#Local_News
Published 26 December 2024
▪️ ယနေ့ ဒီဇင်ဘာလ၂၆ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ စတိုးဆိုင်ဖွင့်နေသည့် ဆိုင်ရှင်ကို လုယက်ကာ ဓားဖြင့် ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာလ၂၆ ရက်နံနက် ၈း၃၀ နာရီအချိန်ကဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ကို ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကိုဓါးဖြင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်း၊ ဆိုင်ရှင်ဖြစ်သူ ဒေါ်အေးအိခိုင်သည်ဆိုင်ဖွင့်နေစဥ် အမျိုးသားတစ်ဦးက ဒေါ်အေးအိခိုင်ဝတ်ဆင်ထားသောရွှေဆွဲကြိုးကိုဝင်ရောက်လုယက်ခဲ့ရာ ဆိုင်ရှင်ကပြန်လည်ခုခံသဖြင့် လုယက်သူကဓါးဖြင့်ထိုးခဲ့ခြင်းကြောင့် ဆိုင်ရှင်သည်အခင်းဖြစ်ရာနေရာ၌သေဆုံးခဲ့ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားပြီးနောက် တရားခံထွက်ပြေးလွတ်မြောက်သွားရာ တာဝန်ရှိသူများက ရှာဖွေဖမ်းဆီးရေးဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 December 2024
▪️ ယနေ့နံနက် ၉နာရီ အချိန်ခန့်က မန္တလေးရှိရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ရွှေတစ်ပိဿာခန့်နှင့် ငွေသားများပါသွားကြောင်း သိရသည်။
▪️ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း၊ ၃၂လမ်းနှင့်၃၃လမ်းကြားတွင် ဖွင့်လှစ်ထားသည့်နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို နံနက် ၉နာရီခန့်က ဆိုင်ရှင်နှင့်ဝန်ထမ်းများ၊ လုံခြုံရေးများက ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် 110 Wave ဆိုင်ကယ် စိမ်း/ဖြူရောင် စီးနင်းလာသော အမျိုးသားနှစ်ဦးက သေနတ်အတိုတစ်လက်၊ အရှည်တစ်လိုက်ကိုင်ဆောင်ရောက်ရှိလာပြီး ဓါးပြတိုက်သွားခြင်းဖြစ်ေကြာင်း သိရသည်။
▪️ ထိုဓားပြတိုက်မှုဖြစ်စဉ်တွင် ကောင်တာအတွင်း ခင်းကျင်းထားသည့် ရွှေတစ်ပိဿာခန့်နှင့် ငွေသိန်းသုံးဆယ်ကျပ်ခန့်အား ယူဆောင်သွားကြောင်း သိရသည်။
▪️ မန္တလေးမြို့တွင်းရှိ ရွှေဆိုင်များ မကြာခဏ ဓားပြတိုက်ခံရမှုများဖြစ်ပွားနေလျှက်ရှိရာ ပြီးခဲ့သည့် ၁၈ရက်ညပိုင်းကလည်း မန္တလေးမြို့ရှိရွှေစင်အကယ်ဒမီရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေချိန် ၄ ပိဿာကျော် လုယက်ခံခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 26 December 2024
▪️ ယူနိုက်တက်အဲလိုင်းစ်မှ လေယာဉ်တစ်စင်းဟာ ဟာဝိုင်အီ မာဝီကျွန်းမှာ ဆိုက်ရောက်ပြီးနောက် လေယာဉ်ဘီးသိမ်းရာနေရာမှာ လူအလောင်းတစ်ခု တွေ့ရှိခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
▪️ အင်္ဂါနေ့မွန်းလွဲပိုင်းက ချီကာဂိုမှ ကာဟူလူဝီလေဆိပ်သို့ သွားတဲ့ United Flight 202 ခရီးစဉ် ဆိုက်ရောက်ချိန်မှာ လေယာဉ်ဆင်းသက်ဂီယာ တပ်ဆင်ထားတဲ့ နေရာတွေထဲကတစ်ခုမှာ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ကြောင်း လေကြောင်းလိုင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး သေဆုံးသွားသူရဲ့ အသေးစိတ်အကြောင်းတော့ မသိရပါဘူး။
▪️ ထိုနေရာဟာ လေယာဉ်အပြင်ဘက်ကနေသာ ဝင်ရောက်နိုင်ပြီး ထိုလူက လေယာဉ်ဘီးသိမ်းရာနေရာသို့ ဘယ်အချိန်မှာ ဘယ်လိုရောက်ရှိခဲ့လဲဆိုတာ သေချာမသိရပါဘူး။
▪️ ယူနိုက်တက်အဲလိုင်းစ်က အာဏာပိုင်များနဲ့အတူ စုံစမ်းစစ်ဆေးနေပြီး ဖက်ဒရယ်လေကြောင်းကွပ်ကဲရေးကတော့ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
▪️ လေယာဉ်ဘီးတွေနဲ့ ကုန်ပစ္စည်းတွေထားတဲ့ နေရာတွေဟာ လေဖိအားပုံမှန်မဟုတ်ဘဲ ခိုးစီးသူတွေအနေနဲ့ အပူချိန် အနုတ် ၅၀ မှ ၆၀ ဒီဂရီဆဲလ်စီးယပ်စ်ကြား ခံစားရနိုင်သလို အောက်ဆီဂျင်ပြတ်လပ်မှုနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။
▪️ လေယာဉ်ဘီးတွေကနေ လိုက်ပြီးခိုးစီးသူအများစုအတွက် အသက်သေဆုံးမှုအန္တရာယ် မြင့်မားပေမယ့် အသက်ရှင်ကျန်တဲ့သူ အချို့လည်းရှိပါတယ်။
▪️ ယမန်နှစ် ပဲရစ်မြို့က အယ်လ်ဂျီးရီးယား ခရီးသည်တင်လေယာဉ်တစ်စီးရဲ့ လေယာဉ်ဘီးမှာ လူတစ်ယောက် အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ်။
▪️ ၂၀၂၂ ဇန်နဝါရီလက အာဖရိကမှ အမ်စတာဒမ် ရှီဖောလ်လေဆိပ်သို့ ဆိုက်ရောက်တဲ့ Cargolux ကုန်တင်လေယာဉ်တစ်စီးရဲ့ အရှေ့ခြမ်းအောက်ဘက်က ဘီးနေရာမှာ ခိုးစီးလိုက်ပါသူတစ်ဦး အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ်။
#Source: Reuters
#Local_News
Published 26 December 2024
▪️ ယခင်ရပ်နားထားခဲ့သည့် ရန်ကုန်မြို့၏ အထင်ကရပွဲတစ်ခုဖြစ်သော လမ်းမတော်ပွဲစျေးကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပွဲစျေးကို ဒီဇင်ဘာ၂၇ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဖြစ်ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ လမ်းမတော်ပွဲစျေးကို ကိုဗစ်ကာလမတိုင်ခင်နှစ်များက တန်ဆောင်မုန်းလတွင် ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်ကာလနောက်ပိုင်းတွင် မကျင်းပဖြစ်တော့ဘဲ ယခုနှစ်တွင်ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်မြို့တွင် နှစ်စဉ်ကျင်းပလျှက်ရှိသည့်ပွဲတော်များကို ကိုဗစ်ကာလမှစတင်ကာရပ်နားထားခဲ့ပြီး ယခုနှစ်မှစ၍ပြန်လည်ကျင်းပခြင်းဖြစ်ကာ အထင်ကရပွဲတော်များထဲမှတစ်ခုဖြစ်သော ရေကျော်ပွဲစျေးကိုလည်း နိုဝင်ဘာလအတွင်းက ပြန်လည်ကျင်းပခဲ့သည်။
#YMG/SW #Yangon_Times
#World_Health
Published 26 December 2024
▪️ ယနေ့ခေတ်မှာ လူတွေက ဖိစီးမှုလျော့ကျပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမြှင့်တင်နိုင်မယ့် နည်းလမ်းများ ရှာဖွေလာကြပါတယ်။
▪️ အခုဆိုရင် အသံပဲ့တင်တုန်ခါမှု ကုထုံးနည်းလမ်းဟာ လူသိများလာပါတယ်။
▪️ ငြိမ်သက်သာယာတဲ့ အသံတွေနဲ့ သက်သာမှုပေးနိုင်တဲ့ တုန်ခါမှုတွေ ပေါင်းစပ်ကာ နက်နက်ရှိုင်းရှိုင်း စိတ်ပြေမှုကို ပေးစွမ်းနိုင်တဲ့ ကုထုံးတစ်မျိုး ဖြစ်ပါတယ်။
▪️ လဲလျောင်းနေတဲ့အချိန်မှာ မောင်း၊ တိဘက်ခွက်များ၊ ခေါင်းလောင်းများနဲ့ အခြားတူရိယာများရဲ့ ပဲ့တင်သံတွေကို နားထောင်ရတာ ဖြစ်ပါတယ်။
▪️ အသံနဲ့ တုန်ခါမှုတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ကောင်းမွန်စေတယ်လို့ ယူဆထားကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အသံတုန်ခါမှုစည်းချက်အတိုင်း ပြန်လည်မျှတစေပြီး ခန္ဓာကိုယ်စွမ်းအင်ကို ထိန်းညှိပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
▪️ အသံပဲ့တင်တုန်ခါမှုနည်းလမ်းမှာ ထုတ်လုပ်တဲ့ ကြိမ်နှုန်းနိမ့် တုန်ခါမှုတွေက ဦးနှောက်လှိုင်းလှုပ်ရှားမှုတွေကို သက်ရောက်ကာ ဦးနှောက်လုပ်ဆောင်ချက် ပြေလျော့စေပြီး စိတ်ကိုပိုမိုတည်ငြိမ်စေတယ်လို့ ယူဆထားပါတယ်။
▪️ ဖိစီးမှုနဲ့ သွေးပေါင်ချိန်တို့ကို လျော့ကျစေကာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်း လက္ခဏာများ သက်သာစေတယ်လို့ ယုံကြည်နေကြပါတယ်။
▪️ ဒီနည်းလမ်းက ဘယ်လိုအလုပ်လုပ်လဲဆိုတော့..
(၁) ပဲ့တင်ထပ်ခြင်းနဲ့ သဟဇာတဖြစ်ခြင်း - ကြိမ်နှုန်းတစ်ခုကို ကြားတဲ့အခါ ထိုကြိမ်နှုန်းအတိုင်း စည်းချက်ညီအောင် စတင်တုန်ခါလာပြီး ခန္ဓာကိုယ်မှာ မျှခြေဖြစ်အောင် ထိန်းညှိပေးပါတယ်။
▪️ (၂) parasympathetic အာရုံကြောစနစ်လှုံ့ဆော်ခြင်း - ထိုအသံမျိုးတွေက parasympathetic ကို လှုံ့ဆော်ပေးကာ နှလုံးခုန်နှုန်း၊ ဖိစီးမှုဟော်မုန်းများ လျှော့ချပေးပြီးတော့ စိတ်ပြေလျော့စေပါတယ်။
▪️ (၃) ဖိအားလျှော့ချခြင်း - အသံလှိုင်းတွေက ခန္ဓာကိုယ်တစ်ရှူးတွေထဲထိ ဝင်ရောက်သွားကာ ကြွက်သားများ၊ အဆစ်အမြစ်များ၊ အင်္ဂါများမှာ ပြေလျော့စေပါတယ်။
▪️ ဒီကုထုံးအသုံးပြုခြင်းရဲ့ များစွာသော အကျိုးကျေးဇူးတွေထဲမှာ..
- ဖိစီးမှုလျှော့ချခြင်း
- အိပ်စက်မှုတိုးတက်စေခြင်း
- စိတ်ခံစားချက်ကျန်းမာရေး မြှင့်တင်ပေးခြင်း
- အာရုံစူးစိုက်မှုနဲ့ စိတ်ကြည်လင်ပြတ်သားခြင်း
- နာကျင်ကိုက်ခဲမှုသက်သာစေခြင်း
- ကိုယ်ခံအားစနစ်ကြံ့ခိုင်စေခြင်း
- အသိနဲ့သတိ နက်နဲစွာကျင့်ကြံနိုင်ခြင်းတို့ ရရှိစေနိုင်ပါတယ်။
▪️ ဒီနည်းလမ်းက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ငြင်သာထိရောက်စွာ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: DoctorNDTV
#World_Health
Published 26 December 2024
▪️ ရုရှားက သူတို့ကိုယ်ပိုင် ကင်ဆာကာကွယ်ဆေး ထုတ်လုပ်လိုက်ပြီလို့ နိုင်ငံ့သတင်းအေဂျင်စီ TASS က ဖော်ပြသွားပါတယ်။
▪️ ကင်ဆာကာကွယ်ပေးမယ့် mRNA အမျိုးအစား ကာကွယ်ဆေးဖြစ်ပြီး လူနာတွေထံ အခမဲ့ဖြန့်ချိသွားမယ်လို့ ရုရှားကျန်းမာရေး ဝန်ကြီးဌာန ဓာတ်ရောင်ခြည်ဆေးသုတေသနစင်တာမှ ညွှန်ကြားရေးမှူးချုပ် အန်ဒရီကာပရင်က ပြောသွားပါတယ်။
▪️ ဒီကာကွယ်ဆေးကို သုတေသနစင်တာ အများအပြားနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့ကာ ၂၀၂၅ အစောပိုင်းမှာ အများပြည်သူအသုံးပြုနိုင်ရန် ထုတ်ဝေသွားဖို့ရှိပါတယ်။
▪️ လက်တွေ့အကြိုစမ်းသပ်မှုတွေမှာ ကာကွယ်ဆေးက အကျိတ်ကြီးထွားမှုကို နှိမ်နင်းနိုင်ကာ နောက်ထပ်ဖြစ်လာနိုင်တဲ့ အကျိတ်များကိုလည်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဂါမယ်လီယာ အမျိုးသားသုတေသနစင်တာ ညွှန်ကြားရေးမှူး အလက်ဇန်ဒါဂင့်စ်ဘတ်ဂ်က TASSကို ပြောလိုက်ပါတယ်။
▪️ မျိုးဆက်သစ် ကင်ဆာကာကွယ်ဆေးတွေနဲ့ ကိုယ်ခံအားပြုပြင် ဆေးဝါးများ ဖန်တီးနိုင်ဖို့ အလွန်နီးစပ်လာကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုနှစ်အစောပိုင်းမှာ မိန့်ကြားခဲ့ပါတယ်။
▪️ mRNA ကာကွယ်ဆေးဆိုတာက mRNA အစိတ်အပိုင်းသေးတစ်ခုကို အသုံးပြုကာ ကင်ဆာဆဲလ်တွေနဲ့ ပတ်သက်တဲ့ ပရိုတိန်းတစ်မျိုး ထုတ်လုပ်ရန် ခန္ဓာကိုယ်ဆဲလ်တွေကို ညွှန်ကြားပါတယ်။
▪️ ကိုယ်ခံအားစနစ်က ထိုကင်ဆာဆဲလ်တွေကို မှတ်မိပြီး တိုက်ခိုက်ကာ ရောဂါကိုပစ်မှတ်ထားဖို့ ခန္ဓာကိုယ်ကို ထိရောက်စွာ ညွှန်ကြားပေးပါတယ်။
▪️ ရောဂါပိုးအသေများကို အသုံးပြုတဲ့ သာမန်ကာကွယ်ဆေးတွေနဲ့ မတူတာက mRNAကာကွယ်ဆေးဟာ ကင်ဆာကုသနိုင်မယ့် ကိုယ်ခံအားတုံ့ပြန်မှု တိတိကျကျ ဖန်တီးနိုင်ရန် ခန္ဓာကိုယ်ဆဲလ်လည်ပတ်မှုကို အသုံးချတာပဲ ဖြစ်ပါတယ်။
#Source: India Today
တရုတ်အလယ်ပိုင်း ဟူဘေပြည်နယ်ရှိ နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုမှာ ရေခဲပြင်နဲ့ နှင်းပွဲတော်ကျင်းပနေပြီး နှင်းလျှောစီးသူအရေအတွက် များပြားလာတာ တွေ့ရပါတယ်။
#World_Event
Published 25 December 2024
#နိုင်ငံတကာနှင်းလျှောစီး #ရေခဲပြင်နှင့်နှင်းအားကစားပွဲများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 December 2024
၁။ ကိုရီးယားတွင် အလုပ်လုပ်မည့် အမျိုးသမီးများအတွက် အလုပ်လျှောက်လွှာများ စတင်ခေါ်ယူမည်
၂။ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးဟု ကျန်းမာရေးဝန်ကြီးဌာနဆို
၃။ နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း အထူးရထားများပြေးဆွဲသွားမည်
၄။ တရုတ်နိုင်ငံ နိုင်ငံတကာနှင်းလျှောစီးအပန်းဖြေစခန်း၌ ရေခဲပြင်နှင့်နှင်းအားကစားပွဲများကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီ အရောင်းဆိုင်တွေ ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မှုအခြေအနေေတွကို ကြည့်ရှုနိုင်မယ့် Mobile Appကို ဇန်နဝါရီ ၁ရက်မှာ စတင်အသုံးပြုနိုင်မယ်လို သိရပါတယ်။
#Local_News
Published 25 December 2024
#စက်သုံးဆီအခြေအနေ #Mobile_App
#YMG/SW #Yangon_Times
နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအဆင်ပြေစွာ ခရီးသွားလာနိုင်ဖို့အတွက် အထူးရထားခရီးစဉ်တွေ ပြေးဆွဲပေးသွားမယ်
#Local_News
Published 25 December 2024
#အထူးရထားများပြေးဆွဲ #နှစ်သစ်ကူးရုံးပိတ်ရက်
#YMG/SW #Yangon_Times
၂၅ ဒီဇင်ဘာ ၂၀၂၄
အဇာဘာဂျန်မှ ရုရှားသို့ ပျံသန်းနေသည့် အဇာဘာဂျန်လေကြောင်းလိုင်း Embraer လေယာဉ်တစ်စီး ဒီဇင်ဘာ ၂၅ရက်နေ့က ကာဇက်စတန်နိုင်ငံ အက်တိုမြို့အနီးပျက်ကျခဲ့ရာ လေယာဉ်ပါခရီးသည် ၆၂ဦးနှင့် လေယာဉ်အမှုထမ်းငါဦး အနက် ၂၇ ဦးသာ အသက်ရှင်၍ ကျန်သူများသေဆုံးခဲ့ရပါတယ်။
မီးသတ်ဌာနဟာ လေယာဉ်ပျက်မှာ တောက်လောင်နေတဲ့မီးကို ငြှိမ်းသတ်ခဲ့ရပြီး အသက်ရှင်သူတွေကို ကယ်တင်ခဲ့ရာမှာ ကလေးသုံးဦးလည်းပါဝင်တယ်လို့ ကာဇက်စတန်နိုင်ငံ အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
Embraer 190 လေယာဉ်ခရီးစဉ်အမှတ် J2-8243 ဟာ ဘာကူးမှ ရုရှားနိုင်ငံ ချက်ညှာပြည်နယ် မြို့တော် ဂရောဇ်နီမြို့သို့ပျံသန်းနေစဉ် အက်တိုမြို့မှ ၁.၈ မိုင်ခန့်အကွာအရောက်မှာ အရေးပေါ်ဆင်းသက်ရင်း ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။
ဂရော့ဇ်နီမှာ မြူတွေထူထပ်နေလို့ လေယာဉ်ဟာ လမ်းကြောင်းပြောင်းလဲခဲ့တယ်လို့ ရုရှားသတင်း အေဂျင်စီတွေက သတင်းရေးသားကြပါတယ်။
ငှက်နှင့်တိုက်မိပြီးတဲ့နောက် လေယာဉ်မှူးဟာ အရေးပေါ်ဆင်းသက်ဖို့ဆုံးဖြတ်ခဲ့တာလို့ ကနဦးသတင်း အချက်အလက်တွေအရသိရပါတယ်လို့ ရုရှား လေကြောင်းအာဏာပိုင်အဖွဲ့ကပြောပါတယ်။
ကရင်မလင်ကထောက်ခံထားတဲ့ ချက်ညှာခေါင်းဆောင် ရမ်ဇန်ကာဒရော့ဗ်က ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဆေးရုံတင်ထားရသူတွေဟာလည်း အလွန်စိုးရိမ်နေရတဲ့အနေအထားမှာရှိနေ ကြလို့ သူတို့ပြန်လည်နေကောင်းပါစေလို့ဆုတောင်းပါတယ်လို့လည်း သူကဆိုပါတယ်။
Source Rreuters
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ကျေးရွာမှာ ကာလဝမ်းရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသာဖြစ်ပြီး လက်ရှိအချိန်အထိတစ်ဦးသေဆုံးခဲ့ပေမယ့် မြန်မာနိုင်ငံမှာ နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးဘူးလို့
ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
#Local_News
Published 25 December 2024
#နိုရိုဗိုင်းရပ်စ် #ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ
#YMG/NN #Yangon_Times
Page 181 of 1679