#Local_News
Published 31 December 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)တွင် ထပ်မံတည်ဆောက်နေသည့် EV Charging Stationများ သုံးလအတွင်း ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အမြန်လမ်းတွင် ထပ်မံတည်ဆောက်လျက်ရှိသည့် EV Charging station များမှာ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ ဘောနက်ကြီးယာဉ်ရပ်နားစခန်းအတွင်း CRRC Myanmar Co.,ltd မှ ဆောင်ရွက်လျက်ရှိသည့် EV Charging Station၊လုပ်ငန်းနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်းအတွင်း Yar Zar Min Indystry Co.,ltd၊ Mandalarmin Trading & Transportation Co.,ltd၊ NPK Co.,ltd တို့မှ ဆောင်ရွက်လျက်ရှိသည့် EV Charging Stationတို့ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ EV Charging station များတည်ဆောက်နေသည့်လုပ်ငန်းသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သွားရောက်ကြည့်ရှုစစ်ဆေးပြီး EV Charging Station တည်ဆောက်ရာတွင် ကော်မတီမှသတ်မှတ်ထားသည့် ဒီဇိုင်းအတိုင်း လိုက်နာဆောင်ရွက်ရေး၊ လက်ရာလက်သားကောင်းမွန်ရေးနှင့် EV Charging Station ကို သုံးလအတွင်း အပြီးတည်ဆောက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 31 December 2024
▪️ သက်တော် ၁၀၇ နှစ်ရှိပြီဖြစ်သည့် ခရမ်းဆရာတော်ကြီး ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားသို့ ခြေလျင်ကြွရောက် ဖူးမျှော်ခဲ့ကြောင်း ကျိုက်ထီးရိုးတောင်ပေါ်ရှိ စခန်းလေး ဘောဂသိဒ္ဓိကျောင်းဆရာတော် ဦးနန္ဒသာမိ ကမိန့်ကြားသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့တွင် သီတင်းသုံးသည့် ခရမ်းဆရာတော်ဘုရားကြီးသည် သက်တော်၁၀၇နှစ် ရှိပြီဖြစ်ကာ ကျိုက်ထီးရိုးဘုရားဖူးမြင်ရန် ယမာန်နေ့ နေ့ခင်း ၁၂နာရီ ၁၃မိနစ်မှစ၍ လမ်းလျှောက်ခြေလျင်တက်ကာ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဖူးမြင်ရန် ကြွလာခြင်းဖြစ်ကြောင်း သိရသည်။
▪️ "ဆရာတော်ကြီးက ည ၁၂နာရီ မထိုးခင်မှာတောင်ပေါ် ရောက်လာတယ်၊ဆရာတော်ကြီးကို ကျိုက်ထီးရိုးဘုရားကို ရောက်ခါနီးနဂါးပတ်အစလမ်းခရီးမှာ ခရီးဦးကြိုပြီး ကုသိုလ်ပြုခွင့်ရရှိခဲ့ပါတယ်၊ ဆရာတော်ကြီးက ထူးခြားတာက ကင်ပွန်းစခန်းကနေ ခြေလျင်တက်ခဲ့ပေမယ့် အသက်ရှူသံလေးတောင်မထွက်ဘူး၊ ဦးဇင်းတို့လို အသက်လေးဆယ်ကျော်တောင် ခြေလျင်မတက်နိုင်တော့ဘူး မနက်ကပြန်ဆင်းသွားတယ်"ဟု ကျိုက်ထီးရိုးတောင်ပေါ်ရှိ စခန်းလေး ဘောဂသိဒ္ဓိကျောင်းဆရာတော် ဦးနန္ဒသာမိက ရန်ကုန်မီဒီယာဂရုသို့ မိန့်ကြားသည်။
▪️ အဆိုပါ ခရမ်းဆရာတော်ဘုရားကြီးသည် ကျိုက်ထီးရိုးဘုရားသို့ ဖူးမျှော်ပြီးနောက်ကျီးကန်းပါးစပ်သို့ ခြေလျင်ဆင်း၍ အဓိဌာန်ဝင်ပြီးနောက် ယနေ့မနက်ပိုင်းတွင် ဘုရားဖူး၍ ဘီးလင်းမြို့သို့ဆက်လက်ကြွသွားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 31 December 2024
▪️ ရန်ကုန်အပါအဝင် မြို့ကြီးအချို့၌ ယခုရက်ပိုင်းအတွင်း နှစ်သစ်ကူးပွဲတော်များကျင်းပနေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ သိရသည်။
▪️ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများအဖြစ် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဒီဇင်ဘာ၂၉ရက်မှ ၃၁ရက်အထိ သုံးရက်တာဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကို ဝင်ကြေးအခမဲ့ဖြင့် ကျင်းပနေကြောင်း သိရသည်။
▪️ ထို့အပြင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ၃၁ရက် ယနေ့တွင်ကျင်းပသွားမည် ဖြစ်သည်။
▪️ ၎င်းအပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး မန္တလေးမြို့၊ ၂၆လမ်းနှင့် ၆၆လမ်းထောင့်တွင်လည်း နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ၃၁ရက် ည၆နာရီကစပြီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားတွင် နိုင်ငံကျော်အဆိုတော်များ ဖြစ်သည့် အုပ်စိုးခန့်၊ ဇော်ကို၊ မယ်လိုဒီ၊ ပိုပို၊ မေလသံစဉ်အပါအဝင် မန်းစည်ပင်ခေတ်ပေါ်တေးဂီတအဖွဲ့၊ DJဖျော်ဖြေမှုများဖြင့် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 31 December 2024
▪️ စစ်အုပ်ချုပ်ရေးဥပဒေကို ခဏတာထုတ်ပြန်မိခဲ့လို့ စွပ်စွဲပြစ်တင်ခံနေရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ်ကို ဖမ်းဆီးထိန်းသိမ်းရန် တရားဥပဒေစိုးမိုးရေး အာဏာပိုင်များရဲ့ တောင်းဆိုချက်ကို ဆိုးလ်တရားရုံးတစ်ခုက အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။
▪️ ဒါဟာ ဖမ်းဆီးခံရမယ့်အရေး ကြုံနေရတဲ့ တောင်က်ုရီးယားရဲ့ ပထမဆုံးလက်ရှိသမ္မတ ဖြစ်လာရပါတယ်။
▪️ ယွန်ဆော့ယောလ်ကို ဒီဇင်ဘာ ၃ ရက်နေ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ကြီးကြပ်စီစဉ်ခဲ့ခြင်း၊ တော်လှန်ပုန်ကန်မှုကို ကြိုးကိုင်ခြင်းနဲ့ အာဏာအလွဲသုံးစားလုပ်ခြင်း စွပ်စွဲချက်များဖြင့် ဆိုးလ်အနောက်ပိုင်းခရိုင် တရားရုံးမှ ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်များမှ သိရပါတယ်။
▪️ စစ်အုပ်ချုပ်ရေး ကြေညာတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံး(CIO)က ၃ကြိမ်ဆင့်ခေါ်မှုကို ယွန်ဆော့ယောလ်က လျစ်လျူရှုပြီးနောက် ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။
▪️ သမ္မတကို မေးမြန်းဖို့ ဖမ်းဆီးထိန်းသိမ်းပြီး ဖမ်းဝရမ်းထုတ်ပြန်ဖို့အတွက် CIOအနေနဲ့ ၄၈ နာရီ အချိန်ရမှာ ဖြစ်ပါတယ်။
▪️ သမ္မတလုံခြုံရေးအဖွဲ့က စစ်ဆေးရေးတွေ ရှာဖွေမှုများ ပြုလုပ်ဖို့ သမ္မတရုံးဝင်းနဲ့ သမ္မတနေအိမ်တို့ထံ မဝင်ရောက်နိုင်အောင် ပိတ်ပင်ထားတာကြောင့် CIOအနေနဲ့ ဝရမ်းထုတ်နိုင်ဖို့ မသေချာသေးဘူးလို့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဘက်က ဆိုပါတယ်။
▪️ ယွန်ဆော့ယောလ်ဟာ ရာဇဝတ်မှု တရားစွဲဆိုခြင်းကနေ သမ္မတလွတ်ငြိမ်းခွင့် ရထားပေမယ့် တော်လှန်ပုန်ကန်မှုတွေ နိုင်ငံတော်သစ္စာဖောက်မှုတွေအထိတော့ အကျုံးမဝင်ပါဘူး။
▪️ ယွန်ဆော့ယောလ်ရဲ့ ကာကွယ်ရေးအဖွဲ့ကတော့ CIOမှာ ပုန်ကန်မှုကို စစ်ဆေးရလောက်တဲ့ အာဏာမျိုးမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
▪️ CIOအကြီးအကဲ အိုဒေါင်ဝွန်ကတော့ တရားရုံးမှထုတ်ပြန်တဲ့ ဖမ်းဆီးမှုမျိုး ဖမ်းဝရမ်းမျိုးကို သမ္မတတောင်မှ ပိတ်ပင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
▪️ ယွန်ဆော့ယောလ်ကို လက်ရှိမှာ သမ္မတရာထူးကနေ ဆိုင်းငံ့ထားပြီး အခြေခံဥပဒေတရားရုံးက သူ့ကို ရာထူးမှဖယ်ရှားမလား ပြန်လည်တာဝန်ပေးမလားဆိုတာကို ရက် ၁၈၀ အတွင်း စဉ်းစားဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
#Source: YONHAP NEWS AGENCY
#World_Science
Published 31 December 2024
▪️ ခန္ဓာကိုယ်တွင်းအနှံ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို သယ်ပို့ပေးတဲ့ အရေးကြီးဖြစ်စဉ် သွေးကြောများ ဖွဲ့စည်းဖြစ်ပေါ်လာပုံကို ဆွစ်ဇာလန် ဘိုင်အိုဇန်ထရမ် ဘေဆယ်လ်တက္ကသိုလ်မှ သုတေသနအဖွဲ့က ပိုမိုသိရှိလာခဲ့ပါတယ်။
▪️ သွေးကြောပြွန် ဖြစ်ပေါ်ခြင်းမှာ ပါဝင်ခဲ့ဖြစ်စဉ်တွေအကြောင်း၊ ပရိုတိန်းတွေနဲ့ ဖြစ်ပျက်မှုတွေအကြောင်း လေ့လာချက်တွေမှာ ဖော်ပြလာပါတယ်။
▪️ ဆဲလ်တွေ စစချင်းမှာ သွေးကြောပြွန်ချောင်းတွေကို ဖန်တီးပေးပြီး တဖြည်းဖြည်းနဲ့ ပြွန်ကွန်ရက်အဖြစ်သို့ ပေါင်းစပ်သွားကာ သွေးကြောများ ဖြစ်ပေါ်လာပါတယ်။
▪️ သွေးယိုစိမ့်မှု မဖြစ်စေရန်နဲ့ ပေါင်းစည်းမှု တည်မြဲစေရန် ဆဲလ်ဆုံမှတ်တွေ တည်မြဲဖို့က အရေးကြီးပါတယ်။
▪️ ပရော်ဖက်ဆာ မားကပ်စ်အက်ဖော့တာနဲ့ အဖွဲ့က Rasip1 ပရိုတိန်းရဲ့ အခန်းကဏ္ဍကို အလေးပေးကာ အင်ဒိုသီလီယယ်ဆဲလ်များကြား ပူးကပ်ပေါင်းဆုံရာနေရာတွေမှာ Rasip1 ရဲ့လုပ်ဆောင်ချက်ကို ဖော်ပြလာပါတယ်။
▪️ Rasip1က ပေါင်းကပ်ပရိုတိန်းတွေရဲ့ ရွေ့လျားပုံကို အားပေးပြီး ဆဲလ်များကြား ပြွန်ချဲ့ထွင်စေကာ ပူစီဖောင်းတစ်ခုကို လေထည့်သွင်းတဲ့ပုံစံမျိုး ဖြစ်တယ်လို့ ဦးဆောင်သုတေသီ ဒေါက်တာ ကျိယန်မင်ယင်က ရှင်းပြပါတယ်။
▪️ နောက်ထပ်လေ့လာချက်မှာတော့ Heg1 နဲ့ Ccm1 ပရိုတိန်းတို့က ကျုံ့နိုင်တဲ့အားကို ပေးကာ သွေးကြောပုံမှန်ဖြစ်ပေါ်ဖို့ လိုအပ်တဲ့ ဆဲလ်ဆောင်ရွက်ချက်များကို ဖြစ်ပေါ်စေပါတယ်။
▪️ ဆဲလ်တည်ဆောက်ပုံအတွင်း အချိန်ကိုက်ကျုံ့ခြင်းတွေကနေ ဆဲလ်ဆုံမှတ်များ တည်မြဲစေပြီး ပုံသဏ္ဍာန်ထိန်းသိမ်းပေးကာ ကြံ့ခိုင်တဲ့ သွေးကြောကွန်ရက်အတွက် အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။
▪️ အဆိုပါ ထိန်းညှိနိုင်စွမ်းတွေ ယိုယွင်းပြီး ပရိုတိန်းနေရာလွဲခြင်းတို့ကြောင့် သွေးကြောများ ပုံမှန်မဟုတ်နိုင်တာကိုလည်း လေ့လာမှုဦးဆောင်သူ ဟိန့်ဇ်ဂျော့ဂျ်ဘဲလ်တင်က မှတ်ချက်ပြုသွားပါတယ်။
▪️ သွေးကြောဖြစ်ပေါ်လာခြင်းရဲ့ နောက်ကွယ်က မော်လီကျူးဖြစ်စဉ်များကို ဖော်ထုတ်ကာ သွေးကြောပြဿနာများအတွက် ဆန်းသစ်ကုသနည်းများ ရရှိနိုင်စေရန်လည်း ဇီဝရူပနည်းလမ်းများဖြင့် လေ့လာသွားဖို့ စီစဉ်နေကြပါတယ်။
#Source: India Today
Published 31 December 2024
SWISS International Air Linesလေယာဉ်တစ်စင်းဟာ အရေးပေါ်ဆင်းသက်ခဲ့ပြီးနောက် လေယာဉ်ဝန်ထမ်းတစ်ဦး သေဆုံးသွားခဲ့ကြောင်း လေကြောင်းလိုင်းက တနင်္လာနေ့မှာ ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့က ဘူခါရက်စ်ကနေ ဇူးရစ်သို့ ပျံသန်းလာတဲ့ A220-300 ခရီးသည်တင်လေယာဉ်ကြီးမှာ ခရီးသည် ၇၄ဦးနဲ့ ဝန်ထမ်း ၅ဦးတို့ လိုက်ပါစီးနင်းခဲ့ကြရာ အင်ဂျင်ပြဿနာများကြောင့် ဝန်ထမ်းအခန်းနဲ့ ခရီးသည်အခန်းတွေမှာ မီးခိုးတွေပြည့်သွားခဲ့ပြီး ဩစတြီးယား ဂရက်ဇ်မှာ ဆင်းသက်ခဲ့ရပါတယ်။
"ဂရက်ဇ်က ဆေးရုံးမှာ လေယာဉ်ဝန်ထမ်းအဖွဲ့ဝင် ဆုံးပါးသွားကြောင်းကို ဝမ်းနည်းပူဆွေးစွာဖြင့် တင်ပြပါတယ်" လို့ Swiss လေကြောင်းလိုင်းက ဖော်ပြထားပါတယ်။
Swiss အမှုဆောင်အရာရှိချုပ် ယန်းစ်ဖယ်လင်ဂါက အဆိုပါဆုံးရှုံးမှုက လေကြောင်းလိုင်းအတွက် တုန်လှုပ်ခြောက်ခြားကာ ဝမ်းနည်းကြေကွဲစေတယ်လို့ ပြောပါတယ်။
"သူ့ရဲ့မိသားစုတွေ နာကျင်ခံစားရတာကို စာနာမိပါတယ်။ လေကြောင်းလိုင်းမှ အားလုံးကိုယ်စား ဝမ်းနည်းမိကြောင်းကို ပြောပြချင်ပါတယ်။ အခုလို အလွန်ခက်ခဲတဲ့အချိန်မှာ သူတို့ကို တတ်နိုင်သလောက် ကူညီပံ့ပေးသွားပါမယ်" လို့ ပြောသွားကြောင်း AFPက ဖော်ပြထားပါတယ်။
Source: The Business Times
#World_Health
Published 31 December 2024
▪️ ၂၀၂၃ အတွင်း အမေရိကန်တွေဟာ ချောကလက်စားသုံးဖို့ စုစုပေါင်းဒေါ်လာ ၇ ဘီလီယံနီးပါး သုံးစွဲခဲ့ကြကာ ယခုနှစ်မှာလည်း အနည်းငယ်တိုးမြင့်လာဖို့ ရှိနေပါတယ်။
▪️ ချောကလက် အလွန်အကျွံစားသုံးခြင်းကြောင့် ကိုယ်အလေးချိန်တက်ခြင်း၊ သွားပျက်စီးခြင်းတို့ ဖြစ်လာနိုင်ပြီး နှလုံးရောဂါ၊ ဆီးချို၊ ကိုလက်စ်ထရောလ်များခြင်းတို့လည်း ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ချောကလက်ပြုလုပ်တဲ့ ကိုကိုးစေ့တွေမှာ နိုးကြားလှုံ့ဆော်ပေးတဲ့ သီယိုဘရိုမင်းဓာတ် ပါဝင်ပြီး ထိုပမာဏများပြားပါက အဆိပ်သင့်စေနိုင်ပါတယ်။
▪️ သီယိုဘရိုမင်းက အာရုံကြောစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်၊ နှလုံးသွေးကြောစနစ်တို့ကို နှောင့်ယှက်ကာ ဆီးသွားများစေတယ်လို့ ဒေါက်တာ နာဗိဆာလက်က ဖော်ပြထားပါတယ်။
▪️ ပမာဏအလွန်များတဲ့အခါ နှလုံးခုန်နှုန်း မြန်ခြင်း၊ ချွေးထွက်ခြင်း၊ အသားတုန်ခြင်း၊ ဆာလောင်စိတ်လျော့ပါးခြင်း၊ ခေါင်းကိုက်ပြင်းထန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်မှာ သီယိုဘရိုမင်း ၁ ထောင် မီလီဂရမ်နှုန်း ပါဝင်ခြင်းက လူသားတွေမှာ အဆိပ်အတောက် ဖြစ်စေတယ်လို့ Popular Science မှာ ဖော်ပြထားပါတယ်။
▪️ ဒါကြောင့် ကိုယ်အလေးချိန် ပေါင် ၁၅၀ ခန့်ရှိသူဟာ သီယိုဘရိုမင်း ၆၈၀၀၀ မီလီဂရမ်စားသုံးရင် အဆိပ်ဖြစ်နိုင်ပါတယ်။
▪️ လူသားတွေမှာ သီယိုဘရိုမင်းကို အလျင်အမြန် ချေဖျက်ဆောင်ရွက်နိုင်ပေမယ့် တိရိစ္ဆာန်အများစုကတော့ မချေဖျက်နိုင်တာကြောင့် ခွေးတွေ ကြောင်တွေ ငှက်တွေကို ချောကလက် မကျွေးသင့်ပါဘူး။
▪️ အိမ်မွေးတိရိစ္ဆာန်တွေ အမှတ်တမဲ့ ချောကလက်စားမိပါက တိရိစ္ဆာန်ဆေးခန်းကို အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။
#Source: New York Post
တောင်ကိုရီးယားနိုင်ငံအတွင်း စီးပွားရေး မပြေလည်မှုများနဲ့ နိုင်ငံရေးမတည်ငြိမ်မှုများအပြင် ဒေါ်လာအားကောင်းလာတာကြောင့် တောင်ကိုရီးယား ဝမ်ငွေကြေးတန်ဖိုးဟာ သောကြာနေ့က ၁၅ နှစ်ကျော်ကာလအတွင်း ဒေါ်လာနဲ့ယှဉ်ရင် အနိမ့်ဆုံးပမာဏ ကျဆင်းသွားခဲ့ပါတယ်။
#World_Economy
Published 30 December 2024
#ဝမ်ငွေကြေးတန်ဖိုး #နိုင်ငံရေးမတည်ငြိမ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 30 December 2024
၁။ တစ်နှစ်တာအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၃၀ကျော်ဝင်ရောက်ခဲ့
၂။ ပြည်တွင်းထုတ်ဓာတ်ဆီများ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ရောင်းချသွားမည်
၃။ ဒီဇင်ဘာလ၃၁ရက်အတွက် ညမထွက်ရအမိန့်ကို တစ်ရက်ဆိုင်းငံ့
၄။ တောင်ကိုရီးယား၏ ဝမ်ငွေကြေးတန်ဖိုး (၁၅)နှစ်အတွင်း ဒေါ်လာလဲလှယ်နှုန်းအနိမ့်ဆုံးအခြေအနေသို့ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာမှာ ဆိုင်ခန်းပေါင်း၉၀ ခန့်နဲ့ ကျင်းပခဲ့တယ်လို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းက သိရပါတယ်။
#Local_News
Published 30 December 2024
#ကရင်နှစ်သစ်ကူးပွဲတော် #ကရင်အမျိုးသားနှစ်သစ်ကူးနေ့
#YMG/NN #Yangon_Times
2025 Countdown Festival ကို ပြည်သူ့ရင်ပြင်မှာကျင်းပသွားမှာဖြစ်တာကြောင့် အဆိုပါနေ့အတွက် ညမထွက်ရအမိန့်ကို တစ်ရက်ဆိုင်းငံ့ထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 30 December 2024
#ညမထွက်ရအမိန့် #တစ်ရက်ဆိုင်းငံ့
#YMG/SW #Yangon_Times
ပြည်တွင်းထုတ်ဓာတ်ဆီတွေကို နေပြည်တော်အပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာ ဇန်နဝါရီလအတွင်း ဖြန့်ဖြူးရောင်းချပေးသွားဖို့ဆောင်ရွက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 30 December 2024
#ပြည်တွင်းထုတ်ဓာတ်ဆီ #ဖြန့်ဖြူးရောင်းချပေး
#YMG/NN #Yangon_Times
Page 175 of 1678