#Daily_News
Published 30 December 2024
၁။ တစ်နှစ်တာအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၃၀ကျော်ဝင်ရောက်ခဲ့
၂။ ပြည်တွင်းထုတ်ဓာတ်ဆီများ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ရောင်းချသွားမည်
၃။ ဒီဇင်ဘာလ၃၁ရက်အတွက် ညမထွက်ရအမိန့်ကို တစ်ရက်ဆိုင်းငံ့
၄။ တောင်ကိုရီးယား၏ ဝမ်ငွေကြေးတန်ဖိုး (၁၅)နှစ်အတွင်း ဒေါ်လာလဲလှယ်နှုန်းအနိမ့်ဆုံးအခြေအနေသို့ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာမှာ ဆိုင်ခန်းပေါင်း၉၀ ခန့်နဲ့ ကျင်းပခဲ့တယ်လို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းက သိရပါတယ်။
#Local_News
Published 30 December 2024
#ကရင်နှစ်သစ်ကူးပွဲတော် #ကရင်အမျိုးသားနှစ်သစ်ကူးနေ့
#YMG/NN #Yangon_Times
2025 Countdown Festival ကို ပြည်သူ့ရင်ပြင်မှာကျင်းပသွားမှာဖြစ်တာကြောင့် အဆိုပါနေ့အတွက် ညမထွက်ရအမိန့်ကို တစ်ရက်ဆိုင်းငံ့ထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 30 December 2024
#ညမထွက်ရအမိန့် #တစ်ရက်ဆိုင်းငံ့
#YMG/SW #Yangon_Times
ပြည်တွင်းထုတ်ဓာတ်ဆီတွေကို နေပြည်တော်အပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာ ဇန်နဝါရီလအတွင်း ဖြန့်ဖြူးရောင်းချပေးသွားဖို့ဆောင်ရွက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 30 December 2024
#ပြည်တွင်းထုတ်ဓာတ်ဆီ #ဖြန့်ဖြူးရောင်းချပေး
#YMG/NN #Yangon_Times
အခု ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၀) ကျော် ဝင်ရောက်ဆိုက်ကပ်ခဲ့တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သိရပါတယ်။
#Local_News
Published 30 December 2024
#နိုင်ငံတကာကုန်သေတ္တာယာဉ် #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/NN #Yangon_Times
#World_News
Published 30 December 2024
▪️ အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်သူ ဂျင်မီကာတာက အသက် ၁၀၀ အရွယ်ရောက်ချိန်မှာ တနင်္ဂနွေနေ့က ဂျော်ဂျီယာ ပလိန်းစ်မြို့ရှိ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။
▪️ ဂျင်မီကာတာ သမ္မတဖြစ်ချိန်မှာ အီရန်ဓားစာခံအရေးပြဿနာ ဖြစ်ခဲ့ပြီး စီးပွားရေးဆိုးရွားမှုနဲ့ ရုန်းကန်ခဲ့ရပေမယ့် အစ္စရေးလ်-အီဂျစ်တို့ကြား ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ပေးခဲ့တာကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သူ ဖြစ်ပါတယ်။
▪️ ကာတာက ၁၉၇၆ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတ ဂျရဲလ်ဖို့ဒ်ကို အနိုင်ရပြီး ၁၉၇၇ ဇန်နဝါရီလမှာ သမ္မတဖြစ်လာပါတယ်။
▪️ သူ့ရဲ့သမ္မတသက်တမ်းမှာ အစ္စရေးလ်နဲ့ အီဂျစ်တို့ကြား ၁၉၇၈ ကမ့်ဒေးဗစ် သဘောတူလက်မှတ် ရေးထိုးခြင်းက ထင်ရှားခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ အေးချမ်းတည်ငြိမ်မှုအချို့ ယူဆောင်ပေးခဲ့ပါတယ်။
▪️ ဒါပေမဲ့ သမ္မတသက်တမ်း နောက်ဆုံး ၄၄၄ ရက်အတွင်း စီးပွားရေးဆုတ်ယုတ်မှုများ၊ အီရန်ဓားစာခံအရေးပြဿနာတို့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။
▪️ ၁၉၈၀ မှာ ထပ်မံရွေးကောက်ခံခဲ့ပေမယ့် အပြတ်အသတ် အရေးနိမ့်ခဲ့ပြီး ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးနဲ့ သရုပ်ဆောင်ဟောင်းဖြစ်သူ ရော်နယ်ရေဂန်ကို မဲပေးခဲ့ကြပါတယ်။
▪️ ကာတာဟာ အမေရိကန်သမ္မတတွေ အားလုံးထက်ပိုပြီး အသက်ရှည်နေထိုင်ခဲ့ရကာ အိမ်ဖြူတော်မှ ထွက်ခွာရပြီးနောက် လူသားချင်းစာနာမှုလုပ်ငန်းများ ပြုလုပ်ခဲ့တာကြောင့် ဂုဏ်သတင်းမွှေးခဲ့ပါတယ်။
▪️ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရရှိဖို့ ကရုဏာစာနာမှုများဖြင့် ဆောင်ရွက်ခဲ့သူ ဖြစ်တယ်လို့ ကမ္ဘာ့ခေါင်းဆောင်များနဲ့ အမေရိကန်သမ္မတဟောင်းတို့က ချီးကျူးဂုဏ်ပြုသွားပါတယ်။
▪️ သမ္မတဟောင်းရဲ့ နိုင်ငံတော်ဈာပန အခမ်းအနားအစီအစဉ်များ ရှေ့မဆက်သေးဘူးလို့ ကာတာစင်တာက ပြောပါတယ်။
▪️ လတ်တလောနှစ်တွေမှာ ကာတာက ကျန်းမာရေးပြဿနာ ပြင်းထန်နေပြီး အရေပြားအဖုအကျိတ်တွေက အသည်းနဲ့ ဦးနှောက်သို့ပါ ပျံ့နှံ့နေပါတယ်။
၂၀၂၃ ဖေဖော်ဝါရီမှာ နောက်ထပ်ဆေးကုသမှုများ မခံယူတော့ဘဲ ဆေးရုံမှာ စောင့်ရှောက်မှုခံယူရန် ဆုံးဖြတ်ခဲ့ပါတယ်။
▪️ သမ္မတကိုယ်တွေ့မှတ်တမ်းကစလို့ ကလေးများအတွက်စာအုပ်၊ ဘာသာရေးယုံကြည်မှု စာအုပ်များနဲ့ သံတမန်ရေးရာ စာအုပ်များအပါအဝင် အုပ်ရေ ၂ ဒါဇင်ကျော်လည်း ရေးသားထုတ်ဝေခဲ့ပါတယ်။
#Source: Reuters
၃၀ ဒီဇင်ဘာ ၂၀၂၄
Jeju လေကြောင်းလိုင်း လေယာဉ်တစ်စီးသည် ယမန်နေ့က ပျက်ကျခဲ့သော Jeju ကဲ့သို့ အဆင်းဂီယာ ချို့ယွင်းမှုထပ်မံဖြစ်ပေါ်သဖြင့် ပြန်ဆင်းသက်ခဲ့ရပါတယ်။
Jeju လေကြောင်းလိုင်း ခရီးစဉ်အမှတ် 7C101 သည် ဂျေဂျူးရှိ ဂင်ပို နိုင်ငံတကာလေဆိပ်မှ မနက် ၆နာရီ ၃၇ မိနစ်တွင် ထွက်ခွာရာ ပျံတက်ပြီး မကြာမီတွင် အဆင်းဂီယာချို့ယွင်းမှုကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
လေကြောင်းလိုင်းက လိုက်ပါလာသော ခရီးသည် ၁၆၁ ဦးကို အဆင်းဂီယာ စက်မှုပိုင်းချို့ယွင်းမှုဖြစ်တယ် လို့ အကြောင်းကြားခဲ့ပြီးနောက် ဂင်ပိုလေဆိပ်သို့ မနက် ၇နာရီ ၂၅ မိနစ်၌ ပြန်လှည့်ဆင်းသက်ခဲ့ရ ပါတယ်။
လေယာဉ်မှာ ချို့ယွင်းတဲ့အပိုင်းကို ပြန်လည်အစားထိုးပြီးနောက် လေယာဉ်ဟာ ပြန်လည်ပျံသန်းခဲ့ပါ တယ်။
လေယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အဆင်းဂီယာဟာ မရှိမဖြစ်အရေးကြီးပါတယ်။ ပျံတက်တဲ့ အချိန်နှင့်ဆင်းသက်တဲ့အချိန်မှာ အဆင်းဂီယာ အသေအချာအလုပ်လုပ်ဖို့လိုအပ်ပါတယ်။
တနင်္ဂနွေနေ့က မွမ်မှာ ပျက်ကျခဲ့တဲ့ Jeju လေကြောင်းလိုင်းလေယာဉ်တွင် ၁၇၉ဦးသေဆုံးခဲ့ပြီး နှစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။
Source: Yonhap
ပုံမှာ -တနင်္ဂနွေနေ့က ပျက်ကျခဲ့သော Jeju လေကြောင်းလိုင်း လေယာဉ်အပျက်အစီးအပိုင်းအစများ
#Local_News
Published 30 December 2024
▪️ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် အသက် (၃၅)နှစ်အထက်သက်ကြီးတန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ရှစ်ရက်တိုင်တိုင်ကျင်းပနေကြောင်း ပြင်ဦးလွင်မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ အဆိုပါ သက်ကြီးတန်းဘောလုံးပွဲစဉ်ကို ဒီဇင်ဘာ၃၀ရက်မှ ဇန်နဝါရီ၆ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ဖူဆယ်ဘောလုံးအသင်း (၁၂) သင်းဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
▪️ ထိုသို့ စာရင်းပေးသွင်းထားသည့် အသင်းများ၌ အသက်(၃၅)နှစ်အထက် ကစားသမား၆၀ဦး ၊ အသက်(၄၀) အထက် ကစားသမားအယောက်၇၀နှင့် အသက် (၅၀)ကျော် ကစားသမား၁၄ဦး ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ် ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Lifestyle
Published 30 December 2024
▪️ အရွယ်ရောက်လာပြီးတော့ မိဘထိန်းချုပ်မှုအောက်က ထွက်ခွာလာစ ဂျန်ဇီလူငယ်ဘဝဟာ လွတ်လပ်ပျော်ရွှင်ရမယ် ထင်ရပေမယ့် တကယ်တမ်းတော့ အိပ်မက်ဆိုးမက်နေရသလို ဖြစ်နေပြီး ၃၈ ရာခိုင်နှုန်းလောက်က သက်လတ်ပိုင်းအခက်အခဲများ ခံစားနေရတယ်လို့ အချက်အလက်အသစ်များ ရရှိလာပါတယ်။
▪️ ယနေ့ခေတ်မှာ အရွယ်ရောက်ပြီး လူရွယ်တွေအနေနဲ့ ဘဏ္ဍာရေး မတည်ငြိမ်မှုများ၊ စိတ်ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း မရေရာမှုများကြောင့် ဖိအားများလာပြီး ပတ်ဝန်းကျင်မှာ မလွတ်လပ်တဲ့သဘော ကြုံတွေ့နေရတယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။
▪️ ဖိအားများလာခြင်းရဲ့ ဒဏ်ကြောင့် ကိုယ်ရည်ကိုယ်သွေးနဲ့ ပရော်ဖက်ရှင်နယ်ဘဝတွေမှာ ထိခိုက်လာပါတယ်။
▪️ အသက် ၂၇ နှစ်အောက်တွေကို ဂျန်ဇီလို့ သတ်မှတ်ကြပြီး ယင်းတို့ထက် အသက်ကြီးသူတွေထက် စိတ်ဓာတ်ကျဝေဒနာ ခံစားရနိုင်ခြေ ၂၂၄ ရာခိုင်နှုန်းပိုများတာကို တွေ့ခဲ့ကြပါတယ်။
▪️ ဒီလိုပြဿနာတွေရဲ့ အဓိကရင်းမြစ်က ငွေကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။
ဂျန်ဇီ ၃၀ ရာခိုင်နှုန်းက ယင်းတို့ဖိအားများရတဲ့ အဓိကရင်းမြစ်က ငွေကြေးပြဿနာလို့ ဆိုကြပြီး အသက် ၂၈ နှစ်မှ ၄၃ နှစ်ကြား မျိုးဆက်တွေထဲက ၂၈ ရာခိုင်နှုန်းဟာလည်း သဘောတူကြပါတယ်။
▪️ နေထိုင်စားသောက်စရိတ် မြင့်မားလာခြင်း၊ ခန့်မှန်းမရတဲ့ စီးပွားရေးတို့ကြောင့် ထိုမျိုးဆက် ၂ ခုဟာ ငွေကြေးဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံသူများက ဆိုပါတယ်။
▪️ ငွေကြေးဖိအားအပြင် စိတ်ကျန်းမာရေးပြဿနာတွေက ၂၅ ရာခိုင်နှုန်း၊ အသက်မွေးဝမ်းကြောင်း ရုန်းကန်ရမှုက ၂၃ ရာခိုင်နှုန်း ပါဝင်ပတ်သက်နေပါသေးတယ်။
▪️ ဒီလိုပြဿနာတွေနဲ့အညီ ဖြေရှင်းဖို့အတွက် ဂျန်ဇီတွေဟာ ငွေကြေးအသုံးအဖြုန်း များလာကြတယ်လို့လည်း သိရပါတယ်။
▪️ ဒီလိုမျိုး မဆင်မခြင် ဝယ်ယူသုံးစွဲတာတွေက ခဏတာ ပြေလည်နိုင်ပေမယ့် ဘဏ္ဍာရေးဖိအား ပိုဆိုးစေပြီး သံသရာလည်နိုင်တယ်လို့ ပညာရှင်များ သတိပေးနေကြပါတယ်။
▪️ မြင့်တက်လာတဲ့ ဈေးနှုန်းတွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်က လွဲမှားတဲ့ အကြံပေးချက်တွေက လူငယ်တွေရဲ့ စိုးရိမ်စိတ်ကို ပိုဆိုးစေတယ်လို့ ဘဏ္ဍာရေးအကြံပေး ဆာမီတာမာလစ်က ပြောပြပါတယ်။
▪️ ဒါကိုဖြေရှင်းဖို့က ယင်းတို့ရဲ့ အခက်အခဲတွေ ပူပန်မှုတွေကို နားထောင်ပြီးတော့ တိကျသေချာတဲ့ အကြံပေးမှုမျိုး လိုအပ်တယ်လို့ ပြောသွားပါတယ်။
#Source: New York Post
#World_Science
Published 30 December 2024
▪️ လဂြိုဟ်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၅၃ ဘီလီယံလောက်တည်းက ဖြစ်ပေါ်ခဲ့ဖွယ်ရှိတယ်လို့ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီတို့မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
ဒါဟာ ယခင်ထင်ထားတာထက် နှစ်ပေါင်း သန်းရာချီပိုစောတယ်လို့ ခန့်မှန်းရရှိတာ ဖြစ်ပါတယ်။
▪️ ဒါဟာ လက ကမ္ဘာဂြိုဟ်ထက်စာရင် သတ္တုပိုနည်းပြီး ချိုင့်ဝှမ်းသက်ရောက်မှုကြီးတွေ ဘာလို့ပိုနည်းလဲဆိုတာကို သိရှိနားလည်နိုင်ဖွယ် ရှိပါတယ်။
▪️ ဒီသုတေသနကနေပဲ ကမ္ဘာဂြိုဟ်ရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ သမိုင်းကြောင်းတို့ကို ပိုမိုသိရှိခွင့် ရလာနိုင်တယ်လို့ ကယ်လီဖိုးနီးယား ဆန်တာခရုဇ်တက္ကသိုလ်မှ ဘူမိပညာရှင် ဖရန်ဆစ်နင်မိုဦးဆောင်တဲ့ အဖွဲ့က ဆိုပါတယ်။
▪️ မားစ်ဂြိုဟ်အရွယ်လောက်ရှိတဲ့ အရာဝတ္ထုကြီးက ကမ္ဘာဂြိုဟ်ကို ထိမှန်ခဲ့ပြီးနောက် လဂြိုဟ်ဖြစ်ပေါ်ခဲ့တယ်လို့ အစောပိုင်းမှာထင်ခဲ့ပေမယ့် ယခုသုတေသနအရ ဒီထက်ပိုပြီး စောစောဖြစ်ပေါ်ခဲ့ဟန် ရှိပါတယ်။
▪️ လဂြိုဟ်နဲ့ ကမ္ဘာဂြိုဟ်ကြား ဆွဲငင်အားပြိုင်ဆိုင်မှုကြောင့် အားတစ်ခုဖြစ်ပေါ်ပြီး ပွတ်တိုက်အားကြောင့် လဂြိုဟ်ကိုပူနွေးစေပါတယ်။
▪️ လဂြိုဟ်က ကျောက်တုံးတွေမှာ တွေ့ရတဲ့ ဇီယာကွန်သလင်းကျောက်များ တည်ရှိမှုကိုလည်း ရှင်းပြထားကာ ယူရေနီယံနဲ့ ခဲအချိုးကို ကြည့်ပြီးတော့ ထိုသတ္တုရဲ့ သက်တမ်းကို ဆုံးဖြတ်နိုင်ပါတယ်။
▪️ ဇီယာကွန်သလင်းကျောက်တွေဟာ လဂြိုဟ်သက်တမ်းထက်ပင် ပိုရင့်နေပြီး တိုင်းတာရရှိတဲ့ ကျောက်တစ်ခုဆိုရင် သက်တမ်းနှစ် ၄.၄၆ ဘီလီယံရှိကာ နောက်တစ်ခုက ၄.၅၁ ဘီလီယံရှိပါတယ်။
▪️ အရည်ပျော်ခြင်းဖြစ်စဉ်ကြောင့် လမျက်နှာပြင် ပြောင်းလဲကာ သတ္တုများ အောက်သို့နစ်ဝင်သွားပြီး တကယ့်သက်တမ်း ဖုံးကွယ်တာဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒါကြောင့် လဂြိုဟ်သက်တမ်းဟာ နှစ်ပေါင်း ၄.၅၄ ဘီလီယံလောက်က စတင်ခဲ့ဟန်ရှိတယ်လို့ ခန့်မှန်းလာတာ ဖြစ်ပါတယ်။
#Source: WION
၂၉ ဒီဇင်ဘာ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးအကြံပေး အမ်ဒီ တိုဟစ်ဟူစိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နှင့် ချိတ်ဆက်မိစေရေး အရေးကြီးတဲ့အကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။ အဲသလို ဆောင်ရွက်ခြင်းဖြင့် နှစ်ဘက်အကျိုးရှိလိမ့်မယ်လို့လည်း သူက အလေးပေးပြောဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက သတင်းဖော်ပြကြပါတယ်။
“ ကျွန်တော်တို့အနေနှင့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများအကြား ချောမွေ့တဲ့ချိတ်ဆက်မှုလိုအပ် ပါတယ်။ အလားအလာအကောင်းဆုံးလမ်းကြောင်းကတော့ မြန်မာနိုင်ငံမှတစ်ဆင့်ဖြစ်တယ်” လို့ သူက ပြောဆိုလိုက်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးရေး လိုအပ်တယ်လို့ သူက အလေးပေးပြောဆိုပါတယ်။
“ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိလာမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ ရခိုင် ပြည်နယ်ကို ဘင်္ဂလီတွေဟာ အခွင့်အရေးနှင့်လုံခြုံမှုရှိစွာ ပြန်ပို့ပေးရေးအပါအဝင်ပေါ့။ ဒီလိုချိတ်ဆက် မှုဟာ ကျွန်တော်တို့ပြည်သူတွေအတွက် အပြန်အလှန်အကျိုးကျေးဇူးရှိနိုင်လိမ့်မယ်” လို့ သူကပြောပါ တယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ နော့တ်ဆောက်တက္ကသိုလ်မှာ သောကြာနေ့ကကျင်းပတဲ့ “ တရုတ်- တောင်အာရှယဉ်ကျေးမှုနှင့်ချိတ်ဆက်မှု” ဆိုတဲ့ နိုင်ငံတကာကွန်ဖရင့်တစ်ခုဖွင့်ပွဲမှာ တိုဟစ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့၇ှ်ရဲ့ မဟာဗျူဟာမြောက်တည်ရှိမှုနှင့် စီးပွားရေးအလာအလာတွေ ဖွံ့ဖြိုးလာနေမှုတွေကို လည်း သူက အလေးပေးပြောဆိုပါတယ်။
ဒေသတွင်းချိတ်ဆက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါမှုတွေဖြစ်တဲ့ ရာသီဥတုပြောင်းလဲခြင်းနှင့်စီးပွားရေး မရေရာမှုတွေလိုပြဿနာတွေကို ဖြေရှင်းရာမှာ ပိုအရေးပါလာနေတယ်လို့လည်း သူကပြောပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံကို မဟာဗျူဟာမြောက်လုပ်ဖော်ကိုင်ဖက်အဖြစ်သာမက မိတ်ဆွေအဖြစ်နှင့်ပါ လက်တွဲဆောင်ရွက်ရမယ်လို့သူကပြောပါတယ်။
အဲဒီကွန်ဖရင့်ကို တရုတ်-တောင်အာရှစင်တာရဲ့ လူမှုယဉ်ကျေးမှုလေ့လာရေးအဖွဲ့နှင့် ယူနန်တက္ကသိုလ် တို့က ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း ကွန်ဖရင့်ဖွင့်ပွဲ မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
၂၉ ဒီဇင်ဘာ ၂၀၂၄
မဲခေါင်မြစ်ဝှမ်းတွင် ရာဇဝတ်မှုတွေ တိုက်ဖျက်ဖို့အတွက် မြန်မာအပါအဝင် တရုတ်၊လာအိုနှင့် ထိုင်းတို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရာဇဝတ်မှုနှိမ်နှင်းရေးဆိုင်ရာ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ လေးနိုင်ငံအနေနှင့် တရားဥပဒေစိုးမိုးရေးမြှင့်တင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုလည်းဖြစ်ပါတယ်။
"Vision-2024" လို့အမည်ပေးထားတဲ့ အဲဒီပူးတွဲလေ့ကျင့်မှုကို ရွှေတြိဂံဒေသရဲ့ အထက်ပိုင်း ၁၁ကီလို မီတာအကွာမှာရှိတဲ့ မင်မို ရေပြင်မှာ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
Source CCTV+
Page 176 of 1679