#World_News
Published 13 November 2025

■ ငွေကြေး လိမ်လည်မှုကျူးလွန်ခြင်းကြောင့် ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ကနေ နေရပ်ပြန်ပို့ခြင်းခံရတဲ့ လူနှစ်ဦးကို စင်္ကာပူက နိုဝင်ဘာ ၁၃ ရက်နေ့မှာ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။

■ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသားနှစ်ဦးက နိုင်ငံတကာလိမ်လည်မှု လုပ်ငန်းစဉ်တွေနဲ့ တရားမဝင်ငွေကြေးအမှုတို့မှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆထားကြောင်း စင်္ကာပူရဲတပ်ဖွဲ့ (SPF)က ကြာသပတေးနေ့မှာ ပြောသွားပါတယ်။

■ ပထမတစ်ဦးက ဘန်ကောက်စီးနင်းဝင်ရောက်စဉ်အတွင်း တော်ဝင်ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

■ ထိုလူက မြန်မာနိုင်ငံမှာ လိမ်လည်ရေးလုပ်ငန်းလုပ်ဆောင်နေတယ်လို့ အာဏာပိုင်များယူဆထားတဲ့ နိုင်ငံတကာအဖွဲ့မှာ ပတ်သက်နေတယ်လို့ SPF က ဆိုပါတယ်။

■ ထိုလုပ်ငန်းဟာ စင်္ကာပူနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အစိုးရအရာရှိ အယောင်ဆောင်လိမ်လည်မှုတွေကို ကြိုးကိုင်နေတယ်လို့ သိထားရပါတယ်။

■ မြန်မာအာဏာပိုင်များ ဝင်ရောက်စီးနင်းပြီးနောက် ထိုလူဟာ ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

■ ဒါ့အပြင် စင်္ကာပူရှိ သူ့ရဲ့ကိုယ်ပိုင်ဘဏ်အကောင့်ကို စွန့်လွှတ်ပြီး ဒုစရိုက်အဖွဲ့ရဲ့ငွေတွေ လွှဲပြောင်းနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။

■ နောက်တစ်ဦးကတော့ ကမ္ဘောဒီးယားနယ်စပ်အနီး ခရောင်ဘာဗက်မြို့မှာ တယ်လီဖုန်းဆက်သွယ်ရေး လိမ်လည်မှုကျူးလွန်နေတဲ့ နိုင်ငံတကာလိမ်လည်မှုအဖွဲ့မှာ ပါဝင်ပတ်သက်တဲ့အတွက် ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

■ အစောပိုင်းစုံစမ်းချက်များအရ သူဟာ အဖွဲ့အတွက် ဘာသာပြန်လုပ်ဆောင်နေပြီး စင်္ကာပူမှာရှိတဲ့ သူ့ရဲ့ဘဏ်အကောင့်တွေဟာလည်း တရားမဝင်ငွေကြေးများ လက်ခံရရှိဖို့ အသုံးပြုခဲ့ပါတယ်။

■ ဒီလိုပြစ်မှုတွေအတွက် ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ကြေးစင်္ကာပူဒေါ်လာ ၁ သိန်းခွဲအထိ နှစ်မျိုးစလုံး ကျခံရနိုင်ပါတယ်။

■ ဒီလိုလိမ်လည်မှုတွေက ၂၀၂၅ ပထမနှစ်ဝက်အတွင်း ၈၈.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ စင်္ကာပူဒေါ်လာ ၁၂၆.၅ သန်းခန့် ရှိခဲ့ပါတယ်။

■ နိုင်ငံတကာ ရဲတပ်ဖွဲ့များရဲ့ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အရှေ့တောင်အာရှမှာ လိမ်လည်ရေးလုပ်ငန်းတွေ ကျူးလွန်နေတဲ့ စင်္ကာပူနှစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီလို့ SPF က ဖော်ပြထားပါတယ်။

Source: CNA