၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ အားကစားသမား ၁၂၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မယ်လို့ အားကစားနှင့်ကာယပညာဦးစီးဌာနကသိရပါတယ်။
#Local_News
Published 21 November 2024
#အမျိုးသားအားကစားပွဲတော် #အားကစားသမား၁၂၀၀၀
#YMG/NN #Yangon_Times
၂၀၂၄ -၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီလက အောက်တိုဘာလအထိ ၇ လတာကာလအတွင်း ပင်လယ်ရေကြောင်းကနေတစ်ဆင့် ပြည်ပကို ပဲမျိုးစုံတင်ပို့တန်ချိန် ၂ ဒသမ ၉၈ သန်း တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 21 November 2024
#ပဲမျိုးစုံတင်ပို့ #ပြည်ပသို့တင်ပို့
#YMG/NN #Yangon_Times
၂၁ နိုဝင်ဘာ ၂၀၂၄
◾️ဩစတြေလျအစိုးရက အသက် ၁၆နှစ်အောက် ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်မယ့် ဥပဒေကြမ်းတစ်လုကို ပါလီမန်သို့တင်လိုက်ပါတယ်။ အဲဒီဥပဒေကြမ်းမှာ ဥပဒေကို စနစ် တကျချိုးဖောက်တဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေကို ဩစတြေလျ ဒေါ်လာ ၄၉.၅သန်း ( အမေရိကန် ဒေါ်လာ ၃၂သန်း) အထိ ဒဏ်ငွေရိုက်လို့ရမယ့် ပြဋ္ဌာန်းချက်လည်းပါဝင်နေပါတယ်။
◾️ဩစတြေလျက အသက်အတည်ပြုတဲ့ စနစ်တစ်ခုကို စမ်းသပ်ကြည့်ဖို့ အစီအစဉ်ရှိနေပါတယ်။ အဲဒီစနစ် မှာ ဘိုင်အိုမက်ထရစ် ဒါမှမဟုတ် အစိုးရရဲ့ သက်သေခံမှုတစ်ခုခု ပါဝင်ပြီး ဒီဥပဒေကြမ်းဟာ ယနေ့ရှိနေ သမျှ ဥပဒေတွေထဲမှာ အပြင်းထန်ဆုံးတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။
◾️အသက် ၁၆နှစ်ဆိုတဲ့သတ်မှတ်ချက်ဟာ နိုင်ငံတွေရဲ့သတ်မှတ်ချက်တွေထဲမှာ အမြင့်ဆုံးအသက် ကန့် သတ်ချက်လို့ဆိုပါတယ်။ ဥပဒေကြမ်းထဲမှာ “ မိဘရဲ့ခွင့်ပြုချက်တွေ”ဆိုတဲ့ ကင်းလွတ်ခွင့်တွေ၊ ရှိပြီးသား အကောင့်တွေဆိုတဲ့ ကင်းလွတ်ခွင့်တွေ လုံးဝထည့်သွင်းမထားပါဘူး။ အသက် ၁၆ နှစ်ကန့်သတ်ချက်ဟာ ချွင်းချက်မရှိကန့်သတ်ချက်သဘောဖြစ်ပါတယ်။
◾️“ ဒါဟာ မှတ်တိုင်ထူတဲ့ ပြုပြင်ပြောင်းလဲရေးတစ်ခုဖြစ်တယ်။ အချို့ကလေးတွေကတော့ နည်းလမ်းတွေ လှည့်ပတ်ရှာနေကြဦးမှာဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို သန့်သန့်ရှင်းရှင်းအလုပ်လုပ်ကြဖို့ သတင်းစကားတွေပါးနေပါတယ်” လို့ ဩစတြေလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီးစ်က သတင်းထုတ်ပြန်ရာမှာ ပြောကြားထားပါတယ်။
◾️အတိုက်အခံလေဘာပါတီက အဲဒီဥပဒေကြမ်းကိုထောက်ခံမယ်လို့ ပြောလိုက်ပြီး ဂရင်းပါတီနှင့် တစ်သီး ပုဂ္ဂလတွေကတော့ ဖေ့စ်ဘုတ်ခ်ရဲ့ Meta အပေါ် အကြီးအကျယ်ထိခိုက်စေမယ့် အဲဒီ အဆိုပြု ဥပဒေ ကြမ်းနှင့်ပတ်သက်လို့ ပိုပြီးအသေးစိတ်သိလိုတယ်လို့ ပြောကြပါတယ်။
◾️ကလေးသူငယ်တွေအနေနှင့် မက်ဆေ့ချ်ပို့တာသုံးလို့ရဦးမှာဖြစ်ပြီး အွန်လိုင်းဂိမ်းတွေနှင့် ကျန်းမာရေးနှင့် ပညာရေးဆက်စပ်တဲ့ ကိစ္စတွေကိုလည်းသုံးနိုင်မယ်လို့ အယ်ဘန်နီးစ်က ပြောပါတယ်။
◾️နိုင်ငံအချို့က ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာသုံးတာနှင့်ပတ်သက်ပြီး ဥပဒေအရကန့်သတ်မှုတွေ လုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဩစတြေလျရဲ့မူဝါဒကတော့ အတင်းကျပ်ဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။
◾️ပြီးခဲ့တဲ့နှစ်တုန်းက ပြင်သစ်မှာ အသက် ၁၅နှစ်အောက်ကလေးငယ်တွေ ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်ဖို့ အဆို ပြုခဲ့ပါတယ်။ ဒါပေမယ့် မိဘတွေခွင့်ပြုချက်ရှိရင်သုံးလို့ရမှာဖြစ်ပါတယ်။
◾️“ ဩစတြေလျကလေးငယ်တွေ အများကြီးအတွက် ဆိုရှယ်မီဒီယာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ အသက် ၁၄နှစ်နှင့် ၁၇နှစ်အကြား ဩစတြေလျကလေးတွေရဲ့ သုံးပုံနှစ်ပုံဟာ မူးယစ်ဆေးဝါးအလွဲသုံးတာ၊ ကိုယ့်ကိုကိုယ်သတ်သေတာနှင့်ကိုယ့်ကိုကိုယ်ဒုက္ခဖြစ်စေတာတွေအပါအဝင် အလွန့်ကို အန္တရာယ်ပေးတဲ့ အွန်လိုင်းအကြော်ငးအရာတွေကို ကြည့်ရှုနေကြတယ်” လို့ ဆက်သွယ်ရေးဝန်ကြီး မီချယ်ရိုလန်က ပါလီမန် မှာကြာသပတေးနေ့က တင်ပြခဲ့ပါတယ်။
◾️ဥပဒေအရ လူငယ်တွေနှင့် မိဘတွေကို ဖိအားပေးမှာမဟုတ်ဘဲ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေကိုသာ အသက်ကန့်သတ်ပြီးဝင်သုံးလို့ရဲ့ စနစ်ကို မဖြစ်မနေထည့်သွင်းကြဖို့ကို ဦးတည်ထားပါတယ်။
◾️“ လူမှုမီဒီယာဟာ လူမှုတာဝန်ရှိတယ်။ အဲဒါကြောင့် အသုံးပြုသူတွေ အန္တရာယ်ကင်းရှင်းစေ ရေးအတွက် အဲဒီ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ တာဝန်ခံမှုရှိအောင် အပြောင်းအလဲကြီးတစ်ခုလုပ် လိုက်တာ ဖြစ်တယ်” လို့ရိုလန်ကဆက်ပြောပါတယ်။
@ymg/knl
ရွှေတိဂုံစေတီတော်ရဲ့မသိုးသင်္ကန်းရက်လုပ်ကပ်လှူပွဲမှာ မိုးပျံပူပေါင်းနဲ့အတူ လွှင့်တင်ခဲ့တဲ့အထိမ်း အမှတ်အလံငယ်မှာ ပါဝင်တဲ့ဆုတော်ငွေ(၅)သိန်းကို ဒေးဒရဲဒေသခံတစ်ဦးရရှိခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 21 November 2024
#ရွှေတိဂုံစေတီတော် #အထိမ်းအမှတ်အလံငယ်
#YMG/tthl #Yangon_Times
#Local_News
Published 21 November 2024
▪️ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော် ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ သံဝေဇနိယ လေးဌာနစေတီတော်ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းက ဂေါပကအဖွဲ့ရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးတွင် ဘက်စုံပြုပြင်မွမ်းမံမှုနှင့် စေတီတော်အားလုံးသို့ ရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် အသုံးပြုရေး၊ အမြဲသန့်ရှင်းသာယာလှပရေးကို ဦးစားပေးဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 November 2024
▪️ ရန်ကုန်ဆိပ်ကမ်းသို့ တရုတ်နှင့် ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းရောက်ရှိလာကြောင်း သိရသည်။
▪️ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့်Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယား နိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ် သုံးမော်တော်ယာဉ်များနှင့် Fara Myanmar EV Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DAYUN YUEHU S1 (VIP EDITION) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ယမန်နေ့က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာခြင်းဖြစ်သည်။
▪️ အဆိုပါ ရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များကို လုပ်ထုံး
လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာကျောင်းသားတွေ ဥရောပမှာ မာစတာဒီဂရီရတဲ့အထိ ပညာသင်ကြားနိုင်မယ့် ပညာသင်ဆုလျှောက်ထားနိုင်ပြီးအပြည့်အဝ Scholarship ဖြစ်တဲ့အတွက် visa, travelနဲ့ နေထိုင်ခွင့်တွေအတွက်ပါထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
#Local_News
Published 21 November 2024
#Scholarship #ပညာသင်ဆုပါဝင်လျှောက်ထား
#YMG/tthl #Yangon_Times
#World_News
Published 21 November 2024
▪️ အိန္ဒိယလုပ်ငန်းစု အဒါနီဂရုရဲ့ ဘီလျံနာဥက္ကဌဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ဂေါ်တမ်အဒါနီဟာ ဒေါ်လာဘီလျံချီ လာဘ်ပေးလာဘ်ယူ လိမ်လည်မှုမှာ ပါဝင်နေသဖြင့် နယူးယော့ခ်မှာ တရားစွဲဆိုခံထားရတယ်လို့ အမေရိကန်ရှေ့နေများက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ အဒါနီနဲ့ သူ့တူဖြစ်သူ ဆာဂါအဒါနီအပါအဝင် အခြားတရားခံ ၇ တို့ဟာ နှစ် ၂၀ အတွင်း ဒေါ်လာ ၂ ဘီလျံခန့် အကျိုးအမြတ်ရနိုင်မယ့် စာချုပ်များရယူဖို့နဲ့ အိန္ဒိယမှာ အကြီးဆုံး ဆိုလာဓာတ်အားပေးစက်ရုံ စီမံကိန်း ဆောက်လုပ်ဖို့အတွက် အိန္ဒိယအစိုးရ အရာရှိများကို ဒေါ်လာ ၂၆၅ သန်း လာဘ်ထိုးငွေပေးရန် သဘောတူညီခဲ့ကြတယ်လို့ အာဏာပိုင်များက ပြောပါတယ်။
▪️ အဒါနီတို့အပြင် အဒါနီဂရင်းအင်နာဂျီမှ နောက်ထပ်အမှုဆောင် စီအီးအိုဟောင်း ဗနိဂျိန်းတို့ဟာ အကျင့်ပျက်ခြစားမှုများကို ဖုံးကွယ်ဖို့အတွက် ငွေချေးငှား ရင်းနှီးမြှုပ်နှံသူများထံမှ ချေးငွေစာချုပ်များဖြင့် ဒေါ်လာ ၃ ဘီလျံကျော် ရယူခဲ့တယ်လို့ ရှေ့နေများက ဆိုပါတယ်။
▪️ အချို့သော ပူးပေါင်းကြံစည်သူတွေက ဂေါ်တမ်အဒါနီကို "Numero uno" နဲ့ "the big man"ဆိုတဲ့ လျှို့ဝှက်ကုဒ်များဖြင့် ရည်ညွှန်းခဲ့ကြကာ ဆာဂါအဒါနီကတော့ သူ့ရဲ့ဆဲလ်ဖုန်းဖြင့် လာဘ်ပေးလာဘ်ယူ အသေးစိတ် အချက်အလက်များကို ခြေရာခံခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
▪️ ဝါရှင်တန်ရှိ အိန္ဒိယသံရုံးက ပြောကြားခြင်း မရှိသေးသလို တရားခံဘက်က ရှေ့နေတွေကိုလည်း မသိရသေးပါဘူး။
▪️ ဂေါ်တမ်အဒါနီ၊ ဆာဂါအဒါနီ၊ ဂျိန်းတို့ကို ငွေကြေးမြှုပ်နှံရေးဆိုင်ရာ လိမ်လည်မှု၊ ထိုကိစ္စတွင် ပူးပေါင်းကြံစည်မှု၊ ကြေးနန်းလိမ်လည်မှုတွင် ပူးပေါင်းကြံစည်မှုတို့ဖြင့် တရားစွဲဆိုထားကာ အဒါနီတို့ကိုလည်း အမေရိကန် ငွေကြေးမြှုပ်နှံမှုနဲ့ အိတ်စ်ချိန်ကော်မရှင် အရပ်ဘက်အမှုတစ်ခုဖြင့် စွဲချက်တင်ထားပါတယ်။
▪️ အခြားတရားခံ ၅ ဦးကို အမေရိကန် လာဘ်စားတိုက်ဖျက်ရေး ဥပဒေတစ်ခုဖြစ်တဲ့ နိုင်ငံခြားရေးရာ အကျင့်ပျက်ခြင်းဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲထားသလို အခြား ၄ ဦးကို တရားဥပဒေ ဝတ္တရားနှောင့်ယှက်မှုဖြင့် စွဲဆိုထားပါတယ်။
▪️ ဘယ်တရားခံကိုမှ ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိဘဲ ဂေါ်တမ်အဒါနီက အိန္ဒိယမှာ ရှိမယ်လို့ ယူဆရပါတယ်။
#Source: Reuters
#World_Science
Published 21 November 2024
▪️ အမည်မသိယာဉ်ပျံများ သို့မဟုတ် အမျိုးအမည်မသိ အရာဝတ္ထုများ (UAP or UFO)အကြောင်း ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့က အမေရိကန်မှာ ပြုလုပ်ခဲ့ကြပါတယ်။
▪️ သမုဒ္ဒရာထဲကနေ ယာဉ်ပျံထွက်လာတာတွေ၊ ကောင်းကင်ပေါ်က ထူးဆန်းတဲ့ အလင်းရောင်တွေ၊ ကမ္ဘာပေါ်မှာ တစ်ခါမှမမြင်ဖူးတဲ့ အာကာသယာဉ်တွေအကြောင်း ပြောခဲ့ကြပါတယ်။
▪️ ဒီဆွေးနွေးပွဲကို အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်များ ကော်မတီက ကြီးကြပ်တာဝန်ယူ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန် အစိုးရဟာ အာကာသပြင်ပမှ အရာများကို ဖုံးကွယ်ထားတဲ့ အထောက်အထားများ ရှိနေတယ်လို့ ကျွမ်းကျင်သူ ၄ ဦးက ဆိုလာကြပါတယ်။
▪️ အမေရိကန်အစိုးရဟာ UFOဆယ်ယူရေး လျှို့ဝှက်အစီအစဉ် ပြုလုပ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
▪️ အစိုးရဝန်ထမ်းတွေကို ဒဏ်ရာရစေတဲ့ UFOများပင် ရှိခဲ့တယ်လို့လည်း ဆိုလာပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ ကြားနာပွဲမှာ လျှို့ဝှက်ချက်အများအပြား သိရှိထားတဲ့ ထိပ်သီးအရာရှိဟောင်းများလည်း ပါဝင်နေပါတယ်။
▪️ အစိုးရအနေနဲ့ UFOနဲ့ UAP အချက်အလက်တွေကို မဖုံးကွယ်ထားတော့သင့်ဘဲ ချပြရန် တောင်းဆိုနေကြပါတယ်။
▪️ ဂြိုဟ်သားတွေရဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ အထောက်အထားတွေ အမေရိကန်အစိုးရမှာ ရှိထားတယ်လို့ ဆိုကြပါတယ်။
▪️ ဂြိုဟ်သားတွေက ကမ္ဘာပေါ်မှာ ရေအောက်လျှို့ဝှက်စခန်းတစ်ခု ဆောက်လုပ်ထားတယ်ဆိုတဲ့ ယူဆချက်တွေကိုလည်း ကြားခဲ့တယ်လို့ ကိုလိုရာဒို လွှတ်တော်အမတ် လောရန်ဘိုဘာ့တ်က ပြောပါတယ်။
▪️ ၂၀၂၃ ခုနှစ် ဆွေးနွေးပွဲမှာဆိုရင် အငြိမ်းစား ဗိုလ်ချုပ်ဒေးဗစ်ဂရက်ချ်က အမေရိကန်အစိုးရဟာ ပျက်ကျနေရာတစ်ခုကနေ လူသားမဟုတ်တဲ့ ခန္ဓာကိုယ်များ တွေ့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
#Source: WION
#World_Health
Published 21 November 2024
▪️ ကိုယ်ဝန်ဆောင်များ ကလေးမွေးတဲ့အခါ ရေနွေးကန်ထဲမှာ မွေးဖွားတဲ့ နည်းလမ်းရှိပါတယ်။
▪️ ထိုနည်းလမ်းဟာ စိတ်ပြေလျော့စေပြီး နာကျင်မှုသက်သာစေကာ ချောချောမွေ့မွေ့ မွေးနိုင်တဲ့အတွက် အသုံးပြုသူ များပြားလာပါတယ်။
▪️ လူတိုင်းနဲ့ မသင့်လျော်ပေမယ့် အများအပြားကတော့ မိခင်နဲ့ ကလေးအကျိုးကျေးဇူးရစေရန် ရေထဲမွေးဖွားခြင်းကို ရွေးချယ်လာကြပါတယ်။
▪️ ရေနွေးကန်ထဲ မွေးဖွားရာမှာ ကျွမ်းကျင်ပညာရှင်ရဲ့ လမ်းညွှန်ချက်နဲ့ မွေးဖွားရပါတယ်။
▪️ ဒီနည်လမ်းက သဘာဝအတိုင်း သက်တောင့်သက်သာ ဖြစ်စေတယ်လို့ ထောက်ခံထားကြပါတယ်။
ရေထဲမွေးဖွားခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့..
▪️ (၁) နာကျင်မှုကို သက်သာစေပြီး စိတ်ပြေလျော့စေကာ ကြွက်သားတောင့်တင်းမှုကို လျှော့ချပေးတဲ့အတွက် နာကျင်ပူပန်မှုကို လျော့ပါးစေပါတယ်။
▪️ (၂) ရေရဲ့ ပင့်တင်အားက မိခင်တွေကို လှုပ်ရှားရလွယ်ကူစေပြီး ကလေးလွယ်ကူစွာ ထွက်လာစေနိုင်ပါတယ်။
▪️ (၃) အကိုက်အခဲပျောက်ဆေး လိုအပ်မှုနည်းပါးစေပြီး ရေနွေးရဲ့ပြေလျော့စေတဲ့ အစွမ်းသတ္တိက နာကျင်မှုကို သက်သာစေပါတယ်။
▪️ (၄) အမြှေးပါးဆုတ်ပြဲမှု သက်သာစေကာ ရေဓာတ်က အရေပြားကို နူးညံ့စေတဲ့အပြင် ပိုပြီး ကျုံ့နိုင်ဆန့်နိုင်အား ကောင်းစေပါတယ်။
▪️ (၅) သွေးဖိအားကို ကျဆင်းစေပြီး ကိုယ်ဝန်ကြောင့် သွေးဖိအားများခြင်းနဲ့ ပူပန်ခြင်းတို့ကို သက်သာစေပါတယ်။
▪️ (၆) ရေထဲမှာ နေရတဲ့အတွက် သီးသန့်ဖြစ်သလို ခံစားရပြီး အနီးနားက အခြေအနေတွေကို သိရှိစေကာ လုံခြုံမှု ခံစားရစေတာကြောင့် အချို့မိခင်တွေအတွက် အကျိုးရှိစေပါတယ်။
▪️ (၇) ကလေးက ဝမ်းဗိုက်ထဲကနေ အပြင်ကိုထွက်လာတဲ့အခါ ရေကိုထိတွေ့တဲ့အတွက် ပိုမိုငြိမ်သက်စေပြီး အပြင်လေလောက် မထိတ်လန့်စေပါဘူး။
▪️ (၈) သဘာဝအတိုင်း မွေးဖွားချင်သူတွေအတွက် ရေထဲမွေးဖွားခြင်းက ထောက်ကူပေးကာ အပြည့်အဝ အာရုံစိုက်ထားနိုင်စေပါတယ်။
#Source: DoctorNDTV
တရုတ်ကုမ္ပဏီ ၃၀ ကျော်ဟာရေဆန်နဲ့ ရေစုန်ကဏ္ဍများကြား ပူးပေါင်းမှုမြှင့်တင်ကာ ပူးတွဲဆန်းသစ်ဖွံ့ဖြိုးမှုများ ပြုလုပ်ခြင်းဖြင့် ကမ်းလွန်လေအားလျှပ်စစ် စက်မှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပူးပေါင်းဆောင်ရွက်သွားရန် စနေနေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
#Asia_Development
Published 20 November 2024
#ကမ်းလွန်လေအားလျှပ်စစ် #ပူးတွဲဆန်းသစ်ဖွံ့ဖြိုးမှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 November 2024
၁။ လေးနှစ်ကျော်ကြာ ရပ်နားခဲ့သည့် ရေကျော်ပွဲဈေး ပြန်လည်ကျင်းပရန်စီစဉ်နေ
၂။ ပြည်တွင်းဆီစက်များ ချေးငွေရရှိမှုနည်းပါးနေသေး၊ မူဝါဒဖြေလျော့ပေးရန်လိုအပ်နေ
၃။ ငှက်သိုက်များပစ္စည်းပြတ်သည့်အထိ ရောင်းချခဲ့ရ
၄။ ကမ်းလွန်လေအားလျှပ်စစ် ကွင်းဆက်တိုးတက်မြှင့်တင်ရန် တရုတ်ကုမ္ပဏီ(၃၀)ကျော်လက်မှတ်ရေးထိုး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 158 of 1619