#World_News
Published 11 July 2026
■ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက အမျိုးသမီး စစ်သည်များ ခက်ခဲပင်ပန်းတဲ့ စစ်ဘက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်နိုင်ရန် လမ်းညွှန်ချက် အသစ်များ ထုတ်ပြန်လိုက်ပါတယ်။
■ ဒီလုပ်ဆောင်ချက်အရ ထိပ်တန်း အထူးတပ်ရင်းတွေမှာ အမျိုးသမီး စစ်သည် အရေအတွက် တိုးမြှင့်ရန် ရည်ရွယ်ပါတယ်။
■ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စည်းမျဉ်းအပြောင်းအလဲတစ်ခုကြောင့် အမျိုးသမီးများဟာ လေထီးတပ်ရင်းနဲ့ တော်ဝင်ရေတပ် အပါအဝင် အမျိုးသားများနဲ့တန်းတူ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များသို့ လျှောက်ထားခွင့် ရရှိခဲ့ကြပါတယ်။
■ ဒါပေမဲ့လည်း ထိပ်တန်းအားကစား နောက်ခံရှိသူများသာ လက်တွေ့မြေပြင်မှာ စွမ်းဆောင်ရည် ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ခဲ့ကြပါတယ်။
■ ဒါကို ပြောင်းလဲရန် ကြိုးပမ်းတဲ့အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်များဟာ အာဟာရနဲ့ အိပ်စက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်အသစ်များကို ထုတ်ပြန်ပေးခဲ့ကြပါတယ်။
■ အမျိုးသမီးစစ်သည်များ ဒဏ်ရာရရှိမှု လျှော့ချရန်နဲ့ ဟော်မုန်းမမျှတမှုများ ထိန်းညှိရန် နေ့စဉ် ကယ်လိုရီစားသုံးမှု ၃,၅၀၀ အထိ တိုးမြှင့်ရန်နဲ့ ပိုမိုအိပ်စက်ကြရန် ကျန်းမာရေးလမ်းညွှန်ချက်အသစ်မှာ အကြံပြုထားပါတယ်။
■ အချက်အလက်များအရ အမျိုးသမီး ၂၅ ရာခိုင်နှုန်းဟာ ရာသီမမှန်ခြင်း ကြုံတွေ့ရပြီး ၅၀ ရာခိုင်နှုန်းကတော့ အလွန်အမင်း ရာသီပေါ်ခြင်း ခံစားရသဖြင့် စစ်မြေပြင်စွမ်းဆောင်ရည်ကို ထိခိုက်စေကြောင်း သိရပါတယ်။
■ ဝန်ကြီးဌာနအနေဖြင့် စစ်ေရးအသင့်ဖြစ်မှုကို မြှင့်တင်ရန်အတွက် သင့်လျော်မယ့် စစ်အသုံးအဆောင်ပစ္စည်းများနဲ့ အထူးပံ့ပိုးမှုများ ကတိပြုထားပါတယ်။
Source: WION
#World_Health
Published 11 July 2026
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်လိုမျိုး ဦးနှောက်ကျန်းမာရေးအတွက် ဖြည့်စွက်အားဆေးတွေ ဈေးကွက်တွင်ကျယ်လာပေမယ့် သုတေသနပြုချက်အရ အကျိုးအာနိသင်နဲ့ ပတ်သက်ပြီး ရှုပ်ထွေးစရာ ဖြစ်လာပါတယ်။
■ သက်ကြီးရွယ်အိုတွေမှာ အိုမီဂါ-၃ သုံးစွဲခြင်းက ဦးနှောက်အသိစိတ်ကျဆင်းမှု ပိုမိုမြန်ဆန်စေပြီး ဦးနှောက်ဂလူးကို့စ်ဇီဝဖြစ်စဉ် လျော့ကျစေခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
■ ဒါပေမဲ့ ငါးစားသုံးခြင်းနဲ့တော့ သက်ဆိုင်မနေဘဲ အိုမီဂါ-၃ ကို ဖြည့်စွက်ဆေးအနေဖြင့် အဓိကအသုံးမပြုသင့်ဘူးလို့ တွေ့ရှိထားပါတယ်။
■ နေ့စဉ်သုံး ဗိုက်တာမင်အမျိုးမျိုးက ဇီဝဖြစ်စဉ်အိုမင်းခြင်းလက္ခဏာများကို နှေးစေနိုင်ဖွယ်ရှိပေမယ့် ကျန်းမာရေးအာနိသင် ပေးနိုင်လားဆိုတာ သေချာမသိရပါဘူး။
■ ဖြည့်စွက်ဆေး သုတေသနထဲမှာ ဇီဝဖြစ်စဉ်သက်ရောက်မှုတွေက နေ့စဉ်လုပ်ငန်းဆောင်တာများ တိုးတက်စေတယ်လို့ ယူဆလို့မရပါဘူး။
■ ဒီဂျစ်တယ်စနစ်သုံး သိရှိမှုစွမ်းရည်ဆန်းစစ်ချက်များအရ ဖြည့်စွက်ဆေးတွေရဲ့ ထိရောက်မှုကို တိုင်းတာနိုင်ပေမယ့် သေချာစွာ စိစစ်အတည်ပြုရန် လိုအပ်ပါတယ်။
■ ကျန်းမာသန်စွမ်းတဲ့ လူကြီးများအတွက် ဒီစစ်ဆေးမှုတွေက တိကျမှုလျော့နည်းနိုင်ပါတယ်။
■ ဒီသုတေသနမှာ ဖြည့်စွက်ဆေးတွေက ဦးနှောက်လှုပ်ရှားမှုနဲ့ ဇီဝကမ္မဖြစ်စဉ်များအပေါ် သက်ရောက်မှုကို လေ့လာရန်အတွက် ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းတာခြင်း(EEG)နဲ့ မက်တာဘိုလိုမစ် နည်းပညာတို့ကို အသုံးပြုထားပါတယ်။
■ ဖြည့်စက်ဆေးများကို ဦးနှောက်ကျန်းမာရေးအတွက် ဖြတ်လမ်းတစ်ခုအဖြစ် မမှတ်ယူသင့်ဘဲ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းနဲ့ ကျန်းမာရေးအန္တရာယ်များ ထိန်းသိမ်းခြင်းတို့ကလည်း အရေးကြီးပါတယ်။
Source: Independent
#World_Health
Published 11 July 2026
■ ဖြည့်စွက်ဆေးတွေဟာ သွေးကြောထဲမရောက်မီ အသည်းမှာ ဦးစွာခြေဖျက်ရသဖြင့် အသည်းကို ဝန်ပိစေနိုင်ပါတယ်။
■ အချို့သောဆေးပစ္စည်းတွေဟာ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ဖြစ်စေနိုင်ကြောင်း ဒေါက်တာ ရီရှမ်ရမ်ကစ်ဆွန်းက သတိပေးထားပါတယ်။
■ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ဆေးဝါးကြောင့်အသည်းပျက်စီးမှုများရဲ့ ၁၆ ရာခိုင်နှုန်းကျော်ဟာ အာဟာရဖြည့်စွက်စာများကြောင့်ဖြစ်ပြီး အနာဂတ်မှာလည်း ပိုမိုမြင့်တက်လာနိုင်ပါတယ်။
■ (၁) လက်ဖက်စိမ်းရည်
လက်ဖက်စိမ်းရည် ဖြည့်စွက်စာများမှာ EGCG ပမာဏမြင့်မားစွာ ပါဝင်ပြီး ရိုးရိုးဖျော်သောက်တဲ့ လက်ဖက်ရည်ထက် အသည်းထိခိုက်နိုင်ခြေ ပိုများပါတယ်။
■ ဒါကြောင့် ဆေးတောင့်များထက်စာရင် လက်ဖက်စိမ်းကို ရိုးရိုးသောက်သုံးခြင်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း အာနိသင်များ ပိုမိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။
■ (၂) ဗိုက်တာမင်-အေ
ဗိုက်တာမင်-အေက ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပေမယ့် ခန္ဓာကိုယ်ထဲမှာ ပိုလျှံစွာသိုလှောင်ထားပါတယ်။
■ နေ့စဉ်ပမာဏ ၃,၀၀၀ mcg RAE ကျော်အောင် သုံးစွဲရင် အဆိပ်သင့်ခြင်း၊ ရောင်ရမ်းခြင်း၊ အသည်းထိခိုက်ခြင်းတို့ ဖြစ်နိုင်တာကြောင့် ဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းရွက်များကနေ လိုအပ်တဲ့ပမာဏ ရရှိစေပါတယ်။
■ (၃) ငရုတ်ကောင်းပါဝင်သော နနွင်းဖြည့်စွက်ဆေး
ငရုတ်ကောင်း(ပိုက်ပရင်) ပါဝင်တဲ့ နနွင်းဖြည့်စွက်ဆေးတွေက အသည်းထိခိုက်ခြင်း အဖြစ်များစေပြီး အသည်းက မခြေဖျက်နိုင်တဲ့အခါ အဆိပ်သင့်လာနိုင်ပါတယ်။
■ ဒါကြောင့် နနွင်းကို ဖြည့်စွက်ဆေးထက်စာရင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုဖို့ အကြံပြုထားပါတယ်။
■ (၄) အိန္ဒိယဂျင်ဆင်း
အာယုဗေဒ ပရဆေးပင်တစ်မျိုးဖြစ်ပြီး စိတ်ဖိစီးမှု၊ အိပ်မပျော်ခြင်းတို့အတွက် အသုံးပြုကြပေမယ့် ၃-၆ ဂရမ်ထက် ကျော်သွားရင် အသည်းထိခိုက်စေနိုင်ပါတယ်။
■ ဒါကြောင့် အသုံးပြုမယ်ဆိုရင် အသားဝါခြင်း၊ ဆီးရင့်ရောင်ဖြစ်ခြင်း စတဲ့လက္ခဏာတွေ စောင့်ကြည့်သင့်ပါတယ်။
■ ဒါကြောင့် ဖြည့်စွက်ဆေးတွေ အသုံးပြုမယ်ဆိုရင် FDA အသိအမှတ်ပြု ရှိလားဆိုတာကို အတည်ပြုသင့်သလို အာဟာရဖြည့်စွက်ဆေး မသုံးမီ အစားအစာများဖြင့် ဦးစားပေးဖြည့်စွက်သင့်ပါတယ်။
Source: Eating Well
ဥရောပမှာ ပြင်းထန်တဲ့ အပူလှိုင်းတစ်ခုဖြတ်သန်းနေပြီး အပူချိန်မြင့်တက်နေတာကြောင့် သေဆုံးမှုများရှိနေကာအစိုးရတွေကလည်း အရေးပေါ်သတိပေးချက်များ ထုတ်ပြန်နေပါတယ်။
#World_Climate
Published 10 July 2026
#ဥရောပ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 10 July 2026
■ အီရန်တောင်ဘက်ကမ်းရိုးတန်းနဲ့ အရှေ့ဘက်တို့ကို အမေရိကန်တိုက်ခိုက်ပြီးနောက်မှာ အီရန်တပ်တွေက ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်ရေးပစ်မှတ်များကို ကြာသပတေးနေ့က တိုက်ခိုက်ခဲ့ပါတယ်။
■ အီရန်နျူကလီးယားစက်ရုံများ တည်ရှိတဲ့ ဘူရှီဟာ အပါအဝင် ကိုနာရက်၊ ချော်ဟာဒက်၊ ဘန်ဒါအက်ဘက်စ် စသဖြင့် အီရန်တောင်ပိုင်းတလျှောက် ပေါက်ကွဲသံများ ကြားရတယ်လို့ အီရန်မီဒီယာမှာ ဖော်ပြထားပါတယ်။
■ ကျဆုံးသွားတဲ့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီ ဈာပနအခမ်းအနား ပြုလုပ်စဉ် ရက်သတ္တပတ်ကာလအတွင်း တိုက်ခိုက်မှုတွေ ဖြစ်နေတာပါ။
■ ကာတာနဲ့ ဆော်ဒီ ကုန်တင်ပို့ဆောင်ရေးသင်္ဘောများကို တိုက်ခိုက်ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး ရပ်တန့်ခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာခဲ့ပါတယ်။
■ အမေရိကန်က အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး အဖြေရှာသွားမယ်လို့ အခိုင်အမာပြောထားကာ လက်တွေ့ကျတဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
■ အမေရိကန်က ဟော်မုဇ်ရေလက်ကြား ဖွင့်ထားနိုင်ဖို့ ဦးတည်ကာ ရေနံတင်သင်္ဘောများကို တိုက်ခိုက်တဲ့အီရန်ကို စွပ်စွဲနေပြီး အီရန်ကတော့ ရေလက်ကြားကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
■ သင်္ဘောတွေကို အီရန်တိုက်ခိုက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဗဟိုစစ်ဌာနချုပ်က အီရန်စစ်ရေးပစ်မှတ်ပေါင်း ၉၀ ခန့်ကို တိုက်ခိုက်ခဲ့ပါတယ်။
■ စစ်ရေးတိုက်ခိုက်မှုတွေ မြင့်တက်နေပေမယ့် သံတမန်ရေးကြိုးပမ်းမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး ကာတာ၊ တူရကီ၊ အိုမန်တို့က တင်းမာမှုလျှော့ချရန် တောင်းဆိုနေပါတယ်။
Source: Reuters
#World_Health
Published 10 July 2026
■ ယနေ့ခေတ် မြို့ပြလုပ်ငန်းခွင်တွေမှာ စိတ်ဖိစီးစရာတွေ၊ ပုံမှန်မဟုတ်တဲ့ အလုပ်ချိန်တွေ၊ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အစားအစာတွေကြောင့် နာတာရှည် အစာအိမ်အက်ဆစ်လျှံတက်ခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ သိသိသာသာ တိုးများလာပါတယ်။
■ အူလမ်းကြောင်းဆိုင်ရာရောဂါ(IBS)က အိန္ဒိယမြို့ပြလူဦးရေရဲ့ ၄-၇ ရာခိုင်နှုန်း သက်ရောက်နေပြီး အထူးသဖြင့် အသက် ၂၀ မှ ၄၀ ကြား လူငယ်တွေမှာ ပိုဖြစ်ပွားလေ့ရှိပါတယ်။
■ IBS ရောဂါဟာ ခန္ဓာကိုယ်လုပ်ဆောင်ချက် ချို့ယွင်းမှုဖြစ်ပြီး အဆင့်ဆင့်ထုတ်လုပ်တဲ့ စားစရာများနဲ့ စိတ်ဖိစီးမှုလိုမျိုး ခေတ်သစ်လူနေမှုပုံစံ အကြောင်းအရင်းများကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကို ကမောက်ကမ ဖြစ်စေပါတယ်။
■ ဒီအခြေအနေက အူလမ်းကြောင်း အာရုံကြောစနစ်ကို အလွန်အမင်း တုံ့ပြန်စေကာ ပုံမှန်အစာခြေဖျက်ခြင်း လုပ်ငန်းစဉ်ကိုပင် ထိခိုက်စေပြီး ဗိုက်ကယ်ခြင်း၊ ပုံမှန်မဟုတ် ဝမ်းသွားခြင်းတို့အဖြစ် ဦးနှောက်က မှားယွင်းခံစားမိစေတယ်လို့ ဒေါက်တာ အန်ကာဂျိန်းက ရှင်းပြထားပါတယ်။
■ အူလမ်းကြောင်းနဲ့ ဦးနှောက်ဆက်သွယ်မှုစနစ်ဟာ အပြန်အလှန်ဆက်သွယ်မှု လွယ်ကူချောမွေ့စေပါတယ်။
■ ဒီအတွက် မလိုင်ထုတ်ထားတဲ့ နို့ကျက်တက်ရည် သောက်သုံးခြင်းက ဓာတုကုထုံးတွေထက် ပိုပြီးအားထားရတယ်လို့ သုတေသနတွေမှာ တိုက်တွန်းထားပါတယ်။
■ အစာအိမ်အက်ဆစ်ကို ဓာတ်ပြယ်စေပြီး ရင်ပူခြင်းကို သက်သာစေတဲ့ လက်တက်အက်ဆစ် ပါဝင်ပါတယ်။
■ အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာများ လျှော့ချရန်အတွက် FODMAP နည်းတဲ့အစားအစာတွေကိုလည်း ထောက်ခံထားပါတယ်။
■ အူလမ်းကြောင်း အဏုဇီဝပိုးမွှားများနဲ့ အူလမ်းကြောင်းနံရံများကို ကာကွယ်ပေးတဲ့ ပရိုဘိုင်အိုတစ်တွေ ပံ့ပိုးပေးနိုင်ပါတယ်။
Source: NDTV
#World_Health
Published 10 July 2026
■ သကြားမုန်လာ၊ ဟင်းနုနွယ်၊ ကိုက်လံတို့လို နိုက်ထရိတ်ကြွယ်ဝတဲ့ ဟင်းရွက်များ စားပြီးနောက် ပီကေဝါးပေးခြင်းဖြင့် သွေးပေါင်ချိန် ကျစေနိုင်တဲ့ အစွမ်းသတ္တိများ ယာယီမြှင့်တင်ပေးနိုင်မယ်လို့ ကင်းစ်ကောလိပ်လန်ဒန်မှ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
■ သကြားမုန်လာဖျော်ရည် သောက်ပြီးနောက် အချိုဓာတ်ပါတဲ့ပီကေ ဝါးတဲ့သူတွေဟာ အချိုမပါတဲ့ပီကေ ဝါးသူတွေထက် နိုက်ထရိုက်ပမာဏ ပိုများပြီး သွေးပေါင်ချိန် အသင့်အတင့် လျော့ကျသွားတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
■ ဟင်းရွက်တွေထဲက နိုက်ထရိတ်တွေကို ပါးစပ်ထဲက ဘက်တီးရီးယားက နိုက်ထရိုက်အဖြစ်သို့ ပြောင်းလဲပေးကာ သွေးကြောတွေ ကျယ်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
■ ဒီနေရာမှာ တံတွေးရဲ့ အက်ဆစ်ဓာတ်အချိုးအစားက အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
■ ယခင်သုတေသနအရ ဂရိပ်ဖရုဖျော်ရည်ဆိုရင် တံတွေးရဲ့ အက်ဆစ်ပါဝင်မှုကို လျော့နည်းစေကာ နိုက်ထရိတ်ပြောင်းလဲမှုကို နှေးစေပြီး အက်ဆစ်များရင်တော့ ပြောင်းလဲမှု မြန်စေမှာပါ။
■ လေ့လာမှုပြုလုပ်ရာမှာ ကျန်းမာသန်စွမ်းသူတွေကို သကြားမုန်လာဖျော်ရည် တစ်ခွက်သောက်စေပြီး အချိုပါတဲ့ ပီကေစားခြင်းနဲ့ အချိုမပါတဲ့ ပီကေစားခြင်းကို ၃ နာရီကနေ ၆ နာရီကြာအောင် ဝါးစေပါတယ်။
■ အချိုပါတဲ့ပီကေဝါးခြင်းက တံတွေးအက်ဆစ်ဓာတ်ကို များစေကာ နိုက်ထရိုက်ပမာဏ မြင့်တက်စေပြီး အပေါ်သွေး ၃ မီလီမီတာမာကျူရီ၊ အောက်သွေး ၂ မီလီမီတာမာကျူရီခန့် ကျဆင်းစေပါတယ်။
■ သွေးပေါင်ချိန်ကျစေခြင်းက နာရီအနည်းငယ်သာခံပြီး အချိုတွေ ပုံမှန်စားတဲ့အခါ ခံတွင်းနဲ့ ဇီဝကမ္မကျန်းမာရေးတို့ ထိခိုက်စေနိုင်ပါတယ်။
■ ဒါပေမဲ့ ပါးစပ်ထဲက အက်ဆစ်ဓာတ်ပြောင်းလဲခြင်းက နိုက်ထရိတ်ပြောင်းလဲပုံကို လွှမ်းမိုးနေတယ်ဆိုတဲ့ အထောက်အထား ပြနိုင်ခဲ့ပါတယ်။
Source: India Today
Page 2 of 1190