#Local_News
Published 15 July 2025
▪️ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဆောင်ရွက်ရန်ရွေးချယ်ထားသော ကဏ္ဍများအလိုက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့်အတူ ကဏ္ဍများအတွင်းရှိ MSME လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းယမန်နေ့ကပြုလုပ်သည့်အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။
▪️ အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဝန်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က
ငလျင်ဒဏ် ခံစားခဲ့ရသည့် နိုင်ငံတော်၏ စီးပွားရေးအတွက် အဓိကဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်လာနိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဆောင်ရွက်ရန်ရွေးချယ်ထားသော ကဏ္ဍများအလိုက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့်အတူ ကဏ္ဍများအတွင်းရှိ MSME လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပံ့ပိုးပေးသွားရန် ဖြစ်ပါကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်မှုကာလ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးဒဏ် ကြုံတွေ့ရမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် လိုအပ်သလို ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ရုံးများ၊ လူနေအိမ်အဆောက် အအုံများ၊ လမ်းများ၊ တံတားများပြိုကျခဲ့ရပြီးအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့ရာ မေလကုန်တွင် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 15 July 2025
▪️ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဗို့အားမြင့် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာ စီမံကိန်းအသေးစိတ် အစီရင်ခံစာပြုစုခြင်း သဘောတူညီချက် (Agreement for prepara-tion of Detailed Project Report- DPR) ကို ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးတွင်လက်မှတ်ရေးထိုးခဲ့ေကြာင်း သိရသည်။
▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဇူလိုင်၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ အစည်းအဝေးတွင်ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အိမ်ရာနှင့် မြို့ပြရေးရာဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဗို့အားမြင့် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာ စီမံကိန်းအသေးစိတ် အစီရင်ခံစာပြုစုခြင်း သဘောတူညီချက် (Agreement for prepara-tion of Detailed Project Report- DPR) လက်မှတ်ရေးထိုး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင် ခရီးစဉ်အတွင်း ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့သည် နယူးဒေလီရှိ Power Grid Cooperation National Control Center ၊ နွိုက်ဒါရှိ National Thermal Power Cooperation ၏ Technical Research and Training Center နှင့် Solar Hybrid Farm ၊ အာဂရာရှိ Power Grid Coope-ration ၏ ၈၀၀ ကေဗွီ၊ High Voltage Direct Current (HVDC) ဓာတ်အားခွဲရုံတို့ကို သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 15 July 2025
▪️ သိပ္ပံပညာရှင် ရာဖာကာဗာဂျယ်က မီးဖိုချောင်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အရေးကြီးကြောင်းကို ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
▪️ မီးဖိုချောင်ထဲမှာ စားစရာထဲ ရောဂါပိုးမွှားကူးစက်ခြင်းရဲ့ အဓိကရင်းမြစ်တစ်ခုက လက်သုတ်ဝတ်တွေ ပန်းကန်ဆေးအမြှုပ်ဖတ်တွေဖြစ်တယ်လို့ ပြောထားပါတယ်။
▪️ မျက်နှာပြင်တစ်ခုကနေ တစ်ခုသို့ ပိုးမွှားသတ္တဝါများ ရွှေ့ပြောင်းကြကာ အသား၊ ကြက်ဥ၊ ဟင်းရွက်စိမ်းတို့ကနေ အဓိကကူးစက်ကြပါတယ်။
မီးဖိုချောင်သုံးပစ္စည်းတိုင်းမှာ ပိုးမွှားအန္တရာယ်ရှိတာတွေကို အိမ်ရှင်မတွေ သတိမထားမိကြပါဘူး။
▪️ ဘယ်လိုမျိုး ပိုးမွှားသန့်စင်ရမလဲဆိုရင် မိုက်ခရိုဝေ့ဗ်ထဲမှာ တစ်မိနစ်လောက်အပူပေးခြင်းဖြင့် လက်သုတ်ဝတ်တွေ သန့်ရှင်းစေတယ်လို့ ပြောပါတယ်။
▪️ အမေရိကန်မှာ မီးဖိုချောင်သန့်ရှင်းရေးကို အလေးမထားလို့ စားစရာထဲ ရောဂါပိုးမွှားပါသွားပြီး နှစ်စဉ်လူ ၉ ထောင်ခန့် အသက်ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
▪️ အိမ်တွင်းရေးရာပညာရှင် အယ်လီနာမတ်ဗီဗာကလည်း မီးဖိုချောင်သုံးပစ္စည်းတွေကို ထိရောက်စွာသန့်ရှင်းနိုင်ဖို့ ရှာလကာရည်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊ ကော်မှုန့်တို့ဖြင့်လည်း အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် အိမ်သုံးပစ္စည်း သန့်ရှင်းရေးဆပ်ပြာတွေနဲ့လည်း ထိရောက်စွာသန့်ရှင်းနိုင်ပါတယ်။
Source: The Jerusalem Post
#World_Health
Published 15 July 2025
▪️ အမျိုးသမီးတွေမှာ သုတ်ရည်နဲ့မတည့်တဲ့ဖြစ်စဉ် အမှန်တကယ်ရှိတတ်ပါတယ်။
▪️ သုတ်ပိုးသွေးရည်ကြည်တုံ့ပြန်မှုလွန်ကဲခြင်း (SPH)က အမျိုးသားတွေရဲ့ သုတ်ပိုးရည်ထဲမှာ ပရိုတိန်းတွေနဲ့ ရှားပါးဓာတ်ပြုခြင်းတစ်မျိုး ဖြစ်ပါတယ်။
▪️ ဒီလိုဓာတ်မတည့်သူတွေဟာ သုတ်ရည်ထိတွေ့တဲ့အခါ မျိုးပွားအင်္ဂါနားတဝိုက် အင်ပျဉ်ထခြင်း၊ ယားယံနီမြန်းခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ဖောရောင်ခြင်းတို့ ဖြစ်တတ်ပြီး အသက်ရှူကြပ်ခြင်း၊ မူးဝေခြင်း၊ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဓာတ်မတည့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ SPH ကို ၁၉၆၇ ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့ပြီး နောက်ထပ်ဆယ်စုနှစ် ၃ ခုအတွင်း ကမ္ဘာတဝှမ်းမှ အမျိုးသမီး ၁၀၀ နီးပါးမှာ ဖြစ်ပွားခဲ့ပါတယ်။
▪️ အဓိကက သုတ်ပိုးဆဲလ်တွေမဟုတ်ဘဲ သုတ်ပိုးသွေးရည်ကြည်ထဲက PSA အန်တီဂျင်များဖြစ်တယ်လို့ ကျွမ်းကျင်သူများ ပြောနေကြပါတယ်။
▪️ ခွေးတွေမှာတွေ့ရတဲ့ Can f 5 ပရိုတိန်းက လူသားတွေရဲ့ PSA နဲ့ဆင်တူပြီး ခွေးတွေနဲ့ ဓာတ်မတည့်တဲ့ အမျိုးသမီးတွေဟာ သုတ်ရည်နဲ့ ဓာတ်မတည့်နိုင်ခြေများတယ်လို့ မျိုးပွားသိပ္ပံပရော်ဖက်ဆာ မိုက်ကယ်ကာရိုးလ်က ပြောပါတယ်။
▪️ SPH က မျိုးမအောင်တာမျိုး တိုက်ရိုက်မဖြစ်စေပေမယ့် ကိုယ်ဝန်ဆောင်ဖို့ကတော့ အခက်အခဲဖြစ်နိုင်ပါတယ်။
▪️ အမျိုးသားတွေမှာလည်း သုတ်ရည်နဲ့ ဓာတ်မတည့်ခြင်းမျိုး ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။
▪️ ထိတွေ့ပြီးတဲ့နောက်မှာ အားအင်ကုန်ခမ်းခြင်း၊ အားနည်းခြင်း၊ ချွေးထွက်ခြင်း၊ စိတ်ပြောင်းလဲခြင်း၊ အာရုံစူးစိုက်မှုခက်ခြင်း၊ မျက်လုံးယာယံခြင်းစတဲ့ လက္ခဏာများ ဖြစ်လာနိုင်ပါတယ်။
#Source: New York Post
အပူချိန်မြင့်မားခြင်းနဲ့ မိုးခေါင်ရေရှားခြင်းတို့ ကြာမြင့်စွာဖြစ်ပေါ်နေခြင်းကြောင့် ယခုနှစ်အစပိုင်းတည်းက ဂျာမနီနိုင်ငံတဝှမ်း အဓိကမြစ်ကြီးတွေမှာ မြစ်ရေကျဆင်းနေပြီး တိုင်းပြည်ပို့ဆောင်ရေးကဏ္ဍမှာ အခက်အခဲတွေ ဖြစ်လာပါတယ်။
#World_Climate
Published 14 July 2025
#မိုးခေါင်ရေရှားခြင်း #မြစ်ရေမျက်နှာပြင်ကျဆင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 14 July 2025
၁။ အချက် ၃ချက်ကို မလိုက်နာသည့်ရွှေလုပ်ငန်းရှင်များ ထောင်ဒဏ်အထိ အရေးယူခံရနိုင်
၂။ ဆက်တိုက်ကျဆင်းနေသည့် စားအုန်းဆီရည်ညွန်းဈေးပြန်လည်တည်ငြိမ်လာ
၃။ မြန်မာ့နာနတ်သီးများ တရုတ်သို့ စတင်တင်ပို့
၄။ ရာသီဥတုဖောက်ပြန်မှုကြောင့် ဂျာမနီ၌ပူပြင်းခြောက်သွေ့ကာ မြစ်ရေမျက်နှာပြင်စံချိန်တင်ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ကိုင်ရမယ့် ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်)အတွက် အလုပ်လျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ သိရပါတယ်။
#Local_News
Published 14 July 2025
#အလုပ်လျှောက်လွှာများခေါ်ယူ #ပြည်ပအလုပ်အကိုင်အေဂျင်စီ
#YMG/SW #Yangon_Times
#Local_News
Published 14 July 2025
▪️ အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၁၁:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းတို့၌ ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အဖြစ်သို့ ရောက်ရှိနိုင် သည်ဟု ခန့်မှန်းရ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာ့နာနတ်သီးကို တရုတ်နိုင်ငံသို့ စတင်တင်ပို့နေပြီလို့ စိုက်ပျိုးတင်ပို့ရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published 14 July 2025
#မြန်မာ့နာနတ်သီး #တရုတ်သို့စတင်တင်ပို့
#YMG/NN #Yangon_Times
ဆက်တိုက်ကျဆင်းနေတဲ့ စားအုန်းဆီရည်ညွန်းဈေးပြန်လည်တည်ငြိမ်လာတာကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဉ်ထုတ်ပြန်ပေးနေတဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 14 July 2025
#စားသုံးဆီတင်သွင်းသိုလှောင် #စားအုန်းဆီဈေးတည်ငြိမ်
#YMG/SW #Yangon_Times
ရွှေလုပ်ငန်းလုပ်ကိုင်နေသူများအတွက် အထူးသတိပြုလိုက်နာရမယ့် အချက်(၃) ချက်ကို ထုတ်ပြန်ထားပြီး ဒီအချက်တွေကို မလိုက်နာတဲ့ ရွှေလုပ်ငန်းရှင်များအနေနဲ့ထောင်ဒဏ်အထိ အရေးယူခံရနိုင်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 14 July 2025
#ထောင်ဒဏ်အထိအရေးယူခံရနိုင် #မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်
#YMG/SW #Yangon_Times
#Local_News
Published 14 July 2025
▪️ စင်ကာပူနိုင်ငံ၌ ယခုလ ၁၂၊ ၁၃ ရက်များတွင် ကျင်းပသည့် စင်ကာပူဖိတ်ခေါ် ကနူးကယက်လှေလှော်ပြိုင်ပွဲအတွင်း မြန်မာလှေလှော်အဖွဲ့က ရွှေတံဆိပ် အပါအဝင် ဆုတံဆိပ် ၁၅ခု ရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဆုများမှာ ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် လေးခုတို့ဖြစ် ပြီး ရွှေတံဆိပ် ၁၀ ခုကို မီတာ ၅၀၀ ကနူးအလွတ်တန်း တစ်ယောက် လှော်ပြိုင်ပွဲတွင် မျိုးလှိင်ဝင်း၊ မီတာ ၅၀၀ ကနူး နှစ်ယောက်တွဲ အလွတ်တန်းပြိုင်ပွဲတွင် ကျော်ဇေယျနှင့် သန့်ဇင်ဦးအတွဲ၊ မီတာ ၅၀၀ ကနူးလေးယောက်လှော်အလွတ်တန်းပြိုင်ပွဲတွင် ကျော်ဇေယျ၊သန့်ဇင်ဦး၊ ထွဋ်ခေါင်ဇော်၊ မျိုးလှိုင်ဝင်းအတွဲ၊ မီတာ ၂၀၀ ကနူးလေးယောက်လှော်အလွတ်တန်းပြိုင်ပွဲတွင် ကျော်ဇေယျ၊ သန့်ဇင်ဦး၊ ထွဋ်ခေါင်ဇော်၊ မျိုးလှိုင်ဝင်းအတွဲ၊ မီတာ ၂၀၀ ယူ-၁၅+ယူ-၁၈ ကနူးတစ်ယောက်လှော်ပြိုင်ပွဲတွင် ထွဋ်ခေါင်ဇော်၊ မီတာ ၂၀၀ ကနူးအလွတ်တန်း တစ်ယောက်လှော်ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်း၊ မီတာ ၂၀၀ ကနူး နှစ်ယောက်လှော် အလွတ်တန်းပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းနှင့် ကျော်ဇေယျအတွဲ၊ မီတာ ၅၀၀ ယူ-၁၅+ယူ-၁၈ ကနူး တစ်ယောက်လှော်ပြိုင်ပွဲတွင် ထွဋ်ခေါင်ဇော်၊ မီတာ ၁၀၀၀ ယူ-၁၇+ယူ-၁၈ ကယက် တစ်ယောက်လှော်ပြိုင်ပွဲ တွင် ဇေယျာထွန်း၊ မီတာ ၁၀၀၀ ကနူးတစ်ယောက်လှော်အလွတ်တန်းပြိုင်ပွဲတွင် သန့်ဇင်ဦးတို့က ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူနိုင်ငံမှ လက်ရွေးစင်အသင်း၊ လူငယ်လက်ရွေးစင်အသင်းအပါအဝင် စုစုပေါင်း လေးသင်း၊ မြန်မာ၊ ဩစတြေးလျ၊ တရုတ်(တိုင်ပေ)နှင့် ဟန်ဂေရီအသင်းတို ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 153 of 1858