မြန်မာလုပ်သားများ အရေးကိစ္စနဲ့ပတ်သက်ပြီး ဩဂုတ်လ ၆ ရက်နေ့က
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို၊ The Shilla Hotel မှာ ကျင်းပတဲ့ 2025 EPS Conference မှာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်တက်ရောက်ဆွေးနွေးခဲ့တယ်လိုသိရပါတယ်။
#Local_News
Published 08 August 2025
#မြန်မာလုပ်သားများ #ကိုရီးယားသမ္မတနိုင်ငံ
#YMG/SW #Yangon_Times
Digital Platform အသုံးပြုပြီးစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရုံးအမှတ် ‒ ၃ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမမှာ
ကျင်းပခဲ့ပါတယ်။
#Local_News
Published 08 August 2025
#စားသုံးဆီဖြန့်ဖြူးရေး #Digital_Platform
#YMG/SW #Yangon_Times
သီရိမဂ်လာကမ္ဘာအေး စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲက ကြီးမှူးကျင်းပတဲ့ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)အခမ်းအနားနဲ့ ဇီဝိတဒါန ငှက်များဘေးမဲ့လွှတ်ပွဲကို ဩဂုတ်လ(၈)ရက် (ဝါခေါင်လပြည့် ) ဒီကနေ့မှာ ရန်ကုန်မြို့ရှိ ကမ္ဘာအေးစေတီတော်မှာ ကျင်းပခဲ့ပါတယ်။
#Local_News
#ကမ္ဘာအေးစေတီတော် #ဇီဝိတဒါနငှက်များဘေးမဲ့လွှတ်ပွဲ
Published 08 August 2025
#YMG/NN #Yangon_Times
#World_News
Published 08 August 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယဟာ ရုရှားရေနံဝယ်ယူမှုကြောင့် အိန္ဒိယတင်သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ကြေညာခဲ့ပြီးနောက်နေ့မှာ ရုရှားနှင့် အိန္ဒိယတို့က ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မော်စကိုမှာ နှစ်နိုင်ငံလုံခြုံရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံကတိကဝတ်များကို အလေးထားပြောကြားခဲ့ကြပါတယ်။
▪️ ဒီနှစ်ကုန်ပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင် လာရောက်လည်ပတ်ဖို့ အိန္ဒိယမျှော်မှန်းနေကြောင်း အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အာဂျစ်ဒိုဗယ်က ပြောပါတယ်။
▪️ နှစ်နိုင်ငံဆက်ဆံရေး အရေးကြီးပုံကိုလည်း ရုရှားလုံခြုံရေးကောင်စီဝန်ကြီးနဲ့ အစည်းအဝေးမှာ နှစ်ဖက်စလုံးက အလေးပေးဆွေးနွေးခဲ့ကြပါတယ်။
▪️ ဩဂုတ် ၂၈ ရက်နေ့မှာ အိန္ဒိယကုန်ပစ္စည်းများအပေါ် ထရမ့်က အခွန် ၂၅ ရာခိုင်နှုန်းချမှတ်တဲ့အတွက် အိန္ဒိယတင်ပို့ကုန်ဈေးကွက်ကြီး ထိခိုက်လာကာ အိန္ဒိယ-အမေရိကန်ဆက်ဆံရေး ယိုယွင်းလာစေပါတယ်။
▪️ ရေရှည်တည်တံ့ခိုင်မြဲစေမယ့် အခြေအနေ၊ နိုင်ငံတကာဥပဒေ စိုးမိုးရေး၊ ခြိမ်းခြောက်မှုအန္တရာယ် တိုက်ဖျက်ရေးတို့အတွက် ပူးပေါင်းလုပ်ဆောင်သွားကြဖို့ ကတိပြုထားကြောင်း ဆာဂေးရှိုဂူက ပြောသွားပါတယ်။
▪️ ရုရှားတို့ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အိန္ဒိယနဲ့ တရုတ်တို့က ရုရှားရေနံစိမ်း အဓိကဝယ်ယူသူတွေ ဖြစ်လာပါတယ်။
▪️ ရုရှားရေနံ ဝယ်ယူသူတွေကို စီးပွားရေး တုံ့ပြန်ဆောင်ရွက်ချက်များ ပြုလုပ်သွားမယ်လို့လည်း ထရမ့်က ခြိမ်းခြောက်ထားပါတယ်။
▪️ အိန္ဒိယဟာ ဘယ်သူနဲ့ဖြစ်ဖြစ် ကုန်သွယ်ခွင့်ရှိကာ အမေရိကန်က ဒါကို လိုက်ပြီးဖိအားပေးနေတယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။
Source : Reuters.
#Local_News
Published 08 August 2025
▪️ နိုင်ငံကူးလက်မှတ်(ပတ်စပို့) သက်တမ်းတိုးရက်ချိန်းရရန်အတွက် အခကြေးငွေပေးဆောင်ရမှုများရှိပါက တိုင်ကြားနိုင်ကြောင်း စင်ကာပူရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်လိုက်သည်။
▪️ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် နိုင်ငံကူးလက်မှတ်သက်တမ်း (၁၄) လကျန်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် သံရုံး၏ whatsapp နံပါတ်များဖြစ်သည့် +6581748993 နှင့် +6582468581 သို့ အချက်အလက်များပေးပို့၍ ရက်ချိန်းရယူနိုင်ကြောင်း အသိပေးပြီးဖြစ်သော်လည်း အဆိုပါကြေညာချက်အား မသိရှိသေးသောသူများအပေါ် မြန်မာနိုင်ငံသားအချင်းချင်း စာနာထောက်ထားမှုမရှိဘဲ အခကြေးငွေရယူ၍ ရက်ချိန်းယူပေးခြင်းများရှိနေသေးကြောင်း ကြားသိရသည်ဟု ဖော်ပြထားပြီး ထိုသို့ အခကြေးငွေပေးဆောင်ရမှုများရှိပါက ငွေလက်ခံသူ၏ အမည်၊ ငွေပေးချေထားမှုအထောက်အထား၊ ဖုန်းနံပါတ်များအား သံရုံး၏ whatsapp နံပါတ် +6581748993 နှင့်
▪️ စင်ကာပူရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကိစ္စတစ်ခုတည်းသာ ရက်ချိန်းယူရန်လိုအပ်ပြီး ကျန်ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရက်ချိန်းယူရန်မလိုအပ်ကြောင်း၊အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ သံရုံးဖွင့်ရက်များအတွင်း နံနက် ၉ နာရီခွဲ မှ ၁၂ နာရီအတွင်း လာရောက်နိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 08 August 2025
▪️ အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်း(PMI) ကမြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက်အမေရိကန်ဒေါ်လာတစ်သိန်း ($100,000)ကိုအင်ဒိုနီးရှားနိုင်ငံသံရုံးမှတဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ထိုလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံသံရုံးတာဝန်ခံ H.E. M. Arif Hidayatullah က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
▪️ အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်(စန္ဒီပရဆေး)နှင့် တာဝန်ရှိသူများ၊ အသင်းဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 08 August 2025
▪️ ညဘက်ကောင်းစွာ မအိပ်ရလို့ အင်အားချည့်နဲ့စွာ နိုးထလာတတ်ကြပါတယ်။
▪️ ဒီလိုမျိုးဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွမ်းကျင်သူတွေ ဘယ်လိုအကြံပေးထားသလဲ။
▪️ နိုးစက်မြည်လို့ အချိန်နောက်ရွှေ့တာမျိုးက အိပ်စက်-နိုးထမှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပြီး နံနက်ခင်းမှာ နွမ်းနယ်စေနိုင်ပါတယ်။
▪️ ဒီအတွက် အရေးကြီးတဲ့အချက်တစ်ခုက ရေဓာတ်ဖြည့်ပေးဖို့ပါ။
▪️ အိပ်ရေးပျက်တဲ့အခါ ရေဓာတ်မြန်မြန် ခန်းခြောက်စေပြီး စိတ်ရှုပ်ထွေးပင်ပန်းနိုင်ပါတယ်။
▪️ အိပ်ရာနိုးတဲ့အခါ သဘာဝအလင်းရောင်နဲ့ ၁၅ မိနစ်လောက် ထိတွေ့ပေးသင့်ပါတယ်။
▪️ ဒါက အိပ်စက်မှုဟော်မုန်းကို ဖိသိပ်ထားကာ စိတ်ကို နိုးကြားလန်းဆန်းစေပါတယ်။
▪️ အိပ်ရာထပြီး မိနစ် ၉၀ လောက်ကြာရင်တော့ ကော်ဖီသောက်သုံးနိုင်ပါပြီ။
ဒါပေမဲ့ မွန်းလွဲ ၃ နာရီမတိုင်ခင်အထိသာ ကော်ဖီကို နောက်ဆုံးထားသောက်သုံးသင့်ပါတယ်။
▪️ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းတို့လို နည်းလမ်းတွေက စွမ်းအင်နဲ့ စိတ်အခြေအနေကို မြှင့်တင်ပေးကာ အိပ်ချင်စိတ်ကို ဖယ်ရှားပေးပါတယ်။
ဒါပေမဲ့ မနက်ပိုင်း အိပ်ရေးမဝတဲ့ အခြေအနေမျိုးမှာတော့ အပြင်းအထန် လေ့ကျင့်ခန်းလုပ်ခြင်းမျိုး ရှောင်ရှားသင့်ပါတယ်။
▪️ ရေအေးအေးဖြင့် ရေချိုးခြင်းက လူကိုနိုးကြားစေပေမယ့် ရေအေးထိတွေ့ဖို့ တွန့်ဆုတ်နေရင်တော့ ရေချိုးလို့ပြီးခါနီးကျမှ ရေအေးခဏလောက် ထိတွေ့နိုင်ပါတယ်။
▪️ မနက်စာကို အချိုဓာတ်များတာထက်စာရင် ပရိုတိန်းမြင့်မားတဲ့ အစားအစာတွေ ဦးစားပေးစားသင့်ပါတယ်။
▪️ မွန်းလွဲ ၂ နာရီမတိုင်မီ မိနစ် ၂၀ ခန့် တရေးအိပ်စက်ခြင်းကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
▪️ နောက်ဆုံးအနေနဲ့ ညအိပ်ချိန်ကို ပုံမှန်သတ်မှတ်အိပ်စက်သင့်ပါတယ်။
Source: New York Post
#World_Science
Published 08 August 2025
▪️ သက်ကြီးရွယ်အိုတွေ နှစ်နဲ့ကြာအောင် ဂီတတီးခတ်ပါက ဆူညံတဲ့ဝန်းကျင်မှာ ပြောစကားတွေကို နားလည်နိုင်စွမ်း ဆက်လက်ရှိနေနိုင်အောင် ကူညီနိုင်ဖွယ်ရှိတယ်လို့ လေ့လာချက်တစ်ခုမှာ အကြံပြုထားပါတယ်။
▪️ လူတွေ အသက်ကြီးလာတာနဲ့အမျှ အာရုံခံနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တို့ တဖြည်းဖြည်း ကျဆင်းလာပါတယ်။
▪️ တေးဂီတသင်ယူခြင်း၊ ပညာရေးအဆင့်အတန်း မြင့်မားခြင်း၊ ဘာသာစကားတစ်ခုနဲ့အထက် ပြောတတ်ခြင်း စတဲ့အလေ့အကျင့်တွေက ဦးနှောက်သိမြင်နိုင်စွမ်းနဲ့ ထိန်းသိမ်းမှုတို့ကို ကူညီပေးပါတယ်။
▪️ ဦးနှောက်ထဲ ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားသူတွေက အသက်ကြီးလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပိုမိုစွမ်းဆောင်နိုင်စေပါတယ်။
▪️ ဦးနှောက်ထဲ ချိတ်ဆက်လုပ်ဆောင်မှုတွေက သိမြင်နိုင်စွမ်း ကျဆင်းလာခြင်းကို ကာမိစေပြီး ဂီတလေ့ကျင့်သင်ကြားမှုက ထိန်းသိမ်းမှုများကို မြှင့်တင်ပေးနိုင်ပါတယ်။
▪️ သုတေသီတွေက ဆူညံတဲ့ဝန်းကျင်အတွင်း စကားပြောဆိုခိုင်းတဲ့ စမ်းသပ်ချက်ဖြင့် အသက်ကြီးတဲ့ ဂီတပညာရှင်တွေ၊ ဂီတပညာရှင် မဟုတ်သူတွေ၊ ငယ်ရွယ်ပြီး ဂီတပညာရှင်မဟုတ်သူတွေရဲ့ ဦးနှောက်လှုပ်ရှားမှုကို လေ့လာခဲ့ကြပါတယ်။
▪️ အသက်ကြီးတဲ့ ဂီတသမားတွေမှာ ငယ်ရွယ်တဲ့ ဦးနှောက်အတွင်း ချိတ်ဆက်မှုပုံစံတွေ တွေ့ရပါတယ်။
▪️ ဂီတလေ့ကျင့်မှုတွေက အာရုံကြောကွန်ရက် စုစည်းမှုကိုထိန်းသိမ်းပြီး အသက်အရွယ်ကြောင့် သိမြင်နိုင်စွမ်း ကျဆင်းလာခြင်းကို လျှော့စေတယ်လို့ ယူဆထားပါတယ်။
Source: SciTechDaily
August 7, 2025 | Yangon, Myanmar- Myanmar's esports team, YG Yangon Galacticos, received a heroes' welcome upon their return to Yangon after winning the world championship at the Esports World Cup. The team was greeted at Yangon International Airport by a large crowd of fans, along with Yangon Region Chief Minister U Soe Thein and other officials.
The team competed in the PUBG Mobile event at the world-class Esports World Cup, which took place from July 25 to August 3 in Riyadh, Saudi Arabia. YG Yangon Galacticos secured the championship title, making Myanmar proud.
The victorious team consisted of a total of eight members, including the manager, coach, and players. They returned to Yangon by air at 11:30 a.m. on August 7. A welcoming crowd was on hand to greet them, including Chief Minister U Soe Thein, officials from the Myanmar Esports Federation, members of the Yangon Region Sports Promotion Committee, students from the Institute of Sports and Physical Education, and numerous sports fans.

YG Yangon Galacticos competed against 24 top teams from 16 countries, including the host country Saudi Arabia, Thailand, Indonesia, Vietnam, Mongolia, Nepal, Pakistan, India, China, South Korea, Japan, Turkey, Egypt, Brazil, and several European nations.
In the final standings, Myanmar's YG Yangon Galacticos took first place, followed by China in second, and Mongolia in third. In addition to the gold medal, the team was awarded a prize of $550,000.
Over 1,000 teams and approximately 5,000 professional players from more than 100 countries participated in the tournament.A welcome ceremony for the world champions, YG (Yangon Galacticos), was also held at People's Square in Yangon.
#ymg/mmn

တောင်ကိုရီးယားမှာ အပူချိန်မြင့်မားခြင်း၊ မိုးလေမုန်တိုင်းတိုက်ခြင်းစတဲ့ ရာသီဥတုအခြေအနေများကြောင့် စိုက်ပျိုးရေးထွက်ကုန်အချို ဈေးနှုန်းသိသိသာသာ မြင့်တက်သွားပြီး အချိုထွက်ကုန်တွေဆိုရင် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။
#Asia_Industry
Published 07 August 2025
#တောင်ကိုရီးယား #အစွန်းရောက်ရာသီဥတု
#YMG #Yangon_Times #Yangon_Media_Group
၇ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံမှ E sports အသင်းဖြစ်တဲ့ YG Yangon Galactic ဟာ ကမ္ဘာ့အဆင့် E sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ရရှိခဲ့ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအပါအဝင် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့တွင် ဇူလိုင်(၂၅) ရက်နေ့မှ ဩဂုတ်(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အဆင့် Esports World Cup ပြိုင်ပွဲရဲ့ PUBG Mobile အားကစားနည်းတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့ပါတယ်။
YG (Yangon Galacticos)အသင်း တွင် အုပ်ချုပ်သူ/နည်းပြ အားကစားသမား စုစုပေါင်း အဖွဲ့ဝင်(၈)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
YG (Yangon Galacticos)အသင်းသည် ဩဂုတ် (၇)ရက် နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ E sports အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစား အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများက ကြိုဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူရကီ၊ အီဂျစ်၊ ဘရာဇီး၊ ဥရောပ စသည့် လက်ရွေးစင်(၁၆)နိုင်ငံမှ ထိပ်သီး(၂၄)သင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ပထမ၊ တရုတ် နိုင်ငံက ဒုတိယ၊ မွန်ဂိုလီးယားနိုင်ငံက တတိယရရှိခဲ့ကြောင်း သိရပါတယ်။
YG(Yangon Galacticos) သည် E sports World Cup PUBG Mobile ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆု နှင့်အတူ ဆုကြေးငွေ ဒေါ်လာ ၅၅၀,၀၀၀ပါ ဆုချီးမြှင့် ခြင်းခံခဲ့ရသည်။
ပြိုင်ပွဲသို့ ကမ္ဘာ့ နိုင်ငံပေါင်း (၁၀၀)ကျော်ခန့်မှ လက်ရွေးစင်အသင်းပေါင်း (၁၀၀၀)ကျော်ခန့်ရှိပြီး Professional ကစားသမား (၅၀၀၀)ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/mnn

#Daily_News
Published 07 August 2025
၁။ရွှေတိဂုံဘုရားတွင် ပန်းပေါင်း ၈၄,၀၀၀ ဖြင့် ပန်းစေတီကပ်လှူပူဇော်ပွဲကျင်းပမည်
၂။ တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုး
၃။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း(၁၁၀) ကျော် ဝင်ရောက်
၄။ အစွန်းရောက်ရာသီဥတုအခြေအနေများကြောင့် တောင်ကိုရီးယားစိုက်ပျိုးထွက်ကုန်များဈေးနှုန်းမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 187 of 1919