ပြည်ပပို့ကုန်မြှင့်တင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမှာဖြစ်တာနဲ့အညီ သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပိုနိုင်ရေး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။
#Local_News
Published 10 June 2025
#သီလဝါအထူးစီးပွားရေးဇုန် #ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်
#YMG/SW #Yangon_Times
#Local_News
၁၀ ဇွန် ၂၀၂၅
▪️ မြန်မာ့တပ်မတော်(လေ)၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် ယနေ့မွန်းလဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ပျက်ကျခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
▪️ အဆိုပါ တိုက်ခိုက်ရေးလေယာဉ်သည် လေ့ကျင့်ပျံသန်းနေစဉ် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ ၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာ အနီးသို့အရောက်ရုတ်တရက်စက်ချို့ယွင်းကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
▪️ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လေယာဉ်စက်ချို့ယွင်းရသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပျက်ကျတဲ့လေယာဉ်အမျိုးအစားကိုတော့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
#ymg/knl
ရန်ကုန်တိုင်းဒေသကြီးမှာ ရှစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၃၁) ဦး အထိတွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၉ရက်နေ့၊ ယမန်နေ့ည ၈နာရီအချိန် ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 10 June 2025
#ကိုဗစ်လူနာ၃၁ဦးတွေ့ရှိ #ကိုဗစ်-၁၉ရောဂါဓာတ်ခွဲ
#YMG/NN #Yangon_Times
#Local_News
Published 10 June 2025
▪️ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ငလျင်ဒဏ်သင့်ဒေသများသို ကျပ်သိန်းပေါင်း ၃,၀၀၀ကျော်သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ဇွန် ၇ ရက်နှင့် ၈ ရက်နေ့များ၌ မြန်မာ-တရုတ် ချစ်ကြည်ရေအသင်း(ဗဟို)မှ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်သင့် နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များသို့ သွားရောက်၍ အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
▪️ ထိုသို့လှူဒါန်းရာတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျောင်းတိုက် ငလျင်ဒဏ်သင့် သိမ်ပြန်လည်တည်ဆောက်ရန်၊ ပျဉ်းမနားမြို့နယ်၊ ကျောင်းကုန်းပရိယတ္တိကျောင်းတိုက်၊ နံတော်စဉ်ပရိယတ္တိစာသင်တိုက်၊ တောင်သာ ဘိုးဘွားရိပ်သာ၊ သန္တာရာမ သီလရှင်စာသင်တိုက်၊ ကင်မွန်းတန်းသိမ် ဆွမ်းစားကျောင်း၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်(အလယ်ရွာ) ကျောင်းတိုအတွက် အလှူငွေ သိန်း(၂၅၀၀)ကိုလည်းကောင်း၊ ဇွန် ၂ ရက်နှင့် ၃ ရက်တိုတွင်လည်း စစ်ကိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ၏ နေအိမ်(၂)လုံး ဆောက်လုပ်ရန်၊ စစ်ကိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ စစ်ကိုင်းပြည်သူ့ဆေးရုံကြီး အီးစီဂျီစက်နှင့် လိုအပ်သောဆေးဝါးများ ဝယ်ယူရန်၊ မန္တလေးပြည်သူ့ဆေးရုံကြီး အီးစီဂျီစက် (၂)လုံး၊ ချွဲစုပ်စက် (၂)လုံးနှင့် သွေးစစ်ဌာနနှင့် ခွဲစိပ်ခန်းသုံးပစ္စည်းများ (၂)လစာ ဝယ်ယူရန်အတွက် စုစုပေါင်း အလှူငွေ (၇၀၈)သိန်းကို လည်းကောင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 June 2025
▪️ ကိုရီးယားကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းတွင် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကိုရီးယားကြက်ခြေနီအသင်းအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်မည့် ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် နည်းပညာပိုင်းနှင့်တကွ ပူးပေါင်းပါဝင်မည့် အစီအစဉ်များကိုဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင်ပြုလုပ်ခဲ့သည့်Debriefing Sessionတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ Debriefing Session သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms.Nadia Khoury ၊ ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ Mr. KIM Jae Ryu, Head of International Cooperation Team နှင့် Mr. KOO Young Pyo, Deputy Head, International Cooperation Team တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏မန္တလေးနှင့်စစ်ကိုင်းတို့တွင် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သွားရောက်ကွင်းဆင်းလေ့လာခဲ့သော ကိုရီးယားကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်(၃)ဦးတို့က ၎င်းတို့ လေ့လာတွေ့ရှိချက်များ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 June 2025
▪️ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရေဖြူမြို့နယ်အတွင်းတည်ရှိသောတနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ ၆၇ မျိုးနှင့် ငှက်မျိုးစိတ် ၂၄၄ မျိုး ရှင်သန်ကျက်စားနေမှု မှတ်တမ်းတင်တွေ့ရှိခဲ့ပြီး မျိုးသုဉ်းရန်အန္တရာယ်ရှိ အာရှဆင်နှင့် တောခွေးများလည်းရှင်သန်ကျက်စားလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
▪️ ထို့အပြင် မျိုးသုဉ်းလုနီး ရင်ဆိုင်နေရသည့် သင်းခွေချပ်၊အင်းကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနှင့် အင်ဒိုချိုင်းနားကျား စသည့်မျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက်ရှိပြီးမျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ငှက်မျိုးစိတ်သုံးမျိုးနှင့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါး ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် ၁၀ မျိုးအပါအဝင် ငှက်မျိုးစိတ် များစွာကိုလည်းတွေ့ရှိရကြောင်း သိရသည်။
▪️ တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာထောင်ချောက်များတပ်ဆင်၍ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 10 June 2025
▪️ လော့စ်အိန်ဂျလိစ်မှာ နောက်ထပ်အမျိုးသားကာကွယ်ရေးတပ်များ မရောက်ရှိခင်မှာ အမေရိကန်စစ်တပ်က မရိန်းတပ်သား ၇၀၀ ခန့် ယာယီနေရာချသွားမှာဖြစ်ကာ ဆန္ဒပြပွဲများနဲ့ ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်ရဲ့ တုံ့ပြန်မှုတွေမှာ အခြေအနေ ပိုပြီးတင်းမာလာပါတယ်။
▪️ ကယ်လီဖိုးနီးယားတောင်ပိုင်း လူဝင်မှုနှိမ်နင်းရေးများနဲ့ ပတ်သက်လို့ လမ်းပေါ်မှာဆန္ဒပြပွဲတွေ ဖြစ်ပေါ်ပြီးနောက် ထရမ့်က စနေနေ့မှာ အမျိုးသားကာကွယ်ရေးတပ် ဖြန့်ကျက်ခဲ့သဖြင့် တင်းမာမှုမြင့်တက်နေခဲ့ပါတယ်။
▪️ ဒါဟာ ထရမ့်အစိုးရကနေ တိုင်းပြည်အတွင်းမှာ တရားမဝင်နေထိုင်နေသူများကို နေရပ်ပြန်ပို့နေရာမှာ အကြီးမားဆုံး အဖြစ်အပျက် ဖြစ်လာပါတယ်။
▪️ မရိန်းတပ်သားတွေ ဖြန့်ကျက်သွားမယ်ဆိုတဲ့ ကြေညာချက်က ဆန္ဒပြပွဲတွေ ၄ ရက်ဆက်တိုက် ဖြစ်ပွားတဲ့နေ့မှာ ဖြစ်ပါတယ်။
▪️ အမျိုးသားကာကွယ်ရေးတပ်တွေကတော့ အဆောက်အအုံတွေဆီ လူတွေဝင်မလာနိုင်အောင် အတားအဆီးတွေ ချထားပါတယ်။
▪️ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ အစိုးရထိန်းသိမ်းရေးဌာနအပြင်ဘက်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက လူစုခွဲခဲ့ပါတယ်။
▪️ ဆန္ဒပြသူအချို့က ရဲအရာရှိတွေကို ပစ္စည်းတွေနဲ့ စတင်ပစ်ပေါက်တဲ့အတွက် ထိခိုက်မှုနည်းတဲ့ ကျည်ဆံတွေပစ်ခတ်ဖို့ ခွင့်ပြုခဲ့ကြောင့် LAPD က တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ပြောခဲ့ပါတယ်။
▪️ အမျိုးသားကာကွယ်ရေးတပ်တွေနဲ့ မရိန်းတပ်တွေ နေရာချတာဟာ ဖက်ဒရယ်ဥပဒေနဲ့ တိုင်းပြည်အချုပ်အခြာအာဏာကို ချိုးဖောက်ရာကျတယ်လို့ ကယ်လီဖိုးနီးယားက ထရမ့်အစိုးရအဖွဲ့ကို တရားစွဲဆိုထားပါတယ်။
▪️ အမေရိကန် မရိန်းတပ်သားတွေကို ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဟာရီကိန်းကက်ထရီနာလို ကပ်ဘေးတွေအတွက် ဖြန့်ကျက်ခဲ့ဖူးပေမယ့် ပြည်တွင်းနိုင်ငံရေးမှာတော့ ပါဝင်တာမျိုး အတော်ရှားပါးပါတယ်။
▪️ အစိုးရရဲ့ လူဝင်မှုထိန်းချုပ်ရေး အစီအစဉ်များကို ပိတ်ဆို့ရန်ကြိုးပမ်းတဲ့ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂေဗင်နယူးဆမ်ကို ဖမ်းဆီးသင့်တယ်လို့ ထရမ့်က ပြောသွားပါတယ်။
#Source: Reuters
#World_Science
Published 10 June 2025
▪️ ကျွန်ုပ်တို့ နေစကြဝဠာထဲရှိ ဂြိုဟ် ၈ ခုထဲက ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်၊ နက်ပကျွန်းတို့မှာ စက်ဝိုင်းကွင်းရှိကြပါတယ်။
▪️ လာမယ့်နှစ်တွေမှာတော့ စက်ဝိုင်းကွင်းရှိတဲ့ ၅ ခုမြောက်ဂြိုဟ် ပေါ်ပေါက်လာနိုင်ပါတယ်။
▪️ ကမ္ဘာနဲ့နီးစပ်တဲ့ မားစ်ဂြိုဟ်မှာ လာမယ့်နှစ်ပေါင်း သန်း ၅၀ မှ သန်း ၇၀ အတွင်း စက်ဝိုင်းကွင်းများ ဖြစ်ပေါ်လာမယ့် ယူဆနေကြပါတယ်။
▪️ ယခင်ကလည်း မားစ်မှာ စက်ဝိုင်းကွင်းများ ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်များ ထင်ခဲ့ကြဖူးပါတယ်။
▪️ မားစ်တဝိုက် စက်ဝိုင်းကွင်းတွေ ဖြစ်ပေါ်တာဟာ သူ့ရဲ့လ ဖိုဘိုစ်ကြောင့် ဖြစ်နိုင်ပြီး ဖိုဘိုစ်က တစ်ချိန်ချိန်မှာ ပြိုကွဲသွားကာ အစအနတွေက မားစ်ဂြိုဟ်ပတ်ပတ်လည်မှာ စုပြုံကာ စက်ဝိုင်းကွင်း ဖြစ်လာနိုင်ပါတယ်။
▪️ ဖိုဘိုစ်က မားစ်ဂြိုဟ်ဆီကို ဖြည်းဖြည်းချင်းရွေ့လျားနေပြီး နှစ် ၁၀၀ လျှင် ၆ ပေနှုန်းဖြင့် နီးကပ်လာတာကြောင့် ဝင်တိုက်ပျက်စီးနိုင်ခြေ ရှိနေပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၃ ဘီလီယံကလည်း မားစ်ဂြိုဟ်ကို အရာဝတ္ထုတစ်ခု ဝင်တိုက်ပြီးနောက် စက်ဝိုင်းကွင်းအဖြစ် ပျံ့ကျဲခဲ့ကာ အစအနများပေါင်းစည်းပြီး ဖိုဘိုစ်ဖြစ်လာခဲ့တယ်လို့ နာဆာက လေ့လာတွေ့ရှိခဲ့ပါတယ်။
▪️ ဒါဟာ တစ်ကြိမ်တည်းမဟုတ်ဘဲ ပုံမှန်ပြိုကွဲဖြစ်ပေါ်နေပြီး တစ်ကြမ်ဖြစ်တိုင်းမှာ လက ၅ ဆပိုပိုသေးလာပါတယ်။
▪️ ကမ္ဘာဂြိုဟ်အတွက်ကတော့ လဟာ တည်ငြိမ်တဲ့ ပတ်လမ်းကြောင်းမှာ ရှိတာကြောင့် ဝင်တိုက်နိုင်ခြေ သိပ်မရှိပါဘူး။
▪️ ဒါ့အပြင် မားစ်ဂြိုဟ်နဲ့ ဖိုဘိုစ်တို့ကြား အကွာအဝေးထက်လည်း များစွာပိုဝေးနေပါတယ်။
#Source: WION
#World_Health
Published 10 June 2025
▪️ ယနေ့ခေတ်ကြီးမှာ အရာရာ လျင်မြင်စွာတိုးတက်နေပေမယ့် လုံလောက်စွာ မအိပ်စက်ရတာကြောင့် ပင်ပန်းနွမ်းနယ်မှုတွေ စုပြုံလာနိုင်ပါတယ်။
▪️ အိပ်ရေးပျက်တာတွေများလာပြီး အိပ်စက်မှုအကြွေးတင်လာရင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့မှာ ထိခိုက်လာနိုင်ပါတယ်။
▪️ ဒါကြောင့် လုံလောက်စွာ အနားမယူရင် ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအပေါ် ဖြည်းဖြည်းချင်း ထိခိုက်လာနိုင်ပုံကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) အိပ်ရေးပျက်တာများလာရင် ဦးနှောက်လုပ်ဆောင်ချက်ပိုင်း ထိခိုက်လာပြီး ဦးနှောက်ထိုင်းမှိုင်းခြင်း၊ တုံ့ပြန်မှုအားနည်းခြင်း၊ အလုပ်မှာ အမှားလုပ်မိခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
▪️ (၂) ကိုယ်ခံအားနည်းလာစေနိုင်ပြီး သာမန်အအေးမိဖျားနာခြင်းကနေ ရောဂါဘယများ ဆိုးရွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
▪️ (၃) အိပ်စက်ခြင်းက ဟော်မုန်းထိန်းညှိရာမှာ အဓိကပတ်သက်တာကြောင့် အိပ်ရေးပျက်ရင် ဟော်မုန်းမညီမျှမှုများဖြစ်လာကာ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
▪️ (၄) အိပ်ရေးမဝရင် သွေးဖိအားများခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ (၅) အစာခြေစနစ် အနှောင့်အယှက်ဖြစ်စေကာ ဇီဝဖြစ်ပျက်မှုနှုန်း နှောင့်နှေးသွားနိုင်ပါတယ်။
▪️ (၆) ရေရှည်အိပ်ရေးပျက်တဲ့အခါ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အပြောင်းအလဲ ဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ (၇) အရေပြားမှဆဲလ်တွေ ပြုပြင်အသစ်ဖြစ်ခြင်းတို့ ထိခိုက်စေသဖြင့် အရေးကြောင်းထင်ခြင်း၊ အသားအရေမွဲခြောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ (၈) အိပ်ရေးမဝရင် မျိုးပွားဟော်မုန်းများ နှောင့်ယှက်စေကာ လိင်စိတ်ဆန္ဒလျော့ခြင်း၊ ကလေးရနိုင်ခြေ ထိခိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ (၉) အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာအချို့လို နာတာရှည်ရောဂါများ ဖြစ်စေနိုင်ပါတယ်။
▪️ (၁၀) အိပ်ရေးပျက်ပြီး ပင်ပန်းနွမ်းနယ်သဖြင့် လမ်းမတော်တဆမှုများ၊ အလုပ်ခွင်မှာ မှားယွင်းမှုများ၊ ဆုံးဖြတ်မှုအလွဲများ ချနိုင်ပါတယ်။
#Source: DoctorNDTV
ဆီးရီးယားမြို့တော် ဒမတ်စ်ကပ်စ်မှာ ရေရှားမှုပြဿနာ အလွန်ဆိုးရွားနေပြီး လူအများဟာ သောက်သုံးရေနဲ့ နေ့စဉ်သုံးရေ အလုံအလောက်ရရှိဖို့ ခက်ခဲနေပါတယ်။
#World_Crisis
Published 9 June 2025
#အပူချိန်မြင့်တက်လာခြင်း #ဆိုးရွားစွာမိုးခေါင်ရေရှား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 9 June 2025
၁။ စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာကျပ် ခြောက်ထောင်ဝန်းကျင်သို့ ကျဆင်း
၂။ ကမ္ဘာ့အိုလံပစ်နေ့ အထိမ်းအမှတ် Steward Course သင်တန်း၌ သင်တန်းသား ၄၀ဦးခန့်တက်ရောက်
၃။ MSME များအတွက် ထိခိုက်ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲမှု သင်တန်းကိုအခမဲ့တက်ရောက်နိုင်မည်
၄။ အပူချိန်မြင့်တက်လာခြင်းနှင့်အတူ ဆီးရီးယားမြို့တော်၌ ဆိုးရွားစွာမိုးခေါင်ရေရှား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ကြမယ့်လေပွေလှိုင်းနဲ့ တိုင်ဖုန်းအရှိန်တွေကြောင့် မြန်မာတစ်နိုင်ငံလုံးမိုးရွာနိုင်တဲ့အပြင် မွန်နှင့်တနင်္သာရီ၌ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပြင်ပပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။
#Local_News
Published 9 June 2025
#လေပွေလှိုင်းနှင့်တိုင်ဖုန်းအရှိန် #မွန်နှင့်တနင်္သာရီ၌ မိုးကြီးနိုင်
#YMG/NN #Yangon_Times
Page 189 of 1858