#World_Health
Published 11 August 2025
▪️ အချို့သော အကြောင်းအရာတွေက ကလေးတွေမှာ အမြင်အာရုံပြဿနာများ ပိုဖြစ်စေနိုင်ပါတယ်။
▪️ ဖုန်း၊ ကွန်ပျူတာအကြည့်များခြင်း၊ ပြင်ပလှုပ်ရှားမှု နည်းပါးခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ မျိုးဗီဇများကြောင့် ဖြစ်နိုင်ပါတယ်။
▪️ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေကလည်း ကလေးတွေရဲ့ မျက်လုံးပြဿနာများကို ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။
▪️ (၁) ဖုန်း၊ ကွန်ပျူတာအကြည့်များခြင်းက အဝေးမှုန်လက္ခဏာ ဖြစ်နိုင်တာကြောင့် မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြည့်ပေးရပါမယ်။
▪️ (၂) နေ့စဉ် ၁ - ၂ နာရီခန့် အပြင်ထွက်ဆော့ကစားခိုင်းခြင်းဖြင့် အဝေးမှုန်လက္ခဏာ အဖြစ်နည်းနိုင်ပါတယ်။
▪️ (၃) ကလေးတွေ စာဖတ်တဲ့အခါ အလင်းရောင်ကောင်းကောင်းရအောင် ဖန်တီးပေးပါ။
▪️ (၄) စာအုပ်တွေ၊ ဖန်သားပြင်တွေ ကြည့်တဲ့အခါမှာ အနည်းဆုံး ၁၂ - ၁၆ လက်မခန့်အဝေးမှာထားပြီး ကြည့်ခိုင်းပါ။
▪️ (၅) မကြာခဏ မျက်တောင်ခတ်ခြင်း၊ မျက်လုံးကြွက်သားများ သန်မာစေရန် အဝေးကြည့် အနီးကြည့် ပြောင်းကြည့်ခိုင်းခြင်းစသဖြင့် မျက်လုံးလေ့ကျင့်ခန်းများ ပြုလုပ်ခိုင်းပါ။
▪️ (၆) ဗိုက်တာမင်-အေ၊ စီ၊ အီး၊ ဇင့်၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်များပါဝင်တဲ့ အစားအစာတွေက မျက်လုံးလုပ်ဆောင်ချက် ထောက်ပံ့ပေးပါတယ်။
▪️ (၇) လုံလောက်စွာ အိပ်ခြင်းက မျက်လုံးကျန်းမာရေးအတွက် အရေးကြီးပြီး ကောင်းစွာ အနားမရပါက အမြင်အာရုံကျဆင်းနိုင်ပါတယ်။
▪️ (၈) ရေဓာတ်ခန်းခြောက်ရင် မျက်လုံးခြောက်သွေ့နိုင်တာကြောင့် ကလေးတွေကို ရေပုံမှန်သောက်ခိုင်းပါ။
▪️ (၉) ကလေးတွေက မျက်လုံးကို ညစ်ပေတဲ့လက်ဖြင့် ပွတ်တတ်ကြပြီး ရောဂါပိုးဝင်နိုင်တာကြောင့် လက်တွေကို သန့်ရှင်းစင်ကြယ်အောင် ဂရုစိုက်ခိုင်းရပါမယ်။
▪️ (၁၀) မျက်လုံးပြဿနာတွေက အစောပိုင်းအဆင့်မှာ လက္ခဏာမပေါ်တာကြောင့် မျက်လုံးကို ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။
Source: DoctorNDTV.
#World_Science
Published 11 August 2025
▪️ ကနေဒါ ကွီဘက်မြောက်ပိုင်း ဝေးလံတဲ့နေရာမှာ သက်တမ်းနှစ်ပေါင်း ၄ ဘီလီယံကျော်ရှိတဲ့ ကမ္ဘာ့အပေါ်ယံလွှာအပိုင်းအစတွေကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။
▪️ NGB ကျောက်ဖွဲ့စည်းပုံထဲက ရှေးဟောင်းကျောက်တုံးတွေဖြစ်ပြီး တွေ့ဖူးသမျှထဲမှာ သက်တမ်းအရင့်ဆုံးကျောက်တုံးတွေ ဖြစ်ပါတယ်။
▪️ အော့တာဝါတက္ကသိုလ်မှ ဘူမိပညာရှင် ဂျိုနသန်အိုနေးလ်က ၂၀၀၈ မှာ သုတေသနအဖွဲ့နဲ့အတူ ကျောက်တုံးတွေတွေ့ရှိခဲ့ပြီး သက်တမ်း ၄.၃ ဘီလီယံရှိတယ်လို့ တင်ပြခဲ့ပါတယ်။
▪️ ဒါတွေကိုပဲ နောက်ထပ်လေ့လာမှုပြုလုပ်ရာမှာ ကျောက်ရည်ပူတွေက လက်ရှိကျောက်အလွှာတွေ ပိုင်းဖြတ်လိုက်ပြီး မာကြောသွားပါတယ်။
▪️ မီးတောင်လှုပ်ရှားမှုနဲ့ အပူချိန်ပြင်းထန်တဲ့ Hadean eon ခေတ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ ကျောက်တုံးတွေဟာ ကမ္ဘာ့အစောဆုံးအပေါ်ယံလွှာ ဖြစ်ပေါ်ခြင်းအကြောင်း သိရှိလာစေနိုင်ပါတယ်။
▪️ ဒီလိုတွေ့ရှိချက်တွေကြောင့် သက်ရှိတွေဟာ ယခင်ထင်ထားတာထက် ပိုပြီးစောနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
▪️ Nuvvuagittuq Greenstone Belt ကတော့ Hadean eon ရဲ့ ဘူမိမှတ်တမ်းတွေကို ထောက်ပြနိုင်ကာ သိပ္ပံပညာရှင်တွေအနေနဲ့ အစောပိုင်းဘူမိရွေ့လျားမှုဖြစ်စဉ်တွေနဲ့ သက်ရှိတွေအစပြုတဲ့ ပတ်ဝန်းကျင်ကို နားလည်နိုင်စေမှာ ဖြစ်ပါတယ်။
▪️ ဒါတွေနဲ့ပတ်သက်ပြီး ဒေသတွင်း အဖွဲ့အစည်းတွေက နယ်မြေထိန်းသိမ်းဖို့နဲ့ ပတ်သက်ပြီး စိုးရိမ်လာကြပါတယ်။
Source: ExplorersWeb.
မြန်မာ့ ထိပ်တန်း ဒစ်ဂျစ်တယ် ဖျော်ဖြေရေးပလက်ဖောင်းဖြစ်သော TV360 by Mytel ကို ၂၀၂၅ခုနှစ် ဩဂုတ်လတွင် သုံးစွဲသူများထံသို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
TV360 ဆိုသည်မှာ မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် ကဏ္ဍစုံလင် ရသစုံလင်သော ဖျော်ဖြေမှုပေါင်းမျိုးစုံကို တစ်နေရာတည်းမှာတင် ကြည့်ရှုခံစားနိုင်မည့် OTT TV Application တစ်ခုဖြစ်ပြီး ဖုန်းနံပါတ်တစ်လုံးရှိရုံဖြင့် အကောင့်တစ်ခုကို လွယ်ကူရိုးရှင်းစွာ ဖြည့်သွင်းအကောင့်ဖွင့်ပြီးနောက် များစွာသော ရုပ်သံဖျော်ဖြေရေး ပေါင်းစုံကို တစ်နေရာတည်းတွင် စိတ်ကြိုက် ကြည့်ရှုနိုင်မည်ဖြစ်သည်။
TV360 အက်ပလီကေးရှင်းတွင် ကလေးများအတွက် ပညာရေးဆိုင်ရာ သင်ကြားပိုချမှုများ၊ အပန်းဖြေရန် ကာတွန်းကားပေါင်းများစွာကို ကြည့်ရှုနိုင်သလို လူငယ်တွေအကြိုက် LiveTV၊ အားကစားမျိုးစုံ၊ Esports၊ အလှအပဆိုင်ရာ၊ ဂီတ၊ Karaoke၊ အစားအသောက်များ၊ Discovery ၊ နာမည်ကြီး ကိုရီးယားဒရာမာများ၊ ရုပ်ရှင်ဇာတ်ကားပေါင်းစုံ နှင့် စိတ်ဝင်စားဖွယ်ရာ ရုပ်သံလိုင်းများအပြင် လူကြီးများအတွက် တရားဓမ္မများ၊ လွမ်းမောတသဖွယ် ခေတ်ဟောင်းရုပ်ရှင်ကောင်းများ အစရှိသဖြင့် အစုံလင်တကာ့အစုံလင်ဆုံး ချန်နယ်လိုင်းပေါင်းများစွာ တစ်နေရာတည်းတွင် ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် နိုင်ငံပေါင်းစုံမှ အမျိုးအစားစုံလင်သည့် ရုပ်ရှင်အများအပြားကို စာတန်းထိုးဖြင့် တဝကြီး စိတ်ကြိုက် ကြည့်ရှုခံစားရမည်ဖြစ်ပြီး အချိန်နှင့်တပြေးညီလွှင့်နေသည့် ကိုရီးယားဇာတ်လမ်းတွဲများကိုလည်း TV360 တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။
TV360 တွင် ထုတ် လွှင့်ပြီးသား TV Show များကိုပြန်လည်ကြည့်ရှုနိုင်သကဲ့သို မိမိ ကြည့်ရှုလိုသည့်ဇာတ်ကားများကိုလဲ နောက်မှ ကြည့်ရှုရန် Save Later လုပ်ထားနိုင်ခြင်း၊သိုမဟုတ် ကြည့်လိုသည့်ဇာတ်ကား၊ ဗီဒီယိုများကို Download လုပ်ထားကာ Offline Mode တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။
ဖုန်း အမျိုးအစားအစုံအလင် အပြင် Tablet, Laptop, TV အစရှိသည့် Device ပေါင်းစုံမှလည်း ဝင်ရောက်ထားနိုင်ပြီး
Fortune TV, Mahar, MRTV, MRTV-4 နှင့် Channel7 အစရှိသည့် ချန်နယ်များကို တစ်နေရာတည်းတွင် အချိန်မရွေး ဖုန်းထဲမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။
အဆိုပါ Appကို Google Play Store နှင့် Apple App Store နှစ်မျိုးလုံးတွင် Download ရယူနိုင်မည်ဖြစ်သည်။



အခုဘဏ္ဍာနှစ် လေးလတာအတွင်း UK နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို ဆန်နဲ့ဆန်ကွဲတန်ချိန် ရှစ်သိန်းကျော်တင်ပို့ထားတယ်လို့
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က သိရပါတယ်။
#Local_News
Published 09 August 2025
#ဆန်နဲ့ဆန်ကွဲတန်ချိန် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#World_Health
▪️ Published 10 August 2025
ဒီဂျစ်တယ်ဖန်သားပြင်တွေက နေ့စဉ်နေထိုင်မှုဘဝရဲ့ အစိတ်အပိုင်းအားလုံးနီးပါးမှာ ပါဝင်လာတဲ့အခါ မျက်ကြောတင်းခြင်းနဲ့ ရေရှည်ထိခိုက်မှု ဖြစ်လာနိုင်တာတွေကို ဆရာဝန်တွေနဲ့ သုတေသီတို့ သတိပေးလာကြပါတယ်။
မျက်စိတွေကို အနားမပေးဘဲ ဘယ်လောက်ကြာကြာ ကြည့်နိုင်လဲဆိုတာက အဓိကပြဿနာဖြစ်တယ်လို့ Sharp Sight Eye ဆေးရုံမှ ပူးတွဲတည်ထောင်သူ ဒေါက်တာကာမယ်ကာပူရ်က ပြောပါတယ်။
▪️ နှစ်နာရီကျော်ကြာတဲ့အထိ မျက်စိအနားမပေးဘဲ ဒီဂျစ်တယ်ဖန်သားပြင် ကြည့်ရှုခြင်းက မျက်စိထိခိုက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
▪️ အထူးသဖြင့် ကလေးတွေဟာ မျက်စိမသက်မသာဖြစ်တာကို မပြောပြတတ်ဘဲ မျက်လုံးပွတ်ခြင်း၊ အနားကပ်ကြည့်ခြင်းတို့ လုပ်တတ်ကြပါတယ်။
ကြာလာတဲ့အခါ ဒါတွေက မျက်လုံးမှာ ပြဿနာတွေ ဖြစ်လာစေပါတယ်။
▪️ ကျောင်းသားတွေနဲ့ BMC Ophthalmology လေ့လာချက်ပြုလုပ်ရာမှာ ၃ ပုံ ၁ ပုံလောက်က အွန်လိုင်းသင်ခန်းစာသင်ယူချိန်အတွင်း အမြင်အာရုံ မသက်မသာဖြစ်ကြတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဒါတွေဟာ အနီးကပ်အာရုံစိုက်ကြည့်ခြင်း၊ မျက်တောင်မခတ်ခြင်း၊ ကိုယ်နေဟန်ထား မမှန်ခြင်း၊ အလင်းရောင်မလုံလောက်ခြင်းတို့နဲ့ သက်ဆိုင်နေပါတယ်။
▪️ နောက်ထပ်စိုးရိမ်စရာတစ်ခုက ကလေးဘဝတည်းက အဝေးမှုန်လက္ခဏာ ဖြစ်လာနိုင်တာပါပဲ။
▪️ ကွန်ပျူတာ၊ ဖုန်းဖန်သားပြင်တို့ကို ကြည့်တဲ့အခါ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာသို့ စက္ကန့် ၂၀ ခန့် ကြည့်ရှုတဲ့နည်းလမ်းကို ကျင့်သုံးသင့်တယ်လို့ ဒေါက်တာကာပူရ်က ပြောသွားပါတယ်။
▪️ ဒါ့အပြင် မျက်လုံးက ဖန်သားပြင်နဲ့ တစ်တန်းတည်းထားသင့်ပြီး အခန်းတွေကို သေချာအလင်းရောင်ရစေကာ ကိုယ်နေဟန်ထား ထိန်းသိမ်းထားရမယ်လို့ အကြံပေးထားပါတယ်။
Source: India Today
#World_Health
Published 10 August 2025
▪️ အမေရိကန်အများစုဟာ သွားတိုက်တဲ့နေရာမှာ ယုံတမ်းစကားတွေကြောင့် မှားယွင်းစွာ ပြုမူနေကြပါတယ်။
▪️ သွားတိုက်မျှင်မာကြောရင် ပိုမိုသန့်စင်ပေးနိုင်တယ်လို့ ယုံကြည်နေကြပြီး ဒါဟာ သွားကြွေလွှာပျက်စီးစေပါတယ်။
▪️ ဒါ့အပြင် သွားဖုံးတွေက သွားဆီကနေဆွဲထုတ်သလိုဖြစ်ပြီး သွားရှည်ထွက်လာနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
▪️ ပျော့ပျောင်းတဲ့ သွားတိုက်မျှင်တွေက သွားတွေအတွက် ဘေးကင်းစိတ်ချရပြီး အမျှင်ပျော့ပျောင်းတဲ့ လျှပ်စစ်သွားတိုက်တံတွေဆိုရင် ပိုမိုခိုင်ခံ့ကြပါတယ်။
▪️ အရမ်းကြီးဖိတိုက်တာမျိုးက သွားဖုံးတွေ ထိခိုက်စေတာကြောင့် ပုံမှန်လေး သွားတိုက်တတ်ဖို့က အရေးကြီးပါတယ်။
▪️ အသုံးမဝင်တော့တဲ့ ခံတွင်းကျန်းမာရေး အလေ့အကျင့်တွေထဲမှာ တစ်နေ့တစ်ကြိမ် သွားတိုက်ခြင်း၊ သွားကြား သန့်ရှင်းရေးမလုပ်ခြင်း၊ သွားမနာရင် သွားဆေးခန်းမသွားခြင်းတို့ ပါဝင်ပါတယ်။
▪️ ယနေ့ခေတ် ဖလိုရိုက်သုတေသနမှာတော့ ကြွေလွှာကို ကာကွယ်ပေးရုံမက သွားထဲက အာဟာရဓာတ်များကို ထိန်းသိမ်းပေးကာ သတ္တုဓာတ်ကြွယ်ဝနေစေပါတယ်။
▪️ မနက်စာမစားခင် သွားတိုက်တာထက်စာရင် အစားစားပြီးတဲ့အခါ သွားတိုက်ခြင်းက ဘက်တီးရီးယားများ တိုက်ဖျက်ပေးပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးတယ်လို့ သွားဆရာဝန်များ အကြံပြုထားပါတယ်။
Source: New York Post.
ရှန်ဟိုင်း ရှုဟွေ့ခရိုင်မှာရှိတဲ့ တရုတ်ပြည်ရဲ့ ပထမဆုံး အိမ်မွေးတိရိစ္ဆာန် ကိုယ်ကာယခန်းမ Gogogym မှာ ဖောက်သည်တွေ လက်ခံနေရပြီ ဖြစ်ပါတယ်။
#Asia_Animal
Published 09 August 2025
#အိမ်မွေးခွေး #ကြံ့ခိုင်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 09 August 2025
၁။မသန်စွမ်းကလေးများ ထောက်ပံ့ကြေးလျှောက်ထားနိုင်
၂။ မြန်မာ - အီဂျစ်နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေး ပူးပေါင်း ဆောင်ရွက်ရန် MoUရေးထိုးမည်
၃။ဓာတ်ဆီဈေးတက်ပြီးဒီဇယ်ဈေး အနည်းငယ်ကျ
၄။ အိမ်မွေးခွေးများအတွက်ကြံ့ခိုင်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုအားလုံးပါဝင်သည့် ကိုယ်ကာယခန်းမစတင်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာ - အီဂျစ်နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်လျှက်ရှိတယ်လို့မြန်မာ - အီဂျစ် နှစ်နိုင်ငံအကြားလယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှ သိရပါတယ်။
#Local_News
Published 09 August 2025
#မြန်မာအီဂျစ်နှစ်နိုင်ငံ #(MoU)လက်မှတ်ရေးထိုး
#YMG/SW #Yangon_Times
Myanmar Disability Inclusion Fundက မသန်စွမ်းကလေးငယ်တွေအတွက် ထောက်ပံ့ကြေးပေးအပ်သွားမှာဖြစ်တာကြောင့် အသက် (၁၈) နှစ်အောက် မသန်စွမ်းကလေးတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 09 August 2025
#မသန်စွမ်းကလေး #ထောက်ပံ့ကြေးပေးအပ်
#YMG/SW #Yangon_Times
#Local_News
Published 09 August 2025
▪️ လာမည့် သြဂုတ် ၁၀ ရက်မှ ၁၅ ရက်အတွင်းမုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် လေထုမငြိမ်မသက်မှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အချို့ဒေသများ၌နေရာကွက်၍ မိုးကြီးခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းအနေဖြင့် ထုတ်ပြန်ထားသည်။
▪️ အဆိုပါထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း သြဂုတ် ၁၀ ရက်မှ ၁၅ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း ၊ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန် လိုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#Local_News
Published 09 August 2025
▪️လာမည့်အောက်တိုဘာ(၁)ရက်မှစတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဝင်များကိုသာ ရိုက်ကူးခွင့်နှင့်ဆင်ဆာကြည့်ရူခွင့်ထောက်ခံချက်ပေးတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ထုတ်ပြန်ကြေညာလိုက်သည်။
▪️ ကြေညာချက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးသည် ၁၉၉၆ ရုပ်ရှင်ဥပဒေပြဌာန်းချက်များအရ ရုပ်ရှင်နှ၍့်ဆက်စက်သည့် လုပ်ငန်းလိုင်စင်များ လျှောက်ထားပါက ထောက်ခံချက်ပေးခြင်းနှင့် အများပြည်သူကို ပြသမည့် ရုံတင်ဇာတ်ကားများ၊ဇာတ်တလမ်းတွဲ၊ဗီဒီယိုဇာတ်လမ်း၊တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ဇာတ်လမ်းတို တို့ကို ရိုက်ကူးသည့် အခါ ခွင့်ပေးခြင်း နှင့် ဆင်ဆာကြည့်ရူပေးရန် ဆင်ဆာအဖွဲ့သို့ထောက်ခံတင်ပြပေးခြင်းများကို လုပ်ဆောင်ပေးနေရခြင်းလည်း ဖြစ်ကြောင်း၊အောက်တိုဘာ(၁)ရက်နေ့မှ စတင်ကာ ရုပ်ရှင်အစည်းရုံးဝင် (သို့မဟုတ်) အစည်းရုံးဝင်အဖြစ် လျှောက်ထားဆဲ အနုပညာရှင် အတတ်ပညာရှင်များပါဝင်သည့် ရုံတင်ရုံဇာတ်ကား၊ဇာတ်လမ်းတွဲ ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊မှတ်တမ်းရုပ်ရှင်၊ဇာတ်လမ်းတိုများကိုသာ ရိုက်ကူးခွင့်ပေးခြင်းနှင့် ဆင်ဆာကြည့်ရူခွင့်ထောက်ခံချက်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။
▪️ ထို့အပြင် အစည်းအရုံးအနေဖြင့် အဆိုပါလုပ်ငန်းများကို နိုင်ငံတော်တည်ဆဲဥပဒေများ၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဖွဲ့စည်းပုံပြဌာန်းချက်များနှင့်အညီဆောင်ရွက်ရခြင်းဖြစ်ကြောင်း လည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
Page 185 of 1919