#Local_News
Published 8 January 2025
▪️ ယခုလအတွက်အရောင်းစင်တာများတွင် ရောင်းချသည့်ဆန်များနှင့်ပတ်သက်၍ ရည်ညွန်ဈေးထုတ်ပြန်ရာတွင် ရွှေဘိုပေါ်ဆန်းဆန် 1kg တစ်အိတ်ကို အမြင့်ဆုံးကျပ်၃၈၀၀ သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ အရောင်းစင်တာများတွင် ရောင်းချသည့်ဆန်များနှင့် ပတ်သက်၍ ရည်ညွန်ဈေးထုတ်ပြန်ရာတွင် ဈေးနှုန်းအမြင့်ဆုံးအဖြစ် Rice Berry (Black/Brown)နှင့် ဘာစမာတီ(ဆီးချိုဆန် ပြည်တွင်းထုတ်)1kgကို ကျပ် ၆၀၀၀ အဖြစ်သတ်မှတ်ထားပြီး ဓာတုကင်းလွတ် အော်ဂဲနစ်ဆန်များ၏ 1kg ကို ကျပ် ၄၀၀၀နှင့် ကျပ် ၅၀၀၀ အဖြစ်လည်းကောင်း ၊အနိမ့်ဆုံးဈေးနှုန်းအဖြစ် ရက်၉၀အထူးဧည့်မထ၊ ဇီယာနှင့်မနောသုခဆန်တို့၏ 1kg တစ်အိတ်ကို ကျပ် ၂၅၀၀ အဖြစ်လည်းကောင်း သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရသည်။
▪️ 2kg ,5kg,12kg စသည့်အရွယ်အစားအမျိုးမျိုးကို ထုတ်ပိုး၍ ဈေးနှုန်းသတ်မှတ်ရာတွင် 1kg ဈေးနှုန်းအပေါ် သတ်မှတ်တွက်ချက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ 1kg ရည်ညွန်းဈေးနှုန်းသည် 25kgအောက် ခေတ်မီထုတ်ပိုးမှုအတွက်သာ သက်ဆိုင်ကြောင်း၊သတ်မှတ်ဆန်များအပြင် ဆန်အမျိုးအစားသစ်ကို ထုတ်ပိုးရောင်းချရန်ရှိပါက လက်ကားရည်ညွန်းဈေးနှုန်းများနှင့်ကိုက်ညီရန်လိုအပ်ပြီး လက်ကားဈေးနှုန်းအပေါ် အိတ်ခွံတန်ဖိုး၊ဈေးအရောင်းဆိုင်သို့ပေးသွင်းရမည့် ၈ရာခိုင်နှုန်းထပ်မပိုသော ဝန်ဆောင်မှုစရိတ်၊ ၃ရာခိုင်နှုန်းထပ်မပိုသော သယ်ယူသိုလှောင်စရိတ်၊၄ရာခိုင်နှုန်းထပ်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ကိုရီးယားနိုင်ငံသို့ EPS စနစ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေရဲ့ ငွေလွှဲပို့အထောက်အထားတွေကို ပေးပို့ကြဖို့အတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က အသိပေးထားပါတယ်။
#Local_News
Published 8 January 2025
#ငွေလွှဲပို့အထောက်အထား #(POEA)
#YMG/SW #Yangon_Times
ပြည်တွင်းကနေ တရုတ်နိုင်ငံကိုတင်ပို့မယ့် စိုက်ပျိုးရေးထွက်ကုန်တွေ အပါအဝင် ပို့ကုန်အချို့ကို Manual စနစ်နဲ့ မှတ်ပုံတင်ရမယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 8 January 2025
#Manualစနစ် #မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
#YMG/NN #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တစ်လတာအတွင်း ပြည်ပခရီးသွားတစ်သောင်းခန့်လာရောက်ဖူးမျှော်ခဲ့တယ်လို့ စေတီတော်ကြီးရဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 8 January 2025
#ရွှေတိဂုံစေတီတော် #ပြည်ပခရီးသွားများလာရောက်ဖူးမျှော်
#YMG/NN #Yangon_Times
#Local_News
၈ ဇန်နဝါရီ ၂၀၂၅
▪️ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် လမ်း၃၀ အလယ်ဘလောက်ရှိ အမှတ်၁၁၀ ပထမထပ်ရှိ ရွှေချစ်သူစိန်၊ ရွှေ၊ ပလက်တီနမ်ရောင်းဝယ်ရေး ဆိုင်မှာ ယနေ့မနက် ၉နာရီခွဲခန့်က ိန်ထည်၊ရွှေထည်၊ ပလက်တီနမ် ရောင်းဝယ်ရေးဆိုင်ကို လူ ၃ဦးက သေနတ်ပြ၍ ဓားပြတိုက်သွားတယ်လို့ သိရပါတယ်။
▪️ အမည်အသိအမျိုးသား (၃)ဦးတို့က ပထမထပ်ရှိ အဆိုပါဆိုင်သို့ လာရောက်ကာ သေနတ်ဖြင့်ချိန်ကာ ဆိုင်ရှိငွေသားများနှင့် စိန်ရွှေပစ္စည်းများကို ဓားပြတိုက်ယူဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။
▪️ အဆိုပါဆိုင်မှ ငွေသား သိန်း၅၀၀နှင့် စိန်ရွှေပစ္စည်း သိန်း ၄၅၀၀ စုစုပေါင်း သိန်း ၅၀၀၀ခန့်ကို ဓားပြတိုက်လုယူသွားခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့က တရားခံများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 8 January 2025
▪️ ရန်ကုန်လူမြင်ကွင်းမှာ ေ-သနတ်နဲ့ အပစ်ခံရတဲ့ CCTV ထွက်ပေါ်လာပါတယ်။ အဆိုပါ CCTV မှတ်တမ်းဟာ ကြည့်မြင်တိုင်မြို့နယ်၊ စျေးကလေးရပ်ကွက်၊ ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ မှတ်တမ်းလို့ သိရပါတယ်။
▪️ မှတ်တမ်းအရ ရန်ကုန်မြို့ရဲ့ လူမြင်ကွင်းဖြစ်တဲ့ ကြည့်မြင့်တိုင် ကမ်းနားလမ်းမှာလမ်းဖြတ်ကူးဖို့စောင့်နေတဲ့ အမည်မသိသူတစ်ဦးကို ေ-သနတ်ကိုင်ထားတဲ့ အမည်မသိသူတစ်ဦးက နောက်ကနေ အနီးကပ်ပစ်ချလိုက်ပေမယ့်လည်း ကူညီသူမရှိခဲ့တာကို CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။
▪️ အဆိုပါမှတ်တမ်းမှာ လမ်း လယ်မှာ တစ်ဖက်ကားလမ်းကူးဖို့ ကျောပေးစောင့်နေသူတစ်ဦးကို ဒီဘက်လမ်းကနေလူတစ်ဦးကလိုက်ပါဖြတ်ကူးလာပြီး လမ်းလယ်မှာတင် နောက်ကနေပစ်ချလိုက်တာပါ။
▪️ ယင်းသို့ဖြစ်ပွားနေစဉ်အတွင်း လမ်းပေါ်နဲ့ပလက်ဖောင်းတွေမှာ ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေရှိပေမယ့် ပစ်ချသူဟာ မူလလမ်းကိုပဲ ပြန်လည်ဖြတ်ကူး သွားပြီး အပစ်ချခံရသူမှာလည်း လဲကျသွားတာကိုတွေ့ရပါတယ်။
#YMG/NN #Yangon_Times
#World_News
Published 08 January 2025
▪️ သန့်စင်အမွန်မြတ်ဆုံး တိဘက်မြို့တွေထဲက တစ်မြို့အနီး ဟိမဝန္တာတောင်ခြေမှာ အင်္ဂါနေ့က အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၁၂၆ ဦးသေဆုံးကာ အိမ်ရာနဲ့ချီ ပျက်စီးခဲ့ကြောင်း တရုတ်အာဏာပိုင်များ ထုတ်ပြန်လိုက်ပါတယ်။
▪️ ငလျင်ပြင်းအားအဆင့် ၆.၈ ရှိတဲ့ ဗဟိုချက်ဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် မြောက်ဘက်မိုင် ၅၀ ခန့်မှာ ရှိခဲ့ပါတယ်။
▪️ ငလျင်တုန်ခါမှုက အိမ်နီးချင်း နီပေါ၊ ဘူတန်၊ အိန္ဒိယတို့ရှိ အဆောက်အဦတွေကိုပါ ရိုက်ခတ်စေခဲ့ပါတယ်။
▪️ တိဘက်မှ လူဦးရေ ၈ သိန်းခန့်ရှိတဲ့ တိဘက်ဗုဒ္ဓဘာသာ ထွန်းကားရာ ရှီဂတ်ဇဲဒေသတလျှောက် ငလျင်ဒဏ်ခံစားခဲ့ရတာ ဖြစ်ပါတယ်။
▪️ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေထဲမှာ ရှီဂတ်ဇဲမြို့မှ နေအိမ်အများအပြား ပျက်စီးသွားပြီး ကယ်ဆယ်ရေးတွေက အိမ်အပျက်အစီးတွေကြားမှာ ရှာဖွေနေကြကာ ဒဏ်ရာရသူကို ကယ်ထုတ်နေတာ မြင်တွေ့ရပါတယ်။
▪️ နေအိမ်ပျက်စီးသွားရတဲ့အထဲမှာ ထိုဒေသရှိ အပူချိန်က အနုတ် ၆ ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းနေပါတယ်။
▪️ တရုတ်မြေငလျင်ကွန်ရက်စင်တာက ဧဝရတ်ဒေသ မြောက်ဘက်အဝင်နေရာလို့ခေါ်တဲ့ တင်ဂရီကောင်တီမှာ ဗဟိုချက်ကို သတ်မှတ်ခဲ့ပြီး မြေအနက် ၆.၂ မိုင်ရှိပါတယ်။
▪️ တိဘက်မှ အနည်းဆုံး လူ ၁၂၆ ဦးနဲ့ ၁၈၈ ဦးဒဏ်ရာရခဲ့တယ်လို့ တရုတ်ပြည်မှ ရှင်ဟွာသတင်းဌာနကနေ ဖော်ပြထားပါတယ်။
▪️ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘာသာရေးခေါင်းဆောင် ဒါလိုင်လာမာက အသက်ဆုံးရှုံးသူများအတွက် အမျှဝေပေးပြီး ဒဏ်ရာရသူတွေ အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းပေးနေကြောင်း ဖော်ပြထားပါတယ်။
▪️ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်နဲ့ ငလျင်ဒဏ်ခံရသူများ ပြန်လည်အခြေချနိုင်ရန် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးများ ပြုလုပ်သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။
▪️ ဖြစ်ပွားရာနေရာသို့ မီးသတ်နဲ့ ကယ်ဆယ်ရေးလုပ်သားပေါင်း ၁၅၀၀ ကျော် စေလွှတ်ထားကာ တဲ၊ ကုတ်အင်္ကျီ၊ ဂွမ်းကပ်၊ အိပ်ရာတို့အပါအဝင် ပစ္စည်းပေါင်း ၂၂၀၀၀ ခန့်ကိုလည်း ပေးထားတယ်လို့ ရှင်ဟွာက ဖော်ပြပါတယ်။
▪️ အမြင့်မီတာ ၄၀၀၀-၅၀၀၀ ခန့်ရှိတဲ့ တင်ဂရီရွာတွေမှာ ငလျင်လှုပ်ခတ်ပြီးနောက် ပြင်းအားအဆင့် ၄.၄ လောက်ရှိတဲ့ နောက်ဆက်တွဲရိုက်ခတ်မှု ၁၅၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
#Source: Reuters
#Local_News
Published 8 January 2024
▪️ မြန်မာကျောင်းသူ/သားများ တောင်ကိုရီးယားနိုင်ငံ၌ ပညာသင်ဆုလျှောက်ထားနိုင်ပြီဖြစ်ကြောင်းဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
▪️ ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသားကျောင်းသား/ကျောင်းသူများ အနေနဲ့ Global Elim Foundation မှပေးအပ်မည့် ပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ အဆိုပါပညာသင်ဆုကိုပေးအပ်ရာတွင် ကိုရီးယားဘာသာစကားသင်တန်း တက်ရောက်နေသူများ ပါဝင်မည် မဟုတ်ဘဲသတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသော မြန်မာနိုင်ငံသား ကျောင်းသား/ကျောင်းသူ ၂ ဦးကိုသာ Global Elim Foundation Scholarship (GEFS) ပညာသင်ဆုကို စိစစ်ရွေးချယ် ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
▪️ လျှောက်ထားလိုသူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများကို ပြည့်စုံစွာဖြည့်စွက်ပြီး ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ Myanmar Embassy, Hannam-daero 28-gil 12, Yongsan-gu, Seoul, 044183 သို့ လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့် သတ်မှတ်ချိန်အမီ အရောက်ပေးပို့၍ သော်လည်းကောင်း၊
▪️ ထို့အပြင် သတ်မှတ်ရက်ထက်ကျော်လွန်ပြီးမှ ရောက်ရှိလာသည့် လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။
#YMG/NN #Yangon_Times
#World_Health
Published 07 January 2025
▪️ နေ့စဉ်သောက်သုံးနေကျ ရေဗူးတွေကို တစ်ခါတစ်ရံမှ ဆေးကြောခြင်းဟာ ဘက်တီးရီးယား ပေါက်ဖွားမှုမှ ကာကွယ်ရန် မလုံလောက်ဘူးလို့ ဗာဂျီးနီးယားမှ ဒေါက်တာ ဂျေဆန်ဆင်းက သတိပေးလိုက်ပါတယ်။
▪️ ရေဗူးတွေကို ရက်သတ္တပတ်လောက်ကြာအောင် မဆေးဘဲထားတယ်ဆိုရင် အခုပဲအမြန်ဆုံး ဆေးကြောသင့်တယ်လို့ TikTokမှာ ပြောသွားပါတယ်။
▪️ ရေသောက်လိုက်တိုင်းမှာ အဏုဇီဝပိုးမွှားများ ပေါက်ဖွားရာနေရာ ဖန်တီးလိုက်တာဖြစ်ပြီး ဘက်တီးရီးယားတွေနဲ့ ခံတွင်းပိုးမွှားများကြား ဖလှယ်ရာဖြစ်လာပါတယ်။
▪️ ပိုးမွှားအများစုက ရေဗူးလိုမျိုးမျက်နှာပြင်ပေါ်မှာ ၄၈ နာရီအတွင်း ဇီဝလွှာတစ်ခု ဖြစ်ပေါ်စေတယ်လို့ သုတေသန တွေ့ရှိထားပါတယ်။
▪️ ဘက်တီးရီးယားတွေက ကာကွယ်လွှာတစ်ခု ပြုလုပ်ပြီး သူတို့ချင်း ဆက်သွယ်ကာ ကူးစက်မှုပျံ့ပွားစေမယ့် အသိုင်းအဝိုင်းတစ်ခု ဖန်တီးလိုက်ပါတယ်။
▪️ ဇီဝလွှာတွေဟာ ဘက်တီးရီးယား အမျိုးအစားပေါ်မူတည်ပြီး အကျိုးပြုတာမျိုး၊ အန္တရာယ်ပေးတာမျိုး၊ ဘာသက်ရောက်မှုမှ မရှိတာမျိုး ဖြစ်နိုင်ပါတယ်။
▪️ လူသားတွေမှာ ရောဂါပိုးကူးစက်ခြင်းရဲ့ ၆၅ မှ ၈၀ ရာခိုင်နှုန်းလောက်က ဆီးပိုက်များ၊ နှလုံးစက်များ၊ နှလုံးအဆို့ရှင်များစတဲ့ ဆေးပစ္စည်းတွေလို ဇီဝလွှာဖြစ်တဲ့ နေရာတွေကြောင့်လို သုတေသီတွေ အကြောင်းရှာကြပါတယ်။
▪️ ၂၀၂၃ လေ့လာချက်အရ ထပ်ခါထပ်ခါ အသုံးပြုနေတဲ့ ရေဗူးတွေဟာ သာမန်အိမ်သာတွေထက် ဘက်တီးရီးယား အဆပေါင်း ၄ သောင်းလောက် ပေါက်ဖွားတယ်လို့ ဆိုပါတယ်။
▪️ ဒါကြောင့် ဆပ်ပြာ၊ ရေပူတို့ဖြင့် ၂ ရက်တစ်ကြိမ်လောက် ရေဗူးကိုဆေးကြောသင့်ပြီး ဒါမှသာ ဇီဝလွှာများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဆင်းက ပြောပါတယ်။
▪️ ရေပူ၊ ပန်းကန်ဆေးဆပ်ပြာတို့ဖြင့် ရေဗူးရဲ့အတွင်းပိုင်း အပြင်ပိုင်းတွေကို သေချာဆေးကြောသင့်တယ်လို့ ဘာမင်ဂမ် အယ်လာဘားမားတက္ကသိုလ်မှ ဇီဝပညာရှင်များကလည်း အကြံပြုထားပါတယ်။
#Source: New York Post
#Local_News
Published -8 Jan 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာကို ယနေ့ဇန်နဝါရီလ ၇ ရက်နံနက် ၁၀ နာရီတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး H.E. Dr. Nassereddin HEIDARI က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်သည့် အခြေအနေများ၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက် သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိမှု၊ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရေး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့ များ ဖိတ်ခေါ် သွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။
▪️ အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ထွန်းဦးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#Yangon -Times/PP
#Local_News
Published 7 January 2025
▪️ လာမည့်ဘဏ္ဍာနှစ်အတွက် ထီလက်မှတ်တဆင့်ပြန်လည်ရောင်းချမည့်သူများအနေဖြင့် သဘောတူကတိစာချုပ်ချုပ်ဆိုခြင်းများကို မတ် ၄ ရက် နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ယနေ့ထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်တွင်ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲသည် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ် စာအုပ်များကို ဧပြီလတွင် စတင်ရောင်းချမည်ဖြစ်ရာဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက်ရရှိပါက အာမခံငွေ(Deposit) ပေးသွင်းခြင်း၊ သဘောတူကတိစာချုပ်ချုပ်ဆိုခြင်းများကို မတ် ၄ ရက် နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ထီစာအုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများက အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလိုပါက အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)သို့လည်းကောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နေထိုင်သူများက အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလိုပါက အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ)သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေအပါအဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များမှ အောင်ဘာလေထီလက်မှတ်စာအုပ်များ ဝယ်ယူရောင်းချလိုသူများက မိမိတို့နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများသို့လည်းကောင်း လျှောက်ထားနိုင်ကြောင်း၊ အောင်ဘာလေထီစာအုပ် ဝယ်ယူရောင်းချရန် လျှောက်ထားသူများသည် ထီလုပ်ငန်း အမှန်တကယ် လုပ်ကိုင်၍ ထီဆိုင်ဖွင့်လှစ်ရောင်းချသူများဖြစ်ရန်လိုအပ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူ အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/မိတ္တူ၊ ထီစာအုပ်ဝယ်ယူရရှိပါက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချ မည်ဖြစ်ကြောင်း ကတိခံဝန်ချက်စသည်များကို လျှောက်လွှာနှင့်အတူ ကိုယ်တိုင်တင်ပြလျှောက်ထားရ မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
▪️ ထို့ပြင် ထီစာအုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် တစ်လလျှင် မိမိရောင်းရမည့် ထီစာအုပ်အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန်ယူရောင်းချမည့် ထီစာအုပ်အရေအတွက်ကို ဖော်ပြလျက် မပျက်မကွက် ဝယ်ယူရန် သဘောတူကတိစာချုပ် ချုပ်ဆိုရမည်ဖြစ်ကြောင်း၊ ထီစာအုပ်များဝယ်ယူရောင်းချရန် သဘောတူကတိစာချုပ်ချုပ်ဆိုပြီး စာချုပ်ပါသဘောတူညီချက် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့် ရပ်စဲခြင်း၊ အာမခံငွေ (Deposit)များ နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 08 January 2025
▪️ ဒိုးနတ်မုန့်တွေမှာ ကယ်လိုရီထောင်ချီ ပါဝင်ပြီး အသက် ၅၀ နဲ့အထက် လူတွေမှာ ဘေးအန္တရာယ် ဖြစ်စေနိုင်တယ်လို့ ဇီဝဖြစ်ပျက်မှုကျန်းမာရေး ကုမ္ပဏီတစ်ခုမှ တွေ့ရှိထားပါတယ်။
▪️ အစ္စရေးလ်နဲ့ ကမ္ဘာတဝှမ်းမှ လူပေါင်း ၂၇၀၀ ရဲ့ အချက်အလက်တွေကို ဆန်းစစ်ကြည့်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ် ခြေဖျက်နိုင်စွမ်းက အသက် ၅၀ ကျော်လာရင် သိသိသာသာ ကျဆင်းလာတာ တွေ့ရပါတယ်။
▪️ ဒိုးနတ်တစ်ခုမှာ ပျမ်းမျှအားဖြင့် ၃၀၀-၄၀၀ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ၄၀-၅၀ ဂရမ်ခန့် ပါဝင်ကာ ဒါဟာ လူကြီးတစ်ယောက်အတွက် နေ့စဉ်ကာဗိုဟိုက်ဒရိတ် လိုအပ်ချက်ရဲ့ ၂၀-၃၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။
▪️ အသက် ၅၀ ကျော်လာရင် ဇီဝဖြစ်ပျက်မှုနှုန်းက ကျဆင်းလာပြီး ကာဗိုဟိုက်ဒရိတ် ခြေဖျက်ဖို့ ခက်ခဲလာကာ အဆီအဖြစ် ပိုပြီးထိန်းသိမ်းလာပါတယ်။
▪️ ကိုယ်အလေးချိန်နဲ့လည်း သက်ဆိုင်နေပြီး သာမန်ကိုယ်အလေးချိန် ရှိသူတွေနဲ့ယှဉ်ရင် BMI ၃၀ကျော် ကိုယ်အလေးချိန် များသူတွေက ကာဗိုဟိုက်ဒရိတ် ခြေဖျက်ဖို့ ပိုကြာပြီး အဆီတွေပိုစုလာနိုင်ပါတယ်။
▪️ ဇီဝဖြစ်ပျက်မှု အပြောင်းအလဲလုပ်နိုင်စွမ်း ကောင်းတဲ့သူတွေမှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတို့ကို လိုအပ်ချက်အတွက် ထိန်းသိမ်းထားနိုင်ကာ စွမ်းအင်အဖြစ်သို့ ထိရောက်စွာ ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
▪️ ဒီလိုမျိုး ကောင်းစွာမပြောင်းလဲနိုင်သူတွေမှာ ကိုယ်အလေးချိန်ထိန်းရန် ပိုခက်ခဲလာပြီး အစားအသောက်ပုံစံ၊ လေ့ကျင့်ခန်း၊ အသက်အရွယ်တို့က ပါဝင်ပတ်သက်နေပါတယ်။
▪️ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့ဖြင့် ကာဗိုဟိုက်ဒရိတ် မြင့်မားခြင်းကို ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။
▪️ ဒီလိုမျိုး ကျင့်ကြံနေထိုင်ပါက ဒိုးနတ်မုန့်တွေ စားရာမှာ ကိုယ်အလေးချိန်နဲ့ ကျန်းမာရေး သက်ရောက်မှုများကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
#Source: The Jerusalem Post
Page 166 of 1678