#World_Health
Published 07 July 2026
■ အယ်ကိုဟောကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်လိုပါက အယ်ကိုဟောကို တစ်နေ့တစ်ခွက်၊ တစ်ပတ်ကို ၇ ခွက်နှုန်းဖြင့်သာ ကန့်သတ်သောက်သုံးသင့်တယ်လို့ လေ့လာဖော်ပြထားပါတယ်။
■ လေ့လာချက်အရ အယ်ကိုဟောကို အတန်အသင့် သောက်သုံးခြင်းဖြင့်ပင် ကင်ဆာလိုမျိုး ရောဂါတွေ ဖြစ်နိုင်ခြေမြင့်မားစေတယ်လို့ တွေ့ခဲ့ပြီး ယခင်လမ်းညွှန်ချက်တွေကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
■ လေ့လာတွေ့ရှိချက်အရ တစ်ပတ်ကို ၇ ခွက် သောက်သုံးခြင်းဟာ အသက်အန္တရာယ် ဆုံးပါးနိုင်ခြေ ၁ ထောင်မှာ ၁ ယောက်ရှိပြီး ၉ ခွက်ဆိုရင်တော့ ၁၀၀ မှာ ၁ ယောက်၊ ၁၄ ခွက်ဆိုရင် ၂၅ ယောက်မှာ ၁ ယောက်နှုန်းအထိ မြင့်တက်လာပါတယ်။
■ အယ်ကိုဟော မသောက်ဘူးဆိုမှ ကျန်းမာရေးအကျိုးကျေးဇူးများ ပေးစွမ်းနိုင်တာဖြစ်ပြီး အတန်အသင့်ပမာဏ သောက်ရင်တောင် အရွယ်မတိုင်ခင် သေဆုံးခြင်းနဲ့ မသန်မစွမ်းဖြစ်ခြင်းတို့ ဖြစ်နိုင်ခြေ မြင့်မားစေနိုင်ပါတယ်။
■ အယ်ကိုဟောကို ပုံမှန်သောက်သုံးပါက အသည်းခြောက်ခြင်း၊ ကင်ဆာ၊ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေများစေပါတယ်။
■ အဆိုပါ လေ့လာချက်က ဘိုင်ဒင်အစိုးရလက်ထက်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အယ်ကိုဟောလုပ်ငန်းတွေက ဝေဖန်လိုက်ကာ အစားအသောက်ဆိုင်ရာ လမ်းညွှန်ချက်အသစ်တွေမှာ ထည့်သွင်းခြင်း မပြုထားပါဘူး။
■ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးရရှိဖို့အတွက် အယ်ကိုဟောကို တစ်နေ့လျှင် အများဆုံးတစ်ခွက်နှုန်းဖြင့်သာ ကန့်သတ်သောက်သုံးဖို့ အကြံပြုထားပါတယ်။
Source: USA Today
#World_Science
Published 07 July 2026
■ အမေရိကန် ကယ်လီဖိုးနီးယားတောင်ပိုင်းမှ ဆန်အန်ဒရီယာနဲ့ ဆန်ယာဆင်တိုနယ်မြေတွေမှာ ငလျင်ပြတ်ရွေ့ကြောများဟာ နှစ်ပေါင်း ၁ ထောင်အတွင်း ဖိအားအများဆုံး သက်ရောက်မှုဖြစ်နေပါတယ်။
■ လေ့လာချက်အရ အဆိုပါပြတ်ရွေ့ကြောစနစ်ကြောင့် ငလျင်ဘေးကြီးဖြစ်လာနိုင်ကာ ဘယ်အချိန်ဖြစ်လာမလဲဆိုတာတော့ မခန့်မှန်းနိုင်ပါဘူး။
■ မြေကြီးထဲက ကျောက်ချပ်လွှာများကြားကနေ ငလျင်ဖြစ်ပေါ်လေ့ရှိပြီး ကျောက်ချပ်လွှာတွေ တစ်ခုနဲ့တစ်ခု စောင်းသွားကြကာ ပြတ်ရွေ့ကြောတွေမှာ ဖိအားတွေ စုပြုံလာပြီး ကျောက်ချပ်လွှာတွေ ရုတ်တရက် ချော်သွားတဲ့အခါမှာ ငလျင်ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
■ ထိုဒေသများအတွင်း နောက်ဆုံးအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ငလျင်က ၁၈၅၇ ဖို့တယ်ဂျွန်ငလျင်ဖြစ်ပြီး ဒါဟာ ဖိအားသက်ရောက်မှုတွေ စုပြုံခဲ့တာကို ညွှန်ပြနေပါတယ်။
■ ပြီးခဲ့တဲ့နှစ်များအတွင်း ပြတ်ရွေ့ကြောများ စုပြုံလာပုံကို သုတေသီတွေက ပုံစံတုသရုပ်ဖော်ပုံတွေ၊ ဘူမိဗေဒ သက်သေအထောက်အထားတွေ အသုံးပြုပြီး ပုံဖော်ခဲ့ကြပါတယ်။
■ Cajon Pass လို့ခေါ်တဲ့ အလွန်အရေးပါတဲ့ ပြတ်ရွေ့ကြောဆုံမှတ်ဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ငလျင်တွေရဲ့ ပြင်းထန်မှုအခြေအနေကို များစွာသက်ရောက်လာနိုင်ဖွယ် ရှိပါတယ်။
■ ပြတ်ရွေ့ကြော အပိုင်းအစများအပေါ် ဖိအားသက်ရောက်မှုအဆင့်ဟာ ပြတ်ရွေ့ကြောစနစ် နှစ်ခုစလုံးကို ဖြတ်ကျော်မယ့် အဓိကပြတ်ရွေ့ကွဲအက်မှုများနဲ့ ဆက်စပ်တဲ့အဆင့်များထံ ချဉ်းကပ်နေပြီဖြစ်ပါတယ်။
■ ဒီသုတေသနကနေ ကမ္ဘာတဝှမ်း ရှုပ်ထွေးတဲ့ ပြတ်ရွေ့ဆုံချက်များမှာလည်း အသုံးပြုနိုင်မယ့် ငလျင်ဘေးအန္တရာယ် ဆန်းစစ်ချက်အတွက် အခြေခံဘောင်အသစ်တစ်ခု ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Gizmodo
ဩစတြေးလျအစိုးရက အသက် ၁၆ နှစ်အောက် ကလေးတွေမှာ ဆိုရှယ်မီဒီယာအသုံးပြုခြင်း ပိတ်ပင်ကန့်သတ်ချက်ကို လိုက်နာရန်ပျက်ကွက်တဲ့ ကုမ္ပဏီများအပေါ်ချမှတ်မယ့် အမြင့်ဆုံးဒဏ်ငွေကို နှစ်ဆတိုးမြှင့်ဖို့ အစီအစဉ်တွေရှိကြောင်း ကြေညာခဲ့ပါတယ်။
#World_Legislation
Published 06 July 2026
#ဆိုရှယ်မီဒီယာ #ဩစတြေးလျအစိုးရ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 06 July 2026
■ ဘယ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အမေရိကန်တိုက်စစ်မှူး ဖိုလာရင်ဘာလိုဂန် ပါဝင်ကစားခွင့်ရရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)မှ မထင်မှတ်ထားတဲ့ ဆုံးဖြတ်ချက် ချခဲ့ရာမှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပါဝင်ပတ်သက်မှုအပေါ် စိစစ်မေးမြန်းမှုများ ရှိနေကြောင်း CNN သတင်းဖော်ပြချက်အရ သိရပါတယ်။
■ နီးစပ်တဲ့သတင်းရင်းမြစ်အရ ဘာလိုဂန် အနီကတ်ပြခံရပြီးနောက် ထရမ့်ဟာ FIFA ဥက္ကဌ ဂျီယာနီအင်ဖန်တီနိုနဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ဒီဖြစ်ရပ်ကို ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
■ မကြာခင်မှာပဲ ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ၁ နှစ်ရွှေ့ဆိုင်းရန် အံ့အားသင့်ဖွယ် ဆုံးဖြတ်ကြေညာခဲ့သဖြင့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရသွားမှာ ဖြစ်ပါတယ်။
■ ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ဟာ ဘယ်လိုမှ သက်ညှာခံရမှာ မဟုတ်ဘူးလို့ အားလုံးက ယူဆထားတဲ့အတွက် ယခုလိုရွှေ့ဆိုင်းတဲ့ ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်နေရပါတယ်။
■ ပြီးခဲ့တဲ့ ၃၂ သင်းအဆင့်ပွဲစဉ် အမေရိကန်က ဘော့စနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ပြိုင်ဘက်အသင်းမှ ကစားသမားရဲ့ ခြေကျင်းဝတ်ကို ဘာလိုဂန်တက်နင်းခဲ့တယ်လို့ VAR မှ ပြန်လည်ကြည့်ရှု ဆုံးဖြတ်ပြီးနောက် ပွဲချိန် ၆၄ မိနစ်မှာ အနီကတ်ပြ အထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ ဘာလိုဂန်ဟာ အမေရိကန်အတွက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေပြီး အဓိကအားထားရသူလည်း ဖြစ်ပါတယ်။
■ FIFA ဆုံးဖြတ်ချက်အရ ဒီပွဲပယ်ပြစ်ဒဏ်ကို တစ်နှစ်တာ စည်းကမ်းထိန်းသိမ်းရေးကာလအဖြစ် သတ်မှတ်ထားပြီး နောက်နောင်တွင် အလားတူပြစ်မှုမျိုး ထပ်မံကျူးလွန်ပါက ပြစ်ဒဏ်ပြန်လည်သက်ရောက်လာမှာ ဖြစ်ပါတယ်။
■ အမေရိကန် ဘောလုံးအဖွဲ့ချုပ်က ယခုဆုံးဖြတ်ချက်အပေါ် ကြိုဆိုလိုက်ပြီး ဘယ်ဂျီယံနဲ့ပွဲစဉ်ကို အာရုံပြန်စိုက်ထားပါတယ်။
Source: WION
#World_Health
Published 06 July 2026
■ သွေးပေါင်ချိန် တိုင်းတာတဲ့နေရာမှာ နေ့စဉ်ပြုမူနေထိုင်ပုံတွေနဲ့ ခန္ဓာကိုယ်အနေအထားတို့က သိသိသာသာ သက်ရောက်စေပါတယ်။
■ မှန်ကန်တဲ့ပုံစံဖြင့် သွေးပေါင်ချိန်တိုင်းခြင်းက တိကျတဲ့ရလဒ် ရရှိစေမယ်လို့ WHO က ဖော်ပြထားပါတယ်။
■ ဒါကြောင့် သွေးပေါင်ချိန်တိုင်းတဲ့အခါ ကျောထောက်နောက်ခံထားပြီး ထိုင်ခြင်း၊ ခြေထောက်တွေ အတည့်ထားကာ ကြမ်းပြင်ပေါ် ခြေဖဝါးချထားခြင်း၊ သွေးပေါင်ချိန်အပတ် ဝတ်တဲ့လက်ကို နှလုံးနဲ့တစ်တန်းတည်းထားခြင်း၊ မတိုင်းတာခင် အနည်းဆုံး ၅ မိနစ် အနားယူခြင်း၊ တိုင်းတာနေစဉ် စကားမပြောခြင်း၊ မတိုင်းတာခင် အနည်းဆုံး မိနစ်အလိုမှာ လေ့ကျင့်ခန်း၊ ကော်ဖီ လက်ဖက်ရည်၊ ဆေးလိပ်ရှောင်ရှားခြင်းတို့ကို အကြံပြုထားပါတယ်။
■ သွေးဖိအားများခြင်းကို မသိရှိဘဲနေပါက အတွင်းအင်္ဂါတွေ တိတ်တဆိတ် ထိခိုက်စေတာကြောင့် တိကျမှန်ကန်စွာ တိုင်းတာသိရှိဖို့ လိုအပ်ပါတယ်။
■ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က ဖိစီးမှုဟော်မုန်းတွေ ထွက်ရှိစေကာ ဂလူးကို့စ်တွေ ပိုထွက်စေပြီး သွေးတွင်းသကြားဓာတ် ယာယီမြင့်တက်စေနိုင်ပါတယ်။
■ ဥပမာ လက်ဖက်ရည် ကော်ဖီသောက်ပြီးမှ အလျင်စလို တိုင်းတာမယ်ဆိုရင် ယာယီသွေးပေါင်ချိန် မြင့်တက်စေနိုင်ပြီး ရောဂါအမှားတွေ တွေ့ရှိစေနိုင်ပါတယ်။
■ ဒါကြောင့် ပုံမှန် သွေးပေါင်ချိန် တိုင်းတာပေးဖို့ အကြံပြုထားပြီး ဒါမှသာ အတွင်းအင်္ဂါတွေ တိတ်တဆိတ် ထိခိုက်ပျက်စီးခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
Published 06 July 2026
■ ကြက်သွန်နီက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ချက်ပြုတ်တဲ့နည်းလမ်းအပေါ် မူတည်ကာ ကွဲပြားခြားနားတဲ့ အရသာတွေ ပေးစွမ်းနိုင်ပါတယ်။
■ ပါဝင်တဲ့ အာဟာရတန်ဖိုးများအပြင် စနစ်တကျ သိုလှောင်သိမ်းဆည်းခြင်းကလည်း အလွန်အရေးကြီးပါတယ်။
■ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်တဲ့ ကြက်သွန်နီက အအေးမိခြင်းနဲ့ တုပ်ကွေးမိခြင်းတို့ကို ထိရောက်စွာ ကာကွယ်တားဆီးပေးပြီး ကြက်သွန်နီနဲ့ ပျားရည်အသုံးပြုတဲ့ ကုထုံးတွေဆိုရင် အာနိသင်ထိရောက်စေပါတယ်။
■ ကြက်သွန်နီရဲ့ အကျိုးပြုအာနိသင်တွေထဲမှာ ဘက်တီးရီးယား၊ မှို၊ ပိုးမွှားများ ဆန့်ကျင်ပေးနိုင်ခြင်း၊ ရောင်ရမ်းဆန့်ကျင်ခြင်းနဲ့ ပိုးမွှားဆန့်ကျင်ခြင်း အာနိသင်များပေးစွမ်းတဲ့ ကွာဆီတင်ပစ္စည်း ပါဝင်ခြင်း၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမျိုးနွယ်တွေ စားသုံးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း၊ ကွာဆီတင်နဲ့ အန်သိုဆိုင်ယာနင်တို့က ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဆဲလ်တို့ကို ဖျက်ဆီးနိုင်ခြင်း၊ ကြက်သွန်နီအရည်ကို ဆီးချိုကုသဆေး မက်ဖော်မင်နဲ့ တွဲသုံးပါက ပိုမိုထိရောက်စေခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
■ ကြက်သွန်နီကို ကြော်လိုက်တဲ့အခါ ဂလူးကို့စ်နဲ့ ဖရပ်တို့စ်အဖြစ် ဖြိုခွဲပေးပြီး အရသာကောင်းမွန်တဲ့ ရွှေအိုရောင်အဖြစ် ပြောင်းလဲသွားပါတယ်။
■ ကြက်သွန်နီကို လှီးတဲ့အခါ ထွက်လာတဲ့အင်ဇိုင်းဓာတ်ငွေ့က ဆာလ်ဖြူရစ်အက်ဆစ် ဖြစ်စေကာ မျက်ရည်ထွက်စေပါတယ်။
■ ဒီအတွက် ကြက်သွန်နီကို မိနစ် ၃၀ ကြာအောင် အေးအောင်ထားပြီး ရေမှာစိမ်ကာ လှီးဖြတ်သင့်ပါတယ်။
■ လှီးဖြတ်ထားတဲ့ ကြက်သွန်နီကို ဒီအတိုင်းထားခြင်းက ဘက်တီးရီးယားဝင်စေပြီး အဆိပ်အတောက် ဖြစ်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားမျိုး မရှိပါဘူး။
Source: The Jerusalem Post
#World_Health
Published 05 July 2026
■ အလျင်အမြန် ဝိတ်ချခြင်းက လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားပေမယ့် အစားအသောက် အလွန်အမင်း လျှော့ချခြင်းကဲ့သို့ ရေရှည်စိတ်မချရတဲ့ နည်းလမ်းများ ပါဝင်နေပါတယ်။
■ ၂ လမှ ၃ လအတွင်း ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်အထိ ကျဆင်းသွားခြင်းက ခန္ဓာကိုယ်နဲ့ ဇီဝကမ္မဖြစ်စဉ်အပေါ် ပြင်းထန်တဲ့ ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း ကြံ့ခိုင်ရေးနည်းပြ ရာဂျ်ဂန်ပက်က သတိပေးထားပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ ဝိတ်ချခြင်းကိုသာ ဦးစားပေးဖို့ မှာကြားပါတယ်။
■ ရက်ပေါင်း ၆၀ အတွင်း ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျဆင်းရန် ကယ်လိုရီ ၇၇,၀၀၀ ခန့်အထိ လျှော့ချရန် လိုအပ်ပြီး တစ်ရက်ကို ပျမ်းမျှကယ်လိုရီ ၁,၃၀၀ ခန့် လျှော့ချရမယ့်သဘော ဖြစ်ပါတယ်။
■ ဒီလိုလျှော့ချမှုမျိုးက ရေရှည်ထိန်းသိမ်းရန် ခက်ခဲပြီး မောပန်းနွမ်းနယ်စေနိုင်ပါတယ်။
■ အလျင်အမြန် ဝိတ်ချခြင်းက ကြွက်သားထုကို သိသိသာသာ ဆုံးရှုံးစေပြီး ဇီဝကမ္မဖြစ်စဉ် နှေးစေခြင်း၊ ခွန်အားလျော့နည်းခြင်း၊ နောင်အချိန် ဝိတ်ချရန် ပိုမိုခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ ဝိတ်ချပြီးနောက် ကိုယ်အလေးချိန် ပြန်တက်လာတဲ့အခါ ကြွက်သားများထက် အဆီများသာ ပြန်တက်လာစေကာ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုမိုဆိုးရွားစေပါတယ်။
■ ကိုယ်အလေးချိန် ချတဲ့အခါ ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် အလျင်အမြန် ဝိတ်ချခြင်းဟာ ကြွက်သားဆုံးရှုံးခြင်းနဲ့ ကိုယ်အလေးချိန် ပြန်တက်ခြင်းတို့လို ဘေးထွက်ဆိုးကျိုးများ ပိုများနိုင်ပါတယ်။
■ ဒါကြောင့် ဘေးကင်းစိတ်ချရတဲ့ ရလဒ်များရရှိစေရန် ခန္ဓာကိုယ် လိုက်လျောညီထွေဖြစ်အောင် အချိန်လုံလောက်စွာပေးရန် လိုအပ်ပါတယ်။
■ ရေရှည်စိတ်ချရတဲ့ ကိုယ်အလေးချိန်ရလဒ်များ ရရှိရန်နဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန် ထိန်းသိမ်းနေထိုင်ရန်အတွက် နေထိုင်စားသောက်မှုပုံစံ တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ကိုသာ ဦးစားပေးဖို့ အကြံပြုပါတယ်။
Source: Indian Express
Page 9 of 1195