#Local_News
Published 27 August 2025
▪️ မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရတို့အကြား
သံအဖွဲ့(သို့မဟုတ်)ကောင်စစ်ဝန်ရုံးတို့မှ အဖွဲ့ဝင်များ၏ မှီခိုသူမိသားစုဝင်များကို အကျိုးအမြတ်ရှိသော အလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယခုလ(၂၆)ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည်။
▪️ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါသဘောတူညီချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ရှေ့မှောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နှစ်နိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
▪️ ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ခိုင်မာသည့်ဆက်ဆံရေးနှင့်မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကိုဖော်ပြလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 August 2025
▪️ ယနေ့မနက်အစောပိုင်းမှစတင်၍ တပ်ကုန်းမြို့နယ်အပါအဝင် ဒေသအချို့၌ ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။
▪️ နေပြည်တော် တပ်ကုန်းမြို့နယ် လက်ပံပုကျေးရွာ ၊ဗျိုင်းအင်းကျေးရွာ၊ရှောက်ကုန်းကျေးရွာ တစ်ဝိုက်၌ နေရာကွက်၍ မိုးကြီးခဲ့သည့်အတွက် လျှပ်တပြက် ရေကြီး၊ရေလျှံခြင်းများဖြစ်ပေါ်ခဲ့ရသည့်အပြင် ရွှေညောင်မြို့နယ်၌ လည်း နမ့်ကွတ်ချောင်းရေမြင့်တက်နေကြောင်းသိရသည်။
▪️ ' ဒီနေ့ နေ့လည် တောင်ကြီး၊ ဟိုပုံး၊ ဘန်းယဉ်လဲ မိုးအလွန်များဦးမယ် ၊ကံကောင်းတာ အဲ့ဒီ နီညိုရောင်မိုးတိမ်တိုက်ကြီးက အရှေ့ဘက်ကိုရွေ့ပြီး အင်းလေးဘက်ကို မရောက်တော့ဘူး၊ ဒါကြောင့်အင်းလေးမှာမိုးအလွန်များနိုင်တာတော့ သက်သာသွားမယ် 'ဟု မိုးလေဝသပြင်ပ ပညာရှင်ဦးဝင်းနိုင်က သုံးသပ်ထားသည်။
▪️ ထို့အပြင် ယနေ့မနက်အစောပိုင်း၌ မုန်တိုင်းအကြွင်းအကျန် စဝင်လာခြင်းဖြစ်၍ မြန်မာပြည်အရှေ့ပိုင်းရှိ ပြည်နယ်နှင့်တိုင်းအားလုံး သတိထားကြရမည်ဖြစ်ပြီး (၂၉) ရက်နေ့ကျော်ပါက မိုးပြန်လျော့နည်းသွားနိုင်ပြီး အရှေ့ဘက်မှ လေဖိအားနည်းရပ်ဝန်းအသစ် (၁) ခု ကြောင့် စက်တင်ဘာ လဆန်းပိုင်း (၁) ရက် မှ (၅) ရက်ခန့်အထိ မိုးတကြိမ်ပြန်များနိုင်မည် ဖြစ်ကြောင်းဆိုထားသည်။
▪️ ယမာန်နေ့ကလည်း အင်းလေးရှိဟတ်ပုံးကျေးရွာ၌လေပြင်းမုန်တိုင်းကြောင့် အိမ်ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်းလေးဒေသအခြေစိုက် ပရဟိတအသင်းများမှ သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင် နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေ ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 August 2025
▪️ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ယနေ့မနက်ပိုင်းတွင် မိုးကြီးပြီးရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ရကြောင်းသိရသည်။
▪️ ဩဂုတ်(၂၇) ရက်နေ့၊မနက် ၅ နာရီ၅၀ မိနစ်အချိန်ခန့်က နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ပင်သာကျေးရွာနှင့် ဗျိုင်းအင်းကျေးရွာ၊ အောင်ဇေယျဘုရားအနီးရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် ဥတ္တရခရိုင်မီးသတ်စခန်းနှင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် စက်လှေ(၄)စီးတို့ဖြင့် ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် မနက် ၁၀နာရီ ၄မိနစ် အချိန်တွင်လည်း ရှောက်ကုန်းကျေးရွာတွင် ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နေပြည်တော်မီးသတ်ဦးစီးမှူးဦးဆောင်၍ သူနာတင်ယာဉ်(၁)စီး၊ စက်လှေ(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတမှ စက်လှေ(၂)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ပေးခြင်းနှင့် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 August 2025
▪️ လူမှုရေးပင်စင်အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ်များ
အတွက် ထောက်ပံ့ငွေများကို စက်တင်ဘာလ( ၁ )ရက်တွင် စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
▪️ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုရှိ လူမှုရေးပင်စင်အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူများအား သက်ဆိုင်ရာ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် စက်တင်ဘာလ(၁)ရက်မှ နိုဝင်ဘာလ (၂၈)ရက်အထိ ထောက်ပံ့ငွေများကို ထုတ်ပေးသွားမည်ဖြစ်ရာ အကျိုးခံစားခွင့်ရှိသူ ကိုယ်တိုင်သို့မဟုတ် ကိုယ်စားလှယ်များမှ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)ယူဆောင်ပြီး ထောက်ပံ့ငွေများ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ MCCT အစီအစဉ်တွင်အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် စက်တင်ဘာလ(၂၂)ရက်မှ ဒီဇင်ဘာလ(၂၂)ရက်အထိ ထောက်ပံ့ငွေများ ထုတ်ပေးသွားမည်ဖြစ်ရာအကျိုးခံစားခွင့်ရှိသူ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်များမှ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)ယူဆောင်ပြီး ထောက်ပံ့ငွေများ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 27 August 2025
▪️ ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ခံစားရသူအချို့မှာ ပါကင်ဆန်ရောဂါ၊ လေဖြတ်လူနာတွေမှာ ဖြစ်သလိုမျိုး ပင်ပန်းနွမ်းနယ်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နေထိုင်မှုဘဝကျဆင်းတို့ ခံစားနေရတယ်လို့ သုတေသီတွေ တွေ့ရှိထားပါတယ်။
▪️ ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ သက်သာလာသူ အများအပြားမှာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ ခံစားနေရတယ်လို့ WHO က ဖော်ပြထားပါတယ်။
▪️ နောက်ဆက်တွဲလက္ခဏာတွေက သာမန်တင်မကဘဲ လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝတွေကိုပါ သက်ရောက်နေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ကိုဗစ်ကူးစက်ခဲ့ဖူးပြီး နောက်ပိုင်းမှာ နောက်ဆက်တွဲလက္ခဏာ ခံစားရသူ ၁၂၁ ဦးကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ အဆင်မပြေမှုအတိုင်းအတာကို မေးမြန်းခဲ့ကြပါတယ်။
▪️ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေက နေထိုင်မှုအခြေအနေနဲ့ အခြေခံလုပ်ဆောင်နိုင်စွမ်းရည်တို့မှာ သိသိသာသာ ကျဆင်းနေတာ တွေ့ခဲ့ကြပါတယ်။
▪️ လတွေနှစ်တွေတိုင်အောင် နေ့စဉ်လုပ်ဆောင်မှုတွေမှာ ခက်ခဲခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
▪️ ယခင်တည်းက ကျန်းမာရေးမကောင်းသူတွေမှာ သက်ရောက်မှုပိုပြီးကြီးမားကြောင်း သတိပေးထားပါတယ်။
▪️ နောက်ဆက်တွဲလက္ခဏာခံစားရသူ လူနာများကို ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး၊ သုတေသနလုပ်ငန်းတွေမှာ ပိုမိုအားထုတ်ကြဖို့ သုတေသီများ တောင်းဆိုထားပါတယ်။
Source: Independent
#World_Health
Published 27 August 2025
▪️ အသင့်ပြုတ်စားခေါက်ဆွဲတွေက ဈေးသက်သာကာ အလွယ်တကူပြုတ်စားနိုင်သလို ဩစတြေးလျမှာဆိုရင် အသင့်ပြုတ်စားခေါက်ဆွဲဈေးကွက်ကြီးထွားလာပါတယ်။
▪️ ခေါက်ဆွဲတစ်ထုပ်ဆိုရင် ဈေးအလွန်သက်သာပြီး မိနစ်ပိုင်းအတွင်း ပြင်ဆင်စားသုံးနိုင်ကာ ကြာရှည်အထိန်းသိမ်းခံပါတယ်။
▪️ အချို့ခေါက်ဆွဲအမှတ်တံဆိပ်တွေဆိုရင် အမှတ်တရတွေဆီ ပြန်လည်ခေါ်ဆောင်တဲ့အထိ အနံ့အရသာအမျိုးမျိုး ထုတ်လုပ်နေကြပါတယ်။
▪️ အာဟာရတန်ဖိုးအနေနဲ့ကတော့ ခေါက်ဆွဲတစ်ထုပ်မှာဆိုရင် ဂျုံခေါက်ဆွဲနဲ့ အနံ့အရသာမှုန့်ထုပ်လေးတွေ ပါဝင်ပါတယ်။
▪️ သာမန်အားဖြင့်တော့ ခေါက်ဆွဲထုပ်တွေမှာ ဆိုဒီယံ ၆၀၀ မှ ၁၅၀၀ မီလီဂရမ်ပါဝင်ကာ WHO မှ သတ်မှတ်ထားတဲ့ တစ်နေ့ကို ဆိုဒီယံစားသုံးသင့်တဲ့ပမာနဲ့ အလွန်နီးကပ်သွားပါတယ်။
▪️ ဆိုဒီယံများလွန်းရင် နှလုံးနဲ့ ကျောက်ကပ်တို့ ဒဏ်ဖြစ်စေနိုင်ပါတယ်။
▪️ အသင့်ပြုတ်စားခေါက်ဆွဲတွေမှာ ပရိုတိန်းနည်းပါးကာ သန့်စင်ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တာကြောင့် စားပြီးရင် ဗိုက်ပြည့်စေနိုင်ပေမယ့် ခဏသာခံပါတယ်။
▪️ ခန္ဓာကိုယ်လုပ်ဆောင်ချက် ပုံမှန်ဖြစ်စေမယ့် ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေလည်း နည်းပါးပါတယ်။
▪️ တစ်ခါတလေမှ ခေါက်ဆွဲစားတာက အန္တရာယ်မဖြစ်စေပေမယ့် အဓိကစားစရာအနေနဲ့ဆိုရင်တော့ ရေရှည်မှာ စိုးရိမ်စရာရှိပါတယ်။
▪️ တောင်ကိုရီးယားလေ့လာချက်တစ်ခုမှာ အသင့်ပြုတ်စားခေါက်ဆွဲတွေ မကြာခဏစားတဲ့သူတွေမှာ နှလုံးရောဂါ၊ ဆီးချိုနဲ့ အခြားပြဿနာများ ဖြစ်နိုင်ခြေများပါတယ်။
▪️ ဒါကြောင့် ဒီလိုခေါက်ဆွဲတွေကို အဓိကအစားအစာအနေနဲ့ မဟုတ်ဘဲ ရံဖန်ရံခါစားသုံးရင်တော့ ကိစ္စမရှိပါဘူး။
Source: Indian Express.
တရုတ်စက်ရုပ်လုပ်ငန်းကဏ္ဍတွေမှာ လူသားပုံစံစက်ရုပ်တွေကို စမ်းသပ်ခန်းတွေထဲကနေ လက်တွေ့အသုံးချမှုဆီ လျင်မြန်စွာပြောင်းလဲကျင့်သုံးလာပါတယ်။
#Asia_Technology
Published 26 August 2025
#တရုတ်စက်ရုပ် # လူသားပုံစံစက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
ဘေဂျင်း၊ သြဂုတ် ၂၆ (ရိုက်တာ) - သမ္မတ ရှီကျင့်ဖျင်သည် ဒေါ်နယ်ထရမ့်ခေတ်တွင် ကမ္ဘာ့တောင်ပိုင်း နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို အားပြသည့် အစွမ်း ထက်သော ပြသမှုတစ်ခုအဖြစ် နောက်အပတ်တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် ဒေသဆိုင်ရာ လုံခြုံရေးဖိုရမ်တစ်ခုသို့ ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော်ကို စုစည်းမည်ဖြစ်သည်။တစ်ချိန်တည်းတွင် ပိတ်ဆို့အရေးယူမှုခံရသည့် ရုရှားနိုင်ငံအား သံတမန်ရေးအရ အာဏာသိမ်းထားမှုမှ ထပ်မံ ဆွဲထုတ်ရန် ကူညီပေးမည်ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်အပြင်၊ အလယ်အာရှ၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှနှင့် အရှေ့တောင် အာရှမှ ခေါင်းဆောင်များကို သြဂုတ် ၃၁ မှ စက်တင်ဘာ ၁ ရက်အထိ တရုတ်နိုင်ငံ၊ မြောက်ပိုင်း ဆိပ်ကမ်းမြို့ တီယန်ကျင်းတွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားထားသည်။
ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်န္ဒြာမိုဒီသည် ၂၀၂၀ ခုနှစ်တွင် သေဆုံးမှုများ ဖြစ်ပေါ် ခဲ့သော နယ်စပ်ပဋိပက္ခများကြောင့် တင်းမာနေသော ဆက်ဆံရေးကို ထပ်မံလျှော့ချရန် ကြိုးပမ်းနေသည့် အိမ်နီးချင်းနှစ်နိုင်ငံအနေဖြင့် သူသည် ခုနစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ လာ ရောက် မည်ဖြစ်သည်။
ယူကရိန်းစစ်ပွဲအတွင်း အနောက်နိုင်ငံခေါင်းဆောင်များက ရုရှားခေါင်းဆောင်ကို ကျောခိုင်းခဲ့ကြသည့် အခြေအနေရှိနေသော်လည်း မိုဒီသည် ယမန်နှစ်က ရုရှားနိုင်ငံ၊ ကာဇန်မြို့တွင် ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖျင်၊ ပူတင်တို့နှင့်အတူ စင်မြင့်တစ်ခုတည်းအပေါ်တွင် နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့သည်။
နယူးဒေလီရှိ ရုရှားသံရုံးအရာရှိများက တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့၏ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို မကြာမီ ကျင်းပရန် မျှော်လင့်ထားကြောင်း ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။
"ရှီသည် ထိပ်သီးအစည်းအဝေးကို အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာအစဉ် အလွန်တွင် မည်သည့်ပုံစံစတင် ဖြစ်လာသည်ကို ပြသရန် အခွင့်အလမ်းတစ်ခုအဖြစ် အသုံးပြုလိုပြီး၊ ဇန်နဝါရီ လမှစတင်ကာ တရုတ်၊ အီရန်၊ ရုရှားနှင့် ယခုအိန္ဒိယတို့ကို ထိန်းချုပ်ရန် အိမ်ဖြူတော်က လုပ်ဆောင် ခဲ့သော ကြိုးပမ်းမှုများသည် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိကြောင်း ပြသရန် လိုလားသည်" ဟု The China-Global South Project သုတေသနအေဂျင်စီ၏ အယ်ဒီတာချုပ် အဲရစ်အိုလန်ဒါက ပြောကြားသည်။
Source Reuters
#Daily_News
Published 26 August 2025
၁။ မြစ်ကြီးနားတွင် အပန်းဖြေစခန်းတည်ဆောက်မည်
၂။ မုံရွာနှင့်စစ်ကိုင်းခရီးသွားဇုန်များသို့ ခရီးသွားလည်ပတ်မှုများပြား
၃။ တိုင်ဖွန်းကြောင့် မိုးကြီး၍ရုတ်တရက်ရေကြီးပြီး မြေပြိုခြင်းများဖြစ်နိုင်ဟု မိုးဇလသတိပေး
၄။ စမ်းသပ်ခန်းများမှသည် လက်တွေ့အသုံးချမှုသို့လျင်မြန်စွာပြောင်းလဲလာသည့် တရုတ်လူသားပုံစံစက်ရုပ်များ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို လျော့နည်းစေပြီး ပြည်ပနိုင်ငံများမှ တင်သွင်းမှု လျှော့ချနိုင်တာကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမယ့် နေကြာတိုးချဲ့စိုက်ပျိုးရေးကို အလေးထားကာမူဝါဒချမှတ်ဆောင်ရွက်ရမှာဖြစ်တယ်လို နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ယမန်နေ့ကပြုလုပ်တဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင် (၄/၂ဝ၂၅) အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
#Local_News
Published 26 August 2025
#စားသုံးဆီ #စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင်
#YMG/SW #Yangon_Times
#Local_News
Published 26 August 2025
▪️ နေပြည်တော်တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံအနေဖြင့် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါးနှင့် မိုးသီးနှံ ဧက ၅၀၀ ကျော် လျာထားကာ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။
▪️ ထိုသို့လျာထားရာ ယနေ့အထိ မိုးစပါးနှင့် မိုးသီးနှံ ဧက ၃၅၀ ကျော် စိုက်ပျိုးပြီးစီးပြီးဖြစ်ရာ ကျန်စိုက်ဧကများကို စိုက်ပျိုးရေဆက်လက်ပေးဝေလျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ ကင်းသာရေထိန်းတမံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဩဂုတ် ၂၃ ရက်က သွားရောက်၍ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် နုန်းတားတမံများ တည်ဆောက်ပြီးစီးမှုနှင့် ယာယီနုန်းဖမ်းကဒစ်တန်းတည်ဆောက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေထိန်းတမံအတွင်း သဲနုန်းဝင်ရောက်မှုလျော့နည်းစေရေးနှင့် ဝင်ရောက်ပြီး သဲနုန်းများပြန်လည်ဖယ်ထုတ်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
▪️ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်း၏ ထူးကဲမိုးရေချိန်များကြောင့် ကင်းသာရေထိန်းတမံထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ရာ ရေလှောင်ဧရိယာအတွင်း သဲနုန်းပို့ချမှုလျော့ကျစေရေးအတွက် ရေစီးဝင်ချောင်းများဖြစ်သည့် ကျောက်ဆည်ချောင်းနှင့် ရေဝေချောင်းများအပေါ်တွင် နုန်းတားတမံများ တည်ဆောက်ထားရှိသကဲ့သို့ သဲနုန်းများထပ်မံ၍ မဝင်ရောက်စေရေးအတွက် ယာယီနုန်းဖမ်းကဒစ်တန်း တည်ဆောက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
▪️ ဒုတိယဝန်ကြီးသည် ကင်းသာရေထိန်းတမံရေပိုလွှဲနှင့် ဆက်စပ်ရေအား အဆောက်အအုံများ၏ ကြံ့ခိုင်မှု၊ တမံရေဝေရေလဲဧရိယာနှင့် တမံအောက်ဘက်ပိုင်းဧရိယာများတွင် မိုးရာသီကာလသစ်ပင်များ စိုက်ပျိုးထားရှိမှု၊ ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တမံနှင့်ရေပိုလွှဲဆက်စပ်ရေအား အဆောက်အအုံများအား စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးရန်နှင့် ရေလှောင်တမံများတွင် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergenacy Preparedness Plan -EPP) ပါ လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ မိုးစပါးနှင့် မိုးသီးနှံလျားထားဧကပြည့်မီရေး ကြိုးစားဆောင်ရွက်ရန် ကိစ္စရပ်များကို တာဝန်ကျဝန်ထမ်းများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဟန်ဆာလ်ပူရ်၊ အိန္ဒိယ (Reuters) – ဂျပန် ဆူဇူကီး ကားကုမ္ပဏီ Suzuki Motor သည် လာမည့် ငါးနှစ်မှ ခြောက်နှစ်အတွင်း အိန္ဒိယတွင် ၇၀၀ ဘီလီယံ ရူပီး (အမေရိကန် ဒေါ်လာ ၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု မန်နေဂျင်းဘုတ်ဥက္ကဌက အင်္ဂါနေ့က ကြေညာခဲ့ပြီးထိုနေ့တွင်ပင် ကုမ္ပဏီ၏ ပထမဆုံး လျှပ်စစ်ကား ထုတ်လုပ်မှုကို ပထမဆုံး စတင်ခဲ့သည်။
ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံးကားဈေးကွက်ရရှိထားသည့် ဆူဇူကီး သည် အိန္ဒိယတွင် ယင်း၏ ဈေးကွက်ဦးဆောင်ထားမှုကို ထိန်းသိမ်းရန် ကြိုးပမ်းနေပြီး၊ Maruti Suzuki (MRTI.NS) တွင် ရှယ်ယာ အများစုပိုင်ဆိုင်ထားသည့် ဆူဇူကီးသည် အိန္ဒိယတွင် အရောင်းနှင့်ဝင်ငွေ အများဆုံးရရှိထားသည်။
လျှပ်စစ်ကားများ အရောင်းကျဆင်းနေသော်လည်း အိန္ဒိယသည် ဆူဇူကီးကား၏ လျှပ်စစ်ကားများ ထုတ် လုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ပင်မဗဟိုဖြစ်လာမှာဖြစ်ပြီး အဆိုပါကားများကို ဂျပန်သို့ပါ ပြန်လည် တင်ပို့မည့်အပြင် ဥရောပနှင့် အခြားနိုင်ငံ ၁၀၀ခန့်သို့ တင်ပို့ရန်လည်း စီစဉ်ထားသည်။
Maruti က အင်္ဂါနေ့တွင် ဂူဂျာရတ် စက်ရုံ၌ အလယ်အလတ်အရွယ် SUV မော်ဒယ် "e Vitara" ကို စတင် ထုတ်လုပ်ခဲ့ပြီး၊ ထိုကားသည် Hyundai၏ Creta နှင့် Mahindra ၏ XEV 9e တို့နှင့် အပြိုင်အဆိုင်ဖြစ်လာ လိမ့်မည်။
ဆူဇူကီးကားကုမ္ပဏီဥက္ကဋ္ဌ တိုရှီဟိရိုဇူဆူကီးက ယခုစက်ရုံကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ထုတ်လုပ်ရေးပင်မဗဟိုဖြစ်လာပြီး တစ်နှစ်လျှင် ကားအစီး တစ်သန်းထုတ်လုပ်ရန် စီစဉ်ထားသည်ဟု ပြောဆိုသည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ကလည်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ ထိုစက်ရုံကို "Make in India" ပန်းတိုင်အတွက် ကြီးမားသော ခုန်ကျော်လွှားမှုအဆင့်တစ်ခုဟု သုံးနှုံးခေါ်ဆိုခဲ့သည်။
မိုဒီသည် ဂျပန်နိုင်ငံသိုု့ မကြာမီ သွားမည့်အစီအစဉ်ရှိပြီး၊ Maruti သည် အိန္ဒိယ-ဂျပန် စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေး ချည်နှောင်မှုများ အတွက် ဥပမာကောင်းကြီးတစ်ခုဖြစ်ကြောင်း သူက ပြောသည်။
ထို့အပြင်သူက အိန္ဒိယပြည်တွင်းထုတ်ကုန်များကို ပြည်သူများ အားပေးဝယ်ယူရန် တိုက်တွန်းခဲ့ပြီး မည်သည့်နေရာက ရင်းနှီးမြှပ်နှံမှုများလာပါစေ ယင်းသည် အမှုထားးစရာမလိုဘဲ အိန္ဒိယမြေပေါ်တွင် ထုတ်လုပ်သည့် မည်သည့်ပစ္စည်းမဆိုပါဝင်ကြောင်းလည်း သူကဆက်လက်ပြောဆိုသည်။
(အမေရိကန် ၁ ဒေါ်လာ = ၈၇.၅၀၆၀ အိန္ဒိယ ရူပီး)

Page 168 of 1918