18 July 2025, Naypyitaw, Myanmar —Myanmar has approved nine new foreign investment projects, alongside other new investments, signalling a continued effort to attract external capital. The approvals were granted during the fifth meeting of the Myanmar Investment Commission (MIC) for 2025, held in Naypyitaw on July 17.
During the meeting, the MIC sanctioned nine new foreign investment projects in the industrial, and oil and gas sectors. Additionally, 26 new Myanmar citizen investment projects were approved across various sectors, including industry, hotels and tourism, services, electricity, agriculture, livestock, fisheries, housing and construction, mining, and oil and gas. The approvals also covered increased capital for existing investment ventures.
These newly approved projects represent a substantial investment of US$72.865 million and 672,835.265 million Myanmar Kyats. According to a statement from the Myanmar News Agency, these investments are projected to create 9,220 new job opportunities.
The approved new investment projects are diverse, encompassing crucial sectors for national development. These include electricity generation, agricultural ventures, electric vehicle manufacturing, various service-oriented businesses, food production, and garment factories, which are expected to generate significant employment.
As of the end of June 2025, Myanmar has attracted investments from 53 countries and regions. The top investing countries and regions are Singapore, China, and Thailand. Among the 12 economic sectors, the energy sector leads with 28.33% of the total investment, followed by the oil and gas sector with 24.68%, and the industrial sector with 14.54%.
#ymg/knl
#Local_News
Published 18 June 2025
▪️ မဟာမြတ်မုနိဘုရားကြီး၌ ဥပုသ်နေ့တစ်ရက်သာ ရွှေသင်္ကန်ကပ်လှူခွင့်ပြုထားကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့မှ သိရသည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် မဟာမြတ်မုနိဘုရားကြီးကို ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိရာ ပြုပြင်ခြင်းလုပ်ငန်းများ ရပ်နားချိန် ဥပုသ်နေ့တစ်ရက်ကို ရွှေသင်္ကန်းကပ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် လက်တလော ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နေချိန်အတွင်း
ဘုရားကြီးပတ်ပတ်လည် လမ်းလျှောက်ခွင့်ကိုတော့ ပိတ်ထားဆဲဖြစ်သော်လည်း မဟာမြတ်မုနိဘုရားကြီး၏ မျက်နှာတော်မူရာ ရှေ့တည့်တည့်မှ သံဃာတော်များတစ်တန်း၊ အမျိုးသားတစ်တန်းနှင့် အမျိုးသမီးတစ်တန်း ၃ တန်းခွဲကာ ဘုရားဝတ်ပြုရန်နေရာကို စီစဉ်ပေးထားကြောင်း သိရသည်။
▪️ ထို့အပြင် ဘုရားရင်ပြင်ကို အကြီးစားပြင်ဆင်ရေးများမှုလုပ်ဆောင်နေသည့်အပြင် ဘုရားစောင်းတန်းများကိုလည်း ပြင်ဆင်နေဆဲဖြစ်ကာ ဗောဓိပင်စောင်းတန်းကိုမူ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 June 2025
▪️ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်၌ တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအပြင် ဒေသခံများပါအဆင်ပြေစေရန် တပ်မတော်လေယာဉ်ဖြင့် တစ်လတစ်ကြိမ် အခမဲ့ခရီးစဉ် ပြေးဆွဲပေးနေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ ခရီးစဉ်ကို ဌာနဆိုင်ရာများနှင့်ဒေသခံများ သွားလာမှုအဆင်ပြေစေရန် နစက ဥက္ကဋ္ဌ၏ လမ်းညွှန်ချက် အရ တပ်မတော်လေယာဉ်ဖြင့် ပြေးဆွဲပေးခြင်း ဖြစ်သည်။
▪️ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မနက် ၈ နာရီတွင် မင်္ဂလာဒုံ တပ်မတော်လေဆိပ်မှ ခရီးသည် ၄၂ ဦးနှင့် ကုန်တန်ချိန် ၂,၆၅၀ ကီလိုဂရမ် တင်ဆောင်ကာ ကိုကိုးကျွန်းမြို့နယ် လေဆိပ်သို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်ခဲ့ကြောင်း၊ ယင်းအဆိုပါလေယာဉ်သည် မနက် ၁၁ နာရီ ၁၅ မိနစ်တွင် ခရီးသည် ၃၂ ဦးနှင့် ကုန်တန်ချိန် ၁,၅၀၀ ကီလိုဂရမ်တင်ဆောင်ကာ ကိုကိုးကျွန်းလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_18 July 2025
▪️ လွိုင်ကော်-မိုးဗြဲ‘ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပြီး လမ်းများနှင့် ဆေးရုံတို့ကို ပြန်လည်ရှင်းလင်းကာတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။
▪️ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းကိုတပ်မတော်စစ်ကြောင်းများက ဇူလိုင်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
▪️ အဆိုပါ ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ရဲရင့်စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသည့် ဖယ်ခုံမြို့ နယ်၊ ဖယ်ခုံ-မိုးဗြဲဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဖယ်ခုံမြို့ နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖယ်ခုံ-မိုးဗြဲဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက်ကြကြောင်း သိရ သည်။
▪️ ၎င်းနောက်အကြမ်းဖက်သမားများ ယာယီ ထိန်းချုပ်ထားစဉ် ဆေးရုံ၌ ဘန်ကာများပြုလုပ်၍ ခံစစ်တံတိုင်းသဖွယ် ပြုလုပ်ခြင်းကြောင့် အပျက် အစီးများဖြစ်ပေါ်နေသည့် မိုးဗြဲပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးရုံဖွင့်လှစ်နိုင် ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
▪️ အလားတူ ဖယ်ခုံ-ပင်လောင်း ကားလမ်းဝဲယာရှိခြုံနွယ်ပိတ်ပေါင်းများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှား ရှင်းလင်းလျက် ရှိကြောင်းလည်း သိရသည်။
#Yangon_Times/PP
#World_News
Published 18 July 2025
▪️ ပျက်ကျသွားတဲ့ Air India လေယာဉ်မှ လေယာဉ်မှူးနှစ်ဦး စက်ထိန်းချုပ်ထဲ ပြောဆိုခဲ့တဲ့ မှတ်တမ်းတစ်ခုမှာ ကပ္ပတိန်က လေယာဉ်အင်ဂျင်တွေထံ လောင်စာဆီစီးဆင်းမှုကို ဖြတ်တောက်ခဲ့တဲ့သဘော မြင်တွေ့ရတယ်လို့ အမေရိကန်ဘက်က အစောပိုင်းအထောက်အထားအရ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
▪️ ပထမအရာရှိက Boeing 787 ကို ထိန်းချုပ်တဲ့နေရာမှာ ရှိနေခဲ့ပြီး အင်ဂျင်တွေ လောင်စာဆီမရောက်စေတဲ့ ခလုတ်တွေကို ဘာလို့ရွှေ့ထားတာလဲလို့ ကပ္ပတိန်ကို မေးခဲ့ပြီး လောင်စာဆီပြန်ဖွင့်ဖို့ တောင်းဆိုခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောပါတယ်။
▪️ ဘယ်လေယာဉ်မှူးက ခလုတ်တွေကို ရွှေ့ခဲ့လဲဆိုတာကို ဖော်ပြနေတဲ့ လေယာဉ်ထိန်းချုပ်ခန်းဗီဒီယိုမှတ်တမ်းကို သေချာမတွေ့ရသေးပေမယ့် စကားပြောဆိုပုံတွေအရ ကပ္ပတိန်ဖြစ်နေတယ်လို့ အစောပိုင်းသုံးသပ်ထားပါတယ်။
▪️ လေယာဉ်ပျက်ကျမှုကို ဦးဆောင်စစ်ဆေးနေတဲ့ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရို(AAIB)က ကြာသပတေးနေ့က ထုတ်ပြန်ရာမှာ နိုင်ငံတကာမီဒီယာတွေက အတည်မပြုနိုင်သေးတဲ့ အကြောင်းအရာတွေကိုပဲ ထုတ်နုတ်ဖော်ပြဖို့ ကြိုးစားနေကြောင်း ပြောထားပါတယ်။
▪️ လေယာဉ်ပျက်ကျမှုအများစုက အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်ကြပြီး နိုင်ငံတကာစည်းမျဉ်းများအရ တစ်နှစ်အတွင်း နောက်ဆုံးတင်ပြချက် ထုတ်ပေးရပါတယ်။
▪️ AAIB ရဲ့ ကနဦးဖော်ပြချက်ထဲမှာ လောင်စာဆီခလုတ်တွေက လေယာဉ်စတင်ထွက်ခွာပြီး စက္ကန့်ပိုင်းအကြာမှာပဲ လောင်စာဆီဖြတ်တောက်တဲ့ အနေအထားသို့ ပြောင်းနေခဲ့တယ်လို့ ဆိုပါတယ်။
▪️ CCTV ဗီဒီယိုမှတ်တမ်းအရ အရန်လောင်စာထောက်ပံ့စက် အသုံးပြုလိုက်ရတဲ့ အခြေအနေကိုကြည့်ရင် အင်ဂျင်ပါဝါဆုံးရှုံးခဲ့တာကို ညွှန်ပြနေပါတယ်။
▪️ ဒီနောက် လေယာဉ်ဟာ တွန်းကန်အား စတင်ကျဆင်းလာပြီး အမြင့်ပေ ၆၅၀ ရောက်ပြီးနောက် နိမ့်ဆင်းလာပါတယ်။
#Source: Reuters
#World_Health
Published 18 July 2025
▪️ ကိုယ်လက်လှုပ်ရှားမှုမှန်သမျှဟာ ဦးနှောက်ကျန်းမာရေးကို စောင့်ရှောက်ကာကွယ်ပေးတဲ့ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။
▪️ သုတေသီတွေက အချို့သောလှုပ်ရှားမှုတွေက ဦးနှောက်အသိဉာဏ်အတွက် အကျိုးအပြုဆုံးဖြစ်မယ့်အကြောင်း စူးစမ်းလေ့လာထားပါတယ်။
▪️ ပါဝင်စမ်းသပ်ခံသူ ၂၅၈,၀၀၀ ကျော်ထံမှ သုံးသပ်ချက် ၁၃၃ ခုကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ဒီထဲကမှ ဦးနှောက်ကျန်းမာရေးအတွက် အကောင်းဆုံးလှုပ်ရှားမှု ၃ မျိုးက..
(၁) ယောဂကျင့်ခြင်း
▪️ ယောဂကျင့်ခြင်းက ခန္ဓာကိုယ်အနေအထား၊ အသက်ရှူနည်းလမ်း၊ တရားထိုင်ခြင်းတို့ ပေါင်းစပ်ထားကာ ဖိစီးမှုတွေ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးပါတယ်။
▪️ ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ချတဲ့အပိုင်း၊ စီစဉ်ဆောင်ရွက်တဲ့အပိုင်း၊ စိတ်ခံစားချက် ထိန်းချုပ်အပိုင်းတို့ကို အားကောင်းစေပါတယ်။
(၂) ထိုက်ချိ
▪️ တရုတ်ကိုယ်ခံပညာသိုင်းတစ်မျိုးဖြစ်ပြီး လှုပ်ရှားမှုနှေးနှေးဖြင့် ခန္ဓာကိုယ်စွမ်းအားကို ညီမျှစေပါတယ်။
▪️ ဦးနှောက်မှတ်ဉာဏ်နဲ့ လှုပ်ရှားနိုင်စွမ်းတို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။
(၃) လှုပ်ရှားမှုပါဝင်သော ဗီဒီယိုဂိမ်းများ
▪️ ဂိမ်းကစားတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုပါဝင်တဲ့ ဗီဒီယိုဂိမ်းတွေက ဦးနှောက်အသိဉာဏ်ကို လှုံ့ဆော်ပေးပါတယ်။
▪️ ဂိမ်းထဲကအတိုင်း လျင်မြန်စွာ တုံ့ပြန်လှုပ်ရှားရသဖြင့် ကိုယ်လက်လှုပ်ရှားမှုမျိုးစုံ လုပ်ဆောင်ရကာ အာရုံစူးစိုက်မှု ကောင်းစေပါတယ်။
▪️ ဒီနည်လးမ်းတွေက စိတ်နှင့်ခန္ဓာကိုယ် ပူးပေါင်းဆောင်ရွက်စေခြင်း၊ အစဉ်လိုက်လုပ်သွားရမှာတွေကို မှတ်သားရခြင်း၊ ဖိစီးမှုလျှော့ချခြင်း၊ လှုပ်ရှားပါဝင်ရခြင်းတို့ ပြုလုပ်ရသဖြင့် ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးတဲ့လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။
#Source: The Jerusalem Post
#Local_News
Published 18 July 2025
▪️ ဝါရှင်တန်၊ ဇူလိုင် ၁၇ (ရိုက်တာ) - အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ပြည်ပ နိုင်ငံများက ပြုလုပ်သော ရွေးကောက်ပွဲများ၏ တရားမျှတမှု သို့မဟုတ် ပြည့်စုံမှန်ကန်မှုအပေါ် မှတ်ချက် မပေးရန် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် သံတမန်များကို ညွှန်ကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် ရုံးတွင်း မှတ်စုတစ်စောင်အရ သိရပါတယ်။
▪️ ယင်းသည် နိုင်ငံရပ်ခြားတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို မြှင့်တင်ပေးသည့် ဝါရှင်တန်၏ ရိုးရာချဉ်းကပ်မှုမှ သိသိသာသာ ကွဲထွက်သွားခြင်းဖြစ်သည်ဟုရိုက်တာသတင်းဌာနကရေးပါတယ်။
▪️ ဇူလိုင် ၁၇ ရက်နေ့က အမေရိကန် သံတမန်ရေးရာဌာနရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းပိုင်းကြေးနန်းစာဖြင့် အမေရိကန် သံတမန်ရေးရာဌာနအားလုံးသို့ ပေးပို့ခဲ့သော အဆိုပါအမိန့်တွင် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ "ရှင်းလင်းပြီး ခိုင်မာသော" အကျိုးစီးပွားမရှိပါက ဝါရှင်တန်အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်များ သို့မဟုတ် လူမှုမီဒီယာပို့စ်များကို ထုတ်ပြန်တော့မည်မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
▪️ "နိုင်ငံခြားရွေးကောက်ပွဲတစ်ခုခုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် သင့်လျော်ပါက ကျွန်တော်တို့ရဲ့ သတင်းစကားသည် တိုတောင်းရပါမည်။ အနိုင်ရရှိသည့် ကိုယ်စားလှယ်လောင်းကို ဂုဏ်ပြုရန် နှင့် သင့်လျော်သည့်အခါတွင် ဘုံနိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားများကို မှတ်သားရန် အာရုံစိုက်ရပါမည်" ဟု " sensitive" ဟု မှတ်သားထားသော်လည်း လျှို့ဝှက်မဟုတ်သည့်အဆိုပါ ကြေးနန်းတွင် ဖော်ပြထားပါတယ်။
▪️ "သတင်းစကားများတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ တရားမျှတမှု သို့မဟုတ် ပြည့်စုံမှန်ကန်မှု၊ ယင်း၏ တရားဝင်မှု၊ သို့မဟုတ် နိုင်ငံ၏ ဒီမိုကရေစီတန်ဖိုးများအပေါ်မေးခွန်းထုတ်စရာများ မှတ်ချက်ပေးခြင်းကို ရှောင်ရှားသင့်သည်" ဟုလည်း ဖော်ပြထားပါတယ်။
▪️ ရွေးကောက်ပွဲဆိုင်ရာ သတင်းစကားများကို ဝန်ကြီး သို့မဟုတ် ဌာန၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သင့်ကြောင်းနှင့် ဝန်ကြီးဌာန၏ အကြီးတန်းခေါင်းဆောင်များထံမှ တိကျသော ခွင့်ပြုချက်မရှိဘဲ အမေရိကန် သံတမန်များက ထိုကဲ့သို့သော ကြေညာချက်များ ထုတ်ပြန်ခြင်းကို တားမြစ်ထားကြောင်း လည်း ကြေးနန်းစာတွင် ထပ်လောင်းဖော်ပြထားပါတယ်။
▪️ အဆိုပါကြေးနန်းတွင် သမ္မတ ဒေါ်နယ်လ် ထရမ့်၏ မေလ ၁၃ ရက် ရီယာဒ်မိန့်ခွန်းကို ကိုးကားဖော်ပြထားပါတယ်။ အဆိုပါမိန့်ခွန်းတွင် ထရမ့်က "အနောက်တိုင်းကြားဝင်စွက်ဖက်သူများ" ဟုခေါ်ဆိုကာ အရှေ့အလယ်ပိုင်းနိုင်ငံများအား ယင်းတို့၏ပြည်တွင်းရေးကိစ္စများကို မည်သို့ အုပ်ချုပ် ရမည်ကို ပြောဆိုနေခြင်းသည် ဝါရှင်တန်၏ ကိစ္စမဟုတ်တော့ကြောင်းနှင့် မိတ်ဖက် ဆက်ဆံရေး တည်ဆောက်ရန် ရှာဖွေနေကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။
▪️ "အမေရိကန်ပြည်ထောင်စုသည် ယင်း၏ကိုယ်ပိုင်ဒီမိုကရေစီတန်ဖိုးများကို ခိုင်မာစွာ ထိန်းသိမ်း ထားမည်ဖြစ်ပြီး အခြားနိုင်ငံများက အလားတူလမ်းစဉ်ကို ရွေးချယ်သည့်အခါ ထိုတန်ဖိုးများကို ဂုဏ်ပြုမည်ဖြစ်သော်လည်း သမ္မတက အမေရိကန်ပြည်ထောင်စုသည် ယင်း၏မဟာဗျူဟာမြောက် အကျိုးစီးပွားများ ကိုက်ညီသည့် မည်သည့်နိုင်ငံများနှင့်မဆို မိတ်ဖက်ဆက်ဆံရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်"ဟု ညွှန်ကြားချက်တွင် ဖော်ပြထားပါတယ်။
▪️ ကြေးနန်းနှင့်ပတ်သက်၍ ရိုက်တာက မေးမြန်းသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်မှတစ်ဆင့် ပြန်ကြားရာတွင် ညွှန်ကြားချက်ပါ အချက်အချို့ကို ထပ်မံပြောကြားခဲ့ပြီး ဤချဉ်းကပ်မှုသည် အစိုးရအဖွဲ့၏ “အချုပ်အခြာအာဏာပိုင်ဆိုင်မှု” ကို အလေးထားသည့်အချက်နှင့် ကိုက်ညီကြောင်း ပြောကြားခဲ့ပါတယ်။
#Source Reuters
#World_Health
Published 18 July 2025
▪️ အဝတ်မပါဘဲ ညအိပ်စက်ခြင်းကို သိပ္ပံနည်းကျ ထောက်ခံမှုတွေရှိနေပြီး ကောင်းစွာ အိပ်စက်နိုင်ခြင်း၊ ဟော်မုန်းညီမျှစေခြင်း၊ မျိုးပွားကျန်းမာရေးအကျိုးပြုခြင်းတို့ပင် ရရှိစေနိုင်ပါတယ်။
▪️ ဒီနည်းလမ်းက ဘာကုန်ကျစရိတ်မှမရှိဘဲ တကယ်ကို ကျန်းမာရေးအတွက် အကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။
▪️ လူတွေရဲ့ ခန္ဓာကိုယ်ဗဟိုချက်အပူချိန်က သဘာဝအားဖြင့် ညဘက်မှာ ကျဆင်းသွားပြီး အိပ်စက်မှုကို အကူအညီပေးပါတယ်။
▪️ အပူများလာရင်တော့ ဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။
အဝတ်ဗလာဖြင့်အိပ်တဲ့အခါ ခန္ဓာကိုယ်က လျင်မြန်စွာအေးမြပြီး အိပ်စက်မှုကောင်းမွန်စေပါတယ်။
▪️ စုံတွဲများအနေဖြင့် အဝတ်မပါဘဲအိပ်တဲ့အခါ အသားချင်းထိရာကနေ အောက်ဆီတိုစင်ဟော်မုန်း ထွက်စေပါတယ်။
▪️ အောက်ဆီတိုစင်ဆိုတာက ဖိစီးမှုကိုလျှော့ချပေးကာ စိတ်ခံစားချက်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သဖြင့် အိမ်ထောင်ရေးသာယာစေပါတယ်။
▪️ အမျိုးသမီးများ ညအိပ်တဲ့အခါ အတွင်းခံကျပ်ကျပ်ဝတ်ထားရင် ပူနွေးစိုစွတ်ပြီး ဘက်တီးရီးယား ပေါက်ဖွားနိုင်သလို အမျိုးသားတွေအတွက်လည်း အပူချိန်အေးမြနေမှ သုတ်ပိုးအရည်အသွေး တိုးတက်စေပါတယ်။
▪️ အဆီညိုလှုပ်ရှားမှုကို လှုံ့ဆော်ပေးကာ ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။
▪️ ဒီလိုမျိုးအိပ်စက်ဖို့ ကြိုးစားမယ်ဆိုရင် အိပ်ရာခင်းတွေကို သန့်ရှင်းအောင်ထားခြင်း၊ အခန်းအပူချိန် ၁၆-၁၉ ဒီဂရီဆဲလ်စီးယပ်စ်ထားရှိခြင်း၊ မီးပိတ်ပြီး အဝတ်ချွတ်ထားခြင်းတို့ဖြင့် စတင်ရမှာ ဖြစ်ပါတယ်။
▪️ နိုးလာတဲ့အခါ ကောင်းစွာအနားရရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာနိုင်ပါတယ်။
#Source: India Today
တရုတ်နဲ့ ရုရှားတို့အနေနဲ့ ဘက်ပေါင်းစုံလုပ်ငန်းဘောင်များအတွင်း အပြန်အလှန်ထောက်ပံ့သင့်ကြောင်း၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအကျိုးစီးပွားများ စောင့်ရှောက်သင့်ကြောင်း၊ ပိုမိုညီညွတ်မျှတတဲ့သဘောဖြင့် ကမ္ဘာလုံးဆိုင်ရာဖွဲ့စည်းမှုစနစ်ဆီ အားပေးသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အင်္ဂါနေ့မှာပြောသွားပါတယ်။
#World_Politics
Published 17 July 2025
#ရုရှားနိုင်ငံခြားရေးဝန်ကြီး #တရုတ်သမ္မတရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 17 July 2025
၁။ ပဲရစ်အဝတ်အထည်ဆင်ယင်မှုအရင်းအမြစ်ပြပွဲတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ပါဝင်ပြသမည်
၂။ တစ်ဦးချင်း မီးသတ်စွမ်းရည်ပြိုင်ပွဲ၌ နိုင်ငံအဝှမ်းမှ မီးသတ်သမား၄၇ ဦးဝင်ရောက်ယှဉ်ပြိုင်
၃။ စက်သုံးဆီနှင့်စားသုံးဆီ လုပ်ငန်းရှင်များကို ဒေါ်လာများထုတ် ရောင်းပေးမည်
၄။ ရုရှားနိုင်ငံခြားရေးဝန်ကြီး တရုတ်သို့လာရောက်စဉ် နှစ်နိုင်ငံအပြန်အလှန်ကူညီထောက်ပံ့မှုမြှင့်တင်သင့်ကြောင်းတရုတ်သမ္မတပြော... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်လိုသူများအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးပြီး အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဥ် (၂၅၆) ကို ဇူလိုင်လ ၂၁ ရက်မှ သြဂုတ်လ ၈ ရက်နေ့ထိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) မှာဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 17 July 2025
#အခြေခံမော်တာစက်ချုပ်သင်တန်း #အထည်ချုပ်စက်ရုံ
#YMG/SW #Yangon_Times
အခုရက်ပိုင်းအတွင်း စားသုံးဆီလုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းပေးခဲ့သလို စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင် တွေကိုလည်း ဒေါ်လာ ၃၃သန်းထပ်မံ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးလာပါတယ်။
#Local_News
Published 17 July 2025
#စားသုံးဆီလုပ်ငန်းရှင် #ဒေါ်လာထုတ်ရောင်းပေး
#YMG/NN #Yangon_Times
Page 149 of 1857