#World_Health
Published 13 November 2025
■ မာလကာသီးက အမျှင်ဓာတ်၊ ဗိုက်တာမင်-စီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
■ မာလကာသီး ပန်းရောင်ရော အဖြူရောင်ပါ အာဟာရပိုင်းအတွက် အရေးပါတယ်လို့ အက်စ်တာ CMI ဆေးရုံမှ ဌာနမှူး အက်ဝင်နာရာဂျ်က ပြောသွားပါတယ်။
■ ပန်းရောင်မာလကာသီးထဲက လိုင်ကိုပင်းဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ နှလုံးကာကွယ်ပေးပြီး ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးကြောင်း၊ အဖြူရောင်ကတော့ ဗိုက်တာမင်-စီနဲ့ အမျှင်ဓာတ်ပိုများပြီး ကိုယ်ခံအားစနစ်နဲ့ အစာခြေခြင်းကို မြှင့်တင်ပေးကြောင်း ရာဂျ်က ပြောပါတယ်။
■ နှစ်မျိုးစလုံးက အာဟာရဓာတ်နဲ့ ဇီဝကမ္မအကျိုးကျေးဇူး မြင့်မားစွာရရှိပေမယ့် အနည်းငယ်တော့ ကွဲပြားပါတယ်။
■ အဖြူရောင်မာလကာသီးက အမျှင်ဓာတ်များတာကြောင့် ဗိုက်ပြည့်ဝစေကာ အစာခြေခြင်းကို ကူညီပေးတဲ့အပြင် ဝမ်းသွားခြင်းကို ထိန်းညှိပေးကာ မကောင်းတဲ့ LDL ကိုလက်စထရောလ်ကို လျှော့ချပေးပါတယ်။
■ ပန်းရောင်ကတော့ လိုင်ကိုပင်းကြောင့် ဓာတ်တိုးဖိစီးမှု၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာတို့ကို ကာကွယ်နိုင်ကာ ဗိုက်တာမင်-စီနဲ့ တွဲလိုက်ရင် ပန်ကရိယနဲ့ သွေးကြောတစ်ရှူးများကို ထိခိုက်စေတဲ့ ဖရီးရက်ဒီကယ်တွေကို ချေဖျက်ပေးပါတယ်။
■ အဖြူရော ပန်းရောင်ရောကို အလုံးလိုက်စားခြင်းက အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များကို အကောင်းဆုံး ပေါင်းစပ်ပေးတယ်လို့ ဒေါက်တာ အက်ဂရာဝယ်က ပြောသွားပါတယ်။
■ ဆီးချိုသမားအတွက်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးတဲ့ ပန်းရောင်မာလကာသီးက ပိုပြီးသင့်လျော်ပါတယ်။
Source: Indian Express.