အိမ်အရောက်ပို့စနစ်ကိုအသုံးပြုပြီးသက်သာတဲ့နှုန်းထားတွေနဲ့ ပေါ်ဆန်းအပါအဝင် ပြည်တွင်းစားဆန်တွေကိုရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 15 January 2026
#ဆန် #အိမ်အရောက်ပို့စနစ်
#YMG/NN #Yangon_Times
#Daily_News
Published 15 January 2026
၁။ မြန်မာမှသီရိလင်္ကာသို့ ဆန်တန်ချိန် (၅ဝဝ)ပေးပို့လှူဒါန်း
၂။ လူစီးကားများတင်သွင်းရာတွင် ၂၀၂၅ -၂၆ ထုတ်ယာဉ်များသာ တင်သွင်းရန်သတ်မှတ်
၃။ အိမ်အရောက်ပို့စနစ်နှင့်ဆန်များရောင်းချမည်
၄။ တင်းနစ်ကစားသမားများအတွက်လေ့ကျင့်ဖော်လေ့ကျင့်ဖက်ဖြစ်နေသည့် တရုတ်ပြည်ထုတ်AIတင်းနစ်စက်ရုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 15 January 2025
■ ၂၀၂၆ ခုနှစ် (၂၁)ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဖြစ်ရာဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲကျွမ်းကျင်အဆင့်နှင့်အငယ်တန်းအဆင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သိရသည်။
■ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ကျွမ်းကျင်အဆင့်သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာပြန်ဆိုရမည့် ပြိုင်ပွဲ ဖြစ် ကြောင်းသိရသည်။
■ ထို့အပြင် ကျွမ်းကျင်အဆင့် ဘာသာပြန်ပြိုင်ပွဲကို ဖေဖော်ဝါရီ(၁၄)ရက်(စနေနေ့) မနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ Zoom online system ဖြင့် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
■ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ အငယ်တန်းအဆင့်မှာမူ ဂျပန်ဘာသာအရည်အချင်း N3 အဆင့်ရှိသည့် ဂျပန်စာ လေ့လာနေသူများ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှု တိုးပွားလာစေရန် ရည်ရွယ်ပြီး လွယ်ကူရိုးရှင်းသည့် ဂျပန်ဘာသာစကား၏ ရေးသားထားသည့် စာမူများကို မြန်မာဘာသာ ပြန်ဆိုရမည့် ဘာသာပြန်ပြိုင်ပွဲ ဖြစ်ကြောင်း၊အငယ်တန်းအဆင့်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား N3 အဆင့်ရှိသည့် ဂျပန်စာလေ့လာနေသူများ ပါဝင်ယဉ်ပြိုင်နိုင်ပြီး ဂျပန်ဘာသာအရည်အချင်း N1, N2 အဆင့်ရှိသူများ လျှောက်ထားလို့မရကြောင်း သိရသည်။
■ အဆိုပါ အငယ်တန်းအဆင့်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁၅)ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီမှ ၁၁ နာရီအထိ Zoom online system ဖြင့် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
■ ပါဝင်လိုသူများ အနေဖြင့် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင် ဟောင်းအသင်း၏ လူမှုကွန်ရက်မှာဖော်ပြထားသည့် ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီလ(၁၈)ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း ၊ ဘာသာပြန်ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်ရာအဘိဓာန်ကိုအသုံးပြုနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကနေ ရေထွက်ကုန်တွေ ပြည်ပကိုတင်ပို့နေရာ အခုဘဏ္ဍာနှစ်ကိုးလတာအတွင်း ဒေါ်လာသန်းပေါင်း (၂၇၀)ကျော်တန်ဖိုးရှိ
ရေထွက်ကုန်တန်ချိန် နှစ်သိန်းကျော်တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 14 January 2026
#ရေထွက်ကုန် #မြန်မာနိုင်ငံ
#YMG/NN #Yangon_Times
ရာသီဥတုဒဏ်ကြောင့် သီးနှံအထွက်နှုန်းထိခိုက်မှုအပေါ် တောင်သူတွေရဲ့ ဆုံးရှုးမှုကိုလျှော့ချနိုင်ဖို့ သီးနှံအာမခံစနစ်ကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းအကောင်အထည်ဖော်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 14 January 2026
#သီးနှံ
#YMG/SW #Yangon_Times
ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အအေးဓာတ်တွေဆက်လက်လွှမ်းခြုံနိုင်မယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်ကအသိပေးထားပါတယ်။
#Local_News
Published 14 January 2026
#မိုးလေဝသ #အအေးဓာတ်လွှမ်းခြုံ
#YMG/NN #Yangon_Times
#Local_News
Published 14 January 2025
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် အလွှာစုံမှ ရုပ်ရှင်လောကသားများကို ဆန်၊ ဆီနှင့် စားသောက်ကုန်များ ယခုလအတွင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လှူဒါန်းမည့်အစီအစဉ်သည် (၁၇)ကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ပြီး သက်တမ်းရှိ ရုပ်ရှင်အစည်းအရုံးဝင်များကို ဇန်နဝါရီလ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်တို့တွင် လှူဒါန်းသွားမည် ဖြစ်သည်။
▪️ ထိုသို့ လှူဒါန်းရာတွင် ဇန်နဝါရီလ ၂၂ ရက် မနက်ပိုင်းတွင် အုပ်ချုပ်၊ ဖြန့်ချိ၊ ဇာတ်ညွှန်း၊ ဗီဒီယို၊ ပြဇာတ်နှင့်နောက်ခံတေးဂီတအလွှာ၊ ညနေပိုင်းတွင်တည်းဖြတ်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် အဓိကသရုပ်ဆောင်အလွှာ၊ ဇန်နဝါရီလ ၂၃ ရက်တွင် ဇာတ်ပို့ဇာတ်ရံ နှင့် ဇန်နဝါရီလ ၂၄ ရက်တွင် စက်မှုအလွှာမှ ရုပ်ရှင်လောကသားတို့ကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 6 of 2282