#Local_News
Published 12 September 2026
■ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုတွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်တို့သည် စက်တင်ဘာ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု ကို လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
■ အဆိုပါ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု ဖြစ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတိုအကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်နိုင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 September 2026
■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဖနောင်ပင်မြို့ရှိ မြန်မာသံရုံးတည်ဆောက်မယ့် မြေနေရာသစ်ကို သွားရောက်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။
■ နိုင်ငံတော်သမ္မတသည် အဆိုပါ သံရုံးတည်ဆောက်မည့်နေရာသို့ မသွားရောက်မီ ဦးစွာ မြန်မာသံရုံးသို့ သွားရောက်ခဲ့ပြီး သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပညာတော်သင်များကို တွေ့ဆုံပြီးအမှာစကားပြောကြားခဲ့သည်။
■ နိုင်ငံတော်သမ္မတနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူတွေလည်းလိုက်ပါခဲ့ကြကြောင်း သိရသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 September 2026
■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဖနောင်ပင်မြို့ရှိ နာမည်ကျော် Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
■ ယင်းသို့ သွားရောက်စဉ် နိုင်ငံတော်သမ္မတသည် Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ် ကျောင်းထိုင် ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipati Bour Kry ကို ဖူးမြော်ကြည်ညိုခဲ့သည်။
■ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၁၁ ရက်က ရောက်ရှိနေခြင်းဖြစ်သည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
ဖနောင်ပင်၊ စက်တင်ဘာ ၁၁
■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံ၍ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် အတွေ့အကြုံ ဖလှယ်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်စေရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများ၌ အပြန်အလှန်ထောက်ခံပံ့ပိုးရေးတိုကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည့်အချက်များ
မြန်မာ-ကမ္ဘောဒီးယား ၇၁ နှစ်ကြာ သံတမန်ဆက်ဆံရေးကို အခြေပြု၍ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူချင်းဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားလိုပါကြောင်း။
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပမာဏ တိုးမြှင့်လုပ်ဆောင်သွားလိုပြီး ကမ္ဘောဒီးယားနိုင်ငံ၏ အောင်မြင်မှုရရှိနေသည့် MSMEs လုပ်ငန်းနှင့် ပတ်သက်၍ အတွေ့အကြုံကောင်းများကို မျှဝေပေးစေ လိုပါကြောင်း။
မြန်မာနိုင်ငံတွင် ပြည်သူလူထုက ရွေးချယ်တင်မြောက်သည့် အစိုးရသစ် ပေါ်ပေါက်လာပြီး လွှတ်တော် များလည်း ပြန်လည်စတင်နေသည့်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော်၏ ဥပဒေပြု ရေးနှင့် ကြီးကြပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးစေပြီး နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုပါကြောင်း။
နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှပြီး ဟန်ချက်ညီသည့် ဆက်ဆံရေး တည်ဆောက်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်မှုကို အလေးထားပါကြောင်း။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် CLMV ၊ ACMECS နဲ့ BIMSTEC တို့ကဲ့သို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အပြည့်အဝပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
အာဆီယံ ထုတ်ပြန်ချက် ၅ ရပ်နှင့် ပတ်သက်၍ လွှတ်တော်တွင် ကန့်ကွက်ထောက်ပြလာခဲ့မှုအပေါ် ရွေးကောက်ခံအစိုးရအနေဖြင့် လွှတ်တော်နှင့် ပြည်သူလူထု၏ ဆန္ဒများကို လစ်လျူရှုရန်ခက်ခဲပါ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် မူလအခြေအနေအတိုင်း ပြန်လည်ပါဝင်နိုင်ရေးနှင့် ကုလသမဂ္ဂတွင် လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၏ အခွင့်အရေးများ အပြည့်အဝပြန်လည်ရရှိရေးအတွက် ကြိုးပမ်း သွားမည် ဖြစ်ပါကြောင်း။
(၁၁၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(ILO)တွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံပေးခဲ့သည့်အတွက် ကမ္ဘောဒီးယားနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီး ဒုတိယသမ္မတကို ပထမဆုံးအကြိမ် ခန့်အပ်နိုင်ပြီဖြစ်ကာ အမျိုးသမီးရေးရာဝန်ကြီးဌာနကိုလည်း သီးခြားဖွဲ့စည်းဆောင်ရွက်ထားခဲ့ပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းရပ်များ၌ အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရန်အတွက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနေကြောင်းနှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်းကြောင်းအတိုင်း အဓိကထား ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအား မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့ပါသည်။
■ ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဆွေးနွေးချက်များ
မြန်မာ-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး (၇၁)နှစ် တိုင်ခဲ့ပြီဖြစ်ကာ ရှိရင်းစွဲဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်လိုပါကြောင်း။
အမျိုးသမီးကဏ္ဍ ပြန်လည်မြှင့်တင်ဖော်ဆောင်ပေးသည့်အတွက် ချီးကျူးပါကြောင်းနှင့် နိုင်ငံများတွင် အမျိုးသမီးဦးရေ များပြားလေ့ရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အမျိုးသမီးကဏ္ဍ ယခုကဲ့သို့ မြှင့်တင်ရန် လိုအပ်ပါကြောင်း။
မြန်မာ-ကမ္ဘောဒီးယားလွှတ်တော်ကိုယ်စားလှယ်များ ချစ်ခင်ရင်းနှီးစွာဖြင့် အတွေ့အကြုံများ ဖလှယ်သွား မည်ဖြစ်ပါကြောင်း။
ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့စဉ် MoU (၄)ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် များစွာဝမ်းသာမိပါကြောင်း။
ဗုဒ္ဓတက္ကသိုလ်များမှာ လာရောက်ပညာသင်ကြားဖို့ ဖိတ်ကြားခဲ့သည်ကို ကျေးဇူးတင်ပါကြောင်းနှင့် MoU (၄) ခုတွင် ယဉ်ကျေးမှုကဏ္ဍလည်းပါဝင်သည့်အတွက် ယဉ်ကျေးမှုကဏ္ဍကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပါကြောင်း။
အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေပြီး အပြန်အလှန်ခရီးစဉ်များ ကလည်း ရင်းနှီးမှုကို ပိုမိုတိုးတက်စေသည့်အတွက် နှစ်နိုင်ငံကြား လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ စီစဉ်သွားစေလိုကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လွှတ်တော်တွင် ဒေသတွင်းကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်ရာသီဥတုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးလေ့ရှိပြီး မြန်မာလွှတ်တော်တွင် ကျင့်သုံးနေသည့် စနစ်များနှင့်သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ စီမံဆောင်ရွက်ချက်များကို မျှဝေပေးစေလိုပါကြောင်း။
ထို့ပြင် နှစ်နိုင်ငံ လွှတ်တော်မှ လူငယ်ကိုယ်စားလှယ်များကို ထိတွေ့ဆက်ဆံပေးလိုကြောင်း၊ အပြန်အလှန်တွေ့ဆုံပွဲများ၊ ချစ်ကြည်ရေးခရီးစဉ်များ လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့မှုအပေါ် ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့ပါသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
ဖနောင်ပင်၊ စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ MSME၊ ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ပညာရေး၊ အလုပ်သမားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က —
• မြန်မာ-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး ၇၁ နှစ်တာကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တိုးမြှင့်ရန်နှင့် JCBC အစည်းအဝေးများ ပြန်လည်အသက်သွင်းရန် လိုအပ်ကြောင်း။
• တပ်မတော်နှစ်ရပ်အကြား အဆင့်အသီးသီး ချစ်ကြည်ရေးခရီးစဉ်များနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း။
• ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန်နှင့် MSME ကဏ္ဍတွင် ကမ္ဘောဒီးယား နိုင်ငံနှင့် အတွေ့အကြုံများ မျှဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
• ပုဂံ-ဆီရမ်ရိ ညီအစ်မမြို့ဆက်ဆံရေးနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များကို အခြေခံ၍ “Two Countries, One Destination” ခရီးသွားအစီအစဉ် မြှင့်တင်လိုကြောင်း။
• မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပရိဝုဏ်အတွင်း ကမ္ဘောဒီးယားဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရေး မြေနေရာငှားရမ်းပေးရန် ကမ်းလှမ်းပြီး သာသနာရေးနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း။
• ကမ္ဘောဒီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် အကာအကွယ်ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း။
• အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခွင့်အရေးနှင့် အခန်းကဏ္ဍများ ပြန်လည်ရရှိရေး၊ ကုလသမဂ္ဂနှင့် ILO ဆိုင်ရာကိစ္စများတွင် ကမ္ဘောဒီးယား နိုင်ငံမှ ဆက်လက်ထောက်ခံပေးစေလိုကြောင်း။
• အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို Zero Tolerance မူဝါဒဖြင့် သတင်းအချက်အလက်မျှဝေကာ ပူးပေါင်းတိုက်ဖျက်သွားလိုကြောင်း။
• မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ တည်ငြိမ်အေးချမ်းရေး၊ ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စုတည်ဆောက်ရေးနှင့် NCA မူဘောင်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်က —
• မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတကာနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း။
• မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးအတွက် ကမ္ဘောဒီးယားက ဆက်လက်ထောက်ခံကြိုးပမ်းမည်ဖြစ်ပြီး မြန်မာ့အရေးကို မြန်မာနည်း မြန်မာ့ဟန်ဖြင့် ဖြေရှင်းမှု အား ထောက်ခံကြောင်း။
• အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး၊ အလုပ်သမားများ ပြန်လည်စေလွှတ်ရေးနှင့် ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည် ဖြစ်ကြောင်း။
• တပ်မတော်နှစ်ရပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ် တည်ဆောက်သွားမည်ဖြစ်ကြောင်း။
• ကုန်သွယ်ရေး၊ MSME၊ E-Government၊ တိုက်ရိုက်လေကြောင်းခရီးစဉ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း။
• ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အရေးကို အာဆီယံမိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသွားမည်ဖြစ်ကြောင်း။
• M-15 တွင် ဓာတ်ငွေ့သိုက်အသစ်တွေ့ရှိမှု၊ ဓာတ်ငွေ့ပို့ဆောင်ရေးနှင့် LNG စက်ရုံတည်ဆောက်ရေး အပါအဝင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ သောက်သုံးရေလိုအပ်ချက်ရှိနေတဲ့ နေရာတွေမှာမြန်မာနိုင်ငံကြက်ခြေနီအသင်းက သောက်သုံးရေများဆက်လက်ဖြန့်ဝေပေးလျက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 11 September 2026
#လေးမျက်နှာ #ရေဘေးသင့်ပြည်သူ
#YMG/SW #Yangon_Times
စပါး/ ဆန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ သိုလှောင်ဈေးကစားခြင်းများ မဖြစ်ပေါ်စေရေးကို ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ် ကပြောပါတယ်။
#Local_News
Published 11 September 2026
#စပါး_ဆန်
#YMG/NN #Yangon_Times
Page 3 of 2494