၂၆ မေ၊၂၀၂၆(ရန်ကုန်)- အများပြည်သူအကျိုးပြု CSR  ရန်ပုံငွေ အမေရိကန်   ဒေါ်လာ (၃.၈)သန်းကို မတည်  ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းများ အကောင်  အထည်ဖော်နေတဲ့   CITIC Myanmar က ပြောပါတယ်။

မေ၂၆ ရက်မနက်က ရန်ကုန်မြို့  Wyndham Grand Yangon Hotel တွင်ကျင်းပတဲ့ ၂၀၂၆ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် CITIC Myanmar ၏ ဒုတိယ ဥက္ကဋ္ဌ Mr. Piao Bo က ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုအစီအစဉ်များထဲတွင် ကျေးရွာရန်ပုံငွေစီမံကိန်း၊ ကျောက်ဖြူလူငယ် စွမ်းရည် မြှင့်တင်ရေးစီမံကိန်း၊ "ကျောက်ဖြူအနာဂတ်" ရွေ့လျားဆေးခန်းစီမံကိန်း၊ ဒီရေတော  စိုက်ပျိုးရေးစီမံကိန်း၊ "Smiling Children" အာဟာရကျွေးမွေးရေးစီမံကိန်း၊ ကမ်းခြေ  သန့်ရှင်းရေးစီမံကိန်း၊ "CITIC Star" Scholarship စီမံကိန်း၊ ပြင်းထန်သော သဘာဝ   ဘေး  အန္တရာယ်နှင့် ကပ်ရောဂါကာကွယ်ရေး လှူဒါန်းခြင်း အပါအဝင် "သေးငယ်လှပသော" လူမှုအကျိုးပြု စီမံကိန်းပေါင်း (၂၅)ခုပါဝင်ပြီး ဒေသခံ တစ်သိန်းကျော်ကို အကျိုးပြုနိုင်ခဲ့ တယ်လို့လည်း Mr. Piao Bo က ဆက်လက်  ပြောကြားပါတယ်။

မြန်မာမီဒီယာများ၊ သုတေသနအဖွဲ့များ ၊ တက္ကသိုလ်များ၊ အရပ်ဘက်  အဖွဲ့အစည်း  များနှင့် စီးပွားရေးလုပ်ငန်းများအကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး  နိုင်သည့် ယခုလို ပလက်ဖောင်းတစ်ခုကနေပြီး အကျိုးရှိမည့် အကြံပြုချက်များကို တင်ပြခွင့်ရရှိခဲ့  တယ်လို့လည်းသူကပြောပြီး ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်ပေးဖို့လည်း မျှော်လင့်တယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံနှင့်တရုတ်နှစ်နိုင်ငံအကြား ရင်းနှီးးမြှပ်နှံမှုနှင့်ကုန်သွယ်မှုနယ်ပယ် အသစ်တွေ ထပ်မံရှာဖွေပြီး တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်   ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Ji‌a က ပြောဆိုထားပါတယ်။

ယခုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူများ၏ သဘောထားအမြင်များနှင့်ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာရင်းနှီးမြှပ်နှံမှုတွေ  ပြုလုပ် နေတဲ့ တရုတ်ကုမ္ပဏီအချို့မှ တာဝန်ရှိသူတွေက တက်ရောက်ပြီး ရှင်းလင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။