#World_Science
Published 10 April 2026

■ နက္ခတ္တပညာရှင်တွေက James Webb Space တယ်လီစကုပ်(JWST)ကို အသုံးပြုပြီး ဂြိုဟ်သစ်တစ်မျိုး ရှာတွေ့ခဲ့ရာ ကြက်ဥပုပ်လိုမျိုး အနံ့ထွက်နိုင်ဖွယ်ရှိပြီး ကျွန်ုပ်တို့ နေစကြဝဠာအပြင်ဘက်မှာ အမျိုးအစားကွဲပြားခြားနားလှတဲ့ ဂြိုဟ်တွေ ရှိနေနိုင်တယ်လို့ ယူဆလာပါတယ်။

■ အဆိုပါ ပြင်ပဂြိုဟ်ကို L 98-59 d လို့ခေါ်ပြီး အလင်းနှစ် ၃၅ နှစ်ဝေးတဲ့နေရာကနေ ကြယ်နီငယ်တစ်ခုကို လှည့်ပတ်နေကာ ကမ္ဘာထက် အရွယ်အစား ၁.၆ ဆလောက် ပိုကြီးပါတယ်။

■ သူ့လေထုမှာ ကြက်ဥပုပ်နံ့ထွက်တဲ့ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်တွေ ပြည့်နေပါတယ်။

■ ယခုလက်ရှိ ဂြိုဟ်ငယ်တွေကို နက္ခတ္တပညာရှင်တွေ ပုံဖော်တဲ့ အမျိုးအစားတွေက ရိုးရှင်းလွန်းနေပြီး ယခုကျောက်ရည်ပူဂြိုဟ်က သက်ရှိတွေ နေထိုင်နိုင်အောင် ထောက်ပံ့ပေးနိုင်ပုံ မပေါ်ဘူးလို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသနခေါင်းဆောင် ဟာရစ်ဆန်နီကိုးလ်က ပြောပါတယ်။

■ အဆင့်မြင့် ကွန်ပျူတာသရုပ်ဖော်ပုံများ အသုံးပြုလေ့လာခဲ့ရာ L 98-59 d က နှစ်ပေါင်း ၅ ဘီလီယံနီးပါး ရှိနေနိုင်ပါတယ်။

■ ကမ္ဘာပေါ်မှာတွေ့ရတဲ့ ချော်ရည်လိုမျိုး ကျောက်ရည်ပူလွှာတစ်ခု ရှိနိုင်ပြီး ကျောက်ရည်ပူတွေက ဂြိုဟ်တစ်ခုမှာ ဖြန့်ကျက်တည်ရှိနေပါတယ်။

■ ဒါကြောင့် ဆာလ်ဖာအများအပြား ပိတ်လှောင်နေခဲ့ပြီး ဆာလ်ဖာဒိုင်အောက်ဆိုဒ်နဲ့ အခြား ဆာလ်ဖာအခြေပြုမော်လီကျူးတွေ ထုတ်လွှတ်တာကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

■ ဒီတွေ့ရှိချက်ကနေ အမျိုးအစား ကွဲပြားခြားနားလှတဲ့ ပြင်ပဂြိုဟ်တွေ ရှိနေနိုင်ပြီး မသိရှိသေးတဲ့ ဂြိုဟ်တွေအကြောင်း သိထားစရာတွေ ဖြစ်လာပါတယ်။

Source: Space.