက်ကားဆိုင်တွေဖြစ်တဲ့ City Mart၊ AERON၊ Makro၊ G and G စတဲ့ဆိုင်တွေမှာ ရောင်းချနိုင်ရေးအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်းကနေတစ်ဆင့် မျက်နှာချင်းဆိုင်တွေ့ဆုံပေးသွားမှာဖြစ်ပါတယ်” ဟု၎င်းကဆိုသည်။
■ MSME လုပ်ငန်းရှင်များအနေဖြင့် ပြပွဲမှတစ်ဆင့် ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်တစ်ဦး ဖြစ်စေမည့် လုပ်ငန်းစဉ်များ၊ သီလဝါ SEZ ၏ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၊ လက်လီ/လက်ကားရောင်းချသူများနှင့် အချင်းချင်း ချိတ်ဆက်နိုင်မည့် လုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အချိတ်အဆက်များ ရရှိစေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
■ ထို့အတူ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့တွင် ဝန်ကြီးဌာနကိုးခုက MSME လုပ်ငန်းရှင်များအတွက် ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ငန်းရှင်များ ပြည်ပ ဈေးကွက်ဝင်ရောက်နိုင်ရေးလိုအပ်သည့် Certificate ရရှိရေးနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာကုန်စည် ပြပွဲများတွင် MSME ထုတ်ကုန်များစွာ ပါဝင်ပြသနိုင်ရေးနှင့် Online E-Commerce Platform မှတစ်ဆင့် MSME ထုတ်ကုန်များကို နိုင်ငံတကာဝယ်လက်များသို့ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
■ ထို့ပြင် ပြပွဲအတွင်း ပြည်ပဈေးကွက်ချိတ်ဆက်မှုအနေဖြင့် MSME လုပ်ငန်းရှင်များက ပြည်ပသို့ တင်ပို့မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမတည်ငွေရရှိရေး၊ စီးပွားရေး သံမှူးများနှင့်ချိတ်ဆက်၍ အသိပညာမျှဝေပေးနိုင်ရန်အတွက်လည်းကောင်း၊ ရင်းနှီးမတည်ငွေရရှိရေး ချိတ်ဆက်မှုအနေဖြင့် ပုဂ္ဂလိကဘဏ်များမှ ဘဏ်ချေးငွေရရှိရေး၊ ဘဏ်များ၏ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိနိုင်ရန်အတွက်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ ထို့ကြောင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်ဖြစ်လိုသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ရေးအတွက် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွား ချိတ်ဆက်မှုပြခန်းတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်းဆောင်ရွက်နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာ ထားသည်။
■ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 27 of 2321