#World_News
Published 04 March 2026
■ အစ္စရေးလ်နဲ့ အမေရိကန်တပ်တွေက အင်္ဂါနေ့မှာလည်း အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာ အီရန်ကလည်း ပင်လယ်ကွေ့တဝိုက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။
■ ပဋိပက္ခက လက်ဘနွန်အထိ ပျံ့နှံ့လာပြီး ကမ္ဘာ့ဈေးကွက်တွေ ရုတ်ရုတ်သဲသဲ ဖြစ်လာကာ ရေနံဈေးတွေ သိသိသာသာ မြင့်တက်လာပါတယ်။
■ စစ်ပွဲ ၄ ရက်မြောက် ဖြစ်လာတဲ့အချိန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရေတပ်နဲ့ လေကြောင်းပစ်မှတ်များစွာကို တိုက်ခိုက်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
■ နျူကလီးယားအစီအစဉ် ညှိနှိုင်းမှုများအပြီးမှာ အီရန်က တိုက်ခိုက်လာမယ်လို့ ခံစားရသဖြင့် ထရမ့်က စစ်ဆင်ရေးညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
■ အီရန်ဒရုန်းတွေက ကူဝိတ်မှ အမေရိကန်သံရုံးကို တိုက်ခိုက်ပြီးနောက် ဆော်ဒီမှသံရုံးကိုလည်း ပစ်မှတ်ခဲ့ပြီးနောက် ဆော်ဒီ၊ ကူဝိတ်၊ လက်ဘနွန်တို့မှ အမေရိကန်သံရုံးများ ပိတ်ထားရပါတယ်။
■ အင်္ဂါနေ့မှာ အစ္စရေးလ်က အီရန်မြို့တော်တဟီရန်တဝိုက် တိုက်ခိုက်နေခဲ့ရာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရပါတယ်။
■ အီရန်နိုင်ငံ့ခေါင်းဆောင် အယာတိုလာအလီခါမေနီ သေဆုံးမှုအပါအဝင် အရပ်သားဆုံးရှုံးမှုတွေ ရှိနေပါတယ်။
■ အီရန်က စီးပွားရေးအချက်အခြာ နေရာများကို ပစ်မှတ်ထားကာ ဟော်မုဇ်ရေလက်ကြားကို နှောင့်ယှက်နေပြီး သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်မှုအပိုင်းတွေကို ကမောက်ကမ ဖြစ်စေပါတယ်။
■ အစ္စရေးလ်နဲ့ အမေရိကန်အရာရှိများက အီရန်အစိုးရနဲ့ စစ်အင်အားကို အားနည်းစေဖို့ ရည်ရွယ်ပေမယ့် စစ်ဆင်ရေးကြာမြင့်ချိန်က မသေချာပါဘူး။
Source: Reuters