လာမယ့် ဇူလိုင်လအတွင်းရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ်အစင်း၆၀ ဝင်ရောက်ဆိုက်ကပ်မယ်လို့မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။
#Local_News
Published 30 June 2025
#ကုန်သေတ္တာတင်ယာဉ် #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/SW #Yangon_Times
#Local_News
Published 30 June 2025
▪️ ယခုဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ ပုဇွန်မက်ထရစ်တန် (၁,၀၀၀)ကျော်တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနကသိရသည်။
▪️ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ပြည်ပသို့ ပုဇွန်မက်ထရစ်တန် ၁၂၇၃ ဒသမ၉၃၃ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၆၆ သန်း ရရှိထားကြောင်း သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုမှ ပုဇွန်မက်ထရစ်တန် ၁,၁၁၅ ဒသမ ၉၅၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၂ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၅၇ ဒသမ ၉၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာသုည ဒသမ ၈၅၄ သန်းရရှိခဲ့ကြောင်း သိရသည်။
▪️ ပြည်တွင်းမှ ပုစွန်အပါအဝင် ငါးစသည့်ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်မှုမှလည်းတိုက်ရိုက်တင်ပို့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 June 2025
▪️ ဘင်္ဂလားပင်လယ်အော်နှင့်ဆက်စပ် နေရာများတွင် ဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း၌ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ဇွန်လ ၃၀ ရက်နေ့၊ မနက် ၁၀ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရ ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေ ကြောင်းသိရသည်။
▪️ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်များမှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီးအမြင်တာ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်ရှိနိုင်ကြောင်း ၊ ရေပြင်လေမှာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင် ရှိပြီး လှိုင်းအခြေအနေမှာ လှိုင်းကြီး၍ အမြင့် ၁၁ ပေမှ ၁၃ ပေခန့် အထိရှိနိုင်ကြောင်း သိရသည်။
▪️ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပြီးအမြင်တာ၃မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်ရှိနိုင်ကြောင်း၊ ရေပြင်လေမှာ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်ရှိပြီး လှိုင်းအခြေအနေမှာ လှိုင်းကြီးနိုင်ကာလှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၃ ပေခန့်အထိရှိနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 30 June 2025
▪️ အီရန်နျူကလီးယားစက်ရုံများအနေနဲ့ အမေရိကန် ဗုံးကျဲတိုက်ခိုက်ခြင်းခံရပြီးနောက် လပိုင်းအတွင်းမှာပဲ အီရန်ဟာ ယူရေနီယံပါဝင်မှု မြှင့်တင်ထုတ်လုပ်ခြင်းလုပ်ငန်းတွေ ထပ်မံပြုလုပ်လာနိုင်တယ်လို့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက ပြောသွားပါတယ်။
▪️ နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA)လို့ခေါ်တဲ့ ဒီအဖွဲ့ဟာ နိုင်ငံအသီးသီးရဲ့ နျူကလီးယားအစီအစဉ်များ သဘောတူညီချက်အတိုင်း လိုက်နာခြင်းရှိမရှိ စစ်ဆေးရတာဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်မာရီယာနိုဂရော့စီက သောကြာနေ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာကို CBS က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့တာပါ။
▪️ ထိခိုက်မှုပြင်းထန်ခဲ့ပေမယ့် အလုံးစုံပျက်စီးတာမျိုးမဟုတ်ဘဲ အီရန်အနေနဲ့ နျူကလီးယားရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မယ့်သဘော ရှိတယ်လို့ ဂရော့စီက ယူဆပါတယ်။
▪️ အီရန်မှာ ရည်မှန်းချက် အလွန်ကြီးမားတဲ့အစီအစဉ်ရှိခဲ့ပြီး ယခုထိ ရှိနေနိုင်ကြောင်း၊ သူတို့မှာ ထုတ်လုပ်နိုင်တဲ့ အသိပညာရှိနေနိုင်ကြောင်း ပြောပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အခြားအရာရှိများကတော့ အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား အဓိကစက်ရုံကြီး ၃ ခုကို လုံးဝဖြိုခွင်းလိုက်ပြီလို့ ဆိုထားပါတယ်။
▪️ ဒါပေမဲ့ ထောက်လှမ်းရေးအေဂျင်စီရဲ့ ကနဦးတင်ပြချက်ထဲမှာ နျူကလီးယားစက်ရုံတွေဟာ ထိခိုက်မှုအနည်းငယ်သာ ရှိခဲ့ပြီး နျူကလီးယားအစီအစဉ်တွေကို လပိုင်းနဲ့ပင် ပြန်စတင်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
▪️ အီရန်ဟာ တိုက်ခိုက်မခံရခင်မှာ ပါဝင်မှုမြှင့်တင်ထားတဲ့ ယူရေနီယံတွေကို အခြားနေရာသို့ လျှို့ဝှက်ရွှေ့ပြောင်းထားခဲ့နိုင်တယ်လို့လည်း ဂရော့စီက ပြောပါတယ်။
▪️ IAEA နဲ့ အီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန်နဲ့ နိုင်ငံတကာမှ စစ်ဆေးရေးမှူးတွေလည်း ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အရေးကြီးနေတယ်လို့ ဂရော့စီက ပြောသွားပါတယ်။
#Source: NPR
#Local_News
Published_30 June 2025
▪️ ရုရှားနိုင်ငံရှိ ဗုဒ္ဒသာသာသမိုင်းကြောင်းများ၊ ဆင်းတုတော်များနှင့် ၂၀ ရာစုနှစ် အနုပညာရှင်တို့၏ လက်ရာများကို လေ့လာခံစားနိုင်သည့် Leo Bardamov ပြတိုက်သို့ နစက ဥက္ကဌသွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
▪️ ယင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူဇနီးဒေါ်ကြူကြူလှ သည် ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးဒေါ်နီလာနှင့်အဖွဲ့ဝင်များ လိုက်ပါခဲ့ကြ ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ် ဒုတိယအကြီးအကဲ Ms. Evgenia Yurievna Ludupova နှင့် Leo Bardamov ပြတိုက် မှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကာလိုက်လံရှင်းလင်းပြခဲ့ကြကြောင်း သိရသည်။
▪️ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် Leo Bardamov ပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်ပြတိုက်တာဝန်ရှိသူတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြကြောင်း သိရသည်။
▪️ အဆိုပါ Leo Bardamov ပြတိုက်သည် အူလန်အူဒယ်မြို့တွင်တည်ရှိပြီး ရှေးခေတ် ဆိုဗီယက်လူမျိုးတို့၏ ယဉ်ကျေးမှုအနုပညာလက်ရာများ၊ သမိုင်းကြောင်းများနှင့် စာပေများကိုလေ့လာနိုင်သည့်အပြင် ဗုဒ္ဒသာ သာနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဆင်းတုတော်များနှင့် ၂၀ ရာစုနှစ် အနုပညာရှင်တို့၏ လက်ရာများကို လေ့လာခံစားနိုင်ကြောင်း၊ နေ့စဉ် ၁၁၀၀ နာရီမှ ၁၉၀၀ နာရီအထိဖွင့်လှစ်ပြီး ပြတိုက်အတွင်း၌ စာပေယဉ်ကျေးမှု၊ ပန်းချီများ၊ အသုံးအဆောင်များစသည့် အနုပညာလက်ရာ အမျိုးအစားပေါင်း ၅,၀၀၀ ကျော်ပြသထားရှိကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 30 June 2025
▪️ သံလွင်ဆီမှာပါဝင်တဲ့ အိုလစ်အက်ဆစ်ဟာ ခန္ဓာကိုယ်ထဲက အဆီဆဲလ်ကြီးထွားမှုကို အလွန်အားပေးပြီး အဝလွန်ခြင်းကို ဖြစ်စေနိုင်တယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ အဆီများတဲ့ အစားအစာတွေကို အလွန်အကျွံစားခြင်းက အဝလွန်စေတာလား ဒါမှမဟုတ် ဖက်တီးအက်ဆစ်တွေက ဝစေတာလားဆိုတာကို အုက်လာဟိုမာဆေးကောလိပ်တက္ကသိုလ်မှ လက်ထောက်ပရော်ဖက်ဆာ မိုက်ကယ်ရူဒေါ့ဖ်က ပြောပါတယ်။
▪️ ဓာတ်ခွဲခန်းထဲက ကြွက်တွေကို အုန်းဆီ၊ ပဲဆီ၊ နို့၊ ပဲပိစပ်ဆီတို့မှာ တွေ့ရတဲ့ အမျိုးမျိုးသော အဆီတွေပါဝင်တဲ့ စားစရာများကို ကျွေးခဲ့ပါတယ်။
▪️ သံလွင်ဆီနဲ့ အဆင့်ဆင့်ထုပ်ပိုးစားစရာတွေမှာ ပေါများစွာပါဝင်တဲ့ အိုလစ်အက်ဆစ်ကသာ အဆီဆဲလ်တွေ ပွားများခြင်းကို မြင့်မားစေတာ တွေ့ခဲ့ရပါတယ်။
▪️ အဆီဆဲလ်တွေ ပိုများလာရင် အဆီတွေပိုစုလာပြီး ခါးပိုတုတ်လာစေပါတယ်။
▪️ အိုလစ်အက်ဆစ်က စစချင်းမှာ အဆီဆဲလ်တွေ မြင့်တက်လာစေကာ အလွန်များလာတဲ့အခါ အဆီဆဲလ်တွေ များလာစေပြီး အဝလွန်စေပြီးတော့ နှလုံးသွေးကြောရောဂါများ ဆီချိုရောဂါများ ဖြစ်လာစေနိုင်ပါတယ်။
▪️ အိုလစ်အက်ဆစ် မျှတတဲ့ပမာဏဆိုရင် အကျိုးပြုပေမယ့် ပမာဏကြာရှည်စွာ များလာရင်တော့ ရောဂါအန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါပေမဲ့လည်း သံလွင်ဆီဟာ အဆီတွေထဲမှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ်ပြီး ညီညွတ်မျှတစွာ စားသုံးရင် အကျိုးကျေးဇူးများ ရနိုင်တာကို မှတ်သားသင့်ပါတယ်။
#Source: New York Post
#World_Health
Published 30 June 2025
▪️ အိန္ဒိယမြောက်ပိုင်းပြည်နယ်တွေမှာ အပူလှိုင်းအန္တရာယ်များ ဆက်ရှိနေပြီး အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်နေကာ အစိုးရက အဲကွန်းအပူချိန်နဲ့ ပတ်သက်ပြီး ချိန်ညှိမှုတွေပြုလုပ်ဖို့ စီစဉ်လာပါတယ်။
▪️ ပြည်ထောင်စုအိုးအိမ်နဲ့ မြို့ပြရေးရာဝန်ကြီး မနိုဟာလယ်ခက်တာက အဲကွန်းစံနှုန်းအပူချိန်သတ်မှတ်ချက်တစ်ခု မကြာခင်ချမှတ်သွားမယ်လို့ ကြေညာထားပါတယ်။
▪️ စည်းမျဉ်းသစ်အရ အဲကွန်းအသုံးပြုသူတွေဟာ အပူချိန် ၂၀ ဒီဂရီအောက်နဲ့ ၂၈ ဒီဂရီအထက်မှာ ထားရှိလို့ရမှာ မဟုတ်ပါဘူး။
▪️ ဒါဟာ စွမ်းအင်အလွန်အကျွံသုံးစွဲခြင်းကို ကန့်သတ်ဖို့နဲ့ ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချဖို့ ရည်ရွယ်ကာ အဆောက်အအုံတွေရော ယာဉ်တွေမှာပါ သက်ရောက်စေမှာ ဖြစ်ပါတယ်။
▪️ ဒါက ရာသီဥတု စိုးရိမ်ရခြင်းနဲ့ စွမ်းအင်လိုအပ်ချက် များပြားလာတဲ့အပေါ် တုံ့ပြန်ဆောင်ရွက်တာဖြစ်သလို ပူပြင်းတဲ့နွေရာသီကာလတွေမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုစေမယ့် ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆရာဝန်တွေ ပြောပါတယ်။
▪️ အဲကွန်းအပူချိန်အေးလွန်းအောင် ထားလိုက်ရင် ခန္ဓာကိုယ်ရဲ့ အပူထိန်းညှိနိုင်စွမ်း ထိခိုက်စေသလို ရုတ်တရက် ပူပြင်းတဲ့အပြင်ဘက်ကို ထွက်လိုက်ရင် အပူလျှပ်တာမျိုး ဖြစ်တတ်ပါတယ်။
▪️ ဒေါက်တာချက်တာဂျီက လူအများစုအတွက် ဖြစ်သင့်တဲ့အပူချိန်က ၂၂ ဒီဂရီနဲ့ ၂၄ ဒီဂရီဆဲလ်စီးယပ်စ်ကြား ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ညအိပ်တဲ့အခါမှာဆိုရင် ချမ်းအေးတဲ့အပူချိန်ထက်စာရင် အနည်းငယ်နွေးတဲ့ အနေအထားက ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အိပ်စက်မှုကို အားပေးပါတယ်။
▪️ အလွန်အေးမြစေတဲ့ အဲကွန်းအပူချိန်ထားခြင်းကို လျှော့ချခြင်းဖြင့် လျှပ်စစ်မီတာခ သက်သာစေနိုင်တဲ့အပြင် နွေရာသီလိုကာလမျိုးမှာ လျှပ်စစ်စွမ်းအင်အသုံးများခြင်းကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
#Source: India Today
၂၈ ဇွန် ၂၀၂၅
ကမ္ဘာ့ ဒုတိယမြောက် အချမ်းသာဆုံးနှင့် အမေဇုန်တည်ထောင်သူ ဂျက်ဘီဇိုဟာ လောရင်း ဆန်ရှက် ဘီဇိုနှင့် စနေနေ့က လက်ထပ်လိုက်ပါတယ်။ လက်ထပ်ပွဲအခမ်းအနားကို အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ၃ ရက်တိတိကျင်းပခဲ့ပြီး ကမ္ဘာ့အကျော်အမော်များစွာတက်ရောက်ခဲ့ပါတယ်။
လောရင်းဆန်ရှက်ဟာ သတင်းစာဆရာမတစ်ဦးဖြစ်ခဲ့ပြီး လိုင်စင်ရ လေယာဉ်မှူး၊ စာရေးဆရာနှင့် ပရိဟိတသမားတစ်ဦးလည်းဖြစ်ပါတယ်။
သူတို့ဟာ အီတလီနိုင်ငံ ဗင်းနစ်မြို့ကြီးက ဆန်ဂျော်ဂျီယို မက်ဂီယိုကျွန်းပေါ်မှာ ဇွန်၂၇ ရက်က တစ်သီးတစ်သန့် လက်ထပ်ပွဲပြုလုပ်ခဲ့ပြီး အဲဒီပွဲကို အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော် ၂၀၀ခန့် တက်ရောက်ခဲ့ကြ ပါတယ်။
လက်ထပ်ပါတီပွဲ နောက်ဆုံးနေ့ကိုတော့ ဇွန် ၂၈ရက်က သမိုင်းဝင် မီဒီဗယ်သင်္ဘောကျင်းမှာကျင်းပ ခဲ့ပါတယ်။အဲဒီသင်္ဘောကျင်းဟာ ၁၃ရာစုခေတ် တော်ဝင်သင်္ဘောကျင်းကြီးတစ်ခုဖြစ်ပါတယ်။

သုံးရက်တာ လက်ထပ်ပွဲရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း၅၀ နှင့် ၅၆ သန်းအကြားရှိပါတယ်။ လက်ထပ်ပွဲတက်လာသူတွေကို ဇိမ်ခံဟိုတယ်ကြီးတွေမှာ တည်းခိုစေပြီး Usher လို အနုပညာ ရှင်တွေကလည်း ဖျော်ဖြေခဲ့ကြပါတယ်။
သတို့သမီး ဆန်ရှက်ဟာ Houseboat ဇာတ်ကားထဲက မင်းသမီးကြီး ဆိုဖီယာလောရင်းရဲ့ ဝတ်စုံကို အတူယူထားတဲ့ Dolce & Gabbana သတို့သမီးဝတ်စုံကို ဆင်မြန်းထားပါတယ်။အဲဒီဝတ်စုံအတွက် ဖန်တီးတာ နာရီပေါင်း ၉၀၀ ကြာခဲ့တယ်လို့ဆိုပါတယ်။ ဘီဇိုကတော့ ဂန္တဝင်စတိုင် tuxedo အနက်ရောင်ဝတ်စုံဝတ်ဆင်ခဲ့ပါတယ်။
တက်ရောက်လာကြတဲ့ အကျော်အမော်တွေဟာ နယ်ပယ်အသီးသီးဖြစ်တဲ့ ဖျော်ဖြေရေး၊ အားကစား နှင့် စီးပွားရေးနယ်ပယ်တွေက ထိပ်တန်း အထင်ကရတွေဖြစ်ကြပါတယ်။ဟောလီဝုဒ်ကဆိုရင် မင်းသား လီယို နာဒိုဒီကာပရီယို၊အိုလန်ဒိုဘလွမ်း၊အိုပရောဝင်းဖရေး၊ဂေလီကင်းတို့လို နာမည်ကြီးတွေ တက်ရောက်ခဲ့ကြ ပါတယ်။
ရုပ်သံ Royalty အစီအစဉ်တွေက ကရစ်ဂျင်နာ၊ကမင်ကာဒက်ရှန်၊ကလို ကာဒက်ရှန်။ ကင်ဒဲလ် နှင့် ကီလီ ဂျင်နာတို့ပါဝင်ကြပါတယ်။
အားကစားနှင့် ဂီတနယ်ပယ်ကဆိုရင် တွမ် ဘရန်ဒီ၊ Usher တို့ပါဝင်ကြပါတယ်။
စီးပွားရေးနှင့်နိုင်ငံရေးနယ်ပယ်တွေထဲက ဘီလ်ဂိတ်၊ အင်ဗန်ကာထရမ့်၊ ဂျားကူရှ်နာ၊ ဂျော်ဒန်ဘရင်မ ရာနီယာတို့တက်ရောက်လာကြပါတယ်။
ဘီဇိုလက်ထပ်ပွဲကို “ဘီဇိုအတွက်နေရာမရှိ” ဆိုတဲ့ခေါင်းစဉ်နှင့် လူအချို့က ဗင်းနစ်မှာ ကန့်ကွက်ခဲ့ကြပါ သေးတယ်။
လက်ထပ်ပွဲဟာ ချမ်းသာခြင်းမညီမျှမှု၊ ရာသီဥတုကွာခြားမှုနှင့် အလွန်အကျွံခရီးသွားလုပ်ငန်းတို့ရဲ့ အမှတ်သင်္ကောတေဖြစ်တယ်ဆိုပြီး သူတို့ကဝေဖန်ကြပါတယ်။
Source: News Wires

#World_Science
Published 29 June 2025
▪️ နာဆာပတ်လမ်းကြောင်းဂြိုဟ်တုတစ်ခုကနေ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ပေါ်မှ မီးတောင်ကြီးတစ်ခုရဲ့ ဓာတ်ပုံကို ရိုက်ကူးရရှိခဲ့ပါတယ်။
▪️ ဒီပုံကို မေလ ၂ ရက်နေ့က နာဆာရဲ့ Mars Odyssey ဂြိုဟ်တုယာဉ်ကနေ ရိုက်ကူးမိခဲ့ကာ မားစ်ဂြိုဟ်ပေါ်မှ အကြီးမားဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်တဲ့ Arsia Mons ကို တွေ့ရှိခဲ့ပါတယ်။
▪️ ဓာတ်ပုံထဲမှာဆိုရင် မီးတောင်က ၁၂ မိုင်မြင့်မားပြီး အာရုံတက်ချိန်မတိုင်ခင် တိမ်တိုက်တွေထဲကနေ မြင်တွေ့နိုင်ပါတယ်။
▪️ Arsia Mons နဲ့အတူ နောက်ထပ်မီးတောင်နှစ်ခုတို့ဖြင့် Tharsis Mountain တွေ ဖြစ်ပေါ်နေပါတယ်။
▪️ ဒီဂြိုဟ်ရဲ့ မိုးကုတ်စက်ဝိုင်းပေါ်ကနေ မီးတောင်တစ်ခုရဲ့ ပုံရိပ်ကို ရိုက်ကူးမိတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ နာဆာက ပြောပါတယ်။
▪️ ယခု မားစ်ဂြိုဟ်ကို ကြည့်တဲ့ရှုထောင့်ဟာ နိုင်ငံတကာ အာကာသစခန်းကနေ ကမ္ဘာဂြိုဟ်ကို ကြည့်တဲ့ရှုထောင့်နဲ့ တူညီပါတယ်။
▪️ Odyssey ဂြိုဟ်တုဟာ မားစ်ဂြိုဟ်မျက်နှာပြင် လေ့လာဖို့အတွက် ၂၀၀၁ ခုနှစ်က လွှတ်တင်ခဲ့ပြီး အချိန်အကြာဆုံးလည်ပတ်နေတဲ့ အာကာသဂြိုဟ်တုတစ်ခု ဖြစ်ပါတယ်။
▪️ ၂၀၂၃ မှာ မားစ်ဂြိုဟ်မိုးကုတ်စက်ဝိုင်းမှ အမြင့်ပေအထက်မာရှိတဲ့ ပုံရိပ်တွေကို စတင်ရှာဖွေရိုက်ကူးလာရာ ထူးခြားဆန်းပြားတဲ့ ပုံရိပ်တွေကိုရိုက်ကူးမိဖို့ ၉၀ ဒီဂရီ လှည့်ပတ်နေပါတယ်။
▪️ ဒီလိုရှုထောင့်ကနေဆိုရင် ရာသီအလိုက် ပြောင်းလဲမှုများနဲ့ တိမ်တိုက်တွေ အမှုန်တွေကို ကောင်းစွာမြင်စေနိုင်ပါတယ်။
▪️ ဒီလိုပုံရိပ်တွေကနေ ရာသီအလိုက်ပြောင်းလဲမှုများကို မြင်တွေ့နိုင်ပြီး မားစ်ဂြိုဟ်လေထုမှာ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ အရိပ်အယောင်တွေ မြင်တွေ့ရစေတယ်လို့ နာဆာဂြိုဟ်တုသိပ္ပံပညာရှင် မိုက်ကယ်စမစ်က ဖော်ပြထားပါတယ်။
#Source: ABC News
#World_Health
Published 29 June 2025
▪️ မီးခိုးငွေ့တွေမှာ အမှုန်တွေ၊ ဓာတ်ငွေ့တွေ၊ အစအနတွေ ပါဝင်နေပြီး ပါဖလိုရိုအယ်ကိုင်း၊ ပိုလီဖလိုရိုအယ်ကိုင်းပစ္စည်းများ (PFAS)၊ အဆိပ်သင့်သတ္တုများ၊ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းများနဲ့ ထိတွေ့တဲ့အခါ လူတွေရဲ့ ဆဲလ်အဆင့်ကနေ ကိုယ်ခံအားစနစ်ကို ပြောင်းလဲနိုင်ဖွယ်ရှိတယ်လို့ Harvard T.H. Chan ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီများ လေ့လာတွေ့ရှိခဲ့ပါတယ်။
▪️ မီးခိုးငွေ့တွေဆိုတာက အသက်ရှူလမ်းကြောင်း၊ နှလုံး၊ အာရုံကြောတို့ကို ထိခိုက်စေပြီး ကိုယ်ဝန်ဆောင်တွေမှာလည်း ဒုက္ခရောက်စေနိုင်တယ်ဆိုတာ သိရှိထားပြီးဖြစ်ကြောင်း ပတ်ဝန်းကျင်ကျန်းမာရေးဌာနမှ ပရော်ဖက်ဆာ ဂျွန်ရော့ခ်၊ ကာရီနာဒူတို့က ဖော်ပြထားပါတယ်။
▪️ မီးခိုးငွေ့တွေနဲ့ ထိတွေ့ရတဲ့ မီးသတ်သမားတွေနဲ့ အရပ်သား ၃၁ ဦး၊ မီးခိုးငွေ့မထိတွေ့သူ ၂၉ ဦးတို့ထံမှ သွေးနမူနာများ ရယူခဲ့ကြပြီး ဘယ်သူမှ ရောဂါလက္ခဏာတွေ မရှိခဲ့ကြပါဘူး။
▪️ မီးခိုးငွေ့ထိတွေ့သူတွေမှာ ဆဲလ်အဆင့် ပြောင်းလဲမှုအများအပြား တွေ့ခဲ့ကြပါတယ်။
▪️ ဓာတ်မတည့်ခြင်း၊ ရင်ကြပ်ခြင်းတို့နဲ့ ဆက်စပ်တဲ့ မျိုးဗီဇပစ္စည်း ၁၃၃ ခုမှာ ပြောင်းလဲကြသလို ကိုယ်ခံအားဆဲလ်အများစုက မာကျူရီ၊ ကဒ်မီယံတို့လို အဆိပ်သင့်သတ္တုတွေနဲ့ ပေါင်းစည်းနေကြပါတယ်။
▪️ မီးခိုးငွေ့တွေကြောင့် ကိုယ်ခံအားစနစ် ပျက်ယွင်းတဲ့အကြောင်းကို စောစီးစွာ သိရှိနိုင်ရင် ဒီလိုသက်ရောက်မှုတွေကို လျှော့ချကာကွယ်နိုင်မယ့် နည်းလမ်းသစ်တွေ သိရှိလာနိုင်မယ်လို့ ဦးဆောင်သုတေသီ မယ်ရီဂျွန်ဆန်က ပြောပါတယ်။
▪️ မီးခိုးငွေ့ထိတွေ့ခြင်းက ခန္ဓာကိုယ်ထိခိုက်စေပုံကို သိရှိခြင်းဖြင့် တောမီးလောင်ကျွမ်းတဲ့ ဖြစ်စဉ်တွေမှာ ထွက်ပြေးတိမ်းရှောင်ကြဖို့ အသိရှိလာမှာ ဖြစ်ပြီး မီးခိုးငွေ့ဘယ်လောက်ပမာဏက အဆိပ်အတောက်ဖြစ်စေလဲဆိုတာကို ထပ်မံသုံးသပ်သွားဦးမယ်လို့ နာဒူက ပြောသွားပါတယ်။
#Source: Harvard T.H. Chan
ဂါဇာမှာ အစ္စရေးလ်တို စစ်ရေးဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ကြမလဲဆိုတဲ့အပေါ် သဘောထားကွဲလွဲနေတဲ့အချိန်မှာ ဥရောပသမဂ္ဂမှ နိုင်ငံခြားရေးဝန်ကြီးများ ဘရူဆဲလ်မြို့မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ကြပါတယ်။
#World_News
Published 28 June 2025
#ဂါဇာအရေးတုံ့ပြန်ဆောင်ရွက်ချက်များ #နိုင်ငံခြားရေးဝန်ကြီး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 June 2025
၁။ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း၌ အသက်ဆုံးရှုံးစေနိုင်သည့် ရောဂါများကိုတိုက်ဖျက်ရန် သြစတြေးလျက ဒေါ်လာ ၃၈၆ သန်း ပံပိုးပေးမည်
၂။ သွင်းအားစုများအား သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူမည်
၃။ ဇူလိုင် ၃ရက်နေ့အထိမိုးရွာပြီး ဒေသအချို့၌ မြေပြိုခြင်းနှင့် လျှပ်တစ်ပြက်ရေကြီးခြင်းများရှိနိုင်
၄။ ဂါဇာအရေးတုံ့ပြန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 168 of 1858