#Local_News
Published 23 August 2025
▪️ ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်လှူဒါန်းထားသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လေ့ကျင့်ရေးကွင်း အမှတ်(၃)နှင့်(၄)ဖွင့်လှစ်ပွဲကို ယမန်နေ့ ညနေ (၄း၀၀) နာရီကကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီး ကစားသမားဟောင်းများအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတို့ ခြေစမ်းပွဲဖြင့်ကျင်းပခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ လက်ရွေးစင်ဟောင်းများ အသင်းတွင် ဟန်ထွန်း၊ ငွေထွန်း၊ အောင်နိုင်၊ အောင်ကျော်ကျော်၊ ထွန်းမြင့်လွင်၊ စိုးမြတ်မင်း၊ အောင်အောင်ဦး၊ တင့်နိုင်ထွန်းသိန်း၊ ရန်ပိုင်၊ မင်းသူ၊ ကိုကိုအောင်၊ စည်သူသန်း၊ အောင်ဇော်မျိုး၊ ဘိုဘိုအောင်၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ စိုးမင်းနိုင်၊ အောင်မိုးနှင့် ကစားသမားဟောင်းများ ပါဝင်ကစားကြပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတွင် နည်းပြချုပ် ယုကီ၊ ကြည်လွင်၊ ဇင်မာဝမ်း၊ သူဇာထွေး၊ ခင်မိုးဝေ၊ ခင်သန်းဝေ စသည့်လက်ရွေးစင်ဟောင်းများ၊ နော်ထက်ထက်ဝေ၊ မြတ်နိုးခင်၊ ဇွန်ယုယဦး၊ အိစန္ဒာဇော်၊ မျိုးမြမြငြိမ်း၊ ဝင်းဝင်း၊ မေသက်မွန်မြင့်နှင့် လက်ရွေးစင်များ ကစားခဲ့ကြကြောင်းသိရသည်။
▪️ ယခုဖွင့်လှစ်သည့် မြက်ခင်းတု လေ့ကျင့်ရေးကွင်း (၃)နှင့် (၄)တို့အား ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်မှစတင်၍ Futsal Chitthu Sports Floor Co.,Ltd ဖြင့်အသစ်ပြန်လည်၍ လုပ်ငန်းအပ်နှံတည်ဆောက်ခဲ့ရာ ကျပ်သိန်းပေါင်း တစ်သောင်းတစ်ထောင် ကုန်ကျခဲ့ပြီး ဧရာ၀တီဖောင်ဒေးရှင်းမှ စိုက်ထုတ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကွင်းများတွင် လူငယ်အသင်းများ လေ့ကျင့်မှုပြုလုပ်ခြင်း၊ အကယ်ဒမီ သင်ကြားမှုများပြုလုပ်ခြင်း၊ ခြေစမ်းပွဲများ ကစားခြင်း စသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 August 2025
▪️ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသော ရုပ်အလောင်းတွေ့ရှိ ၍ ကူညီသယ်ထုတ်ပြီး ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။
▪️ ယမာန်နေ့က မန္တလေးမြို့မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် ၄၃×၄၄ လမ်း၊ ၈၁×၈၂ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် အပုပ်နံ့ရရှိကြောင်း ရပ်ကွက်နေပြည်သူများ၏ အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)အဖွဲ့ဝင်များသွားရောက်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့သွားရောက်စဉ် နေအိမ်အတွင်း တစ်ဦးတည်းနေထိုင်သည့် အသက် ၆၈ နှစ်အရွယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးသက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ သေဆုံးရုပ်အလောင်းအား ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး နေအိမ်အတွင်း ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 August 2025
▪️ နယ်စပ်ကုန်သွယ်ရေးတွင် လိုင်စင်မဲ့တင်သွင်းမှုများ၊ အပိုကုန်ပစ္စည်းတင်သွင်းမှုများကို စနစ်တကျစစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောသည်။
▪️ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်ကြသော မင်းထက်မင်းဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့၌ အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ မင်းထက်မင်းဆိပ်ကမ်းသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
▪️ အဆိုပါ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အကောက်ခွန်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက နယ်စပ်ကုန်သွယ်ရေးတွင် လိုင်စင်မဲ့ တင်သွင်းမှုများ၊ အပိုကုန်ပစ္စည်းတင်သွင်းမှုများကို စနစ်တကျစစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
▪️ ထို့နောက် မင်းထက်မင်းဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် ခေတ်မီသိုလှောင်မှုစနစ် (SILO) တည်ဆောက်ရေးလုပ်ငန်းခွင်ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် ကုန်သေတ္တာများအား ဖြတ်သန်းစစ်ဆေးဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
▪️ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဇေယျာသီဟခန်းမ၌ အကောက်ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး အကောက်ခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့် သစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ လိုက်နာသွား ရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး ဌာန၏ ဂုဏ်သိက္ခာကို စောင့်ထိန်းကြရန်ပြောကြားသည်။
▪️ ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်းအဝေး ခန်းမ၌ ဝန်ကြီးဌာနအရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပြီး နိုင်ငံတော်က ချမှတ်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိ၏အလုပ်အပေါ် အဂတိတရားကင်းကင်းဖြင့် မေတ္တာထားဆောင်ရွက်ပေးရန် မှာကြားသည်။
▪️ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသာကြီး Dry Port သို့ ရောက်ရှိကြပြီး KM နှင့် RG ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးကာ အကောက်ခွန်ကုန်လှောင်ရုံ (Bonded Warehouse) ၌ လျှပ်စစ်မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းသိုလှောင်ထားရှိမှုများနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 23 August 2025
▪️ ဟင်းရွက်သုတ်တွေက လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်သလို ဗိုက်တာမင်များလည်း ပြည့်ဝပါတယ်။
▪️ ဒါပေမဲ့ ဟင်းရွက်တွေကို ရေမဆေးတဲ့အခါမျိုး၊ ဆေးတဲ့ရေ မသန့်တာမျိုး၊ မသန့်ရှင်းတဲ့ မျက်နှာပြင်ပေါ် ထားမိတာမျိုးဆိုရင် ရောဂါပိုးမွှားတွေ ရောက်ရှိစေနိုင်ပါတယ်။
▪️ လူကို နေမကောင်းဖြစ်စေနိုင်တဲ့ အဖြစ်အများဆုံး ရောဂါပိုးတွေကို ဖော်ပြထားပါတယ်။
▪️ (၁) ဆယ်မွန်နဲလား - ဟင်းရွက်တွေ သေချာမဆေးတဲ့အခါ ကူးစက်နိုင်ပြီး ၆ နာရီမှ ၇၂ နာရီအတွင်း ဝမ်းပျက်ခြင်း၊ ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ ပင်ပန်းခြင်းတို့ ခံစားရနိုင်ပါတယ်။
▪️ (၂) လစ္စတီရီယာမိုနိုဆိုင်တိုဂျင်းစ် - တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေမှာ ရှင်သန်တာကြောင့် ထိုအရာတွေနဲ့ ထိတွေ့မိရာကနေ ကူးစက်နိုင်ပြီး ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ပျက်ခြင်း၊ မွေးလာတဲ့ကလေးမှာ မွေးရာပါရောဂါတွေ ဖြစ်တတ်ပါတယ်။
▪️ (၃) ရှီဂဲလား - သန့်စင်ခန်းဝင်ပြီးနောက် လက်သေချာမဆေးဘဲ ဟင်းရွက်တွေကို ကိုင်မိတဲ့အခါ ကူးစက်တတ်ပြီး ကလေးငယ်တွေမှာ ကျောက်ကပ်တွေထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
▪️ (၄) အီးကိုလိုင် - ပြင်းထန်တဲ့ အီးကိုလိုင်အမျိုးအစားတွေဟာ သေချာမဆေးကြောရင် သုတ်ပြီးတဲ့ ရှင်သန်နိုင်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားအန္တရာယ်တွေ ဖြစ်နိုင်ပါတယ်။
▪️ (၅) ကမ်ပိုင်လိုဘက်တာ - အသားတွေကို လှီးဖြတ်တဲ့ဓားကနေ ကမ်ပိုင်လိုဘက်တာ ကူးစက်နိုင်ကာ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ၁၁ ရက်အထိ ခံစားရတတ်ပါတယ်။
▪️ (၆) ကလော့စ်ထရီဒီယံပါဖရင်ဂန်စ် - အူထဲမှာ အဆိပ်အတောက် ထုတ်နိုင်ကာ စားပြီး ၈ နာရီမှ ၂၂ နာရီအတွင်း ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်းတို့ ခံစားရနိုင်ကာ အလိုလျောက် သက်သာသွားတတ်ပါတယ်။
▪️ (၇) ကလော့စ်ထရီဒီယံဘိုကျူလီနမ် - အဖုံးပိတ်သိမ်းထားတဲ့ အရွက်တွေထဲမှာ ပေါက်ဖွားနိုင်ပြီး အမြင်ဝါးခြင်း၊ မျိုချရခက်ခဲခြင်း၊ မျက်နှာလေဖြတ်ခြင်း၊ အသက်ရှူပြဿနာဖြစ်ခြင်းတို့ ၂ ပတ်အထိ ခံစားရနိုင်ပါတယ်။
▪️ (၈) ဗစ်ဘရီယိုဗာနီဖီကပ်စ် - ပင်လယ်စာတွေ၊ မကျက်တဲ့အစာတွေမှာ ပါတတ်ပေမယ့် သိမ်းထားရာကနေ ဟင်းရွက်တွေဆီ ကူးစက်လာနိုင်ကာ အသည်းရောဂါ၊ ကိုယ်ခံအားနည်းသူတွေမှာ အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။
▪️ (၉) တောက်ဆိုပလတ်စ်မာဂွန်ဒီ - ကြောင်အညစ်အကြေးတွေကနေ ဟင်းရွက်တွေဆီ ကူးစက်နိုင်ပြီး ကိုယ်ဝန်ပျက်ခြင်း၊ မွေးဖွားပြဿနာများ၊ သန္ဓေသားဦးနှောက် ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ (၁၀) ဘက်ဆီလပ်စ်ဆရီယပ်စ် - မဆေးကြောမိတဲ့ ဟင်းရွက်တွေမှာ ပုန်းခိုနိုင်ကာ အခန်းအပူချိန်မှာ လျင်မြန်စွာပျံ့ပွားနိုင်ပြီး ရေဓာတ်ဆိုးဆိုးရွားရွား ခန်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။
Source: The Jerusalem Post
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်အနီးလှုပ်ခတ်ခဲ့တဲ့ငလျင်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတဲ့အများပြည်သူတွေအတွက် Yangon Media Group မှ
မြန်မာနိုင်ငံငလျင်ကော်မတီဒုတိယဥက္ကဌ ဒေါ်ရီရီငြိမ်းနဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို တင်ဆက်ပေးလိုက်ပါတယ်။
#Local_News
Published 22 August 2025
#မြန်မာနိုင်ငံငလျင်ကော်မတီဒုတိယဥက္ကဌဒေါ်ရီရီငြိမ်း
#YMG/SW #Yangon_Times
#World_Science
Published 23 August 2025
▪️ နေစကြဝဠာစနစ်အတွင်းပိုင်းသို့ ဦးတည်နေတဲ့ ကြယ်တွေကြားမှ ဂြိုဟ်သားယာဉ်သင်္ဘောကြီးဟာ နိုဝင်ဘာ ၂၁ မှ ဒီဇင်ဘာ ၅ ရက်အတွင်း ကမ္ဘာသို့ရောက်ရှိကာ စီစဉ်လုပ်ဆောင်ကြပါလိမ့်မယ်။
▪️ ဒီအကြောင်းကို ဟားဗတ်သိပ္ပံပညာရှင် အေဗီလော့ဘ်က ဖော်ပြထားတာ ဖြစ်ပါတယ်။
▪️ ဒီယာဉ်ကြီးရဲ့ သွားနေတဲ့နှုန်း၊ လက်ရှိတည်နေရာတို့ကို အခြေခံတွက်ချက်တာ ဖြစ်ပါတယ်။
▪️ 3I/ATLAS အရာဝတ္ထုကြီးဟာ လူတိုင်းက ကြယ်တံခွန်လို့ ထင်နေကြပေမယ့် အဆင့်အတန်းမြင့် ဂြိုဟ်သားအဖွဲ့အစည်းက ပြုလုပ်တာဖြစ်နိုင်ပြီး ကမ္ဘာဂြိုဟ်အတွက် အန္တရာယ်ဖြစ်စေနိုင်မယ်လို့ လော့ဘ်က အခိုင်အမာယုံကြည်ထားပါတယ်။
▪️ ကမ္ဘာရှုထောင့်ကကြည့်ရင် 3I/ATLAS ဟာ အောက်တိုဘာလမှာ နေအနောက်ဘက်သို့ ရွေ့သွားမှာဖြစ်ကာ ထိုအချိန်မှာ ကမ္ဘာကို တိုက်ခိုက်မယ်လို့ ယူဆနေပါတယ်။
▪️ ထိုအရာက အချင်းအားဖြင့် ၂၀-၂၄ ကီလိုမီတာခန့် ရှိနိုင်ပြီး မြင်ဖူးသမျှထဲမှာ အကြီးမားဆုံး အာကာသအရာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
▪️ ဒီအာကာသယာဉ်က နေကို အကာအကွယ်ပြုကာ တိုက်ခိုက်ရန်ပြင်ဆင်နေပြီး နေထိုင်လို့ရမယ့် ဂြိုဟ်တွေမှာ စူးစမ်းရေးယာဉ်များ ချသွားလိမ့်မယ်လို့ လော့ဘ်က ထင်နေပါတယ်။
▪️ အခက်အခဲ ပြဿနာများ မဖြစ်စေရန်အတွက် ဂြိုဟ်သားရန်ကနေ ကြိုတင်ပြင်ဆင်ထားကြဖို့ အစိုးရတွေကိုလည်း သတိပေးထားပါတယ်။
Source: WION.
အိန္ဒိယသို့ လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ဟာ အင်္ဂါနေ့က နယူးဒေလီမှာ တွေ့ဆုံခဲ့ပါတယ်။
#World_Politics
Published 22 August 2025
#တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ #အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 August 2025
၁။ ထိုင်းနှင့်ဩစတြေးလျခရီးသွားများလာရောက်လည်ပတ်
၂။ အေဂျင်စီ ၃၆၀ခန့်ကို မိသားစုလွှဲပို့ငွေ အထောက်အထားနှင့်ပတ်သက်၍ စိစစ်မည်
၃။ ဓာတ်ဆီဈေးပြန်တက် ဒီဇယ်ဈေးဆက်ကျ
၄။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ အိန္ဒိယသို့လာရောက်ကာမိုဒီနှင့်တွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုတစ်ပတ်အတွက်ရည်ညွှန်းဈေးတွေမှာ ဓာတ်ဆီဈေးပြန်တက်ပြီး ဒီဇယ်ဈေးဆက်ကျလာတယ်လို့စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုအပတ်အတွက် ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 22 August 2025
#ဓာတ်ဆီ # ဒီဇယ်
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံများသို့ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိအလုပ်သမား စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေ ရဲ့မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြဖို့ စိစစ်မှုကို သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ စိစစ်သွားမှာဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာန၏ Safe Migration က အသိပေးထားပါတယ်။
#Local_News
Published 22 August 2025
#အေဂျင်စီ၃၆၀ခန့် #Safe_Migration
#YMG/SW #Yangon_Times
ထိုင်းနဲ့ ဩစတြေးလျခရီးသွားတွေကျိုက်ထီရိုးဘုရားအပါအဝင် အခြားဒေသတွေကို လာရောက်လည်ပတ်ခဲ့ကြတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 22 August 2025
#ထိုင်းနှင့်ဩစတြေးလျခရီးသွား #ကျိုက်ထီရိုးဘုရား
#YMG/NN #Yangon_Times
#Local_News
Published 21 August 2025
▪️ ပြီးခဲ့တဲ့ ရက်ပိုင်းကရန်ကုန်အနီးလှုပ်ခတ်ခဲ့တဲ့ငလျင်ေတွကြောင့် အင်အားကြီးငလျင်လှုပ်ခတ်မှုမရှိနိုင်တော့ဘူးလို့ သုံးသပ်နိုင်တယ်လို့
မြန်မာနိုင်ငံငလျင်ကော်မတီဒုတိယဥက္ကဌ ဒေါ်ရီရီငြိမ်းကပြောပါတယ်။
▪️ "ခုရက်ပိုင်း လှုပ်ခတ်ခဲ့တဲ့ငလျင်တွေနဲ့ ပတ်သက်ရင် အကြမ်းဖျင်းနှစ်မျိုးပြောလို့ရပါတယ်။တစ်ခုက energy release ဖြစ်သွားတာကြောင့်အင်အားရစ်ခ်ျတာစကေး ၈/၉ရှိတာတွေမဖြစ်နိုင်တော့ဘူး။
ဒါပေမယ့်ရှေ့ပြေးငလျင်လို့ယူဆလိုက်ရင် တော့ ငလျင်ကြီးတစ်ခုဖြစ်လာနိုင်တယ်။"လို့ ဒေါ်ရီရီငြိမ်းကပြောပါတယ်။
▪️ မြန်မာနိုင်ငံမှာ ငလျင်ရပ်ဝန်းလေးခုရှိပြီး ငလျင်တွေဟာ အဲ့ဒီရပ်ဝန်းတွေမှာအမြဲလှုပ်နေကြဖြစ်ပေမယ့်လည်း ခုနောက်ပိုင်းမှသာ ပြည်သူလူထု အများစုက ငလျင်နဲ့ပတ်သက်တဲ့ အသိပညာပိုမိုတိုးပွားလာခြင်းနဲ့ ငလျင်အကြောင်းအရာကို အာရုံစိုက်လာကြတာဖြစ်တာကြောင့် ပိုမိုသတိထားမိလာကြတာဖြစ်တယ်လို့ သိရပါတယ်။
▪️ လက်ရှိလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့်ငလျင်အကြီးကြီး မလာနိုင်ပေမယ့်လည်းပဲခူးငလျင် Return Period နီးလာတာကြောင့် ရန်ကုန်မှာလည်း ငလျင်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။
▪️ ဒီလိုကြိုတင်ပြင်ဆင်ရခြင်းဟာလည်း ရန်ကုန်ဟာ လူဦးရေထူထပ်ပြီး မြေပျော့များတာကြောင့် ဆုံးရှုံးမှုများပြားနိုင်တာေကြာင်ြဖြစ်တယ်လို့ဆိုပါတယ်။
▪️ ဒါ့အပြင် ပင်လယ်ပြင် ဗဟိုပြုလှုပ်ခတ်တဲ့ငလျင်ကြောင့် ဆူနာမီကြီးဖြစ်လာဖို့ စိုးရိမ်နေတဲ့ ပြည်သူတွေအတွက် ဆူနာမီကြီးဖြစ်ပေါ်လာဖို့လည်းမရှိဘူးလို့ဆိုပါတယ်။
▪️ ဆူနာမီကြီးဖြစ်ပေါ်ဖို့ အဓိကအချက်သုံးချက်လိုအပ်ပြီး ပက်လယ်မြေအောက်ကြမ်းပြင်မှာအနည်းဆုံး ၇.၅ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီးလှုပ်ခတ်မှသာ ဆူနာမီကြီးဖြစ်နိုင်တယ်လို့ သိရပါတယ်။
#YMG/SW #Yangon_Times
Page 172 of 1918