#Local_News
Published 18 August 2025
▪️ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင်ကျင်းပသော ၂၀၂၅ ခုနှစ် တိုင်းနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၌ ရန်ကုန်တိုင်းအသင်းမှ စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူးခဲ့ ကြောင်း မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ သိရသည်။
▪️ အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို ဩဂုတ်လ၁၅ ရက်မှ ၁၇ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကာ တိုင်းနှင့်ပြည်နယ်၁၄ခု(ကယားမပါ) အင်အား၃၅၁ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၊ဗန်တိုကျား၅၅ ယောက်နှင့် အမျိုးသမီး ၃၁ဦး စုစုပေါင်း၈၆ဦး၊ဓါး၁-၂ကျား/မ ပေါင်း၇၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
▪️ " တိုင်းနဲ့ပြည်နယ် ၁၄ခုကဝင်ရောက်ယှည်ပြိုင်ကြပြီး ရန်ကုန်တိုင်း ကိုယ်စားပြုအသင်းက ယောက်ကျားလေးရောမိန်းကလေးရော အကုန်ဆုရရှိခဲ့ပါတယ် " ဟု (ကမ္ဘောဇ နန်းတွင်း လိုင်းခူးကါချန့် သိုင်းပြောင်းပြန် ပင်မဆရာကြီး)ဖြစ်သူ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီ နာယကဆရာကြီးဦးကြည်ဝင်းက YMG သို့ပြောသည်။
▪️ အဆိုပါ ဆုပေးပွဲအား သြဂုတ် ၁၇ ရက်ညနေပိုင်းကကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တက်ရောက်ခဲ့ကြောင်း၊
ထိုသို့တက်ရောက်ပြီးနောက် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းအသင်းကို စုပေါင်းတံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်း၊ အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှလည်း အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းအသင်းကို တံခွန်စိုက်ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
▪️ ထို့အတူ အမျိုးသမီးတစ်ကိုယ်တော် ဓားတစ်လက် အပြပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တစ်ကိုယ် တော် လှံရှည်အပြပြိုင်ပွဲ၊ အမျိုးသားအတွဲလိုက် (၁+၃)ဓားရှည်ဝိုင်းထွက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုး သမီး(၅၀-၅၅)ကီလို ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး(၄၅-၄၉)ကီလိုအတိုက်ပြိုင်ပွဲ၊ အမျိုး သား(၄၉-၅၃)ကီလိုအတိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 August 2025
▪️ ယနေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)ကို မြန်မာဖက်ခြမ်းမှ ယာယီပိတ်လိုက်ကြောင်း သိရသည်။
▪️ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)သည် မြန်မာ – ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီမြို့မှ မဲဆောက်မြို့သို့ဖြတ်သန်းသွားလာရသော တံတားဖြစ်ပြီး လက်ရှိတွင် ထိုင်းဘက်မှ မြန်မာဘက်ခြမ်းသို့ဝင်မည့်ကုန် ကားများလည်း ပိတ်မိနေကြောင်း၊ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားအား ယာယီပိတ်လိုက်သော်လည်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ခရီးများနှင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။
▪️ တံတားယာယီပိတ်ခြင်းမှာ မှန်ကန်ကြောင်း ၊ သို့သော် မည်သည့် အကြောင်းကြောင့် ပိတ်ခြင်းနှင့် မည်သည့်အချိန်တွင်ပြန်လည်ဖွင့်လှစ်မည်ကို မသိရှိရသေးကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။
▪️ ထိုသို့ တံတားမပိတ်မီကပင် နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားအနီး မဲဆောက်မြို့ဘက်ခြမ်းတွင် မြန်မာဘက်သို့သွားမည့် ထိုင်းကုန်စည်တင်ကားအစီးရေ ၅၀၀ခန့် ပိတ်မိနေကြောင်း ထိုင်း PBS သတင်းတွင် ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 August 2025
▪️ ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ အမြင့်ဈေး၌တန်းပြီးငြိမ်နေကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။
▪️ ယနေ့ ဩဂုတ် ၁၈ ရက်မှ ၂၄ အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်
ငွေကျပ် ၆၂၈၅ အဖြစ်သတ်မှတ်ထားသည်။
▪️ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ပြီးခဲ့တဲ့လနှောင်းပိုင်းကစတင်မြင့်တက်လာခဲ့ရာ လေးပတ်တာအတွင်း
တစ်ပိဿာကို ကျပ် ၂၃၀ မြင့်တက်လာခဲ့ကြောင်းသိရသည်။
▪️ ထိုသို့မြင့်တက်လာခဲ့သော်လည်း ယခုအပတ်တွင်မူ ယခင်အပတ်နှုန်းထားအတိုင်းတစ်ပိဿာလျှင် ၆၂၈၅ ကျပ်အထိသာ ဈေးငြိမ်နေကြောင်း သိရသည်။
▪️ အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
▪️ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 18 August 2025
▪️ အလက်စ်ကာ ထိပ်သီးအစည်းအဝေးပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကနေ ငြိမ်းချမ်းရေးအဆိုပြုချက်များ ဆွေးနွေးရာမှာ ရုရှားတို့ သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေအနည်းစုကို လက်လျှော့ဖို့နဲ့ ယူကရိန်းအနေနဲ့ ရုရှားတို့ မသိမ်းပိုက်နိုင်ခဲ့တဲ့ အရှေ့ဘက်နယ်မြေတလျှောက်ကို စွန့်လွှတ်ပေးရမယ်လို့ ဖော်ပြလာပါတယ်။
▪️ အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့ အလက်စ်ကာရှိ လေတပ်စခန်းတစ်ခုမှာ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကလည်း စစ်ပွဲအဆုံးသတ်ရေးအတွက် ထရမ့်နဲ့တွေ့ဆုံဖို့ တနင်္လာနေ့မှာ ဝါရှင်တန်သို့ သွားရမှာပါ။
▪️ အစည်းအဝေးမှာလိုချင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့ပေမယ့် နယ်မြေဖလှယ်ရေးနဲ့ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ ဆွေးနွေးခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။
▪️ ပူတင်ရဲ့ အဆိုပြုချက်တွေက ဥရောပခေါင်းဆောင်များ၊ အမေရိကန်၊ ယူကရိန်းတို့ကြား ဆွေးနွေးမှုများအပေါ် အများစုအခြေခံထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
▪️ အဆိုပြုချက်တွေက ယူကရိန်းအတွက်တော့ လက်ခံဖို့ ခက်ခဲနေနိုင်ပါတယ်။
▪️ ရုရှားအဆိုပြုချက်အရ ယူကရိန်းအနေနဲ့ ဒိုနက်စ်နဲ့ လူဟန့်စ်ဒေသတို့ကနေ အပြည့်အဝ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် ပူတင်ဟာ ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးစေချင်တာတွေလည်းပါဝင်ပါတယ်။
Source: Reuters
#World_Health
Published 18 August 2025
▪️ ချစ်ရသူကို ဆုံးရှုံးလိုက်ရလို့ အပြင်းအထန် ပူဆွေးဝမ်းနည်းသူတွေဟာ ဆယ်စုနှစ်အတွင်း အသက်ဆုံးရှုံးနိုင်ခြေ နှစ်ဆနီးပါးရှိတယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
▪️ ရလဒ်များအရ ချစ်ခင်ရသူဆုံးရှုံးပြီးနောက် နှစ်အနည်းငယ်အတွင်း ပူဆွေးဝမ်းနည်းမှု မြင့်မားနေဆဲဖြစ်ကာ ဆယ်နှစ်အတွင်း အသက်ဆုံးပါးနိုင်ခြေ ၈၈ ရာခိုင်နှုန်းရှိပါတယ်။
▪️ ဒါ့အပြင် စိတ်ကျန်းမာရေးတိုင်ပင်ရနိုင်ခြေ ၃ ဆနီးပါး၊ စိတ်ကျရောဂါပျောက်ဆေး အသုံးပြုရမှု ၅ ဆကျော်နီးပါး၊ အိပ်ဆေးသောက်ရနိုင်ခြေ ၂ ဆကျော်လောက် ပိုများပါတယ်။
▪️ သုတေသီတွေက ဒိန်းမတ်မှ ပျမ်းမျှအသက် ၆၂ နှစ်ရှိတဲ့ ဝမ်းနည်းပူဆွေးသူပေါင်း ၁,၇၀၀ ကျော် ခေါ်ယူခဲ့ပါတယ်။
▪️ ၆၆ ရာခိုင်နှုန်းက လက်တွဲဖော်ဆုံးရှုံးထားကာ ၂၇ ရာခိုင်နှုန်းက မိဘတစ်ဦးဦးနဲ့ ၇ ရာခိုင်နှုန်း အခြားသော ချစ်ခင်သူတွေကို ဆုံးရှုံးထားကြပါတယ်။
ချစ်ရသူကို ဆုံးရှုံးပြီးနောက် ၃ နှစ်အတွင်း သူတို့ရဲ့ ပူဆွေးမှုအတိုင်းအတာကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ နောက်ထပ် ၁၀ နှစ်တိုင်အောင် စောင့်ကြည့်ခဲ့ကြရာ ပူဆွေးမှုကြီးမားလွန်းသူတွေဟာ စောစီးစွာ အသက်ဆုံးပါးနိုင်ခြင်း၊ စိတ်ကျန်းမာရေးအကူအညီ လိုအပ်ခြင်းတို့ ဖြစ်ပေါ်လာပါတယ်။
▪️ ပူဆွေးဝမ်းနည်းမှု လက္ခဏာမြင့်မားခြင်းနဲ့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများခြင်း၊ စိတ်ကျန်းမာရေး ပြဿနာများ၊ သေကြောင်းကြံစည်မှုတို့ကြား ဆက်စပ်မှုရှိတာကိုလည်း ယခင်က တွေ့ရှိထားပါတယ်။
▪️ ပူဆွေးကြီးသူတွေဟာ ပျမ်းမျှအားဖြင့် ပညာရေးအားနည်းခြင်း၊ ဆေးဝါးများ မကြာခဏသုံးစွဲရခြင်းတို့ မြင်တွေ့ရတယ်လို့လည်း သုတေသီများ ပြောထားပါတယ်။
Source: UPI.
၁၈ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် စတင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာပါတယ်။
အဆိုပါဒီဇင်ဘာ ၂၈ ရက်နေ့သည် အထွေထွေရွေးကောက်ပွဲ အပိုင်း၁ ဖြစ်၍ ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ကြေညာ ချက်မှာဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီပထမပတ်များအတွင်း အထွေထွေရွေးကောက်ပွဲများကို ကျင်းပပေးသွားမယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုထားပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
#ymg/knl

Myanmar to Hold General Elections Starting December 28, 2025
August 18, 2025 ,Nay Pyi Taw— Myanmar will begin its multiparty democratic general elections on Sunday, December 28, 2025, according to an announcement by the Union Election Commission (UEC) on Monday.
The UEC stated that the December 28 vote will mark Phase One of the general elections, with additional phases to be scheduled and announced later.
This announcement follows remarks by the State Security and Peace Commission Chairman, Senior General Min Aung Hlaing, who recently said that Myanmar’s general elections would be held in the last week of December 2025 and the first week of January 2026.
The UEC reaffirmed that the elections will be organized in multiple phases within this timeframe.
#ymg/knl
ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မဂ်လာအခမ်းအနားကို ရန်ကုန်မြို့ရှိ တိုင်းရင်းသားကျေးရွာမှာ ဒီကနေ့စည်ကားစွာကျင်းပခဲ့ရာ အရင်နှစ်တွေနဲ့မတူဘဲ ကျွှဲဒုံးအကတွေ ၊Fashion Show တွေနဲ့ပါ ဖျော်ဖြေတင်ဆက်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 16 August 2025
#ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မဂ်လာအခမ်းအနား #Fashion_Show
#YMG/NN #Yangon_Times
“ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်တစ်ခုပြုလုပ်သင့်၊ အဘယ့်ကြောင့်ဆိုသော် "ရုရှားသည် အလွန်ကြီးမားသောအင်အားကြီးနိုင်ငံဖြစ်ပြီး ယူကရိန်းက ယင်းသို့မဟုတ်သော ကြောင့်”
သမ္မတထရမ့်
ဝါရှင်တန်/မော်စကို/ကီးယက်ဗ်၊ ဩဂုတ် ၁၆ (ရိုက်တာ) - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ တွင် ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်တစ်ခု ပြုလုပ်သင့်ကြောင်း ပြော ကြားခဲ့သည်။အဘယ့်ကြောင့်ဆိုသော် "ရုရှားသည်အလွန်ကြီးမားသောအင်အားကြီးနိုင်ငံဖြစ်ပြီး ယူက ရိန်းက ယင်းသို့မဟုတ်သောကြောင့်" ဟုဆိုသည်။ ထရမ့်သည် စစ်ပြေငြိမ်းရေးအတွက် သဘောတူညီမှု မရရှိခဲ့သည့် သမ္မတ ဗလာဒီမာ ပူတင်နှင့် ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးခဲ့ပြီး နောက် ယင်းသို့ပြောကြားခြင်းဖြစ်သည်။
အဓိကပြောင်းလဲမှုတစ်ခုအနေဖြင့် ယူကရိန်းနှင့် ၎င်း၏ဥရောပမဟာမိတ်များ က ယခုအချိန်ထိ အမေရိ ကန်ထောက်ခံမှုဖြင့် တောင်းဆိုနေသည့် အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့်မဟုတ်ဘဲ ငြိမ်းချမ်းရေး သဘောတူညီချက်သို့ စေ့စပ်ညှိနှိုင်းသူများက တိုက်ရိုက်သွားသင့်သည်ဟု ပူတင်နှင့် သူသဘောတူခဲ့ကြ ကြောင်း ထရမ့်က ပြောကြားသည်။
ယူကရိန်းသမ္မတဗိုလိုဒီမာ ဇီလင်စကီး က သူသည် တနင်္လာနေ့တွင် ဝါရှင်တန်သို့သွားရောက်မည်ဟု ပြောကြားခဲ့ပြီး ကီးယက်ဗ်၏ဥရောပမဟာမိတ်များက ထရမ့်၏ကြိုးပမ်းမှုများကို ကြိုဆိုသော်လည်း ယူကရိန်းကိုထောက်ခံပြီး ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများကို တင်းကျပ်မည်ဟု ထပ်မံကတိပြုခဲ့ကြ သည်။
ထရမ့်သည် ပူတင်နှင့် ဩဂုတ် ၁၅ရက်နေ့က အလက်စကာတွင် နာရီသုံးနာရီနီးပါး တွေ့ဆုံခဲ့သည်။ ၂၀၂၂ ဖေဖော်ဝါရီတွင် မော်စကိုက ယူကရိန်းကို အပြည့်အဝစစ်စတင်ခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန်-ရုရှားထိပ်သီးဆွေးနွေးပွဲဖြစ်သည်။
ရုရှားနှင့်ယူကရိန်းကြားရှိ ကြောက်မက်ဖွယ်စစ်ပွဲကို အဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်းမှာ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်မျှသာ မဟုတ်ဘဲ စစ်ပွဲကိုအဆုံးသတ်မည့် ငြိမ်းချမ်းရေးသဘောတူ ညီချက်သို့ တိုက်ရိုက်သွားကြရန်ဖြစ်ကြောင်း အားလုံးက ဆုံးဖြတ်ခဲ့သည်" ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။
ရုရှားက ထရမ့်၏ပြောင်းလဲမှုကို ကြိုဆိုမည့်သဘောရှိ
ထိုကြေညာချက်ကို မော်စကိုက ကြိုဆိုလိမ့်မည်ဖြစ်သည်။ ရုရှားက ရပ်နားလိုက်ခြင်းတစ်ခုမဟုတ်ဘဲ အပြည့်အဝဖြေရှင်းပြီးစီးမှုကို လိုလားသော်လည်း အခြေအနေများမှာ "လုံးဝဆန့်ကျင်ဘက်" ဖြစ်နေ သောကြောင့် ယင်းသည်ရှုပ်ထွေးလိမ့်မည်ဖြစ်ကြောင်း ပြောသည်။
လွန်ခဲ့သောလများအတွင်း ရုရှားတပ်များသည် တဖြည်းဖြည်းတိုးဝင်လာနေခဲ့သည်။ ဥရောပတွင် နှစ် ၈၀ အတွင်း အသေအပျောက်အများဆုံးဖြစ်သော ဤစစ်ပွဲသည် သုံးသပ်သူများ၏အဆိုအရ နှစ်ဖက်စလုံးမှ လူတစ်သန်းကျော်ကို သည် သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိခဲ့ရပြီး အများစုမှာ ယူကရိန်းနိုင်ငံသားများဖြစ်သည်ဟုသိရသည်။
ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထရမ့်က အပစ်အခတ်မရပ်မစဲမချင်း သူပျော်ရွှင်လိမ့်မည်မဟုတ်ဟု ပြောကြား ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူက ဇီလင်စကီး နှင့်စကားပြောပြီးနောက် "အရာအားလုံး အဆင်ပြေ ပါက သမ္မတပူတင်နှင့် တွေ့ဆုံပွဲစီစဉ်မည်" ဟုဆိုသည်။
တနင်္လာနေ့တွင်ကျင်းပမည့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီတွင် ထရမ့်နှင့် ဒုတိယသမ္မတ JD Vance တို့က ယူကရိန်းခေါင်းဆောင်အား ကျေးဇူးမသိတတ်ဟု အများပြည်သူရှေ့မှောက်တွင် ကြမ်းတမ်းစွာ ဆုံးမ ခဲ့သည့် အိမ်ဖြူတော် သမ္မတရုံးခန်းတွင်ကျင်းပမည်ဖြစ်သည်။
ဇီလင်စကီး က ထရမ့်နှင့်စကားပြောပြီးနောက် သုံးပွင့်ဆိုင်တွေ့ဆုံပွဲအကြံပြုချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
သို့သော် ပူတင်က စစ်ပွဲနှင့်ပတ်သက်သော ရုရှား၏ကာလကြာရပ်တည်ချက်များတွင် အပြောင်း အလဲမရှိ ကြောင်း အရိပ်အမြွက်ပြခဲ့ပြီး ဇီလင်စကီး နှင့်တွေ့ဆုံမည့်အကြောင်း မပြောခဲ့ပေ။ သူ၏လက်ထောက် Yuri Ushakov က ရုရှားနိုင်ငံပိုင်သတင်းဌာန TASS သို့ ပြောကြားရာတွင် သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ဆွေးနွေးခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ လိုအပ်ခြင်း
Fox News ၏ Sean Hannity နှင့်အင်တာဗျူးတွင် သူနှင့်ပူတင်တို့သည် ယူကရိန်းအတွက် မြေယာလွှဲပြောင်းမှုများနှင့် လုံခြုံရေးအာမခံချက်များကို ဆွေးနွေးခဲ့ကြောင်း၊ "အကြီးအကျယ် သဘော တူညီခဲ့ကြောင်း" ထရမ့်က အရိပ်အမြွက်ပြခဲ့သည်။
"သဘောတူညီချက်တစ်ခုနီးနီးရနေပြီ ထင်ပါသည်" ဟုသူကဆိုပြီး "ယူကရိန်းက ဒါကို သဘောတူရမည်။ သူတို့ ဟင့်အင်းဟုပြောမည်မထင်ဟု ထရမ့်က ဖြည့်စွက်ပြောသည်။
ဇီလင်စကီး အား မည်သို့အကြံပြုမလဲဟု သူ့ကို မေးမြန်းသောအခါ ထရမ့်က "သဘောတူညီချက် တစ်ခု လုပ်ရမည်" ဟုပြန်ဖြေသည်။
"ကြည့်ပါ၊ ရုရှားသည် အလွန်ကြီးမားသောအင်အားကြီးနိုင်ငံဖြစ်ပြီး သူတို့က မဟုတ်ပါ" ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။
ဇီလင်စကီး က အနာဂတ်တွင် ရုရှားမှ ထပ်မံဝင်ရောက်တိုက်ခိုက်ခြင်းမှ တားဆီးရန် ကီးယက်ဗ်အတွက် လုံခြုံရေးအာမခံချက်များ လိုအပ်ကြောင်း အလေးပေးပြောခဲ့သည်။ သူက ထရမ့်နှင့်အတူ "အမေရိကန် ဘက်မှ အပြုသဘောဆောင်သောအချက်ပြမှုများ" ကို ဆွေးနွေးခဲ့ကြောင်း၊ ယူကရိန်းသည် ရုရှားဝင် ရောက်တိုက်ခိုက်မှုများအကြားက"နောက်ထပ်ခဏတာရပ်နားမှုတစ်ခု"မဟုတ်ဘဲတည်တံ့သောငြိမ်းချမ်းရေး လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အီတလီဝန်ကြီးချုပ် Giorgia Meloni က ထိပ်သီးဆွေးနွေးပွဲ၏ စိတ်ဝင်စားစရာအကောင်းဆုံး တိုးတက်မှုသည် NATO မဟာမိတ်အဖွဲ့၏ Article 5 မှ စေ့ဆော်ပေးထားသော ယူကရိန်းအတွက် လုံခြုံ ရေးအာမခံချက်များနှင့်သက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ "ဤအဆိုပြုချက်၏ အစမှတ်သည် ယူကရိန်းအနေဖြင့် အမေရိကန်အပါအဝင် ၎င်း၏မိတ်ဖက်များ၏ ထောက်ခံမှုမှ အကျိုးကျေးဇူး ရရှိနိုင် မည့် စုပေါင်းထားသည့် လုံခြုံရေးအချက်တစ်ခု၏ အနက်ဖွင့်ဆိုချက်ဖြစ်သည်။ တစ်ဖန် တိုက်ခိုက်ခံ ရပါ က အရေးယူဆောင်ရွက်ရန်အသင့်ဖြစ်စေရန်" ဟု သူမကဆိုသည်။
ငြိမ်းချမ်းရေးထိန်းသိမ်းရေးတွင် နိုင်ငံခြားပါဝင်မှုကို ဆန့်ကျင်ခဲ့သော ပူတင်က ယူကရိန်း၏လုံခြုံရေးကို "အာမခံရမည်" ဟူသော အချက်တွင် ထရမ့်နှင့် သဘောထားတူသည်ဟု ပြောသည်။
"ကျွန်ုပ်တို့ရရှိထားသော နားလည်မှုသည် ထိုပန်းတိုင်သို့ ပိုမိုနီးကပ်လာစေပြီး ယူကရိန်းတွင် ငြိမ်းချမ်း ရေးလမ်းကြောင်းကို ဖွင့်ပေးလိမ့်မည်ဟု မျှော်လင့်ပါသည်" ဟု မေးခွန်းများကို ခေါင်းဆောင်နှစ်ဦးလုံး ပြန်မဖြေသည့် သတင်းစာရှင်းလင်းပွဲတွင် ပူတင်ကပြောခဲ့သည်။
"ကီးယက်ဗ်နှင့် ဥရောပမြို့တော်များကပွင့်လင်းမြင်သာသောအကြံဉာဏ်များဖြင့်ပေါ်ပေါက်လာနေသော တိုးတက်မှုကို နှောင့်ယှက်ရန်၊ အရှေ့တစ်မျိုးကွယ်ရာတစ်မျိုး မလုပ်ကြဟု မျှော်လင့်ပါသည်" ဟု သူက ဆိုသည်။
ပူတင်အတွက် ထရမ့်နှင့်အတူထိုင်ခြင်းသည် အောင်ပွဲတစ်ခုပင်ဖြစ်သည်။ စစ်ပွဲစတင်သည့်နေ့မှစ၍ အနောက်နိုင်ငံများမှ ခေါင်းဆောင်များက ပူတင်အား ကြဉ်ထားခဲ့ကြပြီး တစ်ပတ်အလိုကပင် ထရမ့်ထံမှ ဒဏ်ခတ်အရေးယူမှုအသစ်များ ခြိမ်းခြောက်ခံခဲ့ရသည်။
ပူတင်အတွက် ၁-၀
ထရမ့်သည် ဝါရှင်တန်သို့ပြန်ရောက်ပြီးနောက် Meloni အပါအဝင် ဥရောပခေါင်းဆောင်များနှင့် စကား ပြောခဲ့သည်။
အချို့က ရုရှားအပေါ် ဖိအားများဆက်လက်ထားရှိရန် အလေးပေးပြောဆိုခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ထရမ့်ကျေးဇူးကြောင့် စစ်ပွဲအဆုံးသတ်ရန် အချိန်မရွေး ဖြစ်နေ ပြီဟုဆိုသော်လည်း ".(ပူတင်က) သူ၏ရိုင်းစိုင်းသောတိုက်ခိုက်မှုကို မရပ်မချင်း၊ ကျွန်ုပ်တို့သည် သူ၏ စစ်ယန္တယားကို ပိတ်ဆို့ဒဏ်ခတ်မှုများဖြင့် ဆက်လက်ဖိအားပေးသွားမည်" ဟု ထပ်လောင်းပြောကြား ခဲ့သည်။
ဥရောပခေါင်းဆောင်များ၏ ထုတ်ပြန်ချက်တွင် "ယူကရိန်းတွင် ခိုင်မာသောလုံခြုံရေးအာမခံချက်များ ရရှိရမည်" နှင့် ရုရှား၏ အဓိကတောင်းဆိုချက်များဖြစ်သည့် ယူကရိန်း၏လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် NATO အဖွဲ့ဝင်ဖြစ်ရန်အခွင့်အရေးကို ကန့်သတ်ခြင်းမရှိရ ဟု ဖော်ပြထားသည်။
အချို့ဥရောပနိုင်ငံရေးသမားများနှင့် သုံးသပ်သူများက ပက်ပက်စက်စက်ပြောဆိုခဲ့သည်။
"ပူတင်သည် ထရမ့်နှင့်အတူ အနီရောင်ကော်ဇောခင်းဆက်ဆံမှုကို ရရှိခဲ့ပြီး ထရမ့်မှာမူ ဘာမှမရခဲ့ပါ။ စိုးရိမ် ထားကြသည့်အတိုင်းပင် အပစ်အခတ်ရပ်စဲမှုနှင့် ငြိမ်းချမ်းရေးမရရှိပါ" ဟု အမေရိကန်နိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ဟောင်း Wolfgang Ischinger က X တွင် ရေးသားခဲ့သည်။
"တိုးတက်မှုအစစ်အမှန်မရရှိ၊ ပူတင်အတွက် ၁-၀ က ရှင်းရှင်းလင်းလင်းကြီး။ ဒဏ်ခတ်အရေးယူမှု အသစ်မရှိ။ ယူကရိန်းသားများအတွက် - ဘာမှမရ။ ဥရောပအတွက် -နက်နက်ရှိုင်းရှိုင်းစိတ်ပျက်ဖွယ်"ဟု သူကရေးသည်။
စစ်အေးတိုက်ပွဲသမိုင်းပညာရှင် Sergey Radchenko က "ပူတင်သည် စိတ်ပိုင်းဖြတ်ထားသော ပြိုင်ဘက်ဖြစ်ပြီး၊ ဟုတ်ပါသည်၊ သူသည် ဤအချီတွင် ယေဘုယျအားဖြင့်အနိုင်ရခဲ့သည်။ အဘယ့် ကြောင့်ဆိုသော် သူသည် ဘာမှမပေးဘဲ တစ်ခုခုရခဲ့သောကြောင့်" ဟု ရေးသားခဲ့သည်။
.နောက်တစ်ကြိမ်မော်စကိုတွင်
ရုရှားနှင့်ယူကရိန်းတို့သည် ညအချိန်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်။ ဤသည်မှာ သုံးနှစ်ခွဲကြာစစ်ပွဲတွင် နေ့စဉ်ဖြစ်ပျက်နေသော အရာဖြစ်ပြီး ရှေ့တန်းတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်။
ထရမ့်က ရုရှားရေနံဝယ်ယူသည့်အတွက် တရုတ်အပေါ် အကောက်ခွန် စည်း ကြပ်မှုများကို ယခုအချိန်တွင် ဆိုင်းငံ့ထားမည်ဟုဆိုသော်လည်း နှစ်ပတ်၊သုံးပတ်အတွင်း "ထိုအကြောင်း ကို စဉ်းစားရန်" လိုအပ်ကောင်းလိုအပ်မည်ဟု Fox ကိုပြောဆိုသည်။
ထရမ့်က ထိပ်သီးဆွေးနွေးပွဲပြီးနောက် ပူတင်အား "မကြာမီပင် အဆွေတော်နှင့်ထပ်မံစကားပြောပါမည်၊ ဖြစ်နိုင်သည်မှာ မကြာမီပင် အဆွေတော့်ကိုထပ်မံတွေ့ပါမည်" ဟု စကားကို အဆုံးသတ်ခဲ့သည်။
"နောက်တစ်ကြိမ်မော်စကိုတွင်" ဟု ပြုံးနေသော ပူတင်က အင်္ဂလိပ်လိုပြန်ဖြေခဲ့သည်။ ထရမ့်က "ဒီဟာနဲ့ ပတ်သက်ပြီး နည်းနည်းပူပန်ရမယ်" ဟုဆိုသော်လည်း "ဖြစ်နိုင်ခြေရှိပါသည်" ဟုလည်း ပြောခဲ့သည်။
#Source: Reuters တွင်ပါရှိသော “Trump adopts Putin's preference for route to Ukraine peace after meeting in Alaska” သုံးသပ်ချက်ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။
#World_Health
Published 17 August 2025
▪️ ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ်မှ သုတေသီများနဲ့ နိုင်ငံတကာမိတ်ဖက်များက တီဆဲလ်စွမ်းအင်ထုတ်လုပ်ပုံကို ပြန်လည်ပုံဖော်ကာ ခန္ဓာကိုယ်ရောဂါခုခံအားရဲ့ ကင်ဆာတိုက်ဖျက်စွမ်းရည်ကို မြှင့်တင်နိုင်မယ့်နည်းလမ်းတစ်ခု တွေ့ရှိထားပါတယ်။
▪️ တီဆဲလ်တွေထဲက Ant2 ပရိုတိန်းတစ်မျိုးကို ပိတ်ဆို့လိုက်ခြင်းဖြင့် အကျိတ်များကို ထိရောက်စွာ ရှင်းလင်းပေးနိုင်တာ တွေ့ရပါတယ်။
▪️ သိပ္ပံပညာရှင်တွေက တီဆဲလ်တွေကို ပိုမိုသန်မာမြန်ဆန်ပြီး ကြံ့ခိုင်ရည်မြင့်တဲ့ ကင်ဆာတိုက်ဖျက်ရေးသမားများအဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်း ဟီဘရူးတက္ကသိုလ်မှ ပရော်ဖက်ဆာ မိုက်ကယ်ဘာဂါက ပြောပါတယ်။
▪️ ဒီလေ့လာချက်က ဇီဝကမ္မဖြစ်စဉ်နဲ့ ကိုယ်ခံအားစနစ်ကြား ဆက်စပ်မှုကို ဖော်ပြနေကာ သဘာဝအတိုင်း ထိရောက်စွာ ကုသနိုင်မယ့်နည်းလမ်းများ ထွက်ပေါ်လာနိုင်ပါတယ်။
▪️ ပြောင်းလဲသွားတဲ့ တီဆဲလ်တွေက လျင်မြန်တိကျကာ ဆဲလ်ပွားမှုကို မြန်စေကြောင်း တွေ့ရပါတယ်။
▪️ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ဒီပြောင်းလဲမှုကို ဆေးဝါးဖြင့် ပြုလုပ်နိုင်မယ့်အချက်ပဲ ဖြစ်ပါတယ်။
▪️ ဒီနည်းလမ်းကနေ ဆဲလ်အားအင်ကုန်ခမ်းခြင်းလို ပြဿနာတွေကို ဖြေရှင်းပေးပြီး ကင်ဆာတိုက်ဖျက်ရန် လူနာရဲ့ တီဆဲလ်တွေကို မျိုးဗီဇပြုပြင်ပေးတဲ့ CAR-T ကုသနည်းတွေ ပိုမိုထိရောက်စေနိုင်ပါတယ်။
▪️ ဇီဝကမ္မနည်းအရ ပြန်လည်ပုံဖော်ခြင်းဖြင့် ကင်ဆာအမျိုးမျိုးမှာ အသုံးချနိုင်ပြီး ဓာတုကုထုံး၊ ကိုယ်ခံအားလှုံ့ဆော်ခြင်းတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
Source: The Jerusalem Post
#World_Science
Published 17 August 2025
▪️ ရာသီဥတုပြောင်းလဲခြင်းက ကုန်းမြေကနေစလို့ လေ၊ ပင်လယ်တွေအထိ နေရာတိုင်းနီးပါး သက်ရောက်နေပြီး အခုဆိုရင် ကမ္ဘာမြေကြီးရဲ့အရေးပါတဲ့ ရေသံသရာစက်ဝန်းကိုပါ သိသိသာသာ ပြောင်းလဲလာပါတယ်။
▪️ ဆယ်စုနှစ် ၂ ခုနီးပါး ဂြိုဟ်တုစောင့်ကြည့်ချက်များအရ ကမ္ဘာမြေကြီးဟာ ရေချိုဆုံးရှုံးမှုနှုန်း မကြုံစဖူးဖြစ်နေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ တစ်ကမ္ဘာလုံးမှာ အငွေ့ပျံခြင်း၊ ရေစီးဆင်းမှုများက ပြောင်းလဲလျက်ရှိပြီး ရေသိုလှောင်မှုပုံစံမျိုးစုံကလည်း ရုတ်ချည်းပြောင်းလဲနေပါတယ်။
▪️ ဒီပြောင်းလဲမှုများကြောင့် ရေရရှိနိုင်မှုနဲ့ ရေစီမံခန့်ခွဲမှုတွေမှာ ပြဿနာရှိလာပြီး ဂေဟစနစ်နဲ့ လူသားနေထိုင်ရှင်သန်မှုကိုပါ ခြိမ်းခြောက်လာပါတယ်။
▪️ ထိုကနေ စားနပ်ရိက္ခာဖူလုံမှု အန္တရာယ်ရှိလာနိုင်ပြီး ရေရင်းမြစ်မျှဝေသုံးစွဲရေးနဲ့ ပတ်သက်လို့ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။
▪️ ၂၀၀၂ နောက်ပိုင်း နိုင်ငံ ၁၀၁ နိုင်ငံမှ လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ ရေချိုဆုံးရှုံးလာပါတယ်။
▪️ ကမ္ဘာပေါ်က ခြောက်သွေ့နေရာတွေ ပိုမိုခြောက်သွေ့လာကာ မြစ်တွေနဲ့ ကန်တွေထဲက သိုလှောင်ရေတွေ ကျဆင်းလာပါတယ်။
▪️ တွေ့ရှိချက်အသစ်အရ ကနေဒါမြောက်ပိုင်း၊ ရုရှားမြောက်ပိုင်း၊ မြောက်အမေရိကန် အနောက်တောင်ပိုင်းနဲ့ အမေရိကအလယ်ပိုင်း၊ မြောက်အာဖရိကမှ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာရှအလယ်ပိုင်း၊ တရုတ်မြောက်ပိုင်း၊ တောင်အာရှနဲ့ အရှေ့တောင်အာရှတို့မှာ ခြောက်သွေ့မှုနှုန်း မြင့်မားနေပါတယ်။
▪️ ဒါတွေကနေ ကမ္ဘာ့ရေသံသရာစက်ဝန်းမှာ မညီမျှမှုတွေ ဖြစ်လာနိုင်ပြီး ကမ္ဘာကြီးအပေါ် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
Source: India Today
တရုတ်နဲ့ရုရှားရေတပ်တို့ဟာ ဗလာဒီဗိုစတော့အနီးရေပြင်မှာ တနင်္ဂနွေနေ့ကနေ အင်္ဂါနေ့အထိ စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကာ ပူးပေါင်းလေ့ကျင့်မှုအမျိုးမျိုး ပြီးစီးခဲ့ပါတယ်။
#World_Military
Published 16 August 2025
#တရုတ်နဲ့ရုရှားရေတပ် #စစ်ရေးပူးပေါင်းလေ့ကျင့်မှု
#YMG #Yangon_Times #Yangon_Media_Group
Page 178 of 1919