#World_Health
Published 13 November 2025
■ ရင်ကြပ်နဲ့ ဓာတ်မတည့်ဝေဒနာ ရှိသူတွေအတွက် နှာခေါင်းဖျန်းဆေးနဲ့ ရင်ချောင်ကိရိယာတို့က အရေးကြီးဆုံးအရာတွေ ဖြစ်ပါတယ်။
■ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာကို ရှင်းလင်းပေးပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးကာ လျင်မြန်စွာ သက်သာစေပါတယ်။
■ ဒါပေမဲ့ ထိုပစ္စည်းတွေမှာပါဝင်တဲ့ ကော်တီကိုစတီးရွိုက်တွေကတော့ အချိန်ကြာမြင့်စွာ နည်းလမ်းမမှန်အသုံးပြုရင် နှလုံးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဆရာဝန်တွေ သတိပေးနေပါတယ်။
■ ကော်တီကိုစတီးရွိုက်တွေက အနည်းငယ်အားဖြင့်တော့ သွေးလမ်းကြောင်းထဲ စုပ်ယူသွားတတ်ပါတယ်။
■ ပမာဏများများ ဒါမှမဟုတ် အချိန်ကြာမြင့်စွာ အသုံးပြုရင်တော့ စုပ်ယူနိုင်စွမ်းမြင့်တက်လာပြီး သွေးပေါင်ချိန်၊ အရည်ဆွဲယူခြင်းတို့ မြင့်တက်လာကာ နှလုံးသွေကြောစနစ်ကို သက်ရောက်လာစေကြောင်း အိန္ဒိယဒေလီမှ အဆုတ်ဌာနညွှန်ကြားရေးမှူး ဒေါက်တာ အန်နီမက်ရှ်အာယာက ပြောပါတယ်။
■ နှလုံးသွေးကြောရောဂါ ရှိပြီးသားသူတွေ၊ သွေးတိုးမထိန်းနိုင်သူတွေ၊ ဆီးချိုရှိသူတွေဟာ စတီးရွိုက်ဘေးထွက်တွေကို ပိုမိုခံစားရနိုင်ပါတယ်။
■ CYP3A4 အင်ဇိုင်းတွေနဲ့ ဓာတ်ပြုတဲ့ ဆေးတွေ အသုံးပြုနေတဲ့လူနာတွေကို အနီးကပ်စောင့်ကြည့်သင့်ပြီး ဒီဆေးတွေက စတီးရွိုက်စုပ်ယူမှုကို အားကောင်းစေပါတယ်။
■ အနည်းဆုံးဖြင့် ထိရောက်တဲ့ပမာဏအတိုင်းသာ အမြဲသုံးစွဲသင့်ကာ နှာခေါင်းဖျန်းဆေးနည်းလမ်းတွေကို စစ်ဆေးပြီး ဆေးဓာတ်ပြုခြင်းတွေကို ပြန်ဆန်းစစ်ဖို့ ဒေါက်တာအာယာက အကြံပြုထားပါတယ်။
■ အသုံးပြုချိန်အတွင်း ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးတုန်ခြင်း၊ မူးမေ့ခြင်း၊ ခြေထောက်ဖောခြင်းတို့ ခံစားရရင် အရေးပေါ်အကူအညီ ယူသင့်တယ်လို့လည်း ဆိုပါတယ်။
■ စတီးရွိုက်ထိတွေ့မှု လျှော့ချဖို့အတွက်ဆိုရင် ICS-ဖော်မိုတရောကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
Source: India Today