#Local_News
Published 14 August 2025
▪️ မြစ်ကမ်းပါးပြိုကျမှုလျော့ပါးစေရန်အတွက်သံလွင်မြစ်ဘေးတွင် Floating Structure အလျားပေ ၁၀၀၀ ခန့် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကရင်ပြည်နယ် ဘားအံမြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ဘားအံမြို့ အမှတ်(၈)ရပ်ကွက်တွင် သံလွင်မြစ်ကမ်းပါး အလျား ပေ၂၉၀၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမိုးက မြစ်ကမ်းပါးပြိုကျမှုအခြေအနေနှင့်လက်တလောကမ်းပါးပြိုကျမှုလျော့ပါးစေရန် Floating Structure အလျားပေ ၁၀၀၀ ခန့် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က Floating Structure များအမြန်ဆုံး တည်ဆောက်ကာကွယ်ရန်၊ လာမည့်ရေနည်းရာသီတွင်စစ်ဆေး၍ ကမ်းထိန်းလုပ်ငန်းအစီအမံများ ရေးဆွဲတင်ပြရန်မှာကြားခဲ့ ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 August 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကောင်စစ်ဆိုင်ရာအထောက်အထား (ဗီဇာ)လျှောက်ထားရန် တန်းစီနေရာပြောင်းလဲသတ်မှတ်ထားကြောင်း အဆိုပါသံရုံးက ထုတ်ပြန်ထားသည်။
▪️ သံရုံးသို့လာရောက်လျှောက်ထားမည့် လူများအနေဖြင့် ခရီးစဉ်လမ်းကြောင်းကို ကြိုတင်စီမံထားရှိနိုင်ရန်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ပြောင်းလဲသတ်မှတ်ရာတွင်ဩဂုတ်လ (၁၃) ရက်နေ့မှစ၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှိ ကောင်စစ်ဆိုင်ရာအထောက်အထား (ဗီဇာ) လျှောက်ရန် တန်းစီရမည့်နေရာကို ယခင်ပြည်ထောင်စုရိပ်သာလမ်းမှ ဗဟိုလမ်းသို့ ပြောင်းရွှေ့သွားမည်ဖြစ်သည်ဟု အသိပေးထားသည်။
#YMG/SW #Yangon_Times
ဩဂုတ်၁၄၊ ၂၀၂၅ -
▪️ဗုဒ္ဓဟူးနေ့က ဖက်ဒရယ်အယူခံတရားရုံးတစ်ခုက သမ္မတထရမ့်ကို အနိုင်ပေးလိုက်ပါတယ်။ အစိုးရအဖွဲ့ အနေနဲ့ ကွန်ဂရက်က နိုင်ငံခြားအကူအညီအတွက် ရည်ရွယ်ထားတဲ့ ဒေါ်လာဘီလျံပေါင်းများစွာကို ဆက် ပြီးရပ်ဆိုင်းထားနိုင်၊ ဒါမှမဟုတ် ရပ်ပစ်နိုင်တယ်လို့ တရားရုံးက စီရင်လိုက်ပါတယ်။
▪️အမေရိကန် ပြည် ထောင်စုရဲ့ ကိုလံဘီယာခရိုင်တရားရုံးရဲ့ အယူခံတရားသူကြီးအဖွဲ့က ၂-၁ မဲနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီအမှု ကို တရားစွဲဆိုသူတွေဖြစ်တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဟာ တရားစွဲဆိုခွင့် မရှိဘူးလို့ ပြော ပါတယ်။ နိုင်ငံခြားအကူအညီတွေကို ရပ်ဆိုင်းပစ်တာဟာ သမ္မတအနေနဲ့ ဇန်နဝါရီလမှာ ရာထူး စတင်ယူတဲ့ ပထမဆုံးနေ့မှာပဲ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
▪️ပြဿနာဖြစ်နေတဲ့ ဒီငွေတွေထဲမှာ စက်တင်ဘာလအထိ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစီအစဉ် တွေအတွက် ဒေါ်လာ ၄ ဘီလီယံနီးပါးနဲ့ ၂၀၂၈ ခုနှစ်အထိ HIV နဲ့ AIDS အစီအစဉ်တွေအတွက် ဒေါ်လာ ၆ ဘီလီယံကျော် ပါဝင်ပါတယ်။
▪️သမ္မတ ထရမ့်ကတော့ နိုင်ငံရပ်ခြားမှာ ရောဂါဖြစ်ပွားမှုနဲ့ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့အတွက် သုံးစွဲ နေတဲ့ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်တွေကို "အလဟဿ" လို့ ပြောဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့က နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ဘီလီယံ ၃၀ လောက်ကို ကြီးကြပ်စီမံခဲ့တဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
▪️နိုင်ငံခြားအကူအညီ ထောက်ပံ့ငွေ ရရှိနေတဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အစိုးရအဖွဲ့ကို တရားစွဲခဲ့ကြပါတယ်။ မတ်လမှာ အမေရိကန် ခရိုင်တရားသူကြီး Amir Ali က အစိုးရအဖွဲ့ဟာ ကွန်ဂရက်က သတ်မှတ်ပေးထားတဲ့ရန်ပုံငွေတွေကို ဥပဒေနဲ့မညီဘဲ ရပ်ဆိုင်းခဲ့တယ် လို့ ပြောကြားခဲ့ပြီး ရန်ပုံငွေရပ်ဆိုင်းမှုအပေါ် ကနဦးတားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
▪️ဗုဒ္ဓဟူးနေ့က စီရင်ချက်က အောက်တရားရုံးရဲ့ ကနဦးတားမြစ်မိန့်ကို ပြောင်းပြန်လှန်ခဲ့ပေမဲ့၊ ကွန်ဂရက် က ခွဲဝေချထားပေးထားတဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းပစ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ ဆိုတာကိုတော့ တရားသူကြီးအဖွဲ့က အဆုံးအဖြတ်မပေးခဲ့ပါဘူး။
Source NPR
#Local_News
Published 14 August2025
▪️ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားများ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဖိတ်ခေါ်ထားသည်။
▪️ အဆိုပါ ပြိုင်ပွဲတွင် Sustainable ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်ဖြစ်သော "Tourism and Transformation ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးဖို့၊ စဉ်ဆက်မပြတ်ဖော်ဆောင်စို့” ခေါင်းစဉ်အောက်မှ မြန်မာဘာသာဖြင့် ဆောင်းပါရေးသားရမည်ဖြစ်ပြီး စာမျက်နှာ (၅ မှ ၈ မျက်နှာအထိ) A4 စာရွက်တွင် Pyidaungsu Font Size 131 Line Spacing 1.5 ကိုအသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။
▪️ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိသူများအား ဆုကြေးသတ်မှတ်ချက်အနေဖြင့် ပထမဆု (၅၀၀,၀၀ဝိ/-)၊ ဒုတိယဆု (၄၀၀,၀၀ဝိ/-) တတိယဆု (၃၀၀,၀၀ဝိ/-)နှင့် နှစ်သိမ့်ဆု(၁၀၀,၀၀ဝိ/-) (၇)ဆု တို့ကို ချီးမြှင့်သွားမည်ဖြစ်ပြီး ဆောင်းပါများကို လာမည့် စက်တင်ဘာ( ၅ )ရက် နောက်ဆုံးထားကာ
▪️ ထို့အပြင် ပြိုင်ပွဲတွင်ရွေးချယ်ခံရသူများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Website: www.tourism.gov.mm/en/announcements www.tourism.gov.mm/mm/announceme တို့တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ဆုရရှိသူအချို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် နေ့၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် ဆုများကိုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 14 August 2025
▪️ J-pop ကြယ်ပွင့် ကင်ရှင် ကာမီမူရာ က မတ်လကပွဲတစ်ခုအတွင်း သူ့ရဲ့စကားပြန်အဖြစ် ဆောင်ရွက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို မဖွယ်မရာပြုကျင့်မှုဖြင့် ပြစ်မှုကျူးလွန်ကြောင်း ဟောင်ကောင်တရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
▪️ အသက် ၂၆ နှစ်ရှိတဲ့ ကာမီမူရာဟာ One N'Only အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့သူပါ။
▪️ ဧပြီလက အပြစ်မရှိဘူးလို့ဝန်ခံကာ ဇူလိုင်လတရားရုံးထုတ်စဉ်က သစ္စာထွက်ဆိုခြင်း မရှိခဲ့ပါဘူး။
▪️ ကာမီမူရာရဲ့ အပြုအမူက အမျိုးသမီးတွေအပေါ် မလေးစားတဲ့ပုံစံ ထင်ရှားတယ်လို့ တရားသူကြီး ပီတာယုက ပြောပါတယ်။
▪️ ဒီလိုအပြုအမူမျိုးကို ရှုတ်ချသင့်တယ်လို့ဆိုလိုက်ကာ သူ့ရဲ့ရှေ့နေက ဒဏ်ကြေးပေးဆောင်ရန်သာ တိုက်တွန်းခဲ့သဖြင့် ဟောင်ကောင်ဒေါ်လာတစ်သောင်းခွဲ ချမှတ်ခဲ့ပါတယ်။
▪️ ပြစ်ဒဏ်ချမှတ်မှုကို နာကြားတဲ့အချိန်မှာ ကာမီမူရာက သူ့ရဲ့တရားရုံးဘာသာပြန်ကို ပွေ့ဖက်ခဲ့ပြီး ပရိသတ်တွေကတော့ ခန်းမထဲမှာ ငိုကြွေးနေကြပါတယ်။
▪️ မတ်လ ၁ ရက်နေ့ ဟောင်ကောင် ပရိသတ်တွေ့ဆုံပွဲတစ်ခုအတွင်း ကာမီမူရာနဲ့ သရုပ်ဆောင် ဂျွန်ဆေးမိုတိုဂျီမာတို့က အမျိုးသမီးတစ်ဦးကို စကားပြန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
▪️ ညစာစားပွဲမှာ ကာမီမူရာက အမျိုးသမီးနားကို ရွှေ့ပြောင်းထိုင်ခဲ့ပြီး ခြေထောက်ကို ထိတွေ့ခဲ့ကာ ရေချိုးခန်းထဲသွားဖို့ ပြောခဲ့ပါတယ်။
▪️ အမျိုးသမီးက ငြင်းဆန်ခဲ့ပြီးနောက် ထထွက်သွားရာမှာ ကာမီမူရာက ပိတ်ကာခဲ့ပြီး နောက်တစ်ခါ ထပ်ပြောခဲ့ပြန်ပါတယ်။
▪️ အမျိုးသမီးက နေရာမှာပြန်ထိုင်ပြီးနောက် ကာမီမူရာလည်း ပြန်လာထိုင်ကာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။
▪️ ကာမီမူရာရဲ့ ရှေ့နေကတော့ သူ့အမှုသည်က ခြိမ်းခြောက်တဲ့သဘော မရည်ရွယ်ဘူးလို့ ဆိုပါတယ်။
▪️ ကာမီမူရာအနေနဲ့ ဒီအဖြစ်အပျက်အတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်လိုက်ရသလို ကုမ္ပဏီကနေချက်ချင်းအထုတ်ခံရတယ်လို့ တရားသူကြီးက ပြောသွားပါတယ်။
Source: Reuters
#World_Health
Published 14 August 2025
▪️ ကမ္ဘာပေါ်မှာ စိတ်အခြေအနေ နိမ့်ပါးနေသူ၊ စိတ်ဓာတ်ကျနေသူတွေ အများအပြားရှိနေပါတယ်။
▪️ ဆေးညွှန်းတွေ အသုံးပြုလို့ရပေမယ့် ဘေးထွက်ဆိုးကျိုးတွေ၊ ကုန်ကျစရိတ်တွေ၊ ရလဒ်မတည်ငြိမ်တာတွေ ဖြစ်တတ်ပါတယ်။
▪️ အရီဇိုးနားတက္ကသိုလ်က ကျန်းမာပြီးကိုယ်အလေးချိန်များသူ ၂၈ ဦးကို အဖွဲ့ ၂ ဖွဲ့ခွဲလိုက်ပါတယ်။
▪️ တစ်ဖွဲ့က ဝိုင်နီရှာလကာရည် ၂ ဇွန်းကို တစ်ရက် ၂ ကြိမ်သောက်ခိုင်းပြီး အခြားအဖွဲ့ကိုတော့ အာနိသင်မရှိတဲ့အရာ သောက်ခိုင်းပါတယ်။
▪️ ၄ ပတ်ကြာတဲ့အချိန်မှာ စမ်းသပ်ခံသူအားလုံးကို စိတ်ဓာတ်ကျခြင်းတိုင်းတာတဲ့ မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။
▪️ ရှာလကာရည်သောက်တဲ့အဖွဲ့က စိတ်ကျလက္ခဏာ ၄၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး ကျန်အဖွဲ့ကတော့ ၁၈ ရာခိုင်နှုန်းကျဆင်းပါတယ်။
▪️ သွေးနမူနာများ စစ်ဆေးကြည့်ရာမှာ နီကိုတီနမိုက် ၈၆ ရာခိုင်နှုန်းများနေတာကို တွေ့ရပါတယ်။
▪️ ရှာလကာရည်က စိတ်အခြေအနေကို ဘယ်လိုတိုးတက်စေလဲဆိုတော့ စွမ်းအင်ထုတ်လုပ်မှုလမ်းကြောင်း လှုံ့ဆော်ပေးခြင်း၊ အူလမ်းကြောင်းဘက်တီးရီးယားများ လှုံ့ဆော်ပေးကာ ဦးနှောက်နှင့်ချိတ်ဆက်စေခြင်း၊ အာရုံကြောမျှင်တွေကို ဖိစီးမှုဟော်မုန်းတွေထံမှ ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးပါတယ်။
▪️ အသုံးပြုပုံကတော့ ဝိုင်နီရှာလကာရည် ဒါမှမဟုတ် ပန်းသီးရှာလကာရည်ကို ရေနဲ့ရောကာ တစ်နေ့ ၂ ကြိမ် သောက်သုံးရမှာပါ။
▪️ သောက်ပြီးသွားရင်တော့ သွားတွေကို အက်ဆစ်ဓာတ်မှကာကွယ်ဖို့အတွက် ရေဆေးသင့်ပါတယ်။
▪️ ရှာလကာရည်နည်းလမ်းက ဆေးကုသနည်းအဖြစ် ထည့်မစဉ်းစားသင့်သလို ဆေးအစားထိုးအဖြစ်လည်း မယူဆသင့်ပါဘူး။
Source: The Jerusalem Post.
#World_Health
Published 14 August 2025
▪️ ထမင်းစားခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေများစေတယ်ဆိုတဲ့ ယူဆချက်တွေ ကျယ်ပြန့်နေပါတယ်။
▪️ ထမင်းက လူသန်းပေါင်းများစွာအတွက်တော့ နေ့စဉ်မပါမဖြစ် အစားအစာဖြစ်ပါတယ်။
▪️ ဒီအကြောင်းကို အိန္ဒိယစိုက်ပျိုးမွေးမြူရေး သုတေသနအဖွဲ့အစည်းမှ
ဒုအကြီးအကဲနဲ့ စိုက်ပျိုးရေးသိပ္ပံပညာရှင်ကြီး ဒေါက်တာအာရှော့ကူမာဆင်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
▪️ ဒေါက်တာက ထမင်းကို သုတေသနလုပ်နေတာ ဆယ်စုနှစ် ၃ ခုကျော်ရှိပြီဖြစ်သလို ဆီးချိုလည်းရှိသူဖြစ်ပါတယ်။
▪️ အစားစားတဲ့အခါ သွေးထဲက သကြားဓာတ်ပမာဏ မြင့်တက်ကာ GI လို့ခေါ်တဲ့နည်းလမ်းဖြင့် တိုင်းတာပါတယ်။
▪️ GI မြင့်မားတဲ့ အစားအစာတွေဆိုရင် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မြင့်တက်စေပါတယ်။
▪️ GI နည်းတဲ့ အစားအစာတွေကတော့ သွေးတွင်းသကြားဓာတ်ကို နှောင့်နှေးစွာဖြင့်သာ တက်စေပါတယ်။
▪️ GI ၅၅ ရာခိုင်နှုန်းအထက်ဆိုရင် မြင့်တယ်လို့ သတ်မှတ်ပါတယ်။
▪️ ဆန်တွေမှာလည်း GI နည်းတဲ့ဆန်ရှိတာကြောင့် ရွေးချယ်စားသုံးတဲ့ ဆန်အမျိုးအစားက အရေးကြီးပါတယ်။
▪️ GI ၄၅ ရာခိုင်နှုန်းအောက်ရှိတဲ့ ဆန်မျိုးကို နိုင်ငံတကာ ဆန်သုတေသနအဖွဲ့အစည်း (IRRI)က ထုတ်လုပ်ထားပြီး ဆီးချိုရှိသူတွေ၊ သွေးတွင်းသကြားဓာတ် ထိန်းချင်သူတွေအတွက် သင့်လျော်ပါတယ်။
▪️ ထမင်းစားတဲ့အခါ ပဲနီလေးနဲ့ အချိုးတူစားသုံးရင် အစာခြေနှုန်းလျှော့ချပြီး GI လျော့နည်းစေပါတယ်။
▪️ ဆန်ညိုဆိုရင် ဆန်အဖြူတွေထက် အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် GI ပိုနည်းပါတယ်။
▪️ ဆီးချိုဆိုတာက မျိုးရိုးဗီဇနဲ့ နေထိုင်စားသောက်မှုပုံစံအပေါ် များစွာမူတည်နေပါတယ်။
▪️ မျိုးရိုးလိုက်နိုင်ခြေရှိတဲ့အပြင် လေ့ကျင့်ခန်းမလုပ်၊ အထိုင်များတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ဆိုရင် ဆီးချိုဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။
▪️ ဒါကြောင့် ဆီးချိုစိုးရိမ်သူများအနေနဲ့ ထမင်းလုံးဝဖြတ်ခြင်းမျိုး မလိုအပ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆန်မျိုးကိုရွေးချယ်ပြီး ညီညွတ်မျှတစွာစားခြင်း၊ တက်ကြွလှုပ်ရှားခြင်းတို့ဖြင့် ဆီးချိုကာကွယ်နိုင်မှာဖြစ်ပါတယ်။
Source: India Today.
ဆိုးလ်၊ ဩဂုတ် ၁၃ (ဘလွန်းဘတ်) – ပြစ်တင်စွပ်စွဲခံထားရသော တောင်ကိုရီးယားသမ္မတ ယွန်းစုခ် ယော်၏ ဇနီး ကင်ကီယွန်ဟီအား စတော့ဈေးကွက် ကြိုးကိုယ်ခြယ်လှယ်မှုမှသည် လာဘ်ပေး လာဘ်ယူ မှုအထိ စွဲချက်များဖြင့် စုံစမ်းစစ်ဆေးနေသည့်လုပ်ငန်းစဉ်ကြောင့် အင်္ဂါနေ့နှောင်းပိုင်းက ဖမ်းဆီးခဲ့သည် ဟု စုံစမ်းစစ်ဆေးရေးအရာရှိများက ပြောကြားသည်။
ဆိုးလ်ဗဟိုခရိုင်တရားရုံးက သမ္မတကတော်ဟောင်းအတွက် ဖမ်းဝရမ်းကိုအတည်ပြုပေးပြီးနောက် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကင်ကီယွန်ဟီသည် ပြီးခဲ့သည့်နှစ်အစောပိုင်းက တိုင်းပြည်၏ နိုင်ငံရေး ကို လှုပ်ခတ်ခဲ့သည့် ဒီယော(Dior bag) အိတ် အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက် နေခဲ့သူ ဖြစ် သည်။
တောင်ကိုရီးယားတွင် ရာထူးမှထွက်ပြီးနောက် ကံကြမ္မာပြောင်းလဲသွားခဲ့သည့် ခေါင်းဆောင်များ စာရင်း အရှည်ကြီးရှိသော်လည်း သမ္မတဟောင်းနှင့် သူ၏ဇနီးတို့ တစ်ချိန်တည်း အဖမ်းခံရသည်မှာ နိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ကင်ကီယွန်ဟီသည် တောင်ကိုရီးယားသမိုင်းတွင် အဖမ်းခံရသည့် ပထမဆုံးသော သမ္မတကတော်ဟောင်းလည်း ဖြစ်သည်။
စုံစမ်းရေးအရာရှိများသည် ကင်ကီယွန်ဟီအား ဇိမ်ခံလက်ကိုင်အိတ်တစ်လုံးနှင့် လည်ဆွဲကြိုးတစ်ကုန်း လက်ဆောင်ရရှိမှုမှအစ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း စတော့ဈေးကွက် ကြိုးကိုင်မှု အစီအစဉ်တွင် ပါဝင်ပတ်သက်နေမှုအထိ စွဲချက်အမျိုးမျိုးဖြင့် စစ်ဆေးနေသည်။
ကင်ကီယွန်ဟီ အဖမ်းခံရခြင်းမှာ သူမ၏ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ဖြုတ်ချခံရ ပြီးလေးလအကြာတွင် ဖြစ်သည်။ ယွန်းစုခ်ယော်သည် နိုင်ငံနှင့် ကမ္ဘာကို လှုပ်ခတ်ခဲ့သည့် မာရှယ်လော ထုတ်ပြန်ခဲ့မှုမရှုမလှ ပျက်ပြားခဲ့ပြီးနောက် ဖြုတ်ချခံခဲ့ရသည်။ ယွန်းစုခ်ယော်ကိုယ်တိုင်လည်း ဒီဇင်ဘာလအစောပိုင်းက မာရှယ်လောထုတ်ပြန်မှု မအောင်မြင်ပြီးနောက် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့်လက ထပ်မံ အဖမ်းခံခဲ့ ရသည်။ ဇနီးမောင်နှံနှစ်ဦးစလုံးကို သီးခြားထိန်းသိမ်းရေးစခန်းများတွင် ချုပ်နှောင်ထားသည်။
ကင်ကီယွန်ဟီသည် ပြီးခဲ့သည့်အပတ်က စစ်ဆေးမှုခံယူရန်လာစဉ် တောင်းပန်ခဲ့သော်လည်း မည်သည့် တရားမဲမှုမျှ မပြုလုပ်ခဲ့ဟု ငြင်းဆိုခဲ့သည် ဟု ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။
Source : Bloomberg
အမေရိကန်သည် ပထဝီနိုင်ငံရေးအရ တရုတ်ကို ဟန်ချက်ညီစေရန်အတွက်
အိန္ဒိယကို ကြာမြင့်စွာ ကတည်းက စည်းရုံးခဲ့သော်လည်း ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲများကြောင့်
ပေကျင်းနှင့် နယူးဒေလီ တို့သည် ဘုံရပ်တည်ချက်ကို ရှာဖွေတွေ့ရှိနေကြသည်
၁၃ ဩဂုတ် ၂၀၂၅
အိန္ဒိယနှင့် တရုတ်တို့သည် ၂၀၂၀ ခုနှစ်က နယ်စပ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် ရင်ဆိုင်တိုက်ခိုက် မှုကြောင့် တင်းမာခဲ့သော စီးပွားရေးဆက်ဆံရေးများကို ပြန်လည်တည်ဆောက်နေပြီဖြစ်သည်။ ဤသည် မှာ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အိန္ဒိယနိုင်ငံအပေါ် ၅၀% အခွန်ကောက်ခံပြီးနောက် ဝန်ကြီး ချုပ် နရင်ဒြာ မိုဒီက BRICS နိုင်ငံများနှင့် ပိုမိုနီးကပ်လာနေသည့် နောက်ဆုံးလက္ခဏာဖြစ်သည်။
သမ္မတမိုဒီ၏ နောက်ဆုံးလှုပ်ရှားမှုမှာ လာမည့်လတွင် တရုတ်နိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပြန်လည်စတင်ရန်ဖြစ်သည်ဟု အသေးစိတ်ကိစ္စရပ်များကို ဆွေးနွေးနေကြသည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ မိုဒီသည် သြဂုတ်လ ၃၁ ရက်နေ့မှစ၍ တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင်ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (Shanghai Cooperation Organization) သို့ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်ကာ ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့်အချိန်တွင် အဆိုပါသဘောတူညီချက်ကို တရားဝင် ကြေညာနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းတို့က ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့ထားခဲ့ပြီး၊ ယင်းအချိန်သည် ဟိမဝန္တာတောင်တန်းရှိ နယ်စပ်တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၂၀ ဦးနှင့် တရုတ်စစ်သည် အရေအတွက်မသိဦးရေ သေဆုံးခဲ့ရပြီးနောက် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနှစ်နိုင်ငံ ကြား ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့ချိန်နှင့်လည်း တိုက်ဆိုင်ခဲ့သည်။
ယခုလတွင် သမ္မတထရမ့်က အိန္ဒိယနိုင်ငံ၏ ရုရှားရေနံဝယ်ယူမှုကို အပြစ်ပေးသည့်အနေဖြင့် အိန္ဒိယ ကုန်ပစ္စည်းများအပေါ် အခွန်နှစ်ဆ တိုးမြှင့်ကာ ၅၀% အထိ ကောက်ခံလိုက်သည့်အခါ မိုဒီ၏ စီးပွားရေး တွက်ချက်မှုမှာ လုံးဝပြောင်းလဲသွားခဲ့သည်။ အိန္ဒိယ၏ စီးပွားရေးမှာ “သေဆုံးနေပြီ” ဖြစ်ပြီး ၎င်း၏ အခွန်အတားအဆီးများမှာ “အော့နှလုံးနာစရာ” ဖြစ်ကြောင်း အမေရိကန်သမ္မတ၏ ပြောဆိုချက်များက ဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့သည်။
အိန္ဒိယ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံထံမှ ရိုက်ခတ်မှုမှာ ပြင်းထန်ခဲ့သည်။ အထူးသဖြင့် မိုဒီသည် ထရမ့်အား ချီးကျူးဂုဏ်ပြုခဲ့ပြီးနောက် ထရမ့်သမ္မတအိမ်ဖြူတော်သို့ ပြန်ရောက်လာသည့်အခါ ပထမဆုံး လာရောက်လည်ပတ်သည့် နိုင်ငံခြားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ခဲ့သည့် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
ပေကျင်းအခြေစိုက် Center for China and Globalization ဉာဏ်ကြီးရှင်အဖွဲ့၏ ဥက္ကဋ္ဌ ဟင်နရီဝမ်က အိန္ဒိယနှင့် တရုတ်တို့အကြား ဆက်ဆံရေးမှာ “ကောင်းမွန်သည့်အခြေအနေသို့ ရောက်ရှိနေသည်” ဟု ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများ၏ ခေါင်းဆောင်များအနေဖြင့် “၎င်းတို့ အချင်းချင်း တကယ်ကို စကားပြောဆိုသင့်သည်” ဟု ပြောကြားခဲ့သည်။
“ထရမ့်ရဲ့ အိန္ဒိယအပေါ် အခွန်စစ်ပွဲက အိန္ဒိယကို မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မဟာဗျူဟာမြောက် လွတ်လပ်မှုကို ထိန်းသိမ်းထားဖို့ လိုတယ်ဆိုတာ နားလည်အောင် လုပ်ပေးလိုက်တာပါပဲ” ဟု ၎င်းက ပြောသည်။
ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲများတွင် ပစ်မှတ်ထားခံရသည့် တရုတ်နိုင်ငံကလည်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရေး အဆင်သင့်ဖြစ်နေသည့် အရိပ်လက္ခဏာများကို ပြသခဲ့သည်။ ယခုလတွင် ကမ္ဘာ့အကြီးဆုံး ယူရီးယားဓာတ်မြေဩဇာ တင်သွင်းသူဖြစ်သည့် အိန္ဒိယနိုင်ငံသို့ ယူရီးယား တင်ပို့မှုအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။
ကနဦး ပမာဏမှာ နည်းပါးသော်လည်း ကုန်သွယ်မှု ပိုမိုကျယ်ပြန့်လာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြတ်လပ် မှုနှင့် စျေးနှုန်းများကို လျှော့ချနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ဇွန်လကတည်းက ပိတ်ပင်မှုကို ဖြေလျှော့ပေးခဲ့သော်လည်း အိန္ဒိယအပေါ် ကန့်သတ်ချက်များကို ယခုအချိန်အထိ ထိန်းသိမ်းထားခဲ့သည်။
အဒါနီအုပ်စုသည် တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး ဘီဝိုင်ဒီ (BYD Co.) နှင့် ပူးပေါင်းရန် စီစဉ်နေကြောင်း၊ ယင်းပူးပေါင်းမှုက ဘီလီယံနာ ဂေါတမ်အဒါနီ၏ လုပ်ငန်းစုကို အိန္ဒိယနိုင်ငံတွင် ဘက်ထရီများ ထုတ်လုပ်ကာ သန့်ရှင်းသောစွမ်းအင်ကဏ္ဍသို့ ပိုမိုတိုးချဲ့နိုင်စေမည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ များက ပြောသည်။
မိုဒီအစိုးရသည် နှစ်ပေါင်းများစွာ ကန့်သတ်ထားခဲ့ပြီးနောက် မကြာသေးမီက တရုတ်နိုင်ငံ သားများအတွက် ခရီးသွားဗီဇာများကို ခွင့်ပြုပေးခဲ့သည်။ တရုတ်သည် အမေရိကန်ပြီးလျှင် အိန္ဒိယ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အိန္ဒိယသည် ၎င်း၏ထုတ်လုပ်မှုကဏ္ဍ အခြေခံကောင်းများ တည်ဆောက်ရန်အတွက် တရုတ်ထံမှ အရေးကြီးသော သွင်းအားစုများ လိုအပ်နေသည်။
ဆက်ဆံရေးအေးခဲမှု ပြေလျော့လာနိုင်သော်လည်း အာရှအင်အားကြီးနှစ်နိုင်ငံသည် ညတွင်းချင်းတော့ ယုံကြည်မှုအပြည့်အဝ ပြန်လည်တည်ဆောက်နိုင်ဖွယ်မရှိနိုင်သေးပါ။ ၎င်းတို့သည် နှစ်ပေါင်းများစွာ အချင်းချင်း ပြိုင်ဘက်များအဖြစ် သဘောထားခဲ့ကြပြီး လွန်ခဲ့သောလအနည်းငယ်က အိန္ဒိယနှင့် ပါကစ္စ တန်စစ်ရေးအငြင်းပွားမှု ဖြစ်ပွားခဲ့ရာတွင် တရုတ်က ပါကစ္စတန်ကို လက်နက်များနှင့် ထောက်လှမ်း ရေးဆိုင်ရာ အကူအညီများ ပေးခဲ့ခြင်းကြောင့် ပွတ်တိုက်မှုများ ပိုမိုတိုးလာခဲ့သည်။
ထရမ့်က နယူးဒေလီအပေါ် မကြာသေးမီက ဒေါသထွက်ရသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ ပါကစ္စတန်နှင့် တင်းမာမှုများကို ပြေလျော့စေရန် ၎င်း၏ကြားဝင်စေ့စပ်မှုက အထောက်အကူ ပြုခဲ့ သည်ဆိုသည့် ပြောဆိုချက်များကို အိန္ဒိယက ငြင်းပယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ မိုဒီသည်လည်း ဇွန်လက ထရမ့်နှင့် ဖုန်းပြောဆိုရာတွင် အဆိုပါပြောဆိုချက်များကို တိုက်ရိုက်စိန်ခေါ်ခဲ့သည်။ ထိုအချိန် နောက်ပိုင်း တွင် အိမ်ဖြူတော်၏ ရပ်တည်ချက် ပြောင်းလဲသွားသည်ကို အိန္ဒိယက သတိပြုမိကြောင်း အိန္ဒိယ အရာရှိများထံမှ သိရသည်။
မိုဒီသည် BRICS အဖွဲ့ဝင်များဖြစ်သည့် ဘရာဇီးနှင့် ရုရှားတို့နှင့်လည်း ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေသည်။ အမေရိကန်နှင့် ဆက်ဆံရေး တင်းမာလာသည်နှင့်အမျှ သြဂုတ်လတွင် သမ္မတ ဗလာဒီမာ ပူတင်အား အိန္ဒိယသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ထရမ့်သည် အိန္ဒိယက ယူကရိန်းရှိ ကရင်မလင်စစ်ပွဲအတွက် ရန်ပုံငွေဖြစ်စေသည့် ရုရှားရေနံကို လျှော့ဈေးဖြင့် ဆက်လက်တင်သွင်းမှုအပေါ် စိတ်ပျက်နေသည်။ မိုဒီသည် နောက်ဆုတ်မည့်အရိပ်အယောင် မပြဘဲ ၎င်း၏အစိုးရသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်အတွက် ယခုလတွင် မော်စကိုနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
ယူကရိန်းစစ်ဖြစ်ပြီးနောက် ရုရှားဆိပ်ကမ်းအားလုံးမှ ရေနံစိမ်းတင်ပို့မှု၏ လေးပတ်ပျမ်းမျှပမာဏကို ကြည့်လျှင် အိန္ဒိယ၏ ဝယ်ယူမှုများ ရုတ်တရက် မြင့်တက်လာသည်ကို ပြသနေသည်။
မိုဒီသည် ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားနှင့်လည်း ကုန်သွယ်ရေးနှင့် ၎င်းတို့ နိုင်ငံများအပေါ် တစ်ဖက်သတ်အခွန်များ ချမှတ်ခြင်းကိစ္စများကို ဆွေးနွေးခဲ့သည်။ ဘရာဇီးနှင့် အိန္ဒိယတို့ အကြား ကုန်သွယ်ရေးဆက်ဆံမှုများကို အားကောင်းစေရန်မှာ ဇူလိုင်လက ဘရာဇီးနိုင်ငံသို့ မိုဒီ၏သွား ရောက်လည်ပတ်မှုတွင် အဓိကအကြောင်းအရာတစ်ခုဖြစ်သည်။ သြဂုတ်လအစောပိုင်းတွင် ဖုန်းပြောဆို စဉ် လူလာနှင့် မိုဒီတို့သည် ဘရာဇီးအပါအဝင် တောင်အမေရိကအကောက်ခွန်သမဂ္ဂဖြစ်သည့် Mercosur နှင့် အိန္ဒိယ၏ ကုန်သွယ်ရေးသဘောတူညီချက်ကို တိုးချဲ့ရန်လည်း သဘောတူခဲ့ကြသည်။
အမေရိကန်သည် ပထဝီနိုင်ငံရေးအရ တရုတ်ကို ဟန်ချက်ညီစေရန်အတွက် အိန္ဒိယကို ကြာမြင့်စွာ ကတည်းက စည်းရုံးခဲ့သော်လည်း ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲများကြောင့် ပေကျင်းနှင့် နယူးဒေလီ တို့သည် ဘုံရပ်တည်ချက်ကို ရှာဖွေတွေ့ရှိနေကြသည်။ အိန္ဒိယဆိုင်ရာ တရုတ်သံအမတ် ရှူဖေးဟုန် (Xu Feihong) က အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ မိုဒီကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ထောက်ခံကြောင်း ပြသခဲ့ သည်။
“အနိုင်ကျင့်သူကို တစ်လက်မ ပေးလိုက်ရင် တစ်မိုင်ယူသွားလိမ့်မယ်” ဟု ရှူးဖေးဟုန်က “အခြားနိုင်ငံများ ကို ဖိနှိပ်ရန် လက်နက်တစ်ခုအဖြစ်” အခွန်များကို အသုံးပြုခြင်းကို ရှုတ်ချသည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ၏ ပြောဆိုချက်ကို ကိုးကား၍ ပြီးခဲ့သည့်ရက်သတ္တပတ်က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
မူရင်း- Bloomberg သတင်းစာပါ India and China rebuild ties after Modi’s rupture with Trump သုံးသပ်ချက်ဆောင်းပါးကို မြန်မာဘာသာသို့ပြန်ဆိုပါသည်-အယ်ဒီတာ။
#Local_News
Published 13 August 2025
▪️ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးအတွက် ငွေသားထောက်ပံ့ခြင်းအစီအစဥ်ကို သြဂုတ်လ(၁၃)ရက်က ဆက်လက်ပြုလုပ်ခဲ့ရာ ငွေကျပ်သိန်း ၃၀၀ကျော်ထောက်ပံ့ကူညီခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှသိရသည်။
▪️ ထိုသို့ထောက်ပံ့ရာတွင် ရှမ်းပွဲနှင့် မြို့မရပ်ကွက်များရှိ ငလျင်ဘေးသင့် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေ ကျပ် ၄၀၀,၀၀၀/ နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၇၉) စုအတွက် စုစုပေါင်း ကျပ် ၃၁,၆၀၀,၀၀၀ / ကို အဆိုပါ အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေး မကောင်းသဖြင့် စုရပ်သို့ မလာရောက်နိုင်သည့် အိမ်ထောင်စု(၂)စု မှ အမျိုးသမီး (၁)ဦး အမျိုးသား (၁)ဦး ကိုလည်း အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
▪️ ငွေသား ထောက်ပံ့ခြင်း အစီအစဉ်ကို ဆောင်ရွက်ရာတွင် လေ့ကျင့်ထားသော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အဆိုပါ ရပ်ကွက်များ အတွင်းသို့ ပြီးခဲ့သည့် ဇွန်လ နှင့် ဇူလိုင်လ များအတွင်း၌ ကွင်းဆင်းကာ စနစ်တကျ လေ့လာဆန်းစစ်ခြင်းများကိုတစ်အိမ်ထောင်စုချင်း စီ အလိုက် အိမ်တိုင်ယာရောက် စနစ်တကျလေ့လာဆန်းစစ်ခြင်းများကို အသင်း ၏ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ အကျိုးခံစားခွင့်ရှိသူများ စာရင်း ကို ရပ်ရွာအတွင်း အများပြည်သူဆိုင်ရာနေရာများတွင် ကြေငြာပေးခဲ့ပြီး community engagement and accountability လုပ်ငန်းစဉ်ကိုပါ ပွင့်လင်းမြင်သာစွာ တပြိုင်နက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ငွေသားထောက်ပံ့ခြင်းဖြစ်ပြီး အသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ဝန်ထမ်းများ၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များ၊ လာရောက် အားဖြည့် ကူညီသည့် မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ကြက်ခြေနီ စေတနာလုပ်အားရှင် များသည် ရပ်ရွာလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 13 August 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း - ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး"၂၆ ကြိမ်မြောက် ဂျပန်ဘာသာ စကားပြောပြိုင်ပွဲ"ကို ပြုလုပ် ကျင်းပသွားမည်ဖြစ်ရာပြိုင်ပွဲဝင်များကို စတင် ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။
▪️ ပြိုင်ပွဲသို့ အသက်၁၆နှစ်မှ၃၀နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီးပြိုင်ပွဲဝင်များအနေဖြင့် လျှောက်လွှာများကို ယခုလ (၂၈) ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီးပဏာမအဆင့် ရွေးချယ်ခံရသူများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက် (စနေနေ့)တွင် ပြုလုပ်ကျင်းပမည့် ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ေကြာင်း သိရသည်။
▪️ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 13 August 2025
၁။တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများတိုကင်စနစ်ဖြင့်ပြန်လည်ထုတ်ပေး
၂။ CMP အထည်များ ဥရောပနှင့်ဒေသတွင်းနိုင်ငံများသို့တင်ပို့နေ
၃။ ငါးရက်အတွင်း နိုင်ငံတစ်ဝန်းမိုးကြီးလေထန်ဖြစ်စဥ်များဖြစ်ပွားနိုင်
၄။ ရှန်ဟိုင်း၌အလိုအလျောက်မောင်းနှင်တက္ကစီများ အလျင်အမြန်တိုးချဲ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 181 of 1919