#Local_News
Published 7 February 2025
▪️ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ဆောင်းပါးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။
▪️ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၆၅) ကြိမ်မြောက်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် မတ်လ (၂၃)ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားအတွက် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို "သဘာ၀ဘေးကြိုတင်သတိပေးချက် ပြည့်စုံ ကောင်းမွန်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆုများစိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ပွင့်လင်းမြင်သာမှု ရှိစွာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ပထမဆု ကျပ် (၅) သိန်း၊ ဒုတိယဆုကျပ် (၃) သိန်း၊ တတိယဆု ကျပ် (၂) သိန်း စုစုပေါင်း (၃)ဆုကို ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြာင်း သိရသည်။
▪️ ပြိုင်ပွဲဝင်ဆောင်းပါးများကို (Hard/ Soft-copy) တစ်စုံစီ၊ ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ပတ်စပို့ အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ၊ ဥက္ကဌ၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၂၅၀၉၅၄၆၅၉ နှင့် အတွင်းရေးမှူး၊ ဆောင်းပါး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉- ၂၅၀၉၅၄၆၅၆ သို့ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ ညနေ(၄)နာရီ နောက်ဆုံးထား၍ ဆက်သွယ် ပေးပို့နိုင်ကြောင်း၊စည်းကမ်းချက်များနှင့်မကိုက်ညီသော ဆောင်းပါးများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း၊ ဆုရရှိသူများအားမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ Website နှင့် Facebook တို့တွင် ကြေညာပေးမည်ဖြစ်ပြီး ဆုများကို မတ်လ (၂၃)ရက်နေ့၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့မိုးလေ၀သနေ့အခမ်းအနား၌ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 07 February 2025
▪️ လတ်တလောနှစ်တွေမှာ အယ်လ်ကာလိုင်းရေက ကျန်းမာရေးအကျိုးကျေးဇူး ရှိတယ်ဆိုပြီး လူပြောများလာကာ ခန္ဓာကိုယ်ထဲက အက်ဆစ်ဓာတ်ကို ချေဖျက်ပေးခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်း၊ အိုမင်းရင့်ရော်မှု နှောင့်နှေးခြင်းတို့ ပြုလုပ်ပေးနိုင်တယ်လို့ ယူဆနေကြပါတယ်။
▪️ အယ်လ်ကာလိုင်းရေက ပုံမှန်ရေထက် pH ပိုမိုမြင့်မားပြီး သာမန်ရေက pH 7 ရှိကာ အယ်လ်ကာလိုင်းရေက pH 8 သို့မဟုတ် 9 ရှိပါတယ်။
▪️ သတ္တုဓာတ် ကြွယ်ဝတဲ့ရေ၊ အီလက်ထရိုလိုက်နဲ့ ကယ်လ်စီယံ ပိုတက်ဆီယံ မဂ္ဂနီဆီယံစတဲ့ သတ္တုဓာတ်များ ထည့်ခြင်းဖြင့် pH မြင့်တက်နိုင်ပါတယ်။
▪️ အယ်လ်ကာလိုင်းရေရဲ့ အကျိုးကျေးဇူးတွေမှာဆိုရင်..
- အီလက်ထရိုလိုက် မျှခြေထိန်းပေးတာကြောင့် လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ သာမန်ရေထက်ပိုပြီး ရေဓာတ်ဖြည့်ပေးပါတယ်။
- ကယ်လ်စီယံနဲ့ မဂ္ဂနီဆီယံတို့လို သတ္တုဓာတ် ကြွယ်ဝတာကြောင့် အရိုးကျန်းမာရေးကို ထောက်ကူပေးပါတယ်။
- pH 8 ကျော်လွန်တာကြောင့် အက်ဆစ်လျှံတက်ခြင်း ဖြစ်စေတဲ့ ပက်ပ်ဆင်အင်မ်ဇိုင်းကို ချေဖျက်ပေးပါတယ်။
- အယ်လ်ကာလိုင်းရေက သွေးပြစ်ခြင်းကို လျှော့ချပေးတာကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး အောက်ဆီဂျင် သယ်ပို့ပေးပါတယ်။
- ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတဲ့ ဟိုက်ဒရိုဂျင်မော်လီကျူး ပါဝင်တာကြောင့် ဆဲလ်များ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ဒါပေမဲ့ အယ်လ်ကာလိုင်းရေမှာ ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်ပါတယ်။
- အစာအိမ်အက်ဆစ်ဓာတ် လျှော့ချပေးတာကြောင့် အစာမကြေဖြစ်တတ်ပါတယ်။
- အဆုတ်နဲ့ ကျောက်ကပ်တို့ ပုံမှန်ထိန်းညှိနေတဲ့ pHက အယ်လ်ကာလိုင်းကြောင့် မျှခြေပျက်စီးတတ်ပါတယ်။
- ကယ်လ်စီယံနဲ့ မဂ္ဂနီဆီယံတို့လို သတ္တုဓာတ်များ ပါဝင်ပေမယ့် အခြားအာဟာရဓာတ်တွေရဲ့ စုပ်ယူနိုင်စွမ်းကိုတော့ လျှော့ချပေးပါတယ်။
- ထုတ်လုပ်ထားတဲ့ အယ်လ်ကာလိုင်းရေတွေမှာ ဓာတုပစ္စည်းများ ပါဝင်နိုင်ပါတယ်။
▪️ အယ်လ်ကာလိုင်းရေကို ရံဖန်ရံခါ သောက်နိုင်ပေမယ့် ပုံမှန်ရေနေရာမှာတော့ အစားမထိုးသင့်ပါဘူး။
#Source: DoctorNDTV
#World_Health
Published 07 February 2025
▪️ သားယောက်ျားလေး သေချာပေါက်ရရှိနိုင်မယ့် နည်းလမ်းမျိုးမရှိပေမယ့် လူတွေကတော့ ဘယ်လိုနည်းပဲဖြစ်ဖြစ် စမ်းသပ်ကြည့်ချင်ကြပါတယ်။
▪️ ပုံစံနည်းလမ်းအမျိုးမျိုး ပြုလုပ်တဲ့သူတွေ ရှိပြီး ဗြိတိသျှသင်္ချာပညာရှင် ဟာနာဖရိုင်းက သမိုင်းအကြောင်း အကြံပြုပါတယ်။
▪️ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အင်္ဂလန်နဲ့ ဝေးလ်စ်တို့မှာ မွေးဖွားတဲ့ ယောက်ျားလေးအရေအတွက် မြင့်တက်လာတာကို ထောက်ပြပါတယ်။
▪️ ယူဆချက်တွေကို ရှင်းပြရာမှာ တစ်ချက်က ကျန်းမာသန်စွမ်းတဲ့ စစ်သားတွေဟာ စစ်ပွဲမှာ အသက်ရှင်နိုင်ခြေ ပိုများပြီး ဇနီးမယားဆီ ပြန်လာရာမှာ ယောက်ျားလေးသန္ဓေ ရနိုင်ခြေ ပိုများပါတယ်။
▪️ ဒီအတွက် အကျိုးအကြောင်းအနေနဲ့ တိုက်ပွဲမှာ ယောက်ျားတွေ ဆုံးရှုံးသွားတာကို ပြန်လည်ဖြည့်တင်းတဲ့ သဘာဝ သဘောတရား ဖြစ်နိုင်ပါတယ်။
▪️ နောက်တစ်ချက်က အိမ်ပြန်လာတဲ့ စစ်သားတွေဟာ ဇနီးမယားနဲ့ လိင်မှုပြုတဲ့အခါ အမျိုးသမီးတွေရဲ့ စက်ဝန်းစောစီးချိန်မှာ ကိုယ်ဝန်ရသွားနိုင်ပါတယ်။
▪️ ကိုယ်ဝန်တည်တဲ့ စက်ဝန်းအချိန်အခါပေါ် မူတည်ပြီး ယောက်ျားလေး မိန်းကလေး အပြောင်းအလဲများကာ စက်ဝန်းစောတဲ့အချိန်မှာ ယောက်ျားလေးရနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။
▪️ ဒီလိုဖြစ်နိုင်ခြေတွေက အလွန်နည်းပါးပေမယ့် လူဦးရေတစ်ခုလုံးနဲ့ ကြည့်ရင်တော့ စစ်ပွဲပြီးရင် ပုံမှန်ထက် လိင်မှုကိစ္စပိုပြုကြပြီး စက်ဝန်းစောစီးချိန်မှာ ကိုယ်ဝန်ရတတ်ကြတာကြောင့် ယောကျ်ာလေးမွေးဖွားသူ မြင့်တက်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
▪️ လတ်တလောမှာတော့ အမေရိကန်မှာ ယောက်ျားလေးမွေးဖွားနှုန်းက အနည်းငယ်မြင့်တက်နေပြီး ၂၀၂၂ မှာဆိုရင် မိန်းကလေး ၁ ယောက်မွေးဖွားတိုင်း ယောက်ျားလေးက ၁.၀၄၈ ယောက်နှုန်း ရှိခဲ့ပါတယ်။
#Source: New York Post
၂၀၂၅ နွေဦးပွဲတော် အားလပ်ရက်အတွက် တရုတ်နိုင်ငံရဲ့ Box-Office ဝင်ငွေဟာ ကြိုတင်ရောင်းချခြင်း အပါအဝင် ယွမ် ၈.၁ ဘီလီယံ (ဒေါ်လာ ၁.၁၃ ဘီလီယံ)ဖြင့် စံချိန်ချိုးသွားခဲ့ပြီး တနင်္လာနေ့မှာ ယွမ် ၁၀ ဘီလီယံရောက်ရှိဖို အားထုတ်နေကြတယ်လို ရုပ်ရှင်အချက်အလက်ပလက်ဖောင်း Beaconက ဖော်ပြထားပါတယ်။
#World_Entertainment
Published 6 February 2025
#နွေဦးပွဲတော်ကာလ #မြောက်အမေရိကား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 6 February 2025
၁။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်
၂။ ရည်ညွန်းဈေးအတိုင်း မရောင်းချသည့်ရွှေဆိုင်များကိုအရေးယူရန် အသွင်ယူဆောင်ရွက်နေ
၃။ စက်ရုံအလုပ်ရုံများ လိုအပ်သည့်လျှပ်စစ်ဓာတ်အားကိုဆိုလာစနစ်ဖြင့် ရရှိအောင်ဆောင်ရွက်ရန်တိုက်တွန်း
၄။ (၂၀၂၅)နွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံ၏ Box-Office ဝင်ငွေစံချိန်တင်ရရှိကာ မြောက်အမေရိကားကိုကျော်လွန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်သူတွေအမှန်တကယ်လိုအပ်နေတဲ့ ဆေးဝါးတင်သွင်းတာနဲ့ ပတ်သက်လို့ ဖြေလျော့တာတွေ လုပ်ဆောင်ပေးဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC)ကိုတင်ပြခဲ့တယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။
#Local_News
Published 6 February 2025
#ဦးကိုကိုကြီး #ဆေးဝါးတင်သွင်းမှု
#YMG/NN #Yangon_Times
MSME လုပ်ငန်းရှင်တွေအနေနဲ့ စက်ရုံအလုပ်ရုံတွေမှာ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ဆိုလာစနစ်နဲ့ရရှိအောင်ဆောင်ရွက်ကြဖို့ နစကဒုဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 6 February 2025
#စက်ရုံအလုပ်ရုံ #ဆိုလာစနစ်
#YMG/NN #Yangon_Times
ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ရွှေတွေကို သတ်မှတ်ရည်ညွန်းဈေးအတိုင်းရောင်းချခြင်းရှိမရှိကို သက်ဆိုင်ရာဌာနက အသွင်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 6 February 2025
#ရည်ညွန်းဈေး #ရွှေဆိုင်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၂၃ သန်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ ယမန့်နေ့ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 6 February 2025
#စက်သုံးဆီလုပ်ငန်းရှင်များ #ကန်ဒေါ်လာထပ်မံရောင်းချ
#YMG/SW #Yangon_Times
#Local_News
Published 6 February 2025
▪️ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၂၃ ခုကို အလုပ်ခေါ်စာ အသစ်တင်ပြခွင့် ဆိုင်းငံ့ထားကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
▪️ အခွန်ပေးဆောင်မှု မရှိခြင်းအပါအဝင် ကဏ္ဍအလိုက် ဒဏ်ကြေးပေးသွင်းရန် ပျက်ကွက်ခြင်းကြောင့် အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့ထားသည့်ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၂၃ ခု ရှိပြီး ထိုကုမ္ပဏီများထဲမှ အေဂျင်စီ ၁၆ ခုသည် သတ်မှတ် ရက်အတွင်း ဒဏ်ကြေးပေးဆောင်ခြင်းမရှိကြောင်း၊ ထိုသို့သတ်မှတ်ရက်အတွင်း မပေးဆောင်သည့် ကုမ္ပဏီ၁၆ခုကို လစဉ် ဒဏ်ကြေးကျပ် ၁ သိန်းနှုန်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါကုမ္ပဏီများကို ဒဏ်ကြေးပေးသွင်းပြီးမှသာ အလုပ်ခေါ်စာအသစ်တင်ပြခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြည်ပအလုပ်အကိုင်အေဂျင်စီကုမ္ပဏီများအနေဖြင့် အလုပ်သမားစေလွှတ်သည့် လချုပ်စာရင်းများကို အချိန်မီ ပေးပို့တင်ပြရန် လိုပြီး မိသားစုလွှဲပို့ငွေ စိစစ်မှုကို ၄ လ တစ်ကြိမ် စိစစ်နေသောကြောင့် အလုပ်သမားလွှဲပို့ထားသည့် အထောက်အထားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သတင်းပေးပို့ရန်လိုကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 6 February 2025
▪️ အမေရိကန်နိုင်ငံရောက် နေထိုင်ခွင့်သက်တမ်းလွန် မြန်မာများ နိုင်ငံတွင်းပြန်ရန် သက်သေခံလက်မှတ်ထုတ်ပေးမည်ဟု ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်၌ အမေရိကန်နိုင်ငံသို့ နေထိုင်ခွင့်အထောက်အထားမဲ့ သို့မဟုတ် တရားမဝင်ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုးရ၏ တာဝန်ရှိသူများက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ကြောင်း၊ ထိုသို့ထွက်ခွာရန်အတွက်မည်သည့်ခရီးသွားလက်မှတ်အမျိုးအစားမှမရှိ၍သော်လည်းကောင်း၊သို့မဟုတ် နိုင်ငံကူးလက်မှတ်သည် ကာလကြာမြင့်စွာသက်တမ်းလွန်နေပါက လည်းကောင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ကို လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
▪️ ထို့ပြင် အမေရိကန်နိုင်ငံရောက်မြန်မာများအနေဖြင့် အကြောင်းကြောင်းကြောင့် နေထိုင်ခွင့်ဗီဇာစသည့် တရားဝင်အထောက်အထားများ သက်တမ်းကုန်ဆုံးခြင်းစသည်တို့ကိုကြုံတွေ့နေရပါက အထောက်အထားမဲ့နိုင်ငံခြားသား နေရပ်ပြောင်းရွေ့သူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မည့်အနေအထားများဖြစ်ပေါ်လာနိုင်သဖြင့် ကာယကံရှင်၏ ပုဂ္ဂလိကအစီအစဉ်ဖြင့်နေထိုင်ခွင့်ရရှိရေးကြိုတင်ဆောင်ရွက်ထားရန် သံရုံးက အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#World_News
Published 06 February 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖက်ဒရယ်အစိုးရဝန်ထမ်းအင်အား လျှော့ချရေးကို အရှိန်မြှင့်လုပ်ဆောင်နေရာမှာ အမေရိကန်အစိုးရက အခုဆိုရင် CIAအပြင် နောက်ထပ် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ အနည်းဆုံး ၄ ခုမှ ဝန်ထမ်းတွေကို အလုပ်နုတ်ထွက်ရန် မက်လုံးပေးကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။
▪️ ထရမ့်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ကို စစ်ဆေးပြုပြင်ရေးမှာ ကိုယ်စားလုပ်ဆောင်ခိုင်းထားပါတယ်။
▪️ ဒီကိစ္စကြောင့် ဝန်ထမ်းတွေ ထိတ်လန့်ကုန်ကြပြီး ပြည်သူ့ဆန္ဒပြပွဲများ ပေါ်ပေါက်လာကာ အီလွန်မက်စ်ဟာ အစိုးရကူးပြောင်းရေးကို ဦးဆောင်နေတယ်လို့ ဒီမိုကရက်တွေက စွပ်စွဲလာပါတယ်။
▪️ မက်လုံးပေးကမ်းလှမ်းမှု ရရှိခဲ့တဲ့ အေဂျင်စီတွေထဲမှာ အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးရုံး၊ အမျိုးသားလုံခြုံရေး အေဂျင်စီ၊ အမျိုးသား ဘူမိအချက်အလက် ထောက်လှမ်းရေးအေဂျင်စီနဲ့ အမျိုးသားကင်းထောက်ရုံးတို့ ပါဝင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူများက ပြောပါတယ်။
▪️ ကမ်းလှမ်းခံရတဲ့ ဝန်ထမ်းအရေအတွက် သေချာမသိရပေမယ့် ဌာန ၃ ခုမှဖော်ပြတဲ့ အချက်အလက်အရ ဝန်ထမ်း ၁၉၅၀၀ ခန့်ရှိပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း အိမ်ဖြူတော်ဟာ အရပ်ဖက် အချိန်ပြည့်အစိုးရဝန်ထမ်း ၂ သန်းခန့်ကို အလုပ်ရပ်နားခွင့်နဲ့ စက်တင်ဘာ ၃၀ အထိ လစာနဲ့အကျိုးခံစားခွင့်များဖြင့် ကမ်းလှမ်းခဲ့ပါတယ်။
▪️ ထောက်လှမ်းရေးဝန်ထမ်းတွေကို ကမ်းလှမ်းတဲ့ အချက်အလက်တွေ တူညီလားဆိုတာတော့ သေချာမသိရပါဘူး။
▪️ ထောက်လှမ်းရေးအရာရှိဟောင်း အချို့က အလွန်အတွေ့အကြုံမြင့် ဝန်ထမ်းတွေ ဆုံးရှုံးပြီး ထောက်လှမ်းရေး ဆန်းစစ်ကောက်ယူချက်တွေ အားနည်းသွားမှာ စိုးရိမ်နေကြပါတယ်။
▪️ အလုပ်နုတ်ထွက်သူတွေနေရာမှာ ထရမ့်ရဲ့ ရှုထောင့်နဲ့ ပေါ်လစီတွေကို ထောက်ကူပေးမယ့်သူတွေနဲ့ အစားထိုးလာမှာကို ဒီမိုကရက်တစ် အမတ်အချို့ကလည်း စိုးရိမ်နေကြပါတယ်။
▪️ ၂၀၁၆၊ ၂၀၂၀၊ ၂၀၂၄ သမ္မတရွေးကောက်ပွဲတွေမှာ ထရမ့်က သူ့ကိုမဲပေးဖို့ ရုရှားတွေနဲ့ ဆက်သွယ်ခဲ့တယ်ဆိုပြီး တွေ့ရှိခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတို့နဲ့ တင်းမာတဲ့ဆက်ဆံရေး ရှိထားပါတယ်။
#Source: Reuters
Page 193 of 1735