#World_News
Published 18 June 2025
▪️ အီရန်နဲ့ အစ္စရေးလ်စစ်ပွဲဟာ ၆ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ခြွင်းချက်မရှိလက်နက်ချရန် ပြောထားပေမယ့် ဗုဒ္ဓဟူးနေ့မှာ နှစ်နိုင်ငံ အပြန်အလှန် ထပ်မံပစ်ခတ်ခဲ့ကြပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ပထမဆုံး ၂ နာရီအတွင်းမှာ အီရန်ဘက်က ဒုံးကျည်များဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောထားကာ မြို့တော်တဲလ်အဗစ်မှာ ပေါက်ကွဲသံတွေ ကြားရပါတယ်။
▪️ အစ္စရေးလ်က အီရန်စစ်တပ်နေရာများကို လေကြောင်းတိုက်ခိုက်နိုင်ရန်အတွက် အီရန်အရပ်သားများ တဟီရန်ကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ပြောထားပါတယ်။
▪️ အီရန်သတင်းဝက်ဘ်ဆိုက်ဖော်ပြချက်အရ တဟီရန်နဲ့ ကာရက်ဂျ်မြို့တို့မှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ သိရပါတယ်။
▪️ ထရမ့်က အမေရိကန်ဟာ သည်းခံနိုင်စွမ်းမရှိတော့ကြောင်း ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ကာ အီရန်ခေါင်းဆောင်ကို သတ်ရန် အခုအချိန်မှာ ရည်ရွယ်ချက်မရှိပေမယ့် သူ့ရဲ့မှတ်ချက်စကားက အီရန်အပေါ် ပိုပြီးရန်လိုတဲ့သဘော ဖြစ်နေပါတယ်။
▪️ "အီရန်ခေါင်းဆောင် အယာတိုလာအလီခါမီနီ ပုန်းနေတဲ့နေရာကို အတိအကျသိထားပါတယ်။ အခုအချိန်တော့ သူ့ကိုသတ်မှာမဟုတ်ပေမယ့် စိတ်ရှည်သည်းခံနိုင်စွမ်း လျော့နည်းလာပြီ။ ခြွင်းချက်မရှိ လက်နက်ချပါ" လို့ ထရမ့်က Truth Social မှာ ဖော်ပြထားပါတယ်။
▪️ ပဋိပက္ခနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ မှတ်ချက်စကားတွေက တစ်ခါတရံမှာ ထူးခြားဆန့်ကျင်တဲ့သဘော ရှိတာကြောင့် မရေရာမှုပိုဖြစ်လာတတ်ပါတယ်။
▪️ အမေရိကန်က အရှေ့အလယ်ပိုင်းဒေသမှာ တိုက်လေယာဉ်တွေ ထပ်မံနေရာချထားကာ အခုအချိန်ထိတော့ အီရန်ဘက်ကနေ အစ္စရေးလ်ကို ပစ်လိုက်တဲ့ ဒုံးကျည်တွေကို ပစ်ချကာကွယ်ရာမှာပဲ ပါဝင်နေပါသေးတယ်။
▪️ ယခုအချိန်အထိ အစ္စရေးလ်တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ်မှ ထိပ်သီးအရာရှိများနဲ့ လုံခြုံရေးအရာရှိများ သေဆုံးထားပါတယ်။
#Source: Reuters
အီရန်နဲ့ အစ္စရေးလ်တို့ကြား လုံခြုံရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တင်းမာမှုမြင့်တက်နေရာ တူရကီနယ်စပ်ရှိ ဗန်မြို့သို့သွားလာကြတဲ့ အီရန်အရပ်သားတွေ များပြားလာပါတယ်။
#World_News
Published 17 June 2025
#အီရန်-အစ္စရေးလ်တင်းမာမှု #အရပ်သားများတူရကီသို့ထွက်ပြေး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 17 June 2025
၁။ ကိုဗစ်အတည်ပြုလူနာ၅၀ ကျော်အထိရှိလာ၊ ရောဂါပြင်းထန်နိုင်သူများကို ကာကွယ်ဆေးထိုးပေးမည်
၂။ မြန်မာနှင့် ဂျာမနီပူးပေါင်း၍ ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေးသင်တန်းဖွင့်လှစ်
၃။ ဒေသအချို့၌ လျှပ်တပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးများဖြစ်နိုင်ဟု မိုးဇလသတိပေး
၄။ အီရန်-အစ္စရေးလ်တင်းမာမှုမြင့်တက်လာသဖြင့် အီရန်အရပ်သားများတူရကီသို့ထွက်ပြေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 17 June 2025
▪️ အစ္စရေးလ်နဲ့ အီရန်တို့ အပြန်အလှန် တိုက်ခိုက်လာတာ အင်္ဂါနေ့အထိဆိုရင် ၅ ရက်မြောက်ဖြစ်လာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံသားတွေကို တဟီရန်ကနေ ထွက်ပြေးတိမ်းရှောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
▪️ ဒါဟာ အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်ရေး ထိန်းချုပ်မှု သဘောတူညီချက်ကို ငြင်းဆန်လိုက်တာကြောင့် ဖြစ်ပါတယ်။
▪️ အရှေ့အလယ်ပိုင်း ပြဿနာကြောင့် ထရမ့်ဟာ ကနေဒါမှာပြုလုပ်တဲ့ G-7 အစည်းအဝေးကနေ တစ်ရက်စောထွက်လာကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
▪️ ထရမ့်က သူ့ရဲ့ Truth Social မီဒီယာပေါ်မှာ "အီရန်က ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးသင့်တယ်။ လူသားတွေရဲ့ အသက်ဘဝတွေ ဘယ်လောက်နှမြောစရာကောင်းလဲ။ အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်သင့်ဘူးဆိုတာ ခဏခဏပြောထားပြီးပြီ။ အားလုံးပဲ တဟီရန်ကနေ ချက်ချင်းထွက်ပြေးသင့်ပြီ" လို့ ဖော်ပြထားပါတယ်။
▪️ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က G-7 ကနေ ထရမ့်စောစီးစွာ ထွက်သွားတာကို အကောင်းမြင်နေပြီး အခုအချိန်ဟာ အစ္စရေးလ်နဲ့ အီရန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့က အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ပြောပါတယ်။
▪️ အီရန်မြို့တော် တဟီရန်မှာ ပေါက်ကွဲမှုတွေ လေကြောင်းကာကွယ်ရေး ပစ်ခတ်မှုကြီးတွေ ဖြစ်ပေါ်နေတယ်လို့ အီရန်မီဒီယာက အင်္ဂါနေ့အစောပိုင်းမှာ ဖော်ပြထားပါတယ်။
▪️ မိုင် ၂၀၀ ခန့်ကွာဝေးတဲ့ နျူကလီးယားတပ်ဆင်မှုများ တည်ရှိရာ နေတန့်ဇ်မှာ လေကြောင်းကာကွယ်ရေးစနစ်တွေ တုံ့ပြန်တိုက်ခိုက်နေတယ်လို့ Asriran သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
▪️ အမေရိကန်က အီရန်ကို တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။
▪️ အိုမန်၊ ကာတာ၊ ဆော်ဒီတို့အနေနဲ့ အစ္စရေးလ်ဝန်ကြီးချုပ် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရစေရန် ထရမ့်ကနေ ဖိအားပေးတိုက်တွန်းပေးဖို့ တဟီရန်က တောင်းဆိုထားကြောင်း သတင်းရင်းမြစ်အချို့က ဆိုပါတယ်။
▪️ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ညာဟူက အီရန်ရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ် ခြိမ်းခြောက်မှုတွေကို သေချာပေါက် ဖယ်ရှားရှင်းလင်းသွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 17 June 2025
▪️ ပရိုတိန်းဟာ ကြွက်သားထိန်းသိမ်းဖြစ်တည်ဖို့နဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်ဆိုပေမယ့် များလွန်းရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လို့ L-Nutra ကုမ္ပဏီမှ စီအီးအို ဒေါက်တာ ဂျိုဆက်အန်တွန်က ပြောပါတယ်။
▪️ IGF-1 ဟော်မုန်းက အသည်းမှာ အဓိကထုတ်လုပ်ပြီး ကြီးထွားမှု အားပေးခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ် ထိန်းညှိခြင်းတို့မှာ အရေးပါပါတယ်။
▪️ ငယ်စဉ်မှာ အရေးကြီးပေမယ့် လူကြီးပိုင်းမှာ IGF-1 ကြာရှည်မြင့်မားနေရင် ဇီဝသက်တမ်း လျင်မြန်စွာအိုမင်းကာ ကင်ဆာလိုအခြေအနေတွေ ဖြစ်နိုင်ခြေ များစေတယ်လို့ ဆိုပါတယ်။
▪️ အသက် ၆၅ နှစ်အောက်ဆိုရင် ကိုယ်အလေးချိန် ၁ ပေါင်လျှင် အပင်အခြေပြုပရိုတိန်း ၀.၃၁ ဂရမ်မှ ၀.၃၆ ဂရမ် နေ့စဉ်စားသုံးသင့်ပါတယ်။
▪️ အကြမ်းဖျင်းအားဖြင့် ပေါင် ၁၅၀ ရှိသူအတွက် ပရိုတိန်း ၄၆.၅ မှ ၅၄ ဂရမ်အထိ လိုအပ်နိုင်ပြီး ဒါဟာ ကြက်ဥ ၇ လုံး၊ ကြက်ရင်အုံသား ၂၀၀ ဂရမ် ဒါမှမဟုတ် ပဲနီလေး ၂ ခွက်နဲ့ ညီမျှပါတယ်။
▪️ အသက် ၆၅ နှစ်ကျော်လာလို့ ကြွက်သားဆုံးရှုံးလာရင်တော့ ပရိုတိန်းကို အနည်းငယ်လောက်ပိုပြီး စားသင့်ပါတယ်။
▪️ ငါး၊ ကြက်ဥ၊ ဒိန်ခဲ၊ ဒိန်ချဉ်တို့မှရတဲ့ ပရိုတိန်းကို ဦးစားပေးသင့်ပြီး အသားပရိုတိန်းကတော့ ရေရှည်မှာ ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။
▪️ IGF-1 မြင့်မားတဲ့အခါ နှလုံးရောဂါများ၊ ကင်ဆာများဖြစ်နိုင်ခြေ များစေပြီး အမျှင်ဓာတ်နည်းပါးလာရင် အူလမ်းကြောင်းပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ အပင်အခြေပြုပရိုတိန်းဟာဆိုရင် ကာဗိုဟိုက်ဒရိတ်အုပ်စု၊ ငါး၊ အစေ့အဆန်များမှ အဆီများမှာ ကြွယ်ဝစွာပါဝင်ပြီး သင့်တင့်မျှတစွာ ကျန်းမာစေနိုင်မယ်လို့ အန်တွန်က အကြံပြုသွားပါတယ်။
#Source: New York Post
#World_Health
Published 17 June 2025
▪️ ကလေးတွေမှာ ကိုယ်ခံအားစနစ်က ရောဂါကူးစက်မှုတွေထံမှ ပထမဆုံးကာကွယ်ပေးတဲ့ စနစ်ဖြစ်ပြီး ထိုစနစ်ပျက်ယွင်းတဲ့အခါ ခန္ဓာကိုယ်ကနေ ရောဂါပိုးတွေ မတိုက်ထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် ကလေးတွေမှာ ကိုယ်ခံအားနည်းတဲ့ လက္ခဏာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။
(၁) ရောဂါမကြာခဏဖြစ်ခြင်း ပြန်ဖြစ်ခြင်း
▪️ သာမန်ကုသနည်းတွေနဲ့ သိပ်အလုပ်မဖြစ်ဘဲ ဆေးဖြတ်လိုက်ပြီးနောက် ရောဂါပြန်ဖြစ်ခြင်း၊ တစ်နှစ်အတွင်း နားရွက်ရောဂါကူးစက်မှု ၈ ကြိမ်အထက်ဖြစ်ခြင်း၊ နှာတွင်းကူးစက်မှု ၂ ကြိမ်နဲ့အထက်ဖြစ်ခြင်း၊ အဆုတ်ရောင်၊ လေပြွန်ရောင်တို့ ပြန်ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
(၂) ရောဂါဖြစ်လျှင် ကြာရှည်ခြင်း ပြင်းထန်ခြင်း
▪️ သာမန်အအေးမိရာကနေ ကြာရှည်လာခြင်း၊ ဆေးရုံတက်ရခြင်း၊ ကိုယ်တွင်းအင်္ဂါပြဿနာများ ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
(၃) ကိုယ်အလေးချိန်နည်းခြင်း၊ ဖွံ့ဖြိုးမှုနှေးခြင်း
▪️ ခန္ဓာကိုယ်က ရောဂါတွေနဲ့ အချိန်တိုင်း တိုက်ခိုက်နေရတဲ့အတွက် သာမန်နှုန်းထက် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ စားချင်စိတ်နည်းပါးခြင်းတို့ ဖြစ်နိုင်ပါတယ်။
(၄) ဝမ်းပြဿနာများ
▪️ ကိုယ်ခံအားနည်းတဲ့ကလေးတွေမှာ ဝမ်းလျှောခြင်းလက္ခဏာက ရက်သတ္တပတ်အထိ ကြာနေခြင်း၊ ပုံမှန်ဆေးများနဲ့ မတိုးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
(၅) ကိုယ်ခံအားနည်းမျိုးရိုးရှိခြင်း
▪️ မျိုးရိုးထဲမှာ ကိုယ်ခံအားနည်းရောဂါများ ဖြစ်ဖူးတဲ့သူတွေရှိရင် ကလေးမှာလည်း ဖြစ်နိုင်ခြေများပါတယ်။
(၆) ဒဏ်ရာကျက်နှုန်းနှေးခြင်း
▪️ ပွန်းပဲ့ဒဏ်ရာတွေ သာမန်ထက်ပိုပြီး သက်သာမှုနှေးနေရင် ကိုယ်ခံအားနည်းတဲ့လက္ခဏာ ဖြစ်ပါတယ်။
(၇) ပဋိဇီဝဆေး အကြောဆေးများ မကြာခဏထိုးရခြင်း
▪️ သာမန်ရောဂါလောက်နဲ့ပင် တစ်နှစ်အတွင်းမှာ ပဋိဇီဝဆေးတွေ ခဏခဏအသုံးပြုရခြင်း အကြောဆေးသွင်းရခြင်းတို့က ကိုယ်ခံအားပုံမှန်အလုပ်မလုပ်တဲ့လက္ခဏာ ဖြစ်ပါတယ်။
#Source: DoctorNDTV
တရုတ်လေကြောင်းကျွမ်းကျင်သူတစ်ဦးက ကြာသပတေးနေ့က အိန္ဒိယ ဂူဂျာရက်ပြည်နယ်မှာ လေယာဉ်ပျက်ကျရတာဟာ စက်အင်ဂျင်ပျက်ယွင်းခြင်း၊ ရာသီဥတုအခြေအနေတို့ အပါအဝင် အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။
#World_Disaster
Published 16 June 2025
#အိန္ဒိယလေယာဉ်ပျက်ကျ #တရုတ်လေယာဉ်ပညာရှင်သုံးသပ်
#YMG #Yangon_Times #Yangon_Media_Group
Page 12 of 984