၂၅ နိုဝင်ဘာ ၂၀၂၄
အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်စစ်တပ်ကနေ လိင်ပြောင်း စစ်မှုထမ်း တွေကို ထုတ်ပစ်မယ့် သမ္မတအမိန့်တစ်ခုကို ထုတ်ပြန်ဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ် သတင်း အရင်းအမြစ်ကိုကိုးကားပြီး တိုင်းမ်သတင်းဌာနက ရေးသားလိုက်ပါတယ်။
ထရမ့်ဟာ သမဖ်မတတာဝန်ကိုလာမယ့် နှစ်ဇန်နဝါရီ ၂၀ရက်မှာ စတင်ထမ်းဆောင်မှာဖြစ်ကာ သမ္မတ ဖြစ်ပြီးသိပ်မကြာခင်မှာပဲ အမေရိကန်စစ်တပ်မှာ လိင်ပြောင်းသူတွေ စစ်မှုထမ်းမှာကို ပိတ်ပင်မယ့် သမ္မတ အမိန့်တစ်ခုကို လက်မှတ်ရေးထိုးလိမ့်မယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီအမိန့်အရ လက်ရှိ လိင်ပြောင်းစစ်မှုထထမ်း ၁၅.၀၀၀ ဦးဟ အလိုလိုစစ်တပ်ကနေထွက်ပေးရတော့မှာဖြစ်ပြီး သူတို့ကို စစ်မှုထမ်းရန်မသင့်ဟုကြေညာခြင်းခံရမှာဖြစ်ပါတယ်။
အဲဒီအမိန့်အရ စစ်တပ်ကို လိင်ပြောင်းသူတွေ ထပ်မံဝင်ရောက်လာမှာကိုလည်း ပိတ်ပင်တားဆီးမှာဖြစ်တဲ့ အတွက် အမေရိကန်စစ်တပ်အနေနှင့် လိုအပ်တဲ့ စစ်သားစုဆောင်းရေးအရေအတွက်ရရှိဖို့ အတော် ရုန်းကန်ရလိမ့်မယ်လို့ သတင်းကဆိုပါတယ်။
အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ထရမ့်ဟာ စစ်တပ်ထဲမှာ လိင်ပြောင်းသူတွေ မထားဖို့ သူရဲ့ ပထမသက်တမ်း ထဲမှာ ပြောထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေကြောင့် စစ်တပ်ထဲ ဆေးဝါးစရိတ်တွေနှင့် အလုပ်ပျက်အကိုင်ပျက်တွေ အများကြီးရှိခဲ့တယ်လို့ ဆိုကာ ၂၀၁၉ခုနှစ်မှာ အမိန့်ထုတ်တားဆီးခဲ့တာပါ။
ဒါပေမယ့် ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာပြီးတဲ့နောက် ပြောင်းပြန် ပြန်လုပ်ခဲ့ပါတယ်။ အခုထရမ့်က သမ္မတပြန်ဖြစ်လာတဲ့အခါ သူထုတ်ပြန်ခဲ့တဲ့ အမိန့်ကိုပြန်အသက်သွင်းမယ့် သဘောဖြစ်ပါတယ်။
Source : Times of India
သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပိတ်ရက်အတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၅,၀၀၀ခန့်လာရောက်လည်ပတ်
ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၅,၀၀၀ ကျော်လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲထံမှ သိရပါတယ်။
#Local_News
Published 25 November 2024
#ငွေဆောင်ကမ်းခြေ #သီတင်းကျွတ်နှင့်တန်ဆောင်တိုင်
#YMG/NN #Yangon_Times
#World_Military
Published 25 November 2024
▪️ အသက် ၂၆ နှစ်ရှိ ကိုရီးယားနိုင်ငံသားတစ်ဦးဟာ စစ်မှုထမ်းခြင်းမှ ရှောင်ရှားရန်အတွက် ကိုယ်အလေးချိန် တမင်တိုးလာအောင် ပြုလုပ်ခဲ့ရာ နိုင်ငံသားတာဝန် တိမ်းရှောင်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
▪️ ဆိုးလ်အရှေ့ပိုင်း ဒုံဘူခရိုင်တရားရုံးက တရားခံကို စစ်မှုထမ်းဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁နှစ်၊ ဆိုင်းငံ့ ၂နှစ် ချမှတ်လိုက်ပါတယ်။
▪️ အဆိုပါ ဥပဒေမှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ စစ်မှုထမ်း တိမ်းရှောင်သူများကို ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။
▪️ တရားခံက နေ့စဉ်စားသောက်မှုကို နှစ်ဆတိုးကာ စစ်မှုထမ်းခေါ်ဖို့အတွက် ဆေးစစ်မှုမပြုလုပ်မီမှာ ရေအများအပြားသောက်သုံးခဲ့ပြီး ကိုယ်အလေးချိန်တက်အောင် တမင်ပြုလုပ်ခဲ့ပါတယ်။
▪️ သူ့ရဲ့သူငယ်ချင်း တစ်ယောက်က ကိုယ်အလေးချိန် တက်လာစေရန် အစီအစဉ်များ ပြုလုပ်ပေးခဲ့ကာ ချက်ပြုတ်ပေးတဲ့အတိုင်း စားသောက်ခဲ့ပါတယ်။
▪️ သူငယ်ချင်းဖြစ်သူကိုတော့ ကူညီမြှောက်ပင့်တဲ့အတွက် ထောင်ဒဏ် ၆လ၊ ဆိုင်းငံ့ ၂နှစ်ချမှတ်ခဲ့ပါတယ်။
▪️ သူကတော့ သူငယ်ချင်းဖြစ်သူ ဒီလိုရည်ရွယ်ချက်ဖြင့် ပြုလုပ်မယ်လို့ မထင်မိကာ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပါတယ်။
▪️ တရားခံဟာ ၂၀၁၇ အောက်တိုဘာတုန်းက ကိုယ်ကာယစမ်းသပ်မှု ပြုလုပ်ရာမှာ အဆင့်-၂ ရရှိခဲ့ပြီး ဒါဟာ ဒုတိယအမြင့်ဆုံး အဆင့်ဖြစ်ကာ တိုက်ခိုက်ရေးကဏ္ဍမှာ ပါဝင်ရန် အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။
▪️ ၂၀၂၃ ဇွန်လပ နောက်ဆုံးစစ်ဆေးရာမှာတော့ ၁၀၂.၃ ကီလိုဂရမ်ဖြင့် အဆင့်-၄ ဖြစ်နေကာ ၁၆၉ စင်တီမီတာ အရပ်အမြင့်အနေနဲ့ဆိုရင် BMI ၃၅.၈ ရှိနေပြီး အဝလွန်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။
▪️ ဒါကြောင့် အစိုးရအေဂျင်စီတစ်ခုမှာ တိုက်ခိုက်ရေးမဟုတ်တဲ့ ကဏ္ဍတစ်ခုကို အိမ်ကနေပဲ ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။
▪️ တောင်ကိုရီးယားမှာ ခန္ဓာကိုယ်သန်စွမ်းတဲ့ ယောက်ျားလေးမှန်သမျှ ၁၈လကြာ စစ်မှုထမ်းဖို့ လိုအပ်ပါတယ်။
▪️ ယင်းတို့နှစ်ဦးဟာ ယခင်ပြစ်မှုကျူးလွန်မှုများ မတွေ့ရှိသလို တရားခံဟာ သူ့အမှားသူ သိရှိပြီး စစ်မှုထမ်းတာဝန် ကျေပြွန်စွာထမ်းဆောင်သွားမယ်လို့ ကတိပြုခဲ့တာကြောင့် တရားရုံးက သက်ညှာတဲ့ပစ်ဒဏ် ချမှတ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။
#Source: The Korea Herald
အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ နောက် (၁၂)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ပြီး မုန်တိုင်းငယ်အရှိန်ကြောင့် ဒေသ(၈)ခုနေရာကွက်ကျားမိုးရွာနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 25 November 2024
#မုန်တိုင်းငယ်အရှိန် #နေရာကွက်ကျားမိုးရွာနိုင်
#YMG/tthl #Yangon_Times
အခုတစ်ပတ်အတွက် ကမ္ဘာ့ရွှေဈေးအဖွင့်ဈေး အနည်းငယ်တက်တဲ့အတွက် မြန်မာ့ရွှေဈေး အနည်းငယ်လိုက်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ သိရပါတယ်။
#Local_News
Published 25 November 2024
#ကမ္ဘာ့ရွှေဈေးတက် #ရွှေဈေးအနည်းငယ်တက်
#YMG/tthl #Yangon_Times
၂၀၂၄ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီဗန်းကိုင်ဖို့ ရွှေကြိုတွေခေါ်ယူနေပြီဖြစ်ပြီး နိုဝင်ဘာလ(၂၆)ရက်ကစလို့ လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
#Local_News
Published 25 November 2024
#ရွှေကြိုများခေါ်ယူ #မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်
#YMG/tthl #Yangon_Times
#Local_News
Published 25 November 2024
▪️ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သည့်လူပုဂ္ဂိုလ်(၉၈)ဦးအားနစကဥက္ကဌမှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယနေ့အမျိုးသားနေ့၌ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။
▪️ ယင်းကဲ့သို ချီးမြှင့်အပ်နှင်းလိုက်ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ၂၅ရက် ရက်စွဲဖြင့်အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။
▪️ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး(၂)ယောက်နဲ့ ဗိုလ်မှူး(၂)ယောက် စုစုပေါင်း(၄) ယောက်တိုကို ပေးအပ်ချီးမြှင့်လိုက်ကြောင်း၊
▪️ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ၂ယောက်အပါအဝင် စုစုပေါင်း( ၂၆)ယောက်ကို ပေးအပ်ချီးမြှင့်လိုက်ကြောင်းနှင့်
▪️ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် ရဲသူရတံဆိပ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က (၅)ယောက်၊ မီးသတ်ဦးစီးဌာနက (၂)ယောက် စုစုပေါင်း(၇)ယောက်တို့ကို ပေးအပ်ချီးမြှင့်လိုက်ပြီး ရဲဗလတံဆိပ်ကိုတော့ လူပုဂ္ဂိုလ်စုစုပေါင်း (၆၁)ယောက်ကို ပေးအပ်ချီးမြှင့်လိုက်သည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။
#YMG/tthl #Yangon_Times
#Local_News
Published 25 November 2024
▪️ မော်လမြိုင်တွင် BONGO ကားမှကုန်တင်တွဲကား၏နောက်ပိုင်းအားဝင်တိုက်မိပြီးယာဉ်မောင်းညပ်နေ၍ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
▪️ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၂၄ ရက်ည ၈ နာရီ ၄၀ မိနစ်ခန့်ကဒေါင်းဇရပ်တက္ကသိုလ်ပတ် လမ်းထိပ်တွင် BONGO ကားမှ လမ်းဘေး၌ရပ်ထားသည့် ကုန်တင်တွဲကား၏နောက်ပိုင်းအားဝင်တိုက်မိပြီး BONGO ကားယာဉ်မောင်းသူသည် ထိခိုက်ဒဏ်ရာများရ၍ ခေါင်းခန်းအတွင်းညပ်နေသည်ဟု ဘိုဘိုဝင်းပရဟိတအဖွဲ့မှ ဖော်ပြထားသည်။
▪️ မော်လမြိုင်ခရိုင်မီးသတ်စခန်း၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာကယ်ကယ်ဆယ်ရေးယာဉ်(၁)စီးနှင့်ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရာမညအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ တို့မှခေါင်းခန်းအတွင်းညပ်နေသည့် BONGO ကားမောင်းသူအား ကယ်ထုတ်ပေးခဲ့ကြရာ ည ၈ နာရီ ၅၃ မိနစ်တွင် ကယ်ထုတ်ပေးနိုင်ခဲ့သည်။
▪️ လူနာကိုဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှလိုအပ် သည့်များပြုစုဆေးပြီးမော်လမြိုင်ဆေးရုံကြီးသို့ ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#World_Science
Published 25 November 2024
▪️ ဒိုင်နိုဆောတွေ ရှေးဟောင်းသတ္တဝါတွေလိုပဲ လူသားတွေဟာလည်း တစ်နေ့နေ့မှာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ပါတယ်။
▪️ ဒီလိုဖြစ်လာရင် ကမ္ဘာကြီးကို ဘယ်သူတွေအုပ်စိုးလိမ့်မလဲဆိုတော့ အဖြေက ရေဘဝဲပဲ ဖြစ်ပါတယ်။
▪️ ကမ္ဘာပေါ်မှာ လူသားတွေမရှိတော့ရင် ခြေလက် ၈ချောင်းပါ ရေဘဝဲတွေ အုပ်စိုးသွားလိမ့်မယ်လို့ သိပ္ပံပညာရှင်တစ်ဦးက ဆိုပါတယ်။
▪️ ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ ရာသီဥတု ဖောက်ပြန်မှုများကြောင့် လူသားများဟာ ယင်းတို့ကိုယ်တိုင် ကမ္ဘာကြီးကို ဖျက်ဆီးရာ ရောက်နေပါတယ်။
▪️ အဲဒီအခါ ရေဘဝဲတွေက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များ ပိုင်ဆိုင်တာကြောင့် ဆင့်ကဲပြောင်းလဲလာပြီး နောက်ထပ်အဖွဲ့အစည်းတစ်ခု တည်ဆောက်လာလိမ့်မယ်လို့ သတ္တဗေဒနဲ့ ဇီဝဗေဒပညာရှင်က ပြောသွားပါတယ်။
▪️ ထိုသတ္တဝါတွေက ကမ္ဘာကြီးကို ခြယ်လှယ်ကာ သူတို့ကိုယ်တိုင် ဖန်တီးမယ့် ပစ္စည်းကိရိယာတွေ အသုံးပြုပြီး ရေအောက်နယ်ပယ်တစ်ခု တည်ဆောက်လိမ့်မယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပရော်ဖက်ဆာ တင်မ်ကော်လ်ဆန်က ဆိုပါတယ်။
▪️ ရေဘဝဲတွေက အလွန်ဉာဏ်ကောင်းပြီး တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်လိုကြတယ်လို့ ပြောပါတယ်။
▪️ သူတို့က ပြဿနာများကို ဖြေရှင်းနိုင်ပြီး အရာဝတ္ထုများကို အသုံးပြုနိုင်ကာ ပုန်းကွယ်နေနိုင်သလို လူသားများ ပျောက်ကွယ်သွားရင် အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်တဲ့ မျိုးစိတ်များအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာနိုင်တယ်လို့ ပြောပါတယ်။
▪️ ကုန်းနေသတ္တဝါများအဖြစ် လုံးဝမပြောင်းလဲနိုင်ပေမယ့် တစ်ခါတလေမှာ ရေထဲကတက်လာပြီး သားကောင်လိုက်နိုင်ဖွယ် ရှိပါတယ်။
▪️ ရေပြင်ပမှာ မိနစ် ၃၀ လောက်နေထိုင်နိုင်ကာ နောက်နှစ်သန်းပေါင်းကြာလာရင် ကုန်းပေါ်က ကျွမ်းကျင်မုဆိုးများ ဖြစ်လာနိုင်ပါတယ်။
▪️ တစ်နေ့နေ့မှာ ရေပြင်ပမှာ ကြာရှည်စွာ နေထိုင်နိုင်ရန် အသက်ရှူကိရိယာများပင် ဖန်တီးလာနိုင်မယ်လို့ ကော်လ်ဆန်က ယုံကြည်နေပါတယ်။
▪️ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အာရုံကြောတည်ဆောက်ပုံနဲ့ အာရုံကြောစနစ်က အဆင့်မြင့်ပြီး ပြဿနာများကို ဖြေရှင်းနိုင်တာကြောင့် ဖြစ်ပါတယ်။
#Source: WION
#World_Health
Published 25 November 2024
▪️ အစားအသောက်များ သုံးဆောင်တဲ့အခါ သကြားက အသုံးများတဲ့ ပါဝင်ပစ္စည်းဖြစ်ပေမယ့် အချိုစားတာ များလွန်းရင် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါတယ်။
▪️ နာတာရှည်ရောဂါများ ဖြစ်ခြင်းမှ ကာကွယ်နိုင်ပြီး ကျန်းမာရေး ထိန်းသိမ်းနိုင်ဖို့အတွက် နေ့စဉ်စားသုံးသင့်တဲ့ သကြားပမာဏကို ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများက လမ်းညွှန်ထားပါတယ်။
▪️ သကြားစားတာ များလွန်းရင် ဇီဝကမ္မ ချို့ယွင်းခြင်းများ၊ အဝလွန်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါ့အပြင် သွားကျန်းမာရေးကို ထိခိုက်စေကာ သွားပိုးစားခြင်းများလည်း ဖြစ်နိုင်ပါတယ်။
▪️ သကြားကိုမှ သဘာဝအတိုင်း တွေ့ရတဲ့သကြားနဲ့ ထည့်သွင်းအသုံးပြုတဲ့ သကြားဆိုပြီး နှစ်မျိုးရှိနေပါတယ်။
▪️ အသီးအနှံ ဟင်းရွက်တွေမှာ တွေ့ရတာက သဘာဝသကြားဖြစ်ပြီး အစားအစာတွေ ထုပ်ပိုးထုတ်လုပ်ရာမှာ ထည့်သွင်းတဲ့ သကြားကတော့ အာဟာရတန်ဖိုးမရှိဘဲ သကြားလွန်ကဲစေပါတယ်။
▪️ ကျန်းမာရေးပညာရှင်များက တစ်နေ့တာ ကယ်လိုရီစားသုံးခြင်းရဲ့ ၅-၁၀ ရာခိုင်နှုန်းအထိသာ သကြားစားသုံးဖို့ အကြံပြုထားပါတယ်။
▪️ သာမန်လူကြီးတစ်ယောက်အနေနဲ့ အမျိုးသမီးဆိုရင် လက်ဖက်ရည်ဇွန်း ၆ ဇွန်း၊ အမျိုးသားဆိုရင် ၉ ဇွန်းနဲ့ ညီမျှပါတယ်။
▪️ ဒါတွေက စားစရာထုပ်တွေမှာ ပါဝင်တဲ့သကြားကိုသာ ရည်ညွှန်းထားတာ ဖြစ်ပါတယ်။
▪️ သကြားအလွန်အကျွံ စားသုံးမိတဲ့အခါ အဝလွန်ခြင်း၊ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများခြင်း၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများ၊ အသည်းကျန်းမာရေး ထိခိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ စွမ်းအင်ကျဆင်းခြင်းနဲ့ ဆာလောင်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။
▪️ သကြားစားသုံးခြင်းကို ထိန်းချုပ်ဖို့အတွက် အစားအသောက်တွေရဲ့ ပါဝင်ပစ္စည်းစာရင်းများ ဖတ်ရှုခြင်း၊ သကြားအစားထိုး ပစ္စည်းများ ရွေးချယ်ခြင်း၊ အသီးအနှံ ကောက်ပဲသီးနှံတို့ စားသုံးခြင်း၊ အချိုဓာတ်ပါသော အရည်များ လျှော့ချကန့်သတ်ခြင်း၊ စားသောက်တဲ့အခါ ပမာဏပိုင်းခြားခြင်း၊ အိမ်မှာချက်စားခြင်း၊ အချိုမပါသော စားစရာများ ရွေးချယ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
#Source: DoctorNDTV
၂၄ နိုဝင်ဘာ ၂၀၂၄
တရုတ်-မြန်မာနယ်စပ်အနီး မြန်မာနိုင်ငံ မြောက်ပိုင်းက ကျားဖျန့်လုပ်ငန်းအကြီးစားတွေ အားလုံးကို ချေမှုန်းပြီးပြီလို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မကြာသေးမီကကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မြောက်ပိုင်းကကျားဖျန့်လုပ်ငန်းတွေကို တရုတ်နှင့် မြန်မာရဲတပ်ဖွဲ့တွေ စတင်နှိမ် နှင်းခဲ့တဲ့အချိန်ကနေ ယခုအချိန်အထိ တရုတ်နိုင်ငံသား ငါးသိန်းသုံးသောင်ကျော်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်
Source CCTV+
#World_Health
Published 24 November 2024
▪️ သွေးဖိအားများခြင်း သို့မဟုတ် သွေးတိုးခြင်းကို ဆေးဝါးများဖြင့် ထိန်းချုပ်ကြသလို အစားအစာကလည်း အရေးပါနေပါတယ်။
▪️ အချို့သော ဟင်းရွက်တွေဟာ သွေးပေါင်ချိန်ကို သဘာဝအတိုင်း လျှော့ချပေးနိုင်ကြပါတယ်။
▪️ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ဆိုဒီယံနည်းပါးတာကြောင့် သွေးကြောတွေကို ပြေလျော့စေကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ ဒီအတွက် အသင့်လျော်ဆုံး ဟင်းရွက်တွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဟင်းနုနွယ် - ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ကယ်လ်စီယံတို့ ပါဝင်တာကြောင့် သွေးလည်ပတ်မှု ကောင်းစေပြီး သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၂) သကြားမုန်လာ - နိုက်ထရိတ်ကြွယ်ဝစွာ ပါဝင်ပြီး နိုက်ထရစ်အောက်ဆိုဒ် ပြောင်းပေးကာ သွေးပေါင်ချိန် လျော့ကျစေပါတယ်။
▪️ (၃) ပန်းဂေါ်ဖီစိမ်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ပိုတက်ဆီယံ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပြီး သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၄) မုန်လာဥနီ - ပိုတက်ဆီယံ၊ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝသဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၅) နံနံပင် - သွေးကြောနံရံတွေကို ပြေလျော့စေကာ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး အပေါ်သွေးလျှော့ချပေးပါတယ်။
▪️ (၆) ကိုက်လံ - ပိုတက်ဆီယံနဲ့ မဂ္ဂနီဆီယံ ပြည့်ဝပြီး ကယ်လိုရီနည်းပါးတာကြောင့် သွေးပေါင်ချိန်အတွက် ကောင်းမွန်စေကာ ကိုလက်စ်ထရောလ် လျော့ကျစေပါတယ်။
▪️ (၇) ကန်စွန်းဥ - ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံကြွယ်ဝပြီး ခန္ဓာကိုယ်ထဲက ဆိုဒီယံပမာဏကို ထိန်းညှိပေးကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၈) ခရမ်းချဉ်သီး - ပိုတက်ဆီယံနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း လိုင်ကိုပင်း ပါဝင်တာကြောင့် သွေးတိုးရောဂါမှ ကာကွယ်ပေးပါတယ်။
▪️ (၉) ပဲသီး - ဆိုဒီယံနည်းပါးပြီး ပိုတက်ဆီယံ မြင့်မားတာကြောင့် နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
#Source: DoctorNDTV
Page 154 of 1618