#World_Health
Published 08 May 2026
■ VIR-5500 လို့ခေါ်တဲ့ဆေးက ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီး ကင်ဆာတိုက်ခိုက်ပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
■ VIR-5500 ဆေး အများဆုံးပမာဏ အသုံးပြုခဲ့တဲ့ လူနာ ၈၂ ရာခိုင်နှုန်းမှာ ဆီးကျိတ်ကင်ဆာ ကုသနိုင်ခဲ့ပြီး တဝက်နီးပါးခန့်မှာ အကျိတ်ကျုံ့သွားခဲ့ပါတယ်။
■ VIR-5500 က ဖုံးအုပ်ပေးတဲ့လုပ်ငန်းစဉ်ဖြင့် ရောင်ရမ်းမှုနဲ့ အဆိပ်သင့်ခြင်းတို့ကို အနည်းဆုံးလျှော့ချပေးကာ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားမယ့် T ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။
■ ဖုံးအုပ်ပေးတဲ့ နည်းလမ်းက ရောဂါဖြစ်စေတဲ့ အကျိတ်ကို ပစ်မှတ်ထားလှုံ့ဆော်ကာ ဘေးထွက်ဆိုးကျိုးတွေ လျော့နည်းစေပြီး ဆေးထိရောက်မှုနဲ့ ဘေးကင်းမှုကို တိုးတက်စေပါတယ်။
■ ဒီပစ္စည်းတွေက ကိုယ်ခံအား အလွန်အကျွံ တုံ့ပြန်ခြင်းအန္တရာယ်ကို လျှော့ချပေးပြီး ဆေးရဲ့ အာနိသင်သက်တမ်းကို တိုးစေကာ ဘေးကင်းစိတ်ချရတဲ့ ပမာဏရောက်ရှိစေပါတယ်။
■ VIR-5500 အစောပိုင်း စမ်းသပ်ချက်တွေမှာ ရောင်ရမ်းမှုဘေးအန္တရာယ်များ အတန်အသင့် တွေ့ရပြီး ဖုံးအုပ်ပေးတဲ့ဖြစ်စဉ်က အဆိပ်သင့်ခြင်းကို ထိရောက်စွာ လျှော့ချနိုင်တယ်လို့ ယူဆရပါတယ်။
■ အခြားသော ဖုံးအုပ် T ဆဲလ်တိုက်ခိုက်ရေးပစ္စည်းတွေကို ပန်ကရိယ၊ အူမကြီး၊ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးအတွက် စမ်းသပ်နေပြီး ကုသရခက်တဲ့ ကင်ဆာတွေထက် ကုသပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
■ စမ်းသပ်ချက်ရလဒ်တွေက အကြိုစမ်းသပ်အဆင့်ပဲ ရှိသေးပြီး လူနာအနည်းစုအပေါ်မှာသာ အခြေခံတာဖြစ်ပေမယ့် အနာဂတ် ကင်ဆာကုသနည်းလမ်းတွေအတွက် အလားအလာ ဖြစ်နေပါတယ်။
Source: Science Alert.
#World_Health
Published 08 May 2026
■ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုယ်အလေးချိန်အကြောင်း အပြောများကြပေမယ့် ခါးဆိုဒ်အရွယ်အစားက ကိုယ်အလေးချိန်ထက်ပိုပြီး ဘေးအန္တရာယ်ကို ညွှန်ပြနေတယ်လို့ ကျွမ်းကျင်သူတွေ ပြောနေပါတယ်။
■ ကိုယ်အလေးချိန်ထဲမှာ ကြွက်သား၊ အရိုး၊ ရေ၊ အဆီတို့ ပါဝင်ကာ တစ်ကိုယ်လုံးကို တိုင်းတာတာဖြစ်ပြီး အချို့က ကြွက်သားပိုများနိုင်သလို အချို့က ဝမ်းတွင်းအဆီ ပိုများနေနိုင်ပါတယ်။
ဝမ်းဗိုက်ထဲက အဆီဆိုရင် ကိုယ်အလေးချိန် တိုင်းတာရာမှာ သိပ်မသိသာဘဲ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေကို တိတ်တဆိတ်သက်ရောက်နိုင်ပါတယ်။
■ ဝမ်းဗိုက်အဆီထွက်ခြင်းက ဇီဝဖြစ်စဉ်ရောဂါများ၊ ဆီးချို၊ နှလုံးရောဂါတို့လို အခြေအနေတွေနဲ့ အတော်လေး ဆက်စပ်နေပြီး အပြင်ပန်းကြည့်ရင် ပိန်တယ်ထင်ရပေမယ့် အတွင်းထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီတွေ ရှိနေနိုင်ပါတယ်။
■ ခါးအရွယ်အစား ဖြစ်သင့်တဲ့ အတိုင်းအတာက အမျိုးသားတွေမှာ ၃၅ လက်မအောက်၊ အမျိုးသမီးတွေမှာ ၃၁ လက်မခန့် ဖြစ်ပြီး ဒီထက်ကျော်သွားရင်တော့ အဆီက အရေပြားမှာသာမဟုတ်ဘဲ အတွင်းအင်္ဂါတွေမှာပါ ရှိနေပြီဖြစ်ပါတယ်။
■ ခါးအရွယ်အစား များလာတာက ကျန်းမာရေးအန္တရာယ် မြင့်မားလာတဲ့သဘော ဖြစ်ပါတယ်။
အရေပြားအောက်က အဆီတွေကအန္တရာယ်နည်းပေမယ့် ဝမ်းတွင်းအဆီကတော့ ရောင်ရမ်းမှုတွေ ဖြစ်လာစေနိုင်ပြီး ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
■ ခါးအရွယ်အစား များလာခြင်းကို စောစီးစွာ သတိပြုမိပါက ကောင်းစွာ စားသောက်ခြင်း၊ ပုံမှန်လှုပ်ရှားခြင်း၊ ကောင်းစွာ အိပ်စက်ခြင်းတို့ဖြင့် အခြေအနေတွေ ပြောင်းလဲစေနိုင်မှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အဆီပျံ့နှံ့မှုတို့ကို နားလည်ခြင်းဖြင့် ကိုယ်အလေးချိန်ကျအောင်လည်း ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
Source: Times of India
မော်စကို၊ မေလ ၅ ရက်။ (TASS)
ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင် ပြီး နှစ်နိုင်ငံအကြား စစ်ဘက်-နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေဖို့ ရုရှားနိုင်ငံက မျှော်လင့်ကြောင်း ရန်ကုန်မြို့ရှိ ရုရှားသံအမတ်ကြီး အစ္စကန်ဒါ အဇီဇော့ဗ် (Iskander Azizov) က ကရပ်စ်နယား ဇဗက်ဒါ (Krasnaya Zvezda) သတင်းစာနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါတယ်။
မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်း အပြောင်းအလဲများက နှစ်နိုင်ငံစစ်တပ်အကြား ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိ၊ မရှိ မေးမြန်းချက်ကို သံအမတ်ကြီးက ပြန်လည်ဖြေကြားရာတွင် "ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် ခိုင်မာအားကောင်းလာစေရန် မြန်မာခေါင်းဆောင်ပိုင်း အသစ်၏ အလုံးစုံကတိကဝတ်များအရ စစ်ဘက်-နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ လက်ရှိ အပြုသဘောဆောင်သော အခြေအနေများ ပိုမိုအားကောင်းလာမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ စစ်ဘက်ဆိုင်ရာ ဌာနများအကြား ဆွေးနွေးမှုများသည်လည်း အပြန်အလှန် နားလည်မှုနှင့် စဉ်ဆက် မပြတ်မှုစိတ်ဓာတ်ဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်" ဟု သူက ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် စစ်ဘက်-နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်အတွက်ဖြစ်ပြီး ဘက်စုံ လွှမ်းခြုံမှုရှိကြောင်းကိုလည်း သံအမတ်ကြီး အဇီဇော့ဗ်က အလေးပေးပြောကြားခဲ့ပါတယ်။ "ရုရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် လေယာဉ်များကို ထောက်ပံ့ ပေးထားပြီး ယင်းတို့ကို ပြုပြင် ထိန်းသိမ်းရန်အတွက် ဒေသတွင်းအဆင့် ဝန်ဆောင်မှုနှင့် ပြုပြင် ထိန်းသိမ်းရေးစင်တာတစ်ခုကိုလည်း တည်ထောင်ပေးထားပါတယ်။ ယင်းလုပ်ငန်းများတွင် မြန်မာ အင်ဂျင်နီယာများနှင့် အထူးကျွမ်းကျင် ပညာရှင်များ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု သံအမတ်ကြီး ကဆက်လက်ပြောဆိုကြောင်း သတင်းတွင်ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံ ရေတပ်သားများအတွက် ရုရှားနှင့် မြန်မာဆိပ်ကမ်းများသို့ ဝင်ရောက်ရာတွင် လွယ်ကူရိုးရှင်းသော လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ရုရှားပစိဖိတ်ရေတပ်မှ သင်္ဘောများသည် ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းသို့ ချစ်ကြည်ရေးခရီးစဉ်များ ပုံမှန်လာရောက်လေ့ရှိကြောင်းနှင့် ယင်းသည် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံအကြား ရေတပ်ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်ပေးကြောင်း"လည်း သူက မှတ်ချက် ပြုခဲ့သည်။
ရုရှားနှင့် မြန်မာရေတပ်တို့သည် MARUMEX ဟုခေါ်သော မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ၃ နှစ်ဆက်တိုက် ကျင်းပခဲ့ကြောင်းလည်း သံအမတ်ကြီးက ပြန်လည် ပြောကြားခဲ့ပါတယ်။ "မြန်မာစစ်ဘက်ဆိုင်ရာ အမှုထမ်းများသည် ရုရှားတက္ကသိုလ်များတွင် ပညာ သင်ကြားလျက်ရှိပါတယ်။ မြန်မာစစ်ဘက်အရာရှိ အမြောက်အမြားသည် စစ်ဘက်နှင့် သိပ္ပံ-နည်းပညာ ဆိုင်ရာ နယ်ပယ်များတွင် သင်တန်းများ တက်ရောက်နေကြပါတယ်" ဟု အဇီဇော့ဗ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဒါလီမြို့မှာ ဒေသခံ ပိုင်တိုင်းရင်းသားတွေရဲ့ တတိယလပွဲတော်လို့ခေါ်တဲ့ ဆန်းယွဲ့ကျဲပွဲတော် အထိမ်းအမှတ်အဖြစ် မြင်းပြိုင်ပွဲတစ်ခုကို စနေနေ့က စတင်ကျင်းပခဲ့ပါတယ်။
#Asia_Event
Published 07 May 2026
# မြင်းပြိုင်ပွဲ # တရုတ်ယူနန်
#YMG #Yangon_Times #Yangon_Media_Group
ပေကျင်း၊ မေလ ၇ ရက် (ဆင်ဟွာ) -- တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဖြစ်သော ဝေ့ဖန်းဟယ် နှင့် လီရှန်ဖူတို့ နှစ်ဦးစလုံးအား အဂတိလိုက်စားမှု စွဲချက်များဖြင့် ကြာသပတေးနေ့တွင် သေဒဏ် ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ကို နှစ်နှစ်ဆိုင်းငံ့ထားကြောင်း သိရသည်။ သူတို့၏ ပြစ်ဒဏ်များကို တရုတ် စစ်ဘက်ဆိုင်ရာ တရားရုံးက သီးခြားစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဝေ့နှင့် လီ နှစ်ဦးစလုံးသည် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်ဟောင်းများနှင့် နိုင်ငံတော်ကောင်စီဝင်ဟောင်းများ လည်း ဖြစ်ကြသည်။ တရားရုံး၏ ဆုံးဖြတ်ချက်များအရ ဝေ့သည် လာဘ်ငွေလက်ခံရယူမှု ရာဇဝတ်မှုဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရပြီး လီသည် လာဘ်ငွေလက်ခံရယူမှုနှင့် လာဘ်ပေးမှု ရာဇဝတ်မှု နှစ်ခု စလုံးဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသည်။ သူတို့၏ နိုင်ငံရေးလုပ်ပိုင်ခွင့်များကိုလည်း တစ်သက်တာ ရုပ်သိမ်းခံခဲ့ရပြီး သူတို့၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုအားလုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်သည်။
သူတို့၏ ပြစ်ဒဏ်များကို ဥပဒေနှင့်အညီ နှစ်နှစ်ဆိုင်းငံ့ကာလ ကုန်ဆုံးပြီးနောက် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အဖြစ် ပြောင်းလဲသတ်မှတ်ပြီးပါက နောက်ထပ် ပြစ်ဒဏ်လျော့ပေါ့ခြင်း သို့မဟုတ် ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းမျိုး ခွင့်ပြုတော့မည်မဟုတ်ကြောင်း တရားရုံးဆုံးဖြတ်ချက်များတွင် ဖော်ပြထား သည်။
Xinhua
#World_News
Published 07 May 2026
■ စစ်ပွဲပဋိပက္ခ တရားဝင်အဆုံးသတ်စေနိုင်မယ့် အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တစ်ခုကို အီရန်သုံးသပ်စစ်ဆေးနေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
■ အမေရိကန်ရဲ့ အဓိကအလိုဆန္ဒတွေဖြစ်တဲ့ နျူကလီးယားအစီအစဉ် ဆိုင်းငံ့ရေး၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးတို့ကတော့ မပြေလည်သေးပါဘူး။
■ အီရန်က သဘောတူညီချက် လိုချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောထားတဲ့အပေါ် အီရန်က တုံ့ပြန်လိုက်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
■ အီရန်ကို အမေရိကန်ဗုံးကျဲဦးမယ့် စစ်ဆင်ရေး ပြန်လည်စတင်မယ်လို့ Truth Social မှာ ထရမ့်ခြိမ်းခြောက်ထားကာ အီရန်အနေနဲ့ အမေရိကန်ရဲ့ နောက်ဆုံးရ အဆိုပြုချက်ကို လက်ခံနိုင်ခြေရှိတယ်လို့ ထင်နေပါတယ်။
■ စာမျက်နှာတစ်မျက်နှာပါတဲ့ အဆိုပြုချက်က ပဋိပက္ခ အဆုံးသတ်နိုင်ခြေရှိပြီး ပို့ဆောင်ရေး၊ ဒဏ်ခတ်ပိတ်ဆို့မှုများ၊ နျူကလီးယား ပိတ်ဆို့မှုများအကြောင်း ဆွေးနွေးမှုများ စတင်လာနိုင်ပါတယ်။
■ အီရန်အရာရှိတွေကတော့ အဆိုပြုချက်ကို ဝေဖန်လိုက်ပြီး ဒါဟာ လက်တွေ့မကျဘူးလို့ ဆိုကာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးလိုမျိုး အဓိကပြဿနာတွေ မပြေလည်စေဘူးလို့ စွပ်စွဲလိုက်ပါတယ်။
■ သဘောတူညီချက် ဖြစ်လာနိုင်တဲ့အတွက် ကမ္ဘာ့ရေနံဈေးကွက်မှာ ဈေးနှုန်းကျဆင်းလာပါတယ်။
■ အမေရိကန်စစ်ရေးလုပ်ငန်းတွေကို ဆော်ဒီတို့က ယင်းတို့နေရာမှာ ပြုလုပ်ခွင့်မပေးတာကလည်း ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးကို ရှုပ်ထွေးစေနိုင်ပါတယ်။
■ အမေရိကန်နဲ့ အီရန်တို့ဟာ ဒုံးကျည်အစီအစဉ်၊ စစ်သွေးကြွ ထောက်ပံ့မှု၊ ယူရေနီယံထုတ်လုပ်မှုတို့နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေကာ အစ္စရေးလ်က ဒီအချက်တွေကို ဖယ်ရှားရမယ်လို့ ပြောနေပါတယ်။
■ ငြိမ်းချမ်းရေးအဆိုပြုချက်ကနေ ရက် ၃၀ ဆွေးနွေးမှုတွေ စတင်လာနိုင်ပေမယ့် အမေရိကန်ရဲ့ အလိုဆန္ဒတွေကို ဖြေရှင်းပေးဖို့ မလွယ်ပါဘူး။
Source: Reuters
#World_Health
Published 07 May 2026
■ အယ်ကိုဟော အသောက်များခြင်းက ကျန်းမာရေးဆိုးရွားနိုင်တယ် ဆိုပေမယ့် အနည်းငယ်မှ အသင့်အတင့် သောက်သုံးခြင်းကတော့ သောက်တဲ့ အမျိုးအစားပေါ်မူတည်ပြီး သက်ရောက်စေတယ်လို့ သုတေသနအသစ်မှာ တွေ့ထားပါတယ်။
■ ဥပမာအားဖြင့် ဝိုင်အသင့်အတင့် သောက်သူတွေဟာ နှလုံးသွေးကြောကျန်းမာရေး ဖြစ်နိုင်ခြေ ၂၁ ရာခိုင်နှုန်း နည်းပါးပြီး အခြားသော အယ်ကိုဟောတွေကတော့ အနည်းငယ် သောက်လျှင်ပင် ၉ ရာခိုင်နှုန်း မြင့်မားစေနိုင်ပါတယ်။
■ ၂၀၀၆ မှ ၂၀၂၂ အတွင်း ယူကေမှ လူပေါင်း ၃၄၀,၀၀၀ ကျော်ထံကနေ အချက်အလက်များ ရယူကာ နေ့စဉ် အပတ်တိုင်း သောက်သုံးတဲ့ အယ်ကိုဟောကို ဂရမ်ဖြင့်တိုင်းတာကာ ၁၃ နှစ်ခန့်ကြာအောင် စောင့်ကြည့်ခဲ့ပါတယ်။
■ မသောက်တဲ့သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ အသောက်များသူတွေက အသက်ဆုံးပါးနိုင်ခြေ ၂၄ ရာခိုင်နှုန်း၊ ကင်ဆာကြောင့် ဆုံးပါးနိုင်ခြေ ၃၆ ရာခိုင်နှုန်း၊ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်း ပိုများပါတယ်။
■ ဝိုင်နဲ့ အခြားအယ်ကိုဟောသောက်စရာတွေ ကျန်းမာရေးရလဒ် ကွဲပြားရခြင်းက ဝိုင်မှာပါတဲ့ ပိုလီဖီနော၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတို့နဲ့လည်း သက်ဆိုင်နေနိုင်ပါတယ်။
■ လေ့လာဆန်းစစ်မှုတွေက စိတ်ချသေချာရခြင်း မရှိသေးဘဲ ပိုမိုပြတ်သားတဲ့ အဖြေရရှိဖို့ နောက်ထပ်စမ်းသပ်ချက်တွေ လိုအပ်ပါသေးတယ်။
■ အခြားသုတေသနထဲမှာ အယ်ကိုဟောသောက်သုံးခြင်းနဲ့ ဒီမန်ရှာဖြစ်နိုင်ခြေ မြင့်မားခြင်း၊ ဦးနှောက်ထုထည် လျော့နည်းခြင်းတို့ ဆက်စပ်နေပါတယ်။
Source: Euro News.
Page 5 of 1159