#World_Science
Published 05 April 2026
■ ဧရာမတွင်းနက်ကြီး Sagittarius A* တည်ရှိတဲ့ နဂါးငွေ့တန်း အလယ်ဗဟိုကနေ ထူးခြားဆန်းပြားတဲ့ အချက်ပြ ၃ ခုကို သိပ္ပံပညာရှင်တွေ စဉ်းစားနေခဲ့ကြပါတယ်။
■ ကျွန်ုပ်တို့ရဲ့ ဂလက်ဆီဗဟိုက မြင့်မားတဲ့ စွမ်းအားတွေကို ရုတ်တရက် ထုတ်လွှတ်နေတာကို အာကာသအနက်ထဲ ကြည့်နိုင်တဲ့ တယ်လီစကုပ်တွေနဲ့သာ တွေ့နိုင်ပါတယ်။
■ ဒီအကြောင်းအရာကို ဖြစ်စေတဲ့ အနက်ရောင်အရာဝတ္ထုက ဂလက်ဆီတွေကို ဝိုင်းရံထားတယ်လို့ ယုံကြည်ထားပေမယ့် အလင်း၊ လျှပ်စစ်သံလိုက်အားတွေနဲ့ တုံ့ပြန်ခြင်း မရှိပါဘူး။
■ ဂလက်ဆီဗဟိုကနေ ထွက်တဲ့ အချက်ပြ ၃ မျိုးက အနက်ရောင်အရာဝတ္ထုတစ်မျိုးကြောင့် ဖြစ်တယ်လို့ Astrophysical Journal Letters က ဖော်ပြထားပါတယ်။
■ နဂါးငွေ့တန်းဗဟိုမှ စွမ်းအားတွေက ဖြစ်ရပ်ဆိုးတွေ ဖြစ်စေပြီး အငွေ့တိမ်တိုက်ကြီးတွေ ကြယ်တွေကို ဝင်တိုက်တဲ့နေရာ ဖြစ်ပါတယ်။
■ ဒါ့အပြင် Sagittarius A* က အင်မတန်ပြင်းထန်တဲ့ ဆွဲအားကို ထုတ်လုပ်ကာ ဒါတွေအားလုံးကြောင့် ရောင်ခြည်ထုတ်လွှတ်မှုတွေကို အာကာသတယ်လီစကုပ်တွေကနေ မြင်နိုင်တာ ဖြစ်ပါတယ်။
■ သိသာတဲ့ အဖြစ်အပျက်ဆိုရင် ဂမ်မာရောင်ခြည်ထုတ်လွှတ်မှုက ၅၁၁-keV မှာ မြင့်တက်သွားတာ ဖြစ်ပါတယ်။
■ ဒီဖြစ်စဉ်တွေကနေ စွမ်းအားကို အီလက်ထရွန်အစုံလိုက် ထုတ်လွှတ်ပေးပါတယ်။
INTEGRAL လိုမျိုး ကမ္ဘာ့ရောင်ခြည်စွန်းအပြင်ဘက်မှာရှိတဲ့ တယ်လီစကုပ်တွေဖြင့် ဒီလိုစွမ်းအားမြင့်မားမှုကို တွေ့နိုင်တာ ဖြစ်ပါတယ်။
■ ဂလက်ဆီဗဟိုကနေ လာတဲ့ စွမ်းအားမြင့်အလင်းတန်း 2 MeV ဂမ်မာရောင်ခြည်ဟာ အနက်ရောင်လှုပ်ရှားအရာဝတ္ထုကနေ အစပြုတာ ဖြစ်နိုင်ပါတယ်။
Source: WION.
အရှေ့အလယ်ပိုင်းပဋိပက္ခရဲ့ နောက်ဆက်တွဲအခြေအနေများအနေနဲ့ နိုက်ထရိုဂျင်မြေဩဇာဈေးနှုန်း မြင့်တက်သွားပြီး ဘရာဇီးလ်ရဲ့ ဆောင်းတွင်းဂျုံစိုက်ပျိုးရေးအပေါ် သက်ရောက်လာပါတယ်။
#World_Business
Published 04 April 2026
#အရှေ့အလယ်ပိုင်းပဋိပက္ခ #ဘရာဇီးလ်အခက်ကြုံ
#YMG #Yangon_Times #Yangon_Media_Group
ရပ်ဆိုင်းနေတဲ့ တွင်းဟောင်းတွေက သဲကြောတွေကို သုတေသနလုပ်ပြီး တိုးချဲ့သေနတ်ဖောက်တဲ့ နည်းပညာနဲ့လုပ်ဆောင်ခဲ့တာကြောင့် တွင်းဟောင်းတစ်ခုဖြစ်တဲ့အဖျောက်ဒေသတွင်းအမှတ်၅၇မှမတစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁.၇ သန်းခန့် အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
#Local_News
Published 04 April 2026
#သဘာဝဓာတ်ငွေ့
#YMG/SW #Yangon_Times
မကွေးတိုင်း ၊မင်းဘူးခရိုင်အတွင်းမှာ လာမယ့်မိုးရာသီအတွင်း သစ်ပင်ပေါင်း ၂၉၀,၀၀၀ ကျော် စိုက်ပျိုးသွားမယ်လို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 03 April 2026
#မင်းဘူးခရိုင် #သစ်ပင်စိုက်ပျိုး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(General Administration of Customs of China-GACC)က မှတ်ပုံတင်စောင်ရေပေါင်း ၁၂၁၇ခုကို ခွင့်ပြုထားတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊GACC, ရုံးလုပ်ငန်းအဖွံမှသိရပါတယ်။
#Local_News
Published 04 April 2026
#GACC #တရုတ်ပြည်သူ့သမ္မတနိုင်ငံ
#YMG/SW #Yangon_Times
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ကမ်းဝေးငါးဖမ်းလုပ်ငန်းတွေကို ဧပြီ ၁ ရက် က စတင်ကာ ဇွန် ၃၀ ရက်အထိ ငါးမဖမ်းရကာလနဲ့ငါးမဖမ်းရဧရိယာများကို သုံးလသတ်မှတ်ဆောင်ရွက်လိုက်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 04 April 2026
#ကမ်းဝေးငါးမဖမ်းရ
#YMG/NN #Yangon_Times
#Daily_News
Published 04 April 2026
၁။ မင်းဘူးခရိုင်အတွင်း သစ်ပင်ပေါင်း ၂၉၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်
၂။ တရုတ်သို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC က မှတ်ပုံတင်စောင်ရေ(၁၂၁၇)ခုကို ခွင့်ပြုထား
၃။ ကမ်းဝေးငါးမဖမ်းရ ရာသီ သုံးလစတင်ရပ်နား
၄။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဘရာဇီးလ်လယ်ယာစိုက်ပျိုးရေးကဏ္ဍအခက်ကြုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 04 April 2026
■ ရန်ကုန်မြို့နေပြည်သူများသို့ နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ဂါလန် ၂၃၇ သန်းကို ဖြန့်ဖြူးပေးနေ ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမြင့်ဇော်သန်းကပြောသည်။
■ ဧပြီလ၂ရက် နေ့က ရန်ကုန်မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေဖြန့်ဖြူးပေးဝေရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ၌ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမြင့်ဇော်သန်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမြင့်ဇော်သန်းက ရန်ကုန်မြို့နေပြည်သူများသို့ နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ဂါလန် ၂၃၇ သန်းကို ဖြန့်ဖြူးပေးဝေနေမှု၊ ထိုသို့ ဖြန့်ဝေပေးနိုင်ရေးအတွက် ရေအရင်းအမြစ်များဖြစ်သော ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်ရေလှောင်ကန်၊ လဂွန်းပြင် ရေသန့်စင်စက်ရုံတို့မှတစ်ဆင့် ရေတွန်းစက်ကြီးများ၊ ထပ်ဆင့်ရေတွန်းစက်များ အသုံးပြု၍ ရန်ကုန်မြို့တွင်းသို့ ရေပို့ပိုက်မကြီးများ၊ ရေဖြန့်ဝေပိုက်များဖြင့် ဖြန့်ဝေပေးနေမှု၊ ရေအရင်းအမြစ်များရှိ ရေတွန်းစက်ကြီးများသည် ရေပေးဝေရေးစနစ်တွင် အဓိကကျ၍ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး ပြန်လည်ရရှိချိန်တွင် ရေတွန်းစက်ကြီးများအား SOP အတိုင်း ချက်ချင်းပြန်လည်မောင်းနှင်နိုင်ရန် ဆောင်ရွက်ထားမှု၊ ရေတွန်းစက်ကြီးများ ပြန်လည်မောင်းနှင်ရာတွင် မြို့တွင်းသို့ ရေအမြန်ပြန်လည်ရောက်ရှိရန်အတွက် ရေပို့ပိုက်လိုင်းအတွင်း လေခိုမှုများအား မီးသတ်ငုတ်များ၊ Washout များ ဖွင့်ထုတ်၍ လေထုတ်ပေးခြင်းများကို မြို့နယ်တာဝန်ခံများက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေမှု၊ ရေအခက်အခဲဖြစ်ပေါ်သည့် နေရာများသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဌာနရှိ ရေကားများဖြင့် လိုက်လံပေးဝေဆောင်ရွက်ပေးနေမှု၊ ရေပေးဝေရေးစခန်းများရှိ ရေစုကန်များတွင် ရေတိုင်များထားရှိ၍ ရေကားများ အလွယ်တကူရေရယူနိုင်ရန်ဆောင်ရွက်ထားရှိမှု၊ ရေအားဖြည့် အဝီစိတွင်းများကိုလည်း ရပ်ကွက်မီးလာချိန် အချိန်ဇယားများနှင့်ကိုက်ညှိ၍ မောင်းနှင်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
■ အဆိုပါအစည်းအဝေးပွဲသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ တက်ရောက်ကြပြီး မြို့တော်ဝန်က သောက်သုံးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရေစုကန်များအတွင်း ရေအမြဲဖြည့်တင်းထားရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်၍ လိုအပ်ချက်များ သိရှိအောင် ဆောင်ရွက်ရေး၊ လျှပ်စစ်မီးရရှိချိန်တွင် ရေတွန်းစက်ကြီးများနှင့် မြို့နယ်အတွင်းရှိ ထပ်ဆင့်ရေတွန်းစက်များ ဂရုတစိုက်မောင်းနှင်ရေး၊ မြို့နယ်များအတွင်း ရေပေးဝေထားရှိမှု အခြေအနေနှင့်ရေပြတ်လပ်မှုမရှိစေရန်အတွက် ရေစက်မောင်းတာဝန်ခံများ၏ ရေတွန်းစက်များ မောင်းနှင်မှုအား လျှပ်စစ်မီးရရှိမှုအချိန်ဇယားနှင့်ကိုက်ညှိ၍ အထူးဂရုတစိုက်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 04 April 2026
■ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ သင်္ကြန်ပိတ်ရက် မတိုင်မှီ စားသုံးဆီ တန်ချိန် ငါးသောင်းရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
■ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စနစ်တကျ ကျင်းပပြုလုပ်ခဲ့ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ စီမံခန့်ခွဲမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
■ အစည်းအဝေးတွင် ဥက္ကဌမှ ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို မိမိတို့ဒေသအသီးသီးတွင် ပြည်သူများ၏ ဧပြီလ စားသုံးဆီလိုအပ်ချက်နှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းဆီများကို တင်ပြထားသည့် စာရင်းများအတိုင်း စနစ်တကျ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
■ ထို့အပြင် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းအသီးသီးသို့ သင်္ကြန်ပိတ်ရက် မတိုင်မှီ ဆိုက်ကပ်လာမည့် စားသုံးဆီ တန်ချိန် ငါးသောင်း အချိန်မှီ ထုတ်ယူနိုင်ရေး၊လက်ရှိ ဆီသိုလှောင်ကန်များပြည့်နေ၍ နေ့စဉ်ဆီထပ်တိုးထုတ်နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ စနစ်တကျစီစဉ်ရန် ဆွေးနွေးလမ်းညွှန်ပါသည်။
■ ၎င်းအပြင် အသင်းဝင်များအနေဖြင့် ဌာနဆိုင်ရာများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းစဉ်များကို စနစ်တကျ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သင့်ကြောင်းကိုလည်း အထူးအလေးထား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 04 April 2026
■ သောကြာနေ့က အမေရိကန် စစ်လေယာဉ် နှစ်စီးကို အီရန်က ပစ်ချခဲ့ပြီး လေယာဉ်မှူး နှစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ တတိယမြောက် လေယာဉ်မှူးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး တီဟီရန်အစိုးရက လိုက်လံရှာဖွေလျက်ရှိသည်။ ပထမလေယာဉ်ဖြစ်သော ထိုင်ခုံနှစ်နေရာပါ အမေရိကန် F-15E ဂျက်တိုက်လေယာဉ်မှာ အီရန်နိုင်ငံအတွင်း ပစ်ချခံခဲ့ရပြီး ယင်း၏ လေယာဉ်အမှုထမ်း နှစ်ဦးအနက် တစ်ဦးကို အမေရိကန် အထူးတပ်ဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်းနှင့် အခြားတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမေရိကန် မီဒီယာများကဖော်ပြသည်။
■ ■ ဒေါ်လာ ၃၁ ဒသမ ၁ သန်း တန်ကြေးရှိသော အမေရိကန် F-15E Strike Eagle လေယာဉ်သည် လေယာဉ်မှူးတစ်ဦးနှင့် လက်နက်စနစ်အရာရှိတစ်ဦးတို့ကို တင်ဆောင်နိုင်သည်။ သူတို့နှစ်ဦးအနက် မည်သူ့ကို ကယ်တင်နိုင်ခဲ့သည်ဆိုသည်မှာ ရှင်းလင်းမှုမရှိသေးပေ။
■ တစ်စီးလျှင် ဒေါ်လာ ၁၈ ဒသမ ၈ သန်း တန်ကြေးရှိသော ဒုတိယမြောက်လေယာဉ်ဖြစ်သည့် A-10 Warthog တိုက်လေယာဉ်မှာမူ ထိမှန်ပြီး ကူဝိတ်နိုင်ငံအပေါ်၌ ပျက်ကျခဲ့ကာ လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ထွက်နိုင်ခဲ့သည်။
■ ရန်သူ့ပစ်ခတ်မှုကြောင့် အမေရိကန် တိုက်လေယာဉ်တစ်စီး နောက်ဆုံးအကြိမ် ပစ်ချခံခဲ့ရခြင်းမှာ ၂၀၀၃ ခုနှစ် အမေရိကန်တို့ အီရတ်ကို ကျူးကျော်စဉ်က ဖြစ်သည်ဟု သိရသည်။ ပျောက်ဆုံးနေသော လေယာဉ်မှူးကို ရှာဖွေရေးတွင် ပါဝင်ခဲ့သည့် ဘလက်ဟော့ (Black Hawk) ရဟတ်ယာဉ် နှစ်စီးသည်လည်း အီရန်၏ ပစ်ခတ်ခြင်းခံခဲ့ရသော်လည်း အီရန်လေပိုင်နက်ထဲမှ လွတ်မြောက်အောင် ထွက်ခွာနိုင်ခဲ့ကြောင်း အမေရိကန် အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
■ အိမ်ဖြူတော်နှင့် ပင်တဂွန်စစ်ဌာနချုပ် နှစ်ခုစလုံးက ပစ်ချခံရသော လေယာဉ်များနှင့်ပတ်သက်၍ လူသိရှင်ကြား သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကယ်ရိုလိုင်း လီဗစ်က သမ္မတ ဒေါ်နယ်ထရမ့်ကို "အစီရင်ခံတင်ပြထားပြီးဖြစ်သည်" ဟု ပြောကြားခဲ့သည်။ အန်ဘီစီသတင်းဌာန (NBC News) နှင့် စကားပြောဆိုရာတွင် ထရမ့်က F-15 ဆုံးရှုံးမှုသည် အီရန်နှင့် စေ့စပ်ညှိနှိုင်းမှုများအပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း "မရှိပါဘူး၊ လုံးဝမရှိပါဘူး။ မဟုတ်ဘူး၊ ဒါဟာ စစ်ပွဲပဲ" ဟု ပြောဆိုခဲ့သည်။ ယခုဖြစ်ရပ်သည် အီရန်စစ်တပ်အနေဖြင့် "တီဟီရန်နှင့် ၎င်းတို့နိုင်ငံ၏ အခြားအစိတ်အပိုင်းများအပေါ်တွင် ကျွန်ုပ်တို့၏ လေယာဉ်များ ပျံသန်းနိုင်သည့်အထိ" အရေးနိမ့်သွားပြီဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပြီးနောက် တစ်ပတ်ကျော်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ "ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ ဘာမှ မလုပ်နိုင်ပါဘူး" ဟု သူက ပြောဆိုခဲ့ဖူးသည်။
■ အီရန်သည် ကူဝိတ်နိုင်ငံရှိ ကမ့်ဘျူးရင်း (Camp Buehring) စခန်းရှိ အမေရိကန်၏ CH-47 Chinook ရဟတ်ယာဉ်တစ်စီးကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခုတွင် ပျက်စီးစေခဲ့သည်ဟု သိရသည်။ အီရန်တပ်ဖွဲ့များသည် ကူဝိတ်နှင့် အခြားပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန် စစ်ရေးဆိုင်ရာ နေရာများကို အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။
■ အမေရိကန် လေယာဉ်မှူးကို ဖမ်းဆီးနိုင်ပါက ဆုငွေပေးမည်ဟု အီရန် ကြေညာ
ဒေသတွင်း တရားဝင်ရုပ်သံလိုင်းတစ်ခုမှ အီရန် ရုပ်မြင်သံကြားသတင်းထောက်တစ်ဦးက အမေရိကန် လေယာဉ်မှူးကို အရှင်ဖမ်းဆီးနိုင်သူ မည်သူမဆို "တန်ဖိုးရှိသော ဆုကြေးငွေ ရရှိမည်" ဟု ပြောကြားခဲ့သည်။ အီရန် အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း "ရန်လိုသော ရန်သူ့တပ်ဖွဲ့များ" ကို ဖမ်းဆီးနိုင်သူ သို့မဟုတ် သတ်ဖြတ်နိုင်သူ မည်သူ့ကိုမဆို ဂုဏ်ပြုချီးကျူးမှုပေးမည်ဟု ကတိပြုခဲ့သည်။ လေယာဉ်ပျက်ကျခဲ့သည့် အီရန်နိုင်ငံ အနောက်တောင်ပိုင်းရှိ နေရာအနီးတစ်ဝိုက်ကိုသူတို့က နယ်မြေရှင်းလင်း ရှာဖွေနေကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
■ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ပွဲသည် "အစိုးရပြုတ်ကျရေး" အဆင့်မှ သူတို့၏ လေယာဉ်မှူးများကို လိုက်လံရှာဖွေသည့် အဆင့်သို့ "အဆင့်လျှော့ကျသွားပြီ" ဖြစ်ကြောင်း အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကွီယို ကာလီဘတ်က ပြောကြားခဲ့သည်။ "အီရန်ကို ၃၇ ကြိမ်ဆက်တိုက် အနိုင်ရပြီးနောက်မှာ သူတို့စတင်ခဲ့တဲ့ မဟာဗျူဟာမရှိတဲ့ ဒီထူးချွန်ပြောင်မြောက်လှတဲ့ စစ်ပွဲဟာ အခုတော့ 'အစိုးရပြုတ်ကျရေး' ကနေ 'ဟေ့၊ ငါတို့ရဲ့ လေယာဉ်မှူးတွေကို တစ်ယောက်ယောက် ရှာတွေ့နိုင်မလား၊ ကျေးဇူးပြုပြီး' ဆိုတဲ့အဆင့်ကို လျှော့ကျသွားပါပြီ။ ဝိုး.. မယုံနိုင်လောက်စရာ တိုးတက်မှုကြီးပါပဲ။ အကြွင်းမဲ့ ဉာဏ်ကြီးရှင်တွေပဲ" ဟု ကာလီဘတ်က X တွင် ရေးသားတင်ပြခဲ့သည်။
■ အမေရိကန်-အစ္စရေး-အီရန် စစ်ပွဲ
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက အီရန်ကို တိုက်ခိုက်ပြီး အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီကို လုပ်ကြံသတ်ဖြတ်ရာမှ စတင်ဖြစ်ပွားခဲ့သော အီရန်စစ်ပွဲအတွင်း အမေရိကန် လေယာဉ်တစ်စီး ပထမဆုံးအကြိမ် ပစ်ချခံရခြင်းဖြစ်သည်။ စစ်ပွဲကာလတစ်လျှောက်လုံးတွင် အီရန်က ရန်သူ့လူပါသော လေယာဉ်များကို ပစ်ချနိုင်ခဲ့ကြောင်း အကြိမ်ကြိမ် အခိုင်အမာ ပြောဆိုခဲ့သည်။ အီရတ်တွင် ပျက်ကျခဲ့သည့် ဆီတင်လေယာဉ်တစ်စီးနှင့် ကူဝိတ်ဘက်မှ မှားယွင်းပစ်ခတ်မှုကြောင့် ပစ်ချခံခဲ့ရသော F-15 သုံးစီး အပါအဝင် အီရန် စစ်ဆင်ရေးကာလအတွင်း လေယာဉ်အများအပြား ဆုံးရှုံးခဲ့ရကြောင်း အမေရိကန် စစ်တပ်က ကြေညာခဲ့သည်။
■ အီရန်စစ်ပွဲတွင် လူပေါင်း ၁,၉၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ အီရန်၏ လက်တုံ့ပြန်မှုကြောင့် ပင်လယ်ကွေ့နိုင်ငံများတွင် လူ နှစ်ဒါဇင်ခန့် သေဆုံးခဲ့ပြီး၊ အစ္စရေးတွင် ၁၉ ဦး သေဆုံးကြောင်း သတင်းရရှိကာ၊ အမေရိကန် စစ်မှုထမ်း ၁၃ ဦး သေဆုံးခဲ့သည်။
(NDTV)
#World_Health
Published 04 April 2026
■ ဗိုက်တာမင်-ဒီကို လိုအပ်လို့ အသုံးပြုမယ်ဆိုရင် အခြားသော ဖြည့်စွက်ဆေးတွေက ဗိုက်တာမင်-ဒီရဲ့ စုပ်ယူမှု၊ ထိရောက်မှု၊ ဇီဝဖြစ်ပျက်ပုံတို့ကို နှောင့်ယှက်စေတာကို သိထားသင့်ပါတယ်။
■ (၁) မဂ္ဂနီဆီယံ
မဂ္ဂနီဆီယံ ပမာဏများလွန်းရင် ခန္ဓာကိုယ်ထဲက ကယ်စီယံမျှခြေ နှောင့်ယှက်နိုင်ပါတယ်။
ဒါကြောင့် မဂ္ဂနီဆီယံ၊ ဗိုက်တာမင်-ဒီ၊ ကယ်စီယံ ဖြည့်စွက်ဆေးတို့ကို အသုံးပြုမယ်ဆိုရင် မဂ္ဂနီဆီယံနဲ့ ကယ်စီယံတို့ကို နာရီအနည်းငယ်ခြားပြီး သောက်သင့်ပါတယ်။
■ (၂) ကယ်စီယံ
ကယ်စီယံပမာဏ အလွန်များတဲ့အခါ ဗိုက်တာမင်-ဒီနဲ့ အခြားအာဟာရဓာတ်များရဲ့ ဇီဝဖြစ်စဉ်တွေကို လိုက်နှောင့်ယှက်နိုင်ပါတယ်။
ဒါကြောင့် ကယ်စီယံပမာဏများများ သုံးစွဲဖို့လိုအပ်ရင် ဗိုက်တာမင်-ဒီနဲ့ အချိန်ခြားပြီး သုံးစွဲသင့်ပါတယ်။
■ (၃) ဗိုက်တာမင်-ကေ
ဗိုက်တာမင်-ဒီနဲ့ ဗိုက်တာမင်-ကေတို့ကြား မညီမျှပါက သွေးကြောတစ်ရှူးတွေထဲမှာ ကယ်စီယံအနည်ထိုင်လာပြီး နှလုံးသွေးကြောကျဉ်းခြင်းလိုမျိုး ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် နှလုံးသွေးကြောနဲ့ အရိုးကျန်းမာရေးတို့နဲ့ ပတ်သက်လာရင် ဗိုက်တာမင်-ကေနဲ့ ဗိုက်တာမင်-ဒီတို့ကို မှန်ကန်တဲ့ပမာဏအတိုင်း သောက်သုံးသင့်ပါတယ်။
■ (၄) ဗိုက်တာမင်-အေ
ဗိုက်တာမင်-အေ အလွန်များသွားတဲ့အခါ ဗိုက်တာမင်-ဒီရဲ့ အာနိသင်တွေကို နှောင့်ယှက်စေပါတယ်။
ဒါကြောင့် မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ကိုက်လံတို့လို စားစရာတွေကနေ ဗိုက်တာမင်-အေ ရအောင်စားပေးသင့်ပြီး မျှတအောင် သုံးစွဲခြင်းက ပိုအရေးကြီးပါတယ်။
Source: Health.
#World_Health
Published 04 April 2026
■ ခန္ဓာကိုယ်ထဲမှာ နာတာရှည်ဖိစီးမှု ဖြစ်လာတဲ့အခါ ဇီဝသက်တမ်း အိုမင်းရင့်ရော်ခြင်း မြန်ဆန်လာနိုင်ပါတယ်။
■ ပြဿနာတွေ ဖန်တီးတတ်သူတွေ ကိုယ့်ဘဝအပေါ်မှာ ဘယ်လောက်သက်ရောက်လဲ ဆိုတာကို သုတေသီတွေ တိုင်းတာခဲ့ကြပါတယ်။
■ အင်ဒီယာနာမှ လေ့လာချက်အရ စိတ်ဒုက္ခပေးသူတွေဟာ ဆဲလ်အိုမင်းခြင်းကို ၁.၅ ရာခိုင်နှုန်းခန့် ပိုမြန်စေနိုင်စွမ်း ရှိပါတယ်။
■ ဒါဟာ စိတ်ဒုက္ခပေးသူတွေနဲ့ အိုမင်းရင့်ရော်မှုနှုန်းတို့ကြား ဆက်စပ်မှုပုံစံတစ်မျိုးရှိပုံကို နယူးယော့ခ်တက္ကသိုလ် လူမှုရေးပရော်ဖက်ဆာ ဗြောင်ကျူလီက ရှင်းပြပါတယ်။
■ အိုမင်းရင့်ရော်မှုနှုန်း မြန်ဆန်လာတဲ့အခါ ရောင်ရမ်းခြင်း၊ ကိုယ်ခံအားစနစ်ယိုယွင်းခြင်း၊ နှလုံးသွေးကြောရောဂါတို့ ဖြစ်လာစေနိုင်ပါတယ်။
■ လူပေါင်း ၂ ထောင်ကျော်ပါဝင်တဲ့ စစ်တမ်းတစ်ခုမှာ ပြီးခဲ့တဲ့ ၆ လအတွင်း လူမှုရေးဆက်ဆံပုံတွေအကြောင်း မေးမြန်းခဲ့ပြီး သူတို့ရဲ့ဘဝမှာ အခြားလူတွေကြောင့် ဘယ်လောက်အထိ စိတ်ဒုက္ခဖြစ်ရလဲဆိုတာကို တိုင်းတာခဲ့ပါတယ်။
■ စိတ်ဒုက္ခပေးသူတွေရဲ့ သက်ရောက်မှုက မိသားစုဝင်တွေ ဖြစ်နေတဲ့အခါ ပိုပြီးကြီးမားနေပါတယ်။
■ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကတော့ ဖိစီးမှုတွေကို တန်ပြန်နိုင်ပြီး အသက်ပိုရှည်စေနိုင်ကာ အထီးကျန်ခြင်းကတော့ ကျန်းမာရေးအန္တရာယ် ပိုဆိုးစေနိုင်ပါတယ်။
■ ဒါကြောင့် စိတ်ဒုက္ခပေးသူတွေနဲ့ စည်းခြားထားမှသာ ဆဲလ်ကျန်းမာရေးနဲ့ အစစအရာရာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: New York Post
Page 157 of 2096