#World_Health
Published 13 August 2025
▪️ ဩစတြေးလျမှာ လူ ၉၁ ရာခိုင်နှုန်းလောက်က အိပ်ပျော်ဖို့ခက်ခဲခြင်းနဲ့ ၉၃ ရာခိုင်နှုန်းက အစောကြီး ပုံမှန်နိုးနေခြင်းမျိုး ကြုံတွေ့နေကြတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဒါဟာ ပြဿနာကြီးတစ်ခု ဖြစ်လာပြီလို့ အိပ်စက်ကျန်းမာရေးပညာရှင် အိုလီဗီယာအရက်ဇိုလိုက ပြောပါတယ်။
▪️ ကိုယ်တွင်းဖြစ်စဉ်လည်ပတ်မှုစက်ဝန်းရဲ့ ယန္တရားကိုကြည့်ရင် အဓိကထိန်းချုပ်နေတဲ့ အချက် ၃ ချက်က အလင်းရောင်၊ အစားစားခြင်းနဲ့ အပူချိန်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ မနက်စာစားသုံးခြင်းရဲ့ အရေးကြီးပုံကို အလေးပေးပြောထားကာ နောက်ကျမှ အစားစားခြင်းကိုလည်း သတိပေးထားပါတယ်။
▪️ ဩစတြေးလျ ၇၆ ရာခိုင်နှုန်းက မနက်စာကို အချိန်မှန်မှန် မစားနိုင်ဘဲ ၄ ပုံ ၁ ပုံလောက်က မနက်စာ မစားကြပါဘူး။
▪️ ခန္ဓာကိုယ်စက်ဝန်းနဲ့ ကိုက်ညီပြီး ညဘက်အိပ်ပျော်စေနိုင်ဖို့ မနက်စာကို အိပ်ရာထပြီး ၁ နာရီအတွင်း စားသင့်ပါတယ်။
▪️ တစ်နေ့တာ နောက်ဆုံးစားတဲ့ အချိန်နဲ့အိပ်ချိန်ကြား ၃ နာရီခြားသင့်တယ်လို့ ပြောပါတယ်။
▪️ ဒါ့အပြင် အိပ်ရာနိုးနိုးချင်း မိနစ် ၃၀ အတွင်း အလင်းရောင်ထိတွေ့ဖို့နဲ့ အိပ်ချိန်နီးခါနီးမှာ ဖုန်း၊ ကွန်ပျူတာ၊ တီဗီမကြည့်ဖို့ အကြံပြုပါတယ်။
▪️ လူတွေက အိပ်စက်မှုပုံစံပြောင်းလဲဖို့ ကြိုးစားကြရာမှာ အခြေခံကျတဲ့အရာတွေကို အာရုံမစိုက်ဘဲ အခြားဟာတွေကို ဦးစားပေးနေတယ်လို့ အရက်ဇိုလာက ပြောပါတယ်။
▪️ ကိုယ်တွင်းဇီဝဖြစ်စဉ်လည်ပတ်မှုဆိုတာ အလင်းရောင်၊ အပူချိန်၊ စားသောက်ခြင်းတို့က ထိန်းချုပ်ထားတာဖြစ်ပြီး ဒါတွေကို မှန်ကန်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Source: New York Post.
တရုတ်ပြည်မှာရှိတဲ့ ရှဝေါစကီးမြင်းကောင်ရေဟာ ၉၀၀ ကျော်လာပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ အရေအတွက်ရဲ့ ၃ ပုံ ၁ ပုံလောက် ရှိတယ်လို အရာရှိတွေပြောပါတယ်။
#Asia_Environment
Published 12 August 2025
#ရှဝေါစကီးမြင်း #တရုတ်ပြည်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 August 2025
၁။အာဆီယံ-တရုတ် ဒူးရင်းပွဲတော်၌ မြန်မာ့ ဒူးရင်းထွက်ကုန်စားဖွယ်ရာများ ပါဝင်ပြသခဲ့
၂။ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံပွဲ၌ ရိုးရာလှေပြိုင်ပွဲထည့်သွင်းကျင်းပမည်
၃။ရန်ကုန်၌ မိုးစပါးဧက(၁၀)သိန်းကျော် စိုက်ပျိုးထား
၄။ တရုတ်ပြည်၌မျိုးသုဉ်းအန္တရာယ်ရှိနေသည့် ရှဝေါစကီးမြင်းမျိုးစိတ် ပုံမှန်တိုးပွားလျက်ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်း၊ ငွေလဲနှုန်းကျဆင်းလာခြင်းနှင့်အတူ မြန်မာ့ရွှေပြင်ပပေါက်ဈေးလည်း တဖြေးဖြေးကျဆင်းလာတယ်လို့ ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
#YMG/SW #Yangon_Times
#မြန်မာ့ရွှေပြင်ပပေါက်ဈေး #ကမ္ဘာ့ရွှေဈေးကျဆင်း
Published 12 August 2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုမိုးရာသီအတွက် ဇူလိုင်လကုန်အထိမိုးစပါးဧက(၁၀)သိန်းကျော် စိုက်ပျိုး ထားပြီးဖြစ်တယ်လို့ ရန်ကုန်
တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 12 August 2025
#ရန်ကုန်မိုးစပါးဧက #မိုးရာသီ
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီအပူဇော်ခံပွဲ၌ ရိုးရာလှေပြိုင်ပွဲထည့်သွင်းကျင်းပသွားမယ်လို့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဂေါပကအဖွဲ့ကသိရပါတယ်။
#Local_News
Published 12 August 2025
#အင်းလေးဖောင်တော်ဦးဘုရား # ရိုးရာလှေပြိုင်ပွဲထည့်သွင်းကျင်းပ
#YMG/NN #Yangon_Times
အာဆီယံ-တရုတ်စင်တာမှ ကြီးမှူး၍ ယခုလ( ၉ )ရက်က ပြုလုပ်တဲ့ “Durian Fest: Bridging with Taste” ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပသည့် အာဆီယံ-တရုတ်ဒူးရင်းပွဲတော်မှာ မြန်မာ့ဒူးရင်းထွက်ကုန်စားဖွယ်ရာများ ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 August 2025
#ဒူးရင်းပွဲတော်ပြသ #အာဆီယံ-တရုတ်စင်တာ
#YMG/SW #Yangon_Times
#World_News
▪️ ဒေါ်နယ်ထရမ့်က ကိုလံဘီယာခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေကို အသုံးပြုကာ အမျိုးသားကင်းစောင့်တပ်ဖွဲ့များကို တပ်ဖြန့်မှာဖြစ်ပြီး ဝါရှင်တန်ရဲတပ်ဖွဲ့ကို ဖက်ဒရယ်ထိန်းချုပ်မှုအောက်ထားရှိမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
▪️ ဒီလိုပြုလုပ်ခြင်းက အမေရိကန်မြို့တော် ပိုမိုလုံခြုံစေမယ်လို့လည်း ပြောပါတယ်။
▪️ ဝါရှင်တန်မှာ အိမ်ခြေရာမဲ့ဖြစ်ခြင်းနဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ ခြေလှမ်းအသစ်များပြုလုပ်ရန် ထရမ့်က ကတိပေးထားပါတယ်။
▪️ မြို့အနှံ့မှာ ဖက်ဒရယ်ဥပဒေထိန်းသိမ်းရေးအရာရှိ ၅၀၀ ခန့် တပ်ဖြန့်ကျက်ထားကြောင်း သတင်းရင်းနှီးသူတစ်ဦးက ပြောပါတယ်။
▪️ လမ်းတွေမှာ အမျိုးသားကင်းစောင့်တပ်တွေ အသုံးပြုတာနဲ့ ပတ်သက်ပြီး မြို့တော်ဝန်အတွက်တော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
▪️ အဲဒီအစား အစိုးရရှေ့နေတွေ ပိုမိုထားရှိခြင်းဖြင့် မြို့ကိုပိုပြီးအကူအညီဖြစ်စေမယ်လို့ မြို့တော်ဝန် မူရီယယ်ဘောင်ဆာက ပြောပါတယ်။
▪️ အကြမ်းဖက်ရာဇဝတ်နှုန်း ကျဆင်းလာပေမယ့် ထရမ့်က ရာဇဝတ်မှုတွေနဲ့ အိမ်ခြေရာမဲ့ဖြစ်ခြင်းတို့ကို တိုက်ဖျက်ဖို့ အလေးပေးပြောထားပြီး ဝါရှင်တန်ဒီစီမှာ ဥပဒေထိန်းသိမ်းရေးအေဂျင်စီများကို ဖက်ဒရယ်လက်အောက်ထားရှိဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။
▪️ FBI နဲ့ DEA တို့အပါအဝင် ဖက်ဒရယ်အေဂျင်စီတွေက ဝါရှင်တန်ဒီစီကင်းလှည့်ရေးမှာ ပါဝင်ကူညီဖို့ တပ်ဖွဲ့ဝင်များချထားမှာဖြစ်ကာ ဒေသတွင်းကိစ္စတွေမှာ ဖက်ဒရယ်အစိုးရ ပါဝင်ပက်သတ်နေတဲ့ကဏ္ဍကို မေးခွန်းထုတ်လာကြပါတယ်။
▪️ ထရမ့်ကတော့ ဝါရှင်တန်ဒီစီရဲ့ ထိန်းသိမ်းအုပ်ချုပ်ပုံကို ဝေဖန်ထားကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေဖြင့် ဖက်ဒရယ်အာဏာပိုင်များထံ မြို့ထိန်းချုပ်ခွင့် ပြန်အပ်သွားဖို့ အဆိုပြုလိုက်တာဖြစ်ပြီး ဆန့်ကျင်ကန့်ကွက်မှုအများအပြား ရင်ဆိုင်နေရပါတယ်။
Source: France24
အမေရိကန်-တရုတ် အခွန်စစ်ပွဲရပ်စဲရေး ရက် ၉၀ သက်တမ်းတိုး
၁၂ ဩဂုတ် ၂၀၂၅
ဘာတွေဖြစ်ခဲ့လဲ
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှာ သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နှင့် စီးပွားရေး အခွန်ကိစ္စကို ရက်ပေါင်း ၉၀ ထပ်ပြီး ဆိုင်းငံ့ဖို့ သမ္မတအမိန့်စာတစ်စောင်ကို လက်မှတ် ရေးထိုးခဲ့ပါ တယ်။
သတ်မှတ်ရက်အသစ်ကတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ (အရှေ့ဘက်စံတော်ချိန် သန်းခေါင် ယံ) ဖြစ်ပါတယ်။
ဘာလို့အရေးကြီးတာလဲ
အခွန်နှုန်းထားတွေ သုံးဆကျော်တက်တာကို ယခုသက်တမ်းတိုးသဘောတူညီချက်က တားဆီးပေး လိုက်ပြီး အမေရိကန်သွင်းကုန်လုပ်ငန်းရှင်တွေကို ဆိုးရွားစွာထိခိုက်စေမယ့်အပြင် နှစ်ကုန်ပိုင်း အားလပ် ရက် ကုန်ပစ္စည်းပို့ဆောင်မှုကွင်းဆက်ကိုလည်း ပြတ်တောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
အမေရိကန်လက်လီရောင်းချသူတွေကလည်း နှစ်ကုန်ပိုင်း ကုန်ပစ္စည်းတွေ ပုံမှန်အတိုင်း ဝင်ရောက် နိုင်ဖို့အတွက် အခုလိုအခွန်ကိစ္စတွေ ရပ်ဆိုင်းထားတာကို ကြိုဆိုကြပါတယ်။
ကုန်သွယ်ရေးဆိုင်ရာ အခြေအနေ
သမ္မတ ထရန့်က “တရုတ်က အခုဆိုရင် အတော်လေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုအခွန်ကိစ္စရပ်ဆိုင်းတာက ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပနိုင်ခြေရှိတဲ့ ထရန့်-ရှီကျင့်ဖျင် ထိပ်သီး အစည်းအဝေးအတွက် လမ်းခင်းပေးနိုင်တယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။
လက်ရှိသတ်မှတ်ချက်တွေက မပြောင်းလဲပါဘူး
နှစ်နိုင်ငံစလုံးက လက်ရှိ အခွန်နှုန်းတွေယာယီရပ်ဆိုင်းထားရှိမှုနှင့် အခြားဆက်စပ်သတ်မှတ်ချက်အား လုံးကို ဆက်လက်ထိန်းသိမ်းသွားကြမှာဖြစ်ပါတယ်။
Source: News wires
#Local_News
Published 12 August 2025
သံလွင်နှင့်စစ်တောင်းမြစ်ရေ အနည်းငယ်ပြန်လည်ကျဆင်း လာသော်လည်း စိုးရိမ်ရေမှတ်အထက်၌ ဆက်ရှိမည်ဖြစ်ကြောင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထုတ်ပြန်ထားသည်။
ဘားအံမြို့ သံလွင်မြစ်ရေ နှင့် မဒေါက်မြို့ စစ်တောင်းမြစ်ရေသည် ယနေ့ ဩဂုတ် ၁၂ ရက်မနက်ပိုင်း တိုင်းတာချက်များအရ စိုးရိမ်ရေမှတ်အထက်မှာ တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေကျော်လွန်နေပြီ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် ကို ၂ ပေခွဲခန့်ကျော်လွန်နေကြောင်း သိရသည်။
ထိုကြောင့် ဘားအံမြို့နယ် နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနေထိုင်ကြရန်လည်း အသိပေးထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 August 2025
▪️ တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ယမာန်နေ့က ရောက်ရှိလာ ကြောင်းသိရသည်။
▪️ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် T & Z Finance Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ3X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Shwe Thway Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD SONG L အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD SEALION 07 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 August 2025
▪️ ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရိုက်ကူးကြမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ရိုက်ကူးရန်အတွက် တရုတ်နိုင်ငံ ကွမ်ရှီး ရုပ်သံရိုက်ကူးရေးအဖွဲ့ မြန်မာနိုင်ငံသို့ ယမန်နေ့ နံနက်ပိုင်းကရောက်ရှိလာကြောင်း သိရသည်။
▪️ အဆိုပါ ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ကိုပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံနန်နင်းမြို့ ကွမ်ရှီး အသံလွှင့်နှင့် ရုပ်မြင်သံကြားတို့ ပထမဦးဆုံး အကြိမ်ပူးပေါင်း၍ စီစဉ်ရိုက်ကူးကြမည်ဖြစ်ပြီး မဲခေါင်-လန်ချန်း ခြောက်နိုင်ငံတို့ အတူတကွပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြစ်သကဲ့သို့ တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနိုင်ရန်အတွက် စီစဉ်ရိုက်ကူးခြင်းဖြစ်ကြောင်း၊ အဆိုပါရိုက်ကူးရေးအဖွဲ့သည် တရုတ်နိုင်ငံတွင် လုပ်ငန်းထူးချွန်မှုအမြင့် ဆုံးဆုရရှိထားပြီး နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် ရိုက်ကူးကြမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့နှင့်လည်း တွေ့ဆုံမေးမြန်း ရိုက်ကူးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံမီဒီယာတို့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအသစ်တစ်ခု ဖြစ်ကြောင်းလည်းသိရသည်။
#YMG/SW #Yangon_Times
Page 183 of 1919