လျှပ်စစ်သုံး EV ယာဉ်တွေအားလုံး လမ်းအသုံးပြုခတွေကို ဒီကနေ့က စတင်ပြီးပေးဆောင်ရမယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က မတ် ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 01 April 2026
#EV #လမ်းအသုံးပြုခ
#YMG/NN #Yangon_Times
တောင်သူများအဓိကသုံးစွဲနေတဲ့ မြေဩဇာများကို ရန်ကုန်အထိုင်လက္ကားဈေးနှုန်းအဖြစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ရောင်းချရမယ့်ဈေးနှုန်းတွေကို ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ထုတ်ပြန်အသိပေးထားပါတယ်။
#Local_News
Published 01 April 2026
#မြေဩဇာ #တောင်သူ
#YMG/SW #Yangon_Times
မန္တလေးလမ်းလျှောက်သင်္ကြန်မှာ လက်ဖက်နဲ့သနပ်ခါးကိုဂုဏ်ပြုတဲ့ ဓာတ်ပုံပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ကသိရပါတယ်။
#Local_News
Published 01 April 2026
#မန္တလေးသင်္ကြန် #လက်ဖက်နှင့်သနပ်ခါး
#YMG/NN #Yangon_Times
ပြည်ပသွင်းကုန်/ပို့ကုန်များအတွက် ယခုဧပြီလအတွင်း ကုန်သေတ္တာတင်သင်္ဘော(၅၃)စီးပြေးဆွဲရန် လျာထားတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်တဲ့၂၀၂၆ ခုနှစ်၊ ဧပြီလအတွက် ကုန်သေတ္တာတင်သင်္ဘောစာရင်းများအရသိရပါတယ်။
#Local_News
Published 01 April 2026
#သင်္ဘော #သွင်းကုန်_ပို့ကုန်
#YMG/SW #Yangon_Times
#Local_News
Published 01 April 2026
■ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်း)ကြီး ဖွင့်လှစ်ခြင်းကိုအာရှလမ်းမကြီးအစပိုင်းဖြစ်သည့် ဘားအံမြို့နယ်တံတားဦးကျေးရွာ(လွန်းညရေပြာအိုင်အနီး) တွင် အခမ်းအနားဖြင့် ကျင်းပမည်ဖြစ်သည်။
■ အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ ကုန်သွယ်မှုအတွက်အရေးပါသည့်လမ်းမကြီးဖြစ်ရာ
ပြန်လည်ဖွင့်လှစ်ပါက ကုန်စည်စီးဆင်းမှုပြန်လည်ကောင်းမွန်လာနိုင်ပြီး ကုန်စျေးနှုန်းများလည်း ပြန်လည်ကျဆင်းလာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 01 April 2026
■ အီရန်သမ္မတ မာဆုဒ်ပါဇက်ရှ်ကီယန်က အမေရိကန်၊ အစ္စရေးလ်တို့နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို မဖြစ်မနေ အဆုံးသတ်လိုတဲ့ဆန္ဒ ရှိတဲ့သဘော မတ်လ ၃၁ ရက်နေ့က ပြောပါတယ်။
■ ဒါပေမဲ့ နောက်ထပ် ရန်လိုတိုက်ခိုက်မှုတွေ ထပ်မလုပ်ရဘူးဆိုတဲ့ အာမခံချက်တွေ အလိုရှိတယ်လို့ အလေးထားပြောပါတယ်။
■ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဘူးလို့ အာမခံချက်မျိုးရရင် ပဋိပက္ခအဆုံးသတ်လိုတယ်လို့ ပါဇက်ရှ်ကီယန်က ဥရောပကောင်စီဥက္ကဌနဲ့ ဖုန်းပြောဆိုခဲ့ပါတယ်။
■ ဒီစကားတွေက အီရန်ရဲ့သဘောထား ပျော့ပျောင်းလာတဲ့သဘော မြင်နေရပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဟော်မုဇ်ရေလက်ကြား အများစုပိတ်ထားရင်တောင်မှ စစ်ဆင်ရေးအဆုံးသတ်ဖို့ ပြင်ဆင်နေကြောင်း ပြောထားပါတယ်။
■ ရေလက်ကြားပြန်ဖွင့်ရေး စစ်ဆင်ရေး အင်ပြည့်အားပြည့် ဆောင်ရွက်နေခြင်းက ထရမ့်မျှော်မှန်းထားတဲ့ အချိန်ကာလထက် ကျော်လွန်သွားဖွယ် ရှိနေပါတယ်။
■ ထရမ့်ရဲ့ လက်ရှိဗျူဟာက အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ရေတပ်အင်အားတွေကို ရိုက်ခတ်စေဖို့ ဖြစ်ပါတယ်။
■ ဒါပေမဲ့ အမေရိကန်က နောက်ထပ်တပ်အင်အားတွေနဲ့ ဖြည့်တင်းသွားမယ်လို့လည်း သတိပေးနေပါတယ်။
■ မကြာခင်မှာ သဘောတူညီချက်တစ်ခုခု မရဘူးဆိုရင် အီရန်ရဲ့ အရပ်ဘက် အဆောက်အအုံတွေကို တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။
■ အီရန်က အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နေပြီး အီရန်အပေါ် ခင်မင်တဲ့သဘောပြတဲ့ နိုင်ငံတွေကို ရေလက်ကြားကနေ ဖြတ်သန်းခွင့် ပေးထားပါတယ်။
Source: WION
#World_Science
Published 01 April 2026
■ အိန္ဒိယအလယ်ပိုင်းမှာ ၂၀၁၇ ကွင်းဆင်းစစ်တမ်းတစ်ခုမှာ သုတေသီများအဖွဲ့က ရုပ်ကြွင်းဥ ၁၁ ဥကို မှတ်တမ်းပြုစုခဲ့ကြပါတယ်။
■ တစ်ဥချင်းစီက ၁၅ စင်တီမီတာခန့်ရှိပြီး ဆန်းကျယ်စွာဖြင့် ပုံသဏ္ဍာန်တွေ တူညီနေပါတယ်။
■ ဥခွံသွင်ပြင်အရ တိုင်တန်နိုဆော အမျိုးအစားဝင်တွေ ဖြစ်နိုင်ပေမယ့် နမူနာတစ်ခုကတော့ အပြင်အခွံအောက်ဘက်မှာ သွယ်ဝိုက်အရိပ်တစ်ခု ဖြစ်နေပြီး နောက်ထပ်ပုံရိပ်တွေ စူးစမ်းလာစေပါတယ်။
■ ဒါဟာ ရှားပါးဖွဲ့စည်းပုံတစ်ခုဖြစ်ပြီး သက်တမ်းနှစ်ပေါင်း ၆၈ သန်းရှိပြီ ဖြစ်ပါတယ်။
■ အရည်အသွေးမြင့် CT စကင်များအရ ခြားနားတဲ့ အခွံအလွှာနှစ်ခု တွေ့ရပြီး အတွင်းပိုင်းဥက လားရာပြောင်းပြန်ဖြစ်နေကာ နောက်ထပ်အခွံက အုပ်ထားတာ ဖြစ်ပါတယ်။
■ ပုံရိပ်တွေကို အခြားတိုင်တန်နိုဆောဥတွေနဲ့ နှိုင်းယှဉ်ခဲ့ရာမှာ ဒီမျိုးစိတ်ထဲက ဘယ်ဥနဲ့မှ မကိုက်ညီခဲ့ပါဘူး။
■ သုတေသနပြုစုချက်တွေအရ ဥအခွံအထူနဲ့ ကောက်ကွေးသွားပုံက နောက်ထပ်အခွံတစ်ခု ဖြစ်ပေါ်လာခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။
■ အပြင်ဘက်အခွံက ၂.၆ မီလီမီတာရှိကာ အတွင်းဘက်အခွံကတော့ ၂ မီလီမီတာခန့်ရှိပါတယ်။
■ အခွံနှစ်ခုပါ ဖွဲ့စည်းပုံအတိုင်းဆိုရင် တိုင်တန်နိုဆောတွေက ငှက်တွေလိုမျိုး ပိုင်းခြားထားတဲ့ ဥပြွန်တွေ ရှိနေနိုင်ပါတယ်။
■ အနုစိတ်ဖွဲ့စည်းပုံဆန်းစစ်ချက်အရ ကယ်ဆိုက်ဖွံ့ဖြိုးမှုထင်ရှားပြီး အနည်ထိုင်ကွာဟမှုကြောင့် မတူညီတဲ့ အချိန်ဒေသတွေမှာ ဥအခွံတွေ ဖြစ်ပေါ်ခဲ့တဲ့သဘော မြင်တွေ့ရပါတယ်။
■ ဒီတွေ့ရှိချက်အရ တိုင်တန်နိုဆောတွေရဲ့ မျိုးပွားပုံတွေကို သိရှိလာရပြီး အချို့ဒိုင်နိုဆောတွေဟာ ငှက်တွေလို မျိုးပွားစနစ်တွေ ရှိခဲ့တယ်လို့ ယူဆရပါတယ်။
Source: Daily Galaxy.
#World_Health
Published 01 April 2026
■ သိပ္ပံပညာရှင်တွေက သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်း၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးချို၊ ဗိုက်တာမင်ချို့တဲ့ခြင်းကဲ့သို့ ရောဂါအခြေအနေများ ရှာဖွေတွေ့ရှိဖို့အတွက် ရာသီသွေးအလားအလာကို စူးစမ်းနေကြပါတယ်။
■ သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းရောဂါက ကမ္ဘာတဝှမ်းက အမျိုးသမီးပေါင်း သန်း ၁၉၀ မှာ ဖြစ်ပေါ်နေပြီး ရောဂါရှာဖွေတွေ့ရှိဖို့ ၅ နှစ်မှ ၁၂ နှစ်အထိ ကြာမြင့်တတ်ကာ ကိုယ်တွင်းအင်္ဂါကြည့်မှန်ပြောင်း အသုံးပြုခြင်းလိုမျိုး ကိုယ်တွင်းခွဲစိတ်နည်းလမ်းတွေ လိုအပ်လေ့ရှိပါတယ်။
■ NextGen Jane လိုမျိုး ကုမ္ပဏီတွေက ရာသီသွေးအသုံးပြုတဲ့ ကိုယ်တွင်းခွဲစိတ်စရာမလိုတဲ့ နည်းလမ်းတွေ ဖန်တီးနေပြီး ပရိုတိန်း၊ ဟော်မုန်း၊ မျိုးပွားစနစ်မှ ဆဲလ်တွေ ရောစပ်ပါဝင်တာ ဖြစ်ပါတယ်။
■ ရာသီသွေးက သားအိမ်ခေါင်းကျန်းမာရေးအကြောင်း ဘက်ပေါင်းစုံအမြင်တွေ ပေးစွမ်းနိုင်ပြီး သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကြွက်သားများ နံရံသို့ထွက်သည့်ရောဂါ၊ သားအိမ်အတွင်းပိုင်း ပိုးဝင်ခြင်းစတဲ့ ရောဂါအခြေအနေတွေကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။
■ ရာသီသွေးထဲက သားအိမ်ခေါင်း သဘာဝဖျက်ဆီးဆဲလ်များ၊ ဖိုင်ဘရိုဘလက်စ်ဆဲလ်တွေလို ဇီဝအမှတ်အသားတွေ ကွဲပြားခြင်းကနေ သားအိမ်ကြွက်သားများ နံရံသို့ထွက်သည့်ရောဂါနဲ့ အခြားရောဂါတွေ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
■ ရာသီသွေးဖြင့် ကိုယ်ခံအားရောဂါများ၊ ဆီးချို၊ သိုင်းရွိုက်ပြဿနာများ၊ ပတ်ဝန်းကျင်အဆိပ်အတောက် ထိတွေ့မှုတွေအကြောင်းလည်း သိရှိစေနိုင်မှာ ဖြစ်ပါတယ်။
■ Qvin ရဲ့ FDA အသိအမှတ်ပြု Q-Pad လိုမျိုး ဖန်တီးမှုများဖြင့် သွေးတွင်းသကြားဓာတ်ကို တိုင်းတာနိုင်ပြီး HPV ဖြစ်နိုင်ခြေတွေကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
■ အမျိုးသမီးတွေရဲ့ ကျန်းမာရေးသုတေသနမှာ နှောင့်နှေးမှုတွေ ရှိပေမယ့် ယခုလိုမျိုး ရာသီသွေးအချက်အလက်များဖြင့် စိတ်ဝင်စားမှု မြင့်မားစေမှာ ဖြစ်ပါတယ်။
Source: BBC
ပိုဆောင်မှုလုံခြုံရေးစီမံအုပ်ချုပ်ရေး(TSA) ဝန်ထမ်းများ နည်းပါးနေသဖြင့် လူဝင်မှုနဲ့ အကောက်ခွန်ကြီးကြပ်ရေး (ICE)အေးဂျင့်တွေ ကူညီနေတာကြောင့် ဗာဂျီးနီးယား အာလင်တန်ရှိ ရီဂန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်တွေ ကြာရှည်စောင့်ဆိုင်းနေရပြီး အဆင်မပြေဖြစ်နေပါတယ်။
#World_News
#TSA #ICE
Published 31 March 2026
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 31 March 2026
■ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR)ကို ဧပြီလ၁ရက်တွင်စတင်ကျင့်သုံးမည့်စနစ်ကြောင့် မိုဘိုင်းအော်ပရေတာဆိုင်များတွင် SIMကတ်များတိုးကြိတ်ဝယ်ယူနေကြကြောင်း သိရသည်။
■ အဆိုပါ စနစ်ကိုပြည်တွင်း၌ မိုဘိုင်းဖုန်းများကို အခွန်ကောက်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။" ဒီမှာက နှစ်ရက်/သုံးရက်ရှိပြီ လူတွေတအားတိုးကြိတ်ပြီး SIM ကတ်တွေလာဝယ်ကြတာ။ဒီနေ့တော့ တိုကင်စနစ်နဲ့လုပ်လိုက်တော့ တိုးဝှေ့ရတာနည်းနည်းသက်သာသွားတာပေါ့"ဟု MPT မိုဘိုင်းအော်ပရေတာရုံးမှ တာဝန်ထမ်းဆောင်နေသူတစ်ဦးကပြောသည်။
■ ယနေ့မတ်လ ၃၁ရက်သည် လက်ရှိအသုံးပြုနေသော ဖုန်းများ၏ IMEI ကို နောက်ဆုံး မှတ်ပုံတင်ရမည့် နေ့ဖြစ်သောကြောင့်လည်း ရနိကုန်မြို့ရှိ ဆင်းကတ်အရောင်းဆိုင်များတွင် တန်းစီဝယ်ယူသူလည်းများပြားနေခြင်းဖြစ်ပြီး လက်ရှိတွင် Physical SIM ကတ်ဝယ်ယူပြီး ESIM လျှောက်ထားမှု ပိုမိုများပြားနေကြောင်း သိရသည်။
#YMG/SW #Yangon_Times
အိမ်ရာချေးငွေလုပ်ငန်းဖွံဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဝယ်ယူထားတဲ့ ရိုးမရိပ်သာအိမ်ရာ အခန်း ယာယီနေထိုင်ခွင့်များကို အခုရက်ပိုင်းအတွင်း ထုတ်ပေးသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 31 March 2026
#ရိုးမရိပ်သာအိမ်ရာ #အိမ်ရာချေးငွေ
#YMG/NN #Yangon_Times
အိန္ဒိယနိုင်ငံက ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရာမှာ အသုံးပြုဖို့အတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော်တန်ဖိုးရှိတဲ့ စက်ကိရိယာပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 31 March 2026
#အိန္ဒိယ #စက်ကိရိယာပစ္စည်း
#YMG/SW #Yangon_Times
Page 161 of 2096