ဂျပန်မော်တော်ယာဉ်ကုမ္ပဏီ တိုယိုတာမော်တာကော်ပိုရေးရှင်းက ရှန်ဟိုင်းမှာ ကုမ္ပဏီသီးသန့်ပိုင် လျှပ်စစ်ကား(EV)စက်ရုံသစ် ဆောက်လုပ်သွားမှာဖြစ်ပြီး တရုတ်ဈေးကွက်အတွင်း ဖန်တီးထုတ်လုပ်စွမ်းရည် မြှင့်တင်ရန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
#World_Industry
Published 8 February 2025
#EVစက်ရုံသစ် #တိုယိုတာမော်တာကော်ပိုရေးရှင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 8 February 2025
၁။ ပြည်ပမှ ကျောက်မီးသွေးတင်သွင်းခြင်း စတင်ခွင့်ပြု
၂။ ယာဉ်လိုင်စင်သက်တမ်းတိုးနှင့် လိုင်စင်ပြောင်းလဲခြင်းအတွက် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်
၃။ ပုဂံခေတ်မူလရေလမ်းကြောင်းများ ဖော်ထုတ်ရန် သရပါတံခါးကိုယာယီပိတ်ထား
၄။ ရှန်ဟိုင်း၌ ကုမ္ပဏီတစ်ခုတည်းပိုင် EVစက်ရုံသစ်အား တိုယိုတာတည်ဆောက်သွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုလအတွင်းမှာ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာပြီးနေ့နဲ့ည အပူချိန်ကွာခြားချက်ပိုနိုင်သလို မြူဆိုင်းခြင်းကြောင့် ကျန်းမာရေးနဲ့ မတော်တဆမှုများ ဂရုပြုရန်လိုအပ်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဒီကနေ့မှာ သုံးသပ်ထားပါတယ်။
#Local_News
Published 8 February 2025
#နေ့ညအပူချိန်ကွာခြားနိုင် #နေ့အပူချိန်တွေမြင့်တက်
#YMG/NN #Yangon_Times
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ပုဂံခေတ်မူလရေလမ်းကြောင်းတွေကို ပြန်လည်ဖော်ထုတ်နိုင်ဖို့ သရပါတံခါးကို ယာယီပိတ်ထားပြီး ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က သိရပါတယ်။
#Local_News
Published 8 February 2025
#သရပါတံခါး #ယာယီပိတ်ထား
#YMG/NN #Yangon_Times
မော်တော်ယာဉ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနဲ့လုပ်ငန်းလိုင်စင်ပြောင်းလဲခြင်းတွေအတွက် ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 8 February 2025
#လိုင်စင်သက်တမ်းတိုးခြင်း #အွန်လိုင်းစနစ်
#YMG/SW #Yangon_Times
ပြည်ပမှ ကျောက်မီးသွေးတင်သွင်းခြင်းကို ယခုလမှာစတင်ခွင့်ပြုသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 8 February 2025
#ကျောက်မီးသွေး #စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
#YMG/SW #Yangon_Times
#Local_News
Published 8 February 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၌ ယနေ့မနက် အစောပိုင်းက နေအိမ်မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဖေဖော်ဝါရီ၈ ရက်နေ့၊ မနက်၇နာရီ ၃၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၁)စက်မှုကွက်သစ်ရပ်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၇နာရီ ၄၇ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 08 February 2025
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ရိုက်တာသတင်းဌာနနဲ့ သောကြာနေ့က အင်တာဗျူးပြောကြားစဉ် မြေရှား သဘာဝဒြပ်စင်များနဲ့ အခြားအရေးကြီး သတ္တုပစ္စည်း အမြောက်အများကို ညွှန်ပြထားတဲ့ တစ်ချိန်က လျှို့ဝှက်အဆင့်မြေပုံတစ်ခုကို သေချာကြည့်ရှုလေ့လာခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သဘောကျမယ့် သဘောတူညီချက်တစ်ခုအတွက် တွန်းအားဖြစ်လာနိုင်ပါတယ်။
▪️ ထရမ့်အစိုးရအဖွဲ့ဟာ ယူကရိန်းစစ်ပွဲ အမြန်အဆုံးသတ်ရေးကို ဖိအားပေးလုပ်ဆောင်နေရာ ယင်းတို့အား ငွေကြေးထောက်ပံ့နေခြင်းအတွက် အပြန်အလှန်အနေနဲ့ မြေရှားဒြပ်စင်ပစ္စည်းများနဲ့ သတ္တုပစ္စည်းများ ထောက်ပံ့ပေးဖို့ အလိုရှိနေကြောင်း ထရမ့်က တနင်္လာနေ့မှာ ပြောသွားပါတယ်။
▪️ ဇယ်လန်စကီကတော့ သဘောတူညီချက် လုပ်ဆောင်လိုတယ်လို့ဆိုကာ ယူကရိန်းကတော့ သဘောတူညီချက် အစိတ်အပိုင်းအနေနဲ့ လုံခြုံရေးအာမခံချက်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။
▪️ ယူကရိန်းက မဟာမိတ်တွေအတွက် ရင်းနှီးမြှုပ်နှံလို့ရမယ့် အရေးကြီး မြေရှား သတ္တုပစ္စည်းတွေအကြောင်း ပြီးခဲ့တဲ့ ဆောင်းဦးတုန်းက ဖော်ပြခဲ့ကာ ရုရှားကို ဆွေးနွေးလာစေမယ့် အခြေအနေရောက်အောင် အောင်နိုင်ပွဲအစီအစဉ်ကို တင်ပြခဲ့ပါတယ်။
▪️ ယူကရိန်းသတ္တုရင်းမြစ်တွေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးလောက်ဟာ ရုရှားထိန်းချုပ်မှုလက်အောက် ရောက်နေတယ်လို့ ဇယ်လန်စကီက ပြောပါတယ်။
▪️ မြေရှား ဒြပ်စင်ပစ္စည်းတွေဟာ အရည်အသွေးမြင့် သံလိုက်၊ လျှပ်စစ်မော်တာများ၊ လူသုံးကုန် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာမှာ အရေးပါပြီး ရုရှားတို့က ဒီသယံဇာတတွေကို မြောက်ကိုရီးယား၊ အီရန်တို့ထံ ဖော်ထုတ်သွားနိုင်တယ်လို့ ဆိုပါတယ်။
▪️ ဇယ်လန်စကီက ကိဗ်မြို့တော် အကာအကွယ် ထူထပ်စွာချထားတဲ့ သမ္မတရုံးခန်းမှာ မြေပုံဖြန့်ပြခဲ့တာ ဖြစ်ပါတယ်။
▪️ လေယာဉ်နဲ့ အာကာသလုပ်ငန်းအတွက် မရှိမဖြစ် တိုင်တေနီယံနဲ့ နျူကလီးယားစွမ်းအင်နဲ့ လက်နက်များအတွက် အသုံးပြုတဲ့ ယူရေနီယံတို့က ယူကရိန်းမှာ အများဆုံးထွက်ရှိကြောင်း ဆိုပါတယ်။
▪️ အများဆုံး အကူအညီပေးထားတဲ့ အမေရိကန်က သယံဇာတအများဆုံး ရသင့်တယ်လို့ ဆိုပါတယ်။
▪️ ဒါ့အပြင် ယူကရိန်းမြေအောက် ဓာတ်ငွေ့သိုလှောင်ရာနေရာတွေ အသုံးပြုပြီး အမေရိကန်ရဲ့ သဘာဝဓာတ်ငွေ့ ထိန်းသိမ်းဖို့အကြောင်းကိုလည်း အမေရိကန်နဲ့ ယူကရိန်းတို့ ဆွေးနွေးနေကြပါတယ်။
#Source: Reuters
#Local_News
Published 8 February 2025
▪️ ကရင်ပြည်နယ် မြဝတီမြို့၌ စွန့်ပစ်အမှိုက်ပုံ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ နှစ်နာရီနီးပါးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှ သိရသည်။
▪️ ဖေဖေယ်ဝါရီ ၇ ရက်နေ့၊ ည ၁၀နာရီ ၂၀မိနစ် အချိန်၌ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇရစ်ချောင်းရှိ စွန့်ပစ်အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စည်ပင်ရေသယ်ယာဉ်(၁)စီးတိုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၂နာရီအချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 February 2025
▪️ စင်ကာပူနိုင်ငံတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားနိုင်ငံသို့ စင်ကာပူနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များမှတဆင့် ဖြတ်သန်းသွားလာမည်ဆိုပါက မလေးရှားနိုင်ငံသို့ ဆိုက်ရောက်ကြောင်း ပုံစံအား မဖြစ်မနေဖြည့်စွက်၍မှတ်တမ်းထားရှိကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။
▪️ ထုတ်ပြန်ချက်၌ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးသည် ပြီးခဲ့သည့်ဇန်နဝါရီလ (၂၅) ရက်က Woodland Checkpoint အားဖြတ်သန်း၍ မလေးရှားနိုင်ငံ Johor Bahr u သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ဇန်နဝါရီ (၂၆) ရက်တွင် စင်ကာပူနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် မလေးရှားဘက် Johor Bahru Immigration ဂိတ်အရောက်တွင် ၎င်း၏ နိုင်ငံကူးလက်မှတ်ပေါ်၌ ဝင်ရောက်ခဲ့စဉ်က မလေးရှားဘက် တံဆိပ်တုံးရိုက်နှိပ် ထားခြင်းမရှိသည်ကို အကြောင်းပြလျက် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနတွင် ခေတ္တထိန်းသိမ်းခံခဲ့ရကြောင်း၊ ထို့ကြောင့် စင်ကာပူမြို့၊ မြန်မာသံရုံးနှင့် ကွာလာလမ်ပူမြို့ မြန်မာသံရုံးတို့ပူးပေါင်း၍ သက်ဆိုင်ရာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခြင်းများပြုလုပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
▪️ ထိုဖြစ်စဉ်၌ မြန်မာနိုင်ငံသားအမျိုးသမီးမှာ စင်ကာပူမှတဆင့် တရားဝင်လမ်းကြောင်းမှ သွားရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များနှင့်ကြုံသဖြင့် (၇)ရက်ခန့် ထိန်းသိမ်းခံခဲ့ရပြီး မလေးရှားဘက်မှ ၎င်းကိုပြန်လည်လွှတ်ပေးသော်လည်း မလေးရှားရင်းဂစ် (၁၀၀၀)ဒဏ်ကြေးကို ပေးဆောင်ခဲ့စေသည့်အပြင် မလေးရှားနိုင်ငံသို့ ဝင်ထွက်ခွင့် (၃)နှစ် ပိတ်ပင်ခြင်းခံခဲ့ရကြောင်း သိရသည်။
▪️ ထို့ကြောင့် စင်ကာပူနိုင်ငံတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါကိစ္စရပ်များ မကြုံတွေ့စေရန် မလေးရှားနိုင်ငံသို့ စင်ကာပူနိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များမှတဆင့်ဖြတ်သန်းသွားလာမည်ဆိုပါက မလေးရှားနိုင်ငံသို့ဆိုက်ရောက်ကြောင်း ပုံစံအားမဖြစ်မနေဖြည့်စွက်ပြီး မှတ်တမ်းထားရှိကြရန်၊ အထူးသဖြင့် မလေးရှားဘက် စစ်ဆေးရေးဂိတ်မှ ထွက်ခွာခြင်းမပြုမီ မိမိတို့၏ နိုင်ငံကူးလက်မှတ်ပေါ်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန အဝင်တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး စိစစ်ကြပါရန်နှင့် တံဆိပ်တုံးရိုက်နှိပ်ပြီးမှသာလျင် မလေးရှားနိုင်ငံသို့ ဝင်ရောက်ကြရန် စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published_8 Feb 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့ဟောင်းရှိ လောက သရဖူဘုရားကြီးနှင့် မောင်အိုအုတ်လမ်းတို့ကို ရှေးမူမပျက်ပြုပြင်ရေး သုတေသနပြုလုပ်ရန် နစက ဥက္ကဌ က ပြောကြားလိုက်သည်။
▪️ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်က န္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့ဟောင်းရှိ လောက သရဖူဘုရားကြီးနှင့် မောင်အိုအုတ်လမ်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွား ရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘုရားကြီး ၏အတွင်းဘက်နံရံများပေါ်ရှိ မှန်စီရွှေချများသည် ခေတ်ကာလ ကြာမြင့်ပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မူလလက်ရာမပျက် ပြန်လည်မွမ်းမံသွားရန်၊ ဘုရားကြီးရင်ပြင်တော်မျက်နှာပြင် ညီညာမှုရှိစေရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်ကာ ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျ ပြန်လည်သုတေသနပြု၍ ဆောင်ရွက်သွားရန်၊ ရှေးဟောင်းသာသနိက အဆောက်အဦများကိုလည်း စနစ်တကျဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ဘုရားကြီးပတ်လည်ရှိ ဆွမ်းလောင်းစောင်းတန်းများကိုလည်း မူလလက်ရာမပျက်ပြန်လည်ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်သွားရန်၊ ရှေးဟောင်းလက်ရာနှင့် ရှေးဟောင်းယဉ်ကျေးမှု အမူအကျင့်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားရန်၊ ဘုရားကြီးနှင့် သာသနိကအဆောက်အဦများအား နေ့ညမပျက်ဆီမီးပူဇော်နိုင်ရေးအတွက်လည်း ဆိုလာလျှပ်စစ်မီး ဆက်ကပ်ပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး သွားရန် တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
▪️ အလားတူအင်းဝမြို့ ဟောင်းရှိမြို့ရိုးနှင့် ကျုံးတို့ကို စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့် ရှောက်မှုများ ပြုလုပ်ကာ ရှေးမူမပျက်မွမ်းမံ၍ ပြန်လည်ထိန်းသိမ်းရန်လို၊တံတားဦး-အင်းဝလမ်းပိုင်းရှိ မဟာဇေယျပထ-မောင်အိုတံတားနှင့် အုတ်လမ်းကို ရှေးမူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းမွမ်းမံနိုင်ရန် အတွက် ပြင်ဆင် ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုး-အပြစ်များကို စနစ်တကျ သုတေသနပြုလုပ်၍ တင်ပြသွားရန်လည်း ယင်းကပြောကြားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ လောကသရဖူဘုရားကြီးအား ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်း ဆက် ၉ ဆက်မြောက်ဖြစ်သော ဆင်ဖြူရှင် တနင်္ဂနွေမင်းကြီးက အေဒီ ၁၇၃၀၊ သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် စတင်တည်ထားပြီး မပြီးစီးမီနတ်စွာ စံခဲ့သဖြင့် သားတော် မဟာ ဓမ္မရာဇာဓိပတိ ကြာသပတေးမင်း ဟံသာဝတီရောက်မင်းက အေဒီ ၁၇၃၃၊ သက္က ရာဇ် ၁၀၉၅ ခုနှစ်တွင် ဆက်လက်ထုလုပ်ခဲ့ကာ အုတ်ပြဿာဒ်ဖြင့် တည်ထားကိုးကွယ်ခဲ့ ကြောင်း၊ လောက သရဖူရုပ်ပွားတော်ကြီးသည် တစ်တုံးတည်သော စကျင် ကျောက်သားကြီးကို မြေအောက်တစ်ဝက်၊ မြေပေါ် တစ်ဝက် စိုက်ထူထုဆစ်ပူဇော်ခဲ့ ခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ ၁၈ တောင် ၁ မိုက်၊ တင်ပလင်ခွေတော်အ ကျယ် ၁၂ တောင် ၁ မိုက်ဖြစ်ပြီး အလေးချိန်အားဖြင့် ၄၉၀ ဒသမ ၃၆ တန်ဖြစ်ကြောင်း၊ လောက သရဖူရုပ်ပွား တော်မြတ်ကြီး ကိန်းဝပ်စံပ္ပါယ်ရာ အုတ်ပြဿာဒ်၏ အနောက်ဘက် ကပ်ရပ်တွင် မဟာလောကသင်းကျစ်ဟူ၍ စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်ခဲ့ ကြောင်း၊ သက္ကရာဇ် ၁၁၄၀ ပြည့်နှစ်တွင် ကုန်းဘောင်မင်း ဆက်ဖြစ်သော စဉ့်ကူးမင်းက စေတီတော်ကို ငုံ၍ ထပ်မံတည်ဆောက်ပူဇော်ခဲ့ပြီး ဘိုးတော်ဘုရား၏ သားတော် ပခန်းမင်းသား ဟံသာဝတီမင်းနှင့် ပုဂံမင်းတို့ကလည်း ပြုပြင်ခဲ့ကြကြောင်း၊ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ငလျင်ကြီးလှုပ်ခဲ့သဖြင့် မဟာလောကသင်းကျစ်စေတီတော်နှင့် လောကသရဖူရုပ်ပွားတော်ကြီး စံပ္ပါယ်ရာ အုတ်ပြဿာဒ်တော်တို့ မြေခခဲ့ရပြီး မင်းတုန်းမင်းက ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သော်လည်း အပြီးမသတ်နိုင်ခဲ့ကြောင်း၊ လက်ရှိအခြေအနေအတိုင်းဖူးတွေ့ရသည်မှာ စစ်ကိုင်းတောင်ရိုး ဒီပါအေးမြ ချောင် ဆရာတော် ဦးနန္ဒာသီရီ က သက္ကရာဇ် ၁၃၄၂ ခုနှစ်တွင် ပြန်လည်ပြုပြင် တည်ဆောက် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခေတ် အဆက်ဆက်တာဝန်ရှိသူများက ဆက်လက်မွမ်းမံပြုပြင်ထိန်းသိမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_8 Feb 2025
▪️ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း တရားမဝင်အွန် လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီလ ၅ ရက်တွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက်ဝန်းကျင်တွင် ကျားဖြန့် လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်တွင် ကျားဖြန့်လုံခြုံရေးအဖွဲ့မှ အလောင်း ၂ လောင်းနှင့်အတူ ကျားဖြန့် လုံခြုံရေး ၅ ဦး၊ လက်နက်မျိုးစုံ ၆ လက်၊ တရုတ်နိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးတို့အား ဖမ်းဆီး ရမိခဲ့ကာ နောင်ဟန်ကျေးရွာအနီး၌ အဆောက်အဦ ၇ လုံးနှင့် ကျားဖြန့်လုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၁၈၁ လုံး၊ Laptop မျိုးစုံ ၂၅ လုံး၊ Destop မျိုးစုံ ၂၁ လုံး၊ Keyboard မျိုးစုံ ၂၈ ခု၊ Wifi စက် ၂ လုံး၊ StarLink ၂ စုံ၊လုပ်ငန်းသုံးလျှပ်စစ်ဆက်စပ်ပစ္စည်းများ၊ သေနတ် ၁ လက်နှင့် ကျည် ၅ တောင့်တို့ အား ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
▪️ ၎င်းအပြင် ဖေဖော်ဝါရီလ ၆ ရက်တွင် အဆိုပါ မိုင်းဟဒေသ၊ နောင်ဟန်ကျေးရွာတစ်ဝိုက်မှ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုး သမီး ၂၅ ဦးတို့အား တရားမဝင်အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံး ပြုသည့် ကွန်ပျူ တာ ၇၂ လုံး၊ StarLink ၅ စုံ၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ် ၂ စီးတို့အား လည်းကောင်း ၊ဖေဖော်ဝါရီလ ၇ ရက်တွင်လည်း နောင်ဟန်ကျေးရွာအနီးတစ်ဝိုက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦး၊ Alphard မော်တော်ယာဉ် ၁ စီး၊ မီးစက် ၁ လုံးတို့ကိုထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
▪️ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး၂ ဦး၊ ပေါင်း ၂၉ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ ပေါင်း ၃၄ ဦး၊ စုစုပေါင်း ၈၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများအား စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
Page 191 of 1735