တရုတ်သုတေသီများက AI စနစ်သုံးမျက်မှန်များ တီထွင်လိုက်ကာ မျက်စိမမြင်သူများနဲ့ အမြင်အာရုံချိုယွင်းသူများအတွက် ကမ္ဘာကြီးကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ဖို အထောက်အကူပြုပေးမယ့် မျက်လုံးအတုဖြစ်လာနိုင်ပြီး အမြင်အချက်အလက်များကို အသံပြချက်များအဖြစ်ပြောင်းလဲပေးပါတယ်။
#Asia_Technolog
Published 27 February 2025
#AI #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 28 February 2026
■ အီရန်က သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များ ဝယ်ယူရန် တရုတ်နဲ့ သဘောတူညီချက်ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
■ အမေရိကန်က အီရန်ကို တိုက်ခိုက်ရန် ခြိမ်းခြောက်နေကာ အရှေ့အလယ်ပိုင်းမှာ စစ်ရေးအင်အားအများဆုံး ချထားပါတယ်။
■ ၁၉၈၀ ဝန်းကျင်တွေမှာ တရုတ်က အီရန်အတွက် အဓိကလက်နက်တွေ ထောက်ပံ့ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဖိအားတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။
■ တရုတ်ထုတ် CM-302 ဒုံးကျည်များ သဘောတူညီချက် နီးစပ်နေပြီး ပေးပို့မယ့်နေ့တော့ မသိရသေးပါဘူး။
■ CM-302 အပြင် MANPADS လို့ခေါ်တဲ့ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်များ၊ ဂြိုဟ်တုဖျက်လက်နက်များအတွက်လည်း ဆွေးနွေးနေပါတယ်။
■ CM-302 က ၂၉၀ ကီလိုမီတာ အကွာအဝေးရှိပြီး သင်္ဘောမှ ခုခံစနစ်တွေ ရှောင်တိမ်းနိုင်အောင် အနိမ့်အမြန်ပျံသန်းပါတယ်။တရုတ်ကနေ အီရန်သို့ပို့တဲ့အထဲမှာ အဆင့်မြင့်ဆုံး စစ်ရေးပစ္စည်းတွေထဲ ပါဝင်ပါတယ်။
■ ဒီလက်နက်စနစ်တွေကို သင်္ဘော၊ လေယာဉ်၊ မြေပြင်ယာဉ်တွေမှာ တပ်ဆင်နိုင်ပါတယ်။
■ ဒီလိုရောင်းချခြင်းက အမေရိကန်ကြီးစိုးနေတဲ့ စစ်လက်နက်ဈေးကွက်မှာ တရုတ်နေရာရလာတဲ့သဘော မြင်နေရပါတယ်။
Source: NDTV
#World_Science
Published 28 February 2026
■ တူရကီ အစ္စတန်ဘူလ်အနီး မာမရာပင်လယ်အောက်မှ မြောက်အန်နာတိုလီယန်ပြတ်ရွေ့ကြော(NAF)ဟာ နှစ်ပေါင်း ၂၅၀ ကျော်ကြာအောင် အဓိကငလျင်ကြီး မဖြစ်ခဲ့ပါဘူး။
■ ဒီအောက်မှာ ဖိအားတွေ များလာပြီး အနီးနားက အပိုင်းတွေကတော့ အနောက်ဘက်ဆီ ဖောက်ထွက်လာပါတယ်။
■ တိုကျိုသိပ္ပံတက္ကသိုလ်မှ သုတေသီတွေက လျှပ်စစ်သံလိုက် x-rays များအသုံးပြုပြီး ဒီပြတ်ရွေ့ကြောရဲ့ မမြင်ရတဲ့ အစိတ်အပိုင်းကို တွေ့ရှိခဲ့ပါတယ်။
■ မာမရာပင်လယ်အောက်ဘက်မှ ထိုအပိုင်းဟာ နောက်ထပ်ဧရာမငလျင်ကြီး အခြေပြုဖွယ်အရှိဆုံးလို့ သိပ္ပံပညာရှင်တွေ ယုံကြည်နေပါတယ်။
■ မာမရာပင်လယ်အောက်က ပြတ်ရွေ့ကြောရဲ့ ပုံစံအတိအကျကို သိပ္ပံပညာရှင်တွေ ဖန်တီးဖို့ကြိုးစားနေတာ နှစ်နဲ့ကြာပါပြီ။
■ တူရကီ Multidisciplinary Resilience သုတေသနစင်တာမှ ပရော်ဖက်ဆာ ယာဆောအိုဂါဝါနဲ့ ဘိုဂါဇီချီတက္ကသိုလ်မှ ဒေါက်တာ ကျူလေကာယာအက်ကင်တို့က မာမရာပင်လယ်အောက် မျက်နှာပြင်အောက်ဘက်နေရာရဲ့ 3D ပုံစံအပြည့်ကို ပထမဆုံး ဖန်တီးနိုင်ခဲ့ပါတယ်။
■ ကျောက်သား မာကျောတဲ့နေရာ၊ အရည်ကြောင့် ပျော့ညံ့တဲ့နေရာတွေကို တွေ့ရှိခဲ့ကြပါတယ်။
■ မျက်နှာပြင်သားတွေ အားနည်းတဲ့အပိုင်းတွေနဲ့ မာကျောတဲ့အပိုင်းတွေ ဆုံတွေ့တဲ့ နယ်နမိတ်တွေမှာ ငလျင်တွေဖြစ်လာနိုင်တယ်ဆိုတာကို လေ့လာပြသချင်တာ ဖြစ်ပါတယ်။
■ ဒီတွေ့ရှိချက်တွေကနေ တူရကီမှာ ကပ်ဘေးကာကွယ်ရေးနဲ့ လျှော့ချရေးကိစ္စရပ်တွေ ပြုလုပ်ဖို့ အထောက်အကူ ဖြစ်လာနိုင်ပါတယ်။
Source: WION
#World_Health
Published 28 February 2026
■ သွေးလှူဒါန်းခြင်းဆိုတာက အသက်ပေါင်းများစွာကို ကယ်ဆယ်ပေးနိုင်တဲ့ ကောင်းမှုကြီးတစ်ခုဖြစ်ပါတယ်။
■ ပထမဆုံး သွေးလှူသူတွေမှာ စိုးရိမ်ပူပန်တာမျိုး ရှိတတ်ပါတယ်။
■ ဒါက ဘေးကင်းစိတ်ချရပြီး ခန္ဓာကိုယ်က ချက်ချင်းဆိုသလို သဟဇာတဖြစ်အောင် လုပ်ဆောင်ပါတယ်။
■ သွေးလှူပြီးနောက် ၂၄ နာရီအတွင်း ခန္ဓာကိုယ်ထဲ ဘာဖြစ်ပျက်သလဲဆိုတာနဲ့ ပတ်သက်ပြီး အိန္ဒိယဆေးရုံတစ်ခုမှ ဒေါက်တာ ရာဂျက်ကန့်ဂျိန်းက "နာရီပိုင်းအတွင်းမှာ ဆုံးရှုံးသွားတဲ့ အရည်တွေ ဆဲလ်တွေကို ပြန်ဖြည့်ပေးပြီး တစ်ရက်အတွင်း ကျန်းမာသူတွေဆိုရင် ပုံမှန်ပြန်ဖြစ်သွားတယ်" လို့ ရှင်းပြပါတယ်။
■ နွမ်းနယ်ခြင်း၊ အနည်းငယ်ခေါင်းကိုက်ခြင်းတို့ ခံစားရပေမယ့် ရေဓာတ်ဖြည့်ခြင်း၊ အာဟာရဖြည့်ခြင်း၊ အနားယူခြင်းတို့ဖြင့် လျင်မြန်စွာသက်သာစေပါတယ်။
■ တစ်ရှူးတွေထဲမှ အရည်တွေက သွေးကြောထဲ ဝင်သွားကာ သွေးပမာဏ၊ သွေးလည်ပတ်မှု၊ သွေးပေါင်ချိန်တို့ကို ပြန်ဖြည့်ပေးပါတယ်။
■ အသည်းကလည်း ပလတ်စ်မာပရိုတိန်းတွေ ဖြည်းဖြည်းချင်း ပြန်ဖြည့်ပေးပါတယ်။
■ သွေးနီဥဆဲလ်တွေက အချိန်ကြာမြင့်တတ်ပြီး ပလတ်စ်မာ၊ သွေးဖြူဥဆဲလ်တွေကတော့ လျင်မြန်စွာ တုံ့ပြန်လာကြပါတယ်။
■ ရိုးတွင်းခြင်ဆီက ချက်ချင်း ဆဲလ်အသစ်တွေ ထုတ်လုပ်ကာ ရက်သတ္တပတ်အတွင်း ပုံမှန်ပြန်ရောက်ပါတယ်။
■ ဒါကြောင့် သွေးအလှူရှင်တွေဟာ လှူပြီးနောက် ခဏအတွင်းမှာပဲ ပုံမှန်လှုပ်ရှားမှုတွေ ဘေးကင်းစွာ ပြန်လုပ်နိုင်တာ ဖြစ်ပါတယ်။
■ သူတစ်ပါးတွေရဲ့ အသက်တွေကို ကယ်ဆယ်ပေးနိုင်တဲ့အပြင် သွေးလှူသူတွေမှာ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ ရိုးတွင်းခြင်ဆီ၊ သားငံရည်စနစ်တို့ ပူးပေါင်းတုံ့ပြန်လာကြပါတယ်။
Source: Indian Express
တနင်္ဂနွေနေ့တည်းက အမေရိကန် အရှေ့မြောက်ပိုင်းတလျှောက် ဆောင်းမုန်တိုင်းကြီး တိုက်ခတ်နေရာ နယူးယော့ခ်၊ နယူးဂျာစီ၊ ကွန်နက်တီကပ်စ်တို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရပြီး အိမ်ခြေ ၄ သိန်းနီးပါး လျှပ်စစ်ဓာတ်အားမရဘဲ လေကြောင်းခရီးစဉ် ၅,၅၀၀ ကျော် ဖျက်သိမ်းထားရပါတယ်။
#World_News
Published 27 February 2025
#အမေရိကန် #နယူးယော့ခ်_နယူးဂျာစီ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 February 2026
■ တရုတ်လွှတ်တော်အမတ်တွေက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ဗိုလ်ချုပ်ကြီး ၅ ဦးကို ပါလီမန်အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားလိုက်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက်ကော်မတီက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
■ PLA မြေပြင်တပ်မှူး လီချောင်မင်၊ PLA ရေတပ်မှူးဟောင်း ရှင်ကျင်လုံတို့ကို NPC လက်ထောက်များအဖြစ်မှ ဖယ်ရှားလိုက်ပါတယ်။
■ PLA ရေတပ်၊ လေတပ်၊ အချက်အလက်ထောက်ပို့တပ်တို့မှ နိုင်ငံရေးဝန်ထမ်းအရာရှိများ ဖြစ်ကြတဲ့ ချင်ရှင်းရှန်၊ ယူကျောင်ဖုနဲ့ လီဝေတို့ကိုလည်း ထုတ်ပယ်လိုက်ပါတယ်။
■ ဒါ့အပြင် မွန်ဂိုလီးယားအတွင်းပိုင်းဒေသ ပါတီအကြီးအကဲဟောင်း စွန်းရှောက်ချင်အပါအဝင် စစ်အရာရှိအများအပြားနဲ့ ပြည်နယ်အရာရှိအချို့လည်း ထုတ်ပယ်ခံရတဲ့အထဲ ပါဝင်ပါတယ်။
■ အကျင့်ပျက်ခြစားမှုကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးခံနေရတဲ့ စစ်အကြီးအကဲလက်ထောက် ကျန်းယူရှာအပါအဝင် ထိပ်သီးစစ်ခေါင်းဆောင်များ ပါဝင်တဲ့ အဆင့်မြင့်စစ်ဆေးမှုများ ပြုလုပ်အပြီး မကြာမီမှာပဲ ဒီလိုတွေဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
■ တိုက်ခိုက်ရေးအစီအစဉ်များ ကြီးကြပ်တဲ့ ဗဟိုတပ်မတော်ကော်မရှင် ပူးတွဲစစ်ဌာနချုပ် အကြီးအကဲ လျူရှန်းလီကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
■ ဗိုလ်ချုပ် ၅ ဦးအပြင် ဒိုဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ ဗိုလ်ချုပ် ၃ ဦးတို့ကိုလည်း တရုတ်ထိပ်သီးလွှတ်တော်ကနေ ဖယ်ရှားလိုက်ပါတယ်။
■ မတ်လ ၄ ရက်နေ့မှာ စတင်မယ့် နှစ်စဉ်နိုင်ငံရေးအစည်းအဝေးကြီးအတွက် တရုတ်က စတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Source: CNA.
#World_Health
Published 27 February 2026
■ အချိန်အပိုင်းအခြား အစာဖြတ်ခြင်းဆိုတာက ဘယ်အချိန်မှာ စားသောက်လဲဆိုတာကို ဦးစားပေးတာဖြစ်ပါတယ်။
■ များသောအားဖြင့် ၁၆ နာရီကြာအောင် အစာဖြတ်ပြီး အစာစားချိန် ၈ နာရီခန့်ရှိတတ်ပါတယ်။
■ အခြားနည်းလမ်းတွေထဲမှာတော့ တစ်ပတ်မှာ ၅ ရက် ပုံမှန်အတိုင်းစားပြီး ကျန် ၂ ရက်ကို ကယ်လိုရီအနည်းဆုံးဖြစ်အောင် စားရပါတယ်။
■ အချို့ဆိုရင် ၂၄ နာရီကြာအောင် အစာဖြတ်ကြပေမယ့် ဒါမျိုးက ကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။
■ ခန္ဓာကိုယ်က အစာကရတဲ့ ဂလူးကို့စ်ကို လောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်လုပ်ပေးပါတယ်။
အချိန်ကြာကြာ မစားတဲ့အခါ ဂလူးကို့စ်တွေ ကုန်ခမ်းပြီး သိမ်းဆည်းထားတဲ့ အဆီတွေကို ပြောင်းလဲလောင်ကျွမ်းစေကာ အဆီကျစေတာ ဖြစ်ပါတယ်။
■ လေ့လာချက်တွေအရတော့ ဝိတ်ချဖို့အတွက်ဆိုရင် အချိန်အပိုင်းအခြား အစာဖြတ်ခြင်းက ကယ်လိုရီကန့်သတ်စားသောက်ခြင်းထက် သိပ်ပြီးသာလွန်တာတော့ မဟုတ်ပါဘူး။
■ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေထဲမှာ အင်ဆူလင်ထိန်းညှိနိုင်ခြင်း၊ ဇီဝဖြစ်စဉ်ပြောင်းလဲလာခြင်းတို့ ပါဝင်ပါတယ်။
■ ဒီလိုကျင့်ကြံစားသောက်လို့ အသက်ရှည်စေတယ်ဆိုတဲ့ အထောက်အထားတော့ သိပ်ပြီးမတွေ့ရပါဘူး။
■ ဘေးထွက်အန္တရာယ်တွေအနေနဲ့ အလွန်အကျွံစားမိခြင်း၊ သွေးတွင်းသကြားဓာတ် နည်းပါးခြင်း၊ ကလေးတွေ ကိုယ်ဝန်ဆောင်တွေအတွက် မသင့်လျော်ခြင်းစတာတွေ ရှိပါတယ်။
■ ခန္ဓာကိုယ်ထဲ အဆိပ်အတောက်ဖယ်ရှားခြင်း၊ အလိုအလျောက် အဆီကျခြင်းတို့နဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ အထောက်အထားတော့ မရှိပါဘူး။
Source: India Today
Page 6 of 1128