၂၂ ဒီဇင်ဘာ ၂၀၂၄
▪️ပင်လယ်နီပေါ်ပျံသန်းနေတဲ့ အမေရိကန် ရေတပ်ရဲ့ F/A-18 တိုက်လေယာဉ်ကို ယနေ့ ဒီဇင်ဘာ ၂၂ ရက်က မှားယွင်းစွာပစ်ချခံခဲ့ရတဲ့ အတွက် လေယာဉ်မှူးနှစ်ဦးဟာ လေယာဉ်ပေါ်ကနေ အချိန်မီ ခုန်ထွက် ခဲ့ရတယ်လို့ သိရပါတယ်။
▪️အမေရိကန်စစ်တပ် အလယ်ပိုင်းစစ်တိုင်းဌာနချုပ်က သတင်းထုတ်ပြန်မှုအရ လေယာဉ်မှူးနှစ်ဦး အနက် တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိသွားတယ်လို့ ဆိုပါတယ်။
▪️အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ်စစ်ရေယာဉ် USS Gettysburg ကနေ အဲဒီတိုက်လေယာဉ်ကို မှား ယွင်းပစ်ချမိခဲ့တာဖြစ်ပါတယ်။ USS Gettysburg ဟာ USS Harry S Truman လေယာဉ် တင်တိုက်ခိုက်ရေး သင်္ဘောအုပ်စုမှာပါဝင်တဲ့စစ်ရေယာဉ်ဖြစ်ပြီး ပစ်ချခံရတဲ့ တိုက်လေယာဉ်ဟ ယင်းတို့ အပေါ်ကနေ ပျံသန်း စဉ် ပစ်ချခံရတာလို့ဆိုပါတယ်။
▪️အစ္စရေးနှင့်ဟားမာ့စ်စစ်ပွဲစကတည်းက အီရန်ကကျောထောက်နောက်ခံပြုထားတဲ့ ယီမင်နိုင်ငံရဲ့ ဟောက်သီသူပုန်အုပ်စုက ကူးသန်းသွားလာရေးသင်္ဘောတွေကို ပစ်ခိုက်တိုက်ခိုက်မှုတွေလုပ်နေလို့ အမေရိကန် ရေတပ်က အဲဒီနားတစ်ဝိုက်ကို ကင်းလှည့်နေရတာဖြစ်ပါတယ်။
▪️အဲဒီစစ်ဆင်ရေးမှာ အမေရိကန်လေတပ်၊အမေရိကန်ရေတပ်နှင့် F/A-18 တိုက်လေယာဉ်များ ပါဝင်ဆောင် ရွက်နေကြတာလို့သိရပါတယ်။ သူတို့ဟာ ပင်လယ်နီပေါ်ဖြတ်သန်းပျံသန်းလာတဲ့ ဟောက် သီတွေရဲ့ဒရုန်းတွေနှင့် သင်္ဘောဖျက်ဒုံးကျည်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါ တယ်။
Source ANI
၂၂ ဒီဇင်ဘာ ၂၀၂၄
တရုတ်နိုင်ငံရဲ့ ပင်လယ်ရေနက် စူးစမ်းရှာဖွေရေးကြိုးပမ်းအားထုတ်မှုတွေဟာ မှတ်တိုင်အသစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ တရုတ်သိပ္ပံအကယ်ဒမီလက်အောက်က ပင်လယ်ရေနက်သိပ္ပံနှင့်အင်ဂျင် နီယာလုပ်ငန်းတက္ကသိုလ်က အဲဒါကိုဆောင်ရွက်နေတာပါ။
Source CCTV+
#World_Science
Published 22 December 2024
▪️ စက်ပစ္စည်းတွေကို နှစ်ထောင်ချီ စွမ်းအင်ပေးနိုင်မယ့် ဘက်ထရီတစ်မျိုးကို သိပ္ပံပညာရှင်များ ဖန်တီးလိုက်ကြပါတယ်။
▪️ ဘရစ္စတိုလ်တက္ကသိုလ်နဲ့ ယူကေအဏုမြူစွမ်းအင် အဖွဲ့အစည်း(UKAEA)မှ သိပ္ပံပညာရှင်များက ကမ္ဘာ့ပထမဆုံး ကာဗွန်-၁၄ စိန်ဘက်ထရီကို တီထွင်လိုက်တာ ဖြစ်ပါတယ်။
▪️ အဆိုပါ စွမ်းအင်ရင်းမြစ်ကို ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးမှာ အသုံးပြုနိုင်ပြီး ရေရှည်တည်တံ့မြဲ ဖြေရှင်းချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
▪️ ရေဒီယိုကာဗွန်ဒိတ်တင်းမှာ အသုံးပြုလေ့ရှိတဲ့ ကာဗွန်-၁၄ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်မှ ပြိုကွဲပျက်စီးမှုကို ဘက်ထရီကနေ အကျိုးရှိရှိ အသုံးချတာ ဖြစ်ပါတယ်။
▪️ ကာဗွန်-၁၄ ဘက်ထရီကို စိန်နားကွပ်ထဲထည့်ထားသဖြင့် ခံနိုင်ရည်ရှိစေပြီး မာကျော်ကြံ့ခိုင်စေသလို ဓာတ်ရောင်ခြည်ကို ဘေးကင်းစွာ စုပ်ယူကာ စွမ်းအင်ထုတ်လုပ်နိုင်စေပါတယ်။
▪️ စိန်ဘက်ထရီဟာ ဆိုလာပြားလို အလုပ်လုပ်ပေမယ့် မတူတာက ရေဒီယိုသတ္တိကြွ ပြိုကွဲပျက်စီးမှုမှ လျင်မြန်စွာရွေ့လျားတဲ့ အီလက်ထရွန်တွေကို မှီခိုရတာ ဖြစ်ပါတယ်။
▪️ ကာဗွန်-၁၄ ကနေ ရောင်ခြည်တိုများ ထုတ်လွှတ်ပေမယ့် စိန်နားကွပ်ထားတဲ့အတွက် ယိုယွင်းခြင်း မရှိပါဘူး။
▪️ စိန်နားကွပ်ကနေ ရောင်ခြည်ကို စုပ်ယူပြီး ဘက်ထရီကနေ လျှပ်စစ်ဓာတ်အားအနည်းငယ် ထုတ်လုပ်ပေးပါတယ်။
▪️ ကာဗွန်-၁၄ ဟာ သက်တမ်းနှစ်ပေါင်း ၅၇၀၀ ခန့်ရှိပြီး ဘက်ထရီတွေ နှစ်ထောင်ချီကြာပြီးတာတောင် ဓာတ်အားတဝက်လောက် ကျန်နေဦးမှာဖြစ်ပါတယ်။
▪️ စိန်ဘက်ထရီတွေဟာ ဓာတ်အားမိုက်ခရိုဝပ်လောက်ကို ဘေးကင်းစွာဖြင့် အဆက်မပြတ် ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ UKAEA မှ ညွှန်ကြားရေးမှူး ဆယ်ရာကလာ့ခ်က ပြောပါတယ်။
▪️ ဒါ့အပြင် နျူကလီးယားဓာတ်ပေါင်းဖိုများမှ စွန့်ပစ်ပစ္စည်း ဂရပ်ဖိုက်တုံးတွေကနေ ကာဗွန်-၁၄ကို ထုတ်ယူထားတာကြောင့် နျူကလီးယား စွန့်ပစ်ပစ္စည်းများလျှော့ချနိုင်မယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။
▪️ စိန်ဘက်ထရီကို သမားရိုးကျ ဓာတ်အားမသုံးနိုင်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ပြီး အထူးသဖြင့် ကျန်းမာရေး စက်ပစ္စည်းတွေမှာ စိန်ဘက်ထရီ အသုံးပြုလိုက်ရင် လူနာတွေဟာ နှစ်တွေကြာတဲ့အထိ ဘက်ထရီလဲလှယ်စရာ မလိုတော့ပါဘူး။
▪️ အာကာသယာဉ်နဲ့ ဂြိုဟ်တုတွေမှာလည်း ဓာတ်အားရင်းမြစ်လဲလှယ်ဖို့ စိတ်မပူရတော့ဘဲ နှစ်ပေါင်းများစွာတိုင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
#Source: WION
#World_Health
Published 22 December 2024
▪️ အမေရိကန်ဈေးကွက်မှာ ရောင်းချနေတဲ့ နွားနို့စိမ်းတွေမှာ ဘေးအန္တရာယ်တွေ ရှိနေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
▪️ ရေခဲသေတ္တာထဲမှာထားတဲ့ နွားနို့စိမ်းထဲမှာ တုပ်ကွေးဗိုင်းရပ်စ်ဟာ ၅ ရက်အထိ နေထိုင်နိုင်တယ်လို့ တွေ့ရှိထားတာ ဖြစ်ပါတယ်။
▪️ နို့စားနွားတွေမှာ ငှက်တုပ်ကွေး ကူးစက်ပျံ့ပွားနေပြီး ကပ်ရောဂါဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ စိုးရိမ်နေကြတဲ့အချိန်မှာ အခုလို တွေ့ရှိလာတာဖြစ်ကာ စတန်းဖို့ဒ်တက္ကသိုလ်မှ လေ့လာထားတာ ဖြစ်ပါတယ်။
▪️ ဒီလေ့လာချက်က နွားနို့စိမ်း သောက်သုံးခြင်းကြောင့် တုပ်ကွေးရောဂါ ကူးစက်နိုင်ခြေရှိပုံနဲ့ နို့ကိုကြိုချက်သောက်သုံးရန် အရေးကြီးကြောင်းကို ဖော်ပြလိုတာ ဖြစ်တယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်မှ အဲလက်ဇန်ဒရီယာဘိုဟမ်က ရေးသားထားပါတယ်။
▪️ အမေရိကန်မှာ နှစ်စဉ် နွားနို့စိမ်းသောက်သုံးသူ ၁၄ သန်းကျော်ရှိပါတယ်။
နို့စိမ်းဟာ အပူပေးပိုးသတ်ထားတာ မဟုတ်ဘဲ ရောဂါပိုးမွှားတွေ ရှင်သန်နေနိုင်ပါတယ်။
▪️ ဒါပေမဲ့ နွားနို့ကို အစိမ်းလိုက်သောက်ခြင်းဖြင့် အကျိုးပြု အာဟာရဓာတ်များ၊ အင်မ်ဇိုင်းများ၊ ပရိုဘိုင်အိုတစ်များ ပိုမိုပါဝင်ကာ ကိုယ်ခံအားနဲ့ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။
▪️ နို့အစိမ်းလိုက်သောက်ခြင်းကြောင့် ရောဂါဖြစ်ပွားမှုပေါင်း ၂၀၀ ကျော်ရှိထားကာ အီးကိုလိုင်၊ ဆယ်လ်မွန်နဲလားတို့လို ပိုးမွှားများ ပါဝင်တတ်တာကြောင့် ကျန်းမာရေးအန္တရာယ်ဆိုး ဖြစ်စေနိုင်တယ်လို့ FDA နဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာတို့က သတိပေးထားပါတယ်။
▪️ H1N1 PR8လို့ခေါ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်ဟာ နွားနို့ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်ပြီး ရောဂါဖြစ်စေနိုင်ပါတယ်။
▪️ ထိုဗိုင်းရပ်စ်မျိုးဟာ မွေးမြူရေးခြံတွေနားက မျက်နှာပြင်တွေ၊ အရာဝတ္ထုတွေမှာ ကူးစက်ရောက်ရှိနိုင်ပြီး တိရိစ္ဆာန်တွေနဲ့ လူသားတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သုတေသနပြုစုသူ မန်ယန်ကျန်းက ပြောပါတယ်။
▪️ အမေရိကန်မှာ တုပ်ကွေးဗိုင်းရပ်စ်တွေက နှစ်စဉ် လူပေါင်းသန်း ၄၀ ကျော်မှာကူးစက်ကာ ၅ သောင်းကျော် အသက်ဆုံးရှုံးစေရပါတယ်။
▪️ ငှက်တုပ်ကွေးဟာ လူသားတွေမှာ အန္တရာယ်ဖြစ်စေတယ်လို့ မတွေ့ရသေးပေမယ့် ဆင့်ကဲပြောင်းလဲလာနိုင်ပါတယ်။
#Source: ANI
ဆီးရီးယားပဋိပက္ခများဖြစ်ပြီးနောက် စီးပွားရေးပြန်လည်ထူထောင်ရန်လိုအပ်ချက်များအား ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထောက်ပြ
ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဂယ်ယာပက်ဒါဆန်က ဆီးရီးယားနိုင်ငံရေး ပြဿနာများ ဖြစ်ပြီးနောက်မှာ တိုးတက်မှုများမြင်ရရန် မျှော်လင့်ထားသလို ကျန်ရှိနေသေးတဲ့ အခက်အခဲများကိုလည်း သဘောပေါက်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။
#World_News
Published 21 December 2024
#ဆီးရီးယားပဋိပက္ခ #ကုလသမဂ္ဂအထူးကိုယ်စားလှယ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 December 2024
၁။ မြန်မာ့ပြောင်း တန်ချိန် ၁၇ သိန်းကျော်ပြည်ပသို့တင်ပို့ထား
၂။ ၂၀၂၅ ခုနှစ် မိုးဦးအကျစောနိုင်ပြီး လာနီညာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော်သာရှိဟုဆို
၃။ လာမည့်နှစ်တွင် သဘာဝဘေးကြုံတွေ့ပါက လှူဒါန်းရန် ဆန်တန်ချိန် ၃၅၀ဝ ကို စီစဉ်ထား
၄။ ဆီးရီးယားပဋိပက္ခများဖြစ်ပြီးနောက် စီးပွားရေးပြန်လည်ထူထောင်ရန်လိုအပ်ချက်များအား ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထောက်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပမှ စားသုံးဆီတွေတင်သွင်းနေရတာကြောင့် ဆီထွက်သီးနှံတွေ ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး စားသုံးဆီဖူလုံရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 December 2024
#ပြည်တွင်းစားသုံးဆီ #ဆီထွက်သီးနှံ
#YMG/SW #Yangon_Times
လာမည့်နှစ်မှာ သဘာဝဘေးကြုံတွေ့ပါက လှူဒါန်းရန် ဆန်တန်ချိန် ၃၅၀ဝ ကို စီစဉ်ထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 21 December 2024
#စိုက်ပျိုးရေး #လှူဒါန်းရန်ဆန်
#YMG/SW #Yangon_Times
လာမယ့် ၂၀၂၅ ခုနှစ်မှာ မိုးဦးအကျစောနိုင်ပြီး လာနီညာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော်သာရှိတယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#Local_News
Published 21 December 2024
#လာနီညာဖြစ်နိုင်ခြေ #ဦးဝင်းနိုင်
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ပြောင်းတန်ချိန် ၁၇ သိန်းကျော်ပြည်ပသို့တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 21 December 2024
#မြန်မာ့ပြောင်း #ပြောင်းလုပ်ငန်းအသင်း
#YMG/NN #Yangon_Times
#Local_News
Published 21 December 2024
▪️ ဘေးထွက်ဆိုးကျိုးများရှိသည့်E-cigarette(Vape) ရောင်းချမှုကို တင်းကြပ်စွာတားမြစ်သွားမည်ဖြစ်ရာ Vapeရောင်းချသည့်ဆိုင်များကို စစ်ဆေးအရေးယူမှုများပြုလုပ်လျက်ရှိေကြာင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
▪️ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ စတိုးဆိုင်များတွင် E-cigarette(Vape) ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး သတိပေးခြင်းနှင့်အသိပညာပေးခြင်းများကို လုပ်ဆောင်နေကြောင်း၊ထိုသို့လုပ်ေဆာင်ရာတွင် E-cigarette(Vape) ရောင်းချနေကြောင်းတွေ့ရှိရသည့်ဆိုင်များကို နောက်နောင်မရောင်းချရန်ခံဝန်ရေးထိုးစေခဲ့ကြောင်း သိရသည်။
▪️ လူငယ်လူရွယ်များ၏ လည်တိုင်၌ချိတ်ဆွဲပြီး ဆေးလိပ်အစားထိုးဟုဆိုကာ ဓာတုအခိုးအငွေ့များကို ရှူရှိုက်မှုတ်ထုတ်သည့် စတိုင်ပုံစံဖြင့် သုံးစွဲနေသည့် E-cigarette(Vape)၏ဘေးထွက်ဆိုးကျိုးများကို ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီးအီးစီးကရက်သောက်ခြင်းကြောင့် အဆုတ်၏ ပုံမှန်စွမ်းဆောင်ရည်များကို ကျဆင်းစေခြင်း၊ သွားနှင့်သွားဖုံးကိုထိခိုက်စေခြင်း၊ ရုတ်တရက်နှလုံးဖောက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေဖြတ်ခြင်းများဖြစ်ပွားနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 December 2024
▪️ အမျိုးသမီးများအတွက် စိုက်ပျိုးရေးနှင့်စီးပွားရေးလုပ်ငန်းများ မြှင့်တင်ပေးနို င်ရန်အတွက် စစ်တမ်းများကောက်ယူလျှက်ရှိကြောင်း SME Hub Asia Myanmar မှ သိရသည်။
▪️ အဆိုပါ စစ်တမ်းကို ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသတစ်လျှောက်တွ င် စိုက်ပျိုးရေးနှင့် စီးပွားရေးကဏ္ဍတွင် လုပ်ကိုင်နေသော အမျိုးသမီးများလည်း ပါဝင် ဖြေဆိုရန် ဖိတ်ခေါ်ထားကြောင်း၊ စစ်တမ်းရည်ရွယ်ချက်မှာ ဧရာဝတီတိုင်း အတွင်း အလုပ်လုပ်ကိုင် နေသူအမျိုးသမီးများ၊ လုပ်ငန်းရှင်အမျိုးသမီးများနှင့် စွန့်ဦးတီထွင်အ မျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် အခက်အခဲများကို ပိုမိုနားလည်စေရန် ထိုဒေသတွင်းနေထိုင်သူ အမျိုးသမီးများအ တွက်စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းများကို ကူညီမြှင့်တင်ပေးနိုင်ရန်၊ပိုမိုထိရောက်ကောင်းမွန်သည့် အစီအစဉ်များကို ဖန်တီးနိုင်ရန် ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
▪️ စစ်တမ်းကောက်ယူခြင်းကို Kenan Foundation - Mekong Inspiring Women Entrepreneurs (We Inspire) ၏ ပံ့ပိုးကူညီမှုဖြင့် SME Hub Asia Myanmar မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်တမ်းဖြေဆိုသူများ ကို ဆုငွေလက်ဆောင်များ အနေဖြင့် (၁)သိန်းကျပ် (၃) ဆု၊ (၅)သောင်းကျပ် (၅) ဆု၊ (၃)သောင်းကျပ် (၁၀) ဆုတို့ကို စစ်တမ်းဖြေဆိုသူများထဲမှ မဲနှိုက်ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စစ်တမ်းကိုဖြေဆိုရန် SME Hub Asia Myanmar ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသောလင့်ခမှတစ်ဆင့်ဝင်ရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 185 of 1679