#Local_News
Published 20 October 2025
■ ယခုအခါနိုင်ငံတစ်ဝန်း ထိုက်သင့်သလောက်တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းစေရေး တပ်မတော်အနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
■ အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။
■ တပ်မတော်ကိုနိုင်ငံတော်၏ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ရန်ဖွဲ့စည်းထားရှိခြင်းဖြစ်သောကြောင့် နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန် ၊ပြည်သူများမှ အပြည့်အဝယုံကြည်ကိုးစားသည့် တပ်မတော်ဖြစ်ရန် ၊ ဒေသအလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများနှင့်တစ်သား တည်းဖြစ်အောင်လုပ်ဆောင်ပြီး ဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာဖြင့်ဆောင်ရွက်နိုင်ရေးလုပ်ဆောင်ရန်တို့ကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။
■ ယင်းအပြင် လွပ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
■ တပ်မတော်သားတစ်ဦးချင်းအနေဖြင့် လူနေမှုဘဝကို ထိခိုက်စေမည့် အသောက်အစားအပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ရှားရန်၊
မိမိကိုယ်ကို တပ်မတော်သားကောင်းတစ်ဦးဆိုသည့်စိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန် ၊တပ်မတော်သားများဖြစ်သည်နှင့်အညီ ဝတ်စားဆင်ယင်မှုများ၊ သွားလာနေထိုင်မှုများမှအစ စည်းကမ်းနှင့်အညီ နေထိုင်ကြရန်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်။
■ အလားတူ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်မဟုတ်သောကြောင့်လက်နက်ကိုင်အကြမ်းဖက်မှုများချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးမဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်။
■ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/PP #Yangon_Times