ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၀ ကို G to G စနစ်နဲ့ အခုလအတွင်းတင်ပို့သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။
#Local_News
Published 10 December 2025
#ဘင်္ဂလားဒေ့ရှ် #ဆန်
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ယခုလမှာ ကြက်သွန်နီဈေးအနည်းငယ်ကျဆင်းလာတယ်လို့ ကုန်စည်ဒိုင်များထံမှစုံစမ်းသိရှိရပါတယ်။
#Local_News
Published 10 December 2025
#ကြက်သွန်နီ
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံတွေကို ပို့ကုန်ဝင်ငွေ ဒေါ်လာ(၇၆)သန်းတန်ဖိုးရှိတဲ့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 10 December 2025
#ပို့ကုန်ဝင်ငွေ #ဆန်
#YMG/NN #Yangon_Times
ထိုင်းအခြေစိုက်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတစ်ခုဖြစ်တဲ့ PTTEP ကမြန်မာမှလုပ်ငန်းများအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော် သုံးစွဲသွားမယ်လို့ သိရပါတယ်။
#Local_News
Published 10 December 2025
#ရေနံ_သဘာဝဓာတ်ငွေ့ #PTTEP
#YMG/SW #Yangon_Times
#Daily_News
Published 10 December 2025
၁။ ပို့ကုန်ဝင်ငွေ ဒေါ်လာ(၇၆)သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်တင်ပို့ထား
၂။ ကြက်သွန်နီ လက်ကားဈေးအနည်းငယ်ကျဆင်းလာ
၃။ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂၅၀၀ ယခုလအတွင်းတင်ပို့မည်
၄။ မြဝတီတွင် အွန်လိုင်းလိမ်လည်မှုများနှင့်ပါဝင်ပတ်သက်သည့်တရုတ်နိုင်ငံသားများအား နေရပ်ပြန်ပို့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 December 2025
▪️ ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏
မြန်မာအားကစားအဖွဲ့၏ ရွှေတံဆိပ်ဆု နှစ်ခုကို ခြင်းလုံးအဖွဲ့များမှ ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ရရှိရာတွင် အမျိုးသမီးခြင်းလုံးပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက (၅၀၂)မှတ်ဖြင့် ရွှေတံဆိပ်၊ အိမ်ရှင်ထိုင်းက(၄၄၆)မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင် အမျိုးသားခြင်းလုံးပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက (၅၇၄)မှတ်ဖြင့် ရွှေတံဆိပ်၊ အိမ်ရှင်ထိုင်းက(၅၀၁)မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
၁၀ ဒီဇင်ဘာ၊၂၀၂၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမြောက်ပိုင်း အဓိကမိသားစုကြီးလေးစု မှ ထွက်ပြေးတိမ်းရှောင်နေကြသူ လေးဦးအပါအဝင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများမှ ထွက်ပြေးလွတ်မြောက် နေသော ငွေကြေးထောက်ပံ့သူသူဋ္ဌေးကြီးများနှင့် အဓိက ခေါင်းဆောင် (၁၀၀) ဦးတို့ကို အလိုရှိကြောင်း ဒီဇင် ဘာ ၉ရက်က ကြေညာခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မိသားစုကြီး လေးစု ရာဇဝတ်ဂိုဏ်းမှ အဓိက ထွက်ပြေးနေသူများဖြစ်ကြသော ဝူချီဖျင် (Wu Qiping)၊ ဝူချင်း ကျိန့် (Wu Qingzheng)၊ ဖူရှောင်ဘင်း (Fu Xiaobin) နှင့် အုချန်ဟွာ (Ou Changhua) တို့ ဖြစ်ကြ ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။
စစ်ဆေးတွေ့ရှိချက်များအရ ဝူချီဖျင်၊ ဝူချင်းကျိန့်၊ ဖူရှောင်ဘင်း၊ အုချန်ဟွာ စသည့် ရာဇဝတ်မှု သံသယ ရှိသူ များသည် ပြည်ပအင်အားစုများ၏ အကာအကွယ်ကို ရယူကာ လူအင်အားစုဆောင်း၍ အဖွဲ့များဖွဲ့စည်းခြင်း၊ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းလိမ်လည်မှုများကို ရေရှည်ကျူးလွန်ခြင်းတို့ လုပ်ဆောင်ခဲ့ ရာ လိမ်လည်မှုပမာဏမှာ ကြီးမားပြီး ၎င်းတို့၏ လုပ်ရပ်သည်အလွန်ဆိုးရွားကြောင်း အဆိုပါဝန်ကြီးဌာနက ပြောပါတယ်။
အထူးသဖြင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာမြောက်ပိုင်းရှိ တရုတ်နိုင်ငံနှင့်ပတ်သက်သော ရာဇဝတ်မှု များကို နှိမ်နင်းရန် အထူးစီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း၊ ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖိအား ပေး အရေးယူနေသည့် အခြေအနေအောက်တွင်ပင် အထက်ပါ သံသယရှိသူများသည် လုပ်ရပ်များကို လျှော့ချ ခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ ဥပဒေချိုးဖောက်သော ရာဇဝတ်မှုများကို ဆက်လက်၍ အကြီးအကျယ် ကျူးလွန် နေကြဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဆက်လက် ရေးသားထားပါတယ်။
အဆိုပါ ထွက်ပြေးနေသူများ၏ ကျူးလွန်မှုအချက်အလက်များမှာ ထင်ရှားပြီး သက်သေအထောက် အထား များလည်း ခိုင်လုံပြည့်စုံသည့်အတွက် ဂျဲ့ကျန်းပြည်နယ် (ဟန်ကျိုး၊ ဝမ်ကျိုး)၊ ဖူကျန့်ပြည်နယ် (ချွမ်ကျိုး၊ လုံယန်)၊ ဟဲနန်ပြည်နယ် (ဖိန်တိရှန်)၊ ကွမ်တုံးပြည်နယ် (ရှန်ကျန့်)၊ ယူနန်ပြည်နယ် (ကူမင်း) နှင့် ချုံချင့် စသည့် ဒေသအသီးသီးမှ ရဲတပ်ဖွဲ့များသည် ထိုသူတို့အား ဆုကြေးငွေထုတ်၍ လူသိရှင်ကြား ဝရမ်းထုတ် အလိုရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ထွက်ပြေးနေသူများအနေဖြင့် လက်ရှိအခြေအနေမှန်ကို အမှန်အတိုင်း ရှုမြင် သုံးသပ်ကြရန်၊ အချိန်မနှောင်းမီ လမ်းမှားမှ ပြန်လှည့်ကြရန်နှင့် မိမိတို့သဘောဆန္ဒအလျောက် လာရောက်အဖမ်းခံ အလင်းဝင်၍ သက်ညှာစွာ စဉ်းစားပေးမှုကို ရယူကြရန်လည်း တရုတ်ရဲတပ်ဖွဲံက တိုက်တွန်းထားပါတယ်။
အလိုရှိတရားခံနှင့်ပတ်သက်တဲ့ ခိုင်လုံသော သတင်းအချက်အလက် ပေးပို့ပြီး အာဏာပိုင်များ ဖမ်းဆီး ရမိ အောင် ကူညီပေးသူ မည်သူ့ကိုမဆို ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့များက ဆုကြေးငွေ ယွမ် ၂ သိန်း (အမေရိကန်ဒေါ်လာ၂၈,၂၅၉ခန့်) ချီးမြှင့်သွားမှာဖြစ်တယ်လို့လည်း ဆင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြထားပါတယ်။
Ymg/knl







Page 22 of 2266