#World_Science
Published 10 April 2026
■ ဆိုရှယ်မီဒီယာတင်ဆက်သူ ဘော်ဘီဂျိုဖလွိုက်က နားရွက်၊ နဖူး၊ မေးစေ့၊ ပါးစပ်တို့ဟာ အရွယ်အစား တူတူပဲလို့ အင်စတာဂရမ်မှာ ပြောလာပါတယ်။
■ အက်စ်သက်တစ်ဆေးရုံမှ အရေပြားနဲ့ အလှအပဆိုင်ရာအထူးကု ဒေါက်တာ ရင်ကီကာပူရ်ကတော့ ဒီအဆိုကို ငြင်းဆိုလိုက်ကာ လူတိုင်းအတွက် အတူတူဖြစ်မနေနိုင်ဘူးလို့ ဆိုပြန်ပါတယ်။
■ လူတွေရဲ့ မျက်နှာတွေက ထူးခြားတဲ့ဖွဲ့စည်းပုံရှိပြီး မျက်နှာသွင်ပြင် အရွယ်အစား ကွဲပြားနိုင်တယ်လို့ ပြောပါတယ်။
■ မျက်နှာသွင်ပြင်ဆိုတာက မျိုးဗီဇ၊ အသက်အရွယ်၊ ပတ်ဝန်းကျင်ဆိုင်ရာတွေဖြင့် ပုံဖော်ထားပါတယ်။
■ ဟိုက်ဒရာဘက် ဂလင်းအီးဂဲလ်ဆေးရုံမှ ဒေါက်တာ မန်နင်ဒရာကလည်း နားရွက်၊ နဖူး၊ မေးစေ့၊ ပါးစပ်တို့ အရွယ်အစားတူညီတဲ့ အထောက်အထား မရှိဘဲ လူတစ်ဦးမှာ ဒီအတိုင်းအတာတွေ အတော်လေး ကွဲပြားကြတယ်လို့ ဆိုပါတယ်။
■ သူတို့ရဲ့ အချိုးအစားတွေက မျိုးဗီဇ၊ အရိုးငြမ်းဖွံ့ဖြိုးမှု၊ မျက်နှာဖွံ့ဖြိုးမှုပုံစံတို့ဖြင့် ဆုံးဖြတ်ပေးတယ်လို့ ပြောပါတယ်။
■ နားရွက်ဖြစ်ပေါ်တဲ့ အရိုးနု ၆ မျိုးနဲ့ နဖူးပုံစံဆုံးဖြတ်ပေးတဲ့ ဦးခေါင်းခွံရိုးတွေဆိုရင် ကွဲပြားပါတယ်။
■ မေးစေ့က မေးရိုးဖွံ့ဖြိုးမှုကနေ ပုံဖော်ပြီး ပါးစပ်ကတော့ စကားပြောခြင်း၊ စားခြင်း လိုအပ်ချက်များနဲ့ ကိုက်ညီအောင် ဖန်တီးထားပါတယ်။
■ ဒီလိုကွဲပြားမှုတွေက မျက်နှာတစ်ခုချင်းစီအလိုက် မတူထူးခြားဖြစ်တည်ပြီး အရွယ်အစားတူညီတာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။
Source: Indian Express