#Daily_News
Published 21 July 2025
၁။ ငလျင်သင့်ပြည်သူသုံးသိန်းကျော်အတွက် စားနပ်ရိက္ခာအထောက်အပံ့များတရုတ်ကလှူဒါန်း
၂။ ရုရှား၊ ဘယ်လာရုစ်တို့ထံမှ ဓာတ်မြေဩဇာများအား ဝယ်ယူနိုင်ရေးနှင့် ပြည်တွင်းမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများတင်ပို့နိုင်ရေးဆွေးနွေးနေ
၃။ မုန်တိုင်းငယ်ဖြစ်နိုင်၍ မိုးကြီးပြီး မြစ်ရေတက်နိုင်
၄။ တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးအရေးကြီးဟု တရုတ်စီးပွားကူးသန်းဝန်ကြီးပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 21 July 2025
▪️ ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ထိုင်းနိုင်ငံဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua ထံသို့ ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
▪️ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ၂၀၂၅ ခုနှစ် မတ်လအတွင်းက ခန့်အပ်ခဲ့တာပါ။
▪️ ထို့နောက် မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲ ဖြစ်သူ Mr. Chakkrid Krachaiwong ထံ ၂၀၂၅ ခုနှစ်၊မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ ၎င်း၏ခန့်အပ်လွှာမိတ္တူကိုပေးအပ်ခဲ့ကာ ယခုမှသာ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
#Local_News
Published 21 July 2025
▪️ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဥ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီး အခြေခံလက် ကားရည်ညွှန်းဈေးမှာ ယခုတစ်ပတ်တွင် အနည်းငယ်ပြန်တက်လာကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်နှစ်ပတ်ဆက်တိုက် တည်ငြိမ်နေသည့် စားအုန်းဆီလက်ကားဈေးမှာ ယခုတစ်ပတ်တွင် အနည်းငယ်ပြန်တက်လာခြင်းဖြစ်ပြီး ဇူလိုင်လ(၂၁)ရက်မှ (၂၇)ရက်အထိ တစ်ပတ်တာ ကာလအတွင်းရောင်းချရမည့် ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ကျပ်(၆,၀၅၅) ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဇူလိုင်လ(၇)ရက် မှ (၂၀)ရက်အထိ နှစ်ပတ်တာ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာ (၆,၀၃၀) ကျပ်ဖြစ်ရာမှာ ယခုတစ်ပတ်တွင် တစ်ပိသာ ကျပ်(၆,၀၅၅) ဖြစ်လာသောကြောင့် တစ်ပိသာလျှင် ၂၅ကျပ်မြင့်တက်လာခြင်းဖြစ်သည်။
▪️ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အခုနှစ်စိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်ဘီလီယံ ၇၀၀နီးပါး ထုတ်ချေးသွားမယ်လို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးက သိရပါတယ်။
#Local_News
Published 21 July 2025
#စိုက်ပျိုးစရိတ်ချေးငွေ #ထုတ်ချေး
#YMG/NN #Yangon_Times
ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းငယ်ဖြစ်နိုင်တာကြောင့် နိုင်ငံအဝှမ်း မိုးကြီးပြီး မြစ်ရေတက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ထုတ်ပြန်တဲ့ ဇူလိုင်လတတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 21 July 2025
#မုန်တိုင်းငယ်ဖြစ်နိုင် #မိုးကြီးပြီးမြစ်ရေတက်နိုင်
#YMG/NN #Yangon_Times
#World_News
Published 21 July, 2025
▪️ ပြီးခဲ့တဲ့လ အစ္စရေးလ်နဲ့ တိုက်ခိုက်ခဲ့စဉ်က ပျက်စီးသွားတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို အစားထိုးပြင်ဆင်ပြီးပြီလို့ အီရန်ရဲ့ Defah Press သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြထားပါတယ်။
▪️ ဇွန်လက အစ္စရေးလ်လေတပ်ဟာ အီရန်လေပိုင်နက်ကို အသာရခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်များကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကာ အီရန်တပ်များကလည်း အစ္စရေးလ်နယ်မြေထဲသို့ ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်နိုင်ခဲ့ပါတယ်။
▪️ "လေကြောင်းကာကွယ်ရေးစနစ်အချို့ ထိခိုက်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဖြစ်ရင်းမြစ်များ အသုံးပြုထားကာ လေကြောင်းလုံခြုံရေးအတွက် ကြိုတင်သိမ်းဆည်းထားတဲ့ စနစ်များဖြင့် အစားထိုးပြီးဖြစ်ပါတယ်" လို့ အီရန်တပ်မတော် စစ်ဆင်ရေးလက်ထောက် မာမွတ်မိုဆာဗီက ပြောပါတယ်။
▪️ စစ်ပွဲမတိုင်ခင်တည်းက အီရန်ဟာ ပြည်တွင်းထုတ် တာဝေးပစ် လေကြောင်းကာကွယ်ရေးစနစ် Bavar- 373 တွေ ပိုင်ဆိုင်တဲ့အပြင် ရုရှားထုတ် S-300 စနစ်လည်း ပိုင်ဆိုင်ပါတယ်။
▪️ Defah Press ဖော်ပြချက်ထဲမှာတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်း နိုင်ငံခြားထုတ် လေကြောင်းကာကွယ်ရေးစနစ်တွေ အီရန်သို့တင်ပို့တဲ့အကြောင်းတွေ မပါဝင်ပါဘူး။
▪️ ပြီးခဲ့တဲ့ အောက်တိုဘာလ အစ္စရေးလ်ဘက်က အီရန်ဒုံးကျည်စက်ရုံတွေကို တိုက်ခိုက်ပြီးနောက် အီရန်ဟာ ပြန်လည်နလန်ထူပြီးကြောင်း ပြသတဲ့အနေနဲ့ ရုရှားထုတ် လေကြောင်းကာကွယ်ရေးစနစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
#Source: Reuters
ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့မှ ထုတ်လုပ်တဲ့ ဓာတ်မြေဩဇာများအား မြန်မာနိုင်ငံမှ ဝယ်ယူနိုင်ရေးနှင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးတို့အတွက် ဆွေးနွေးဆောင်ရွက်လျှက်ရှိတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 21 July 2025
#ဓာတ်မြေဩဇာ #မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
#YMG/SW #Yangon_Times
#Local_News
Published 21 July 2025
▪️ ယနေ့နံနက်အစောပိုင်း ၀၀း၁၅ နာရီအချိန်ခန့်က မဟာဗန္ဓုလတံတားပေါ်တွင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်ခရိုင်အတွင်းရှိ မဟာဗန္ဓုလတံတားပေါ် တွင် ဒေါပုံဘက်သို့အသွား တံတားအတက်၌ TOYOTA TOWNACE စူပါကာစတန်ကားတစ်စီးမှ တံတားပလက်ဖောင်းကိုကျော်၍ ဓာတ်တိုင်အား၀င်တိုက်ကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားရာနေရာသို့ ရှင်သန်ရေးကူညီမှုအသင်းကားနှစ်စီးဖြင့် သွားရောက် ကူညီပေးခဲ့ပြီး Dead Body အား ရှင်သန်ရေးကူညီမှုအသင်းသားများက ကူညီထုပ်ပိုးပြီး အသင်းကားဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မြန်မာနိုင်ငံက ငလျင်သင့်ပြည်သူ သုံးသိန်းကျော်အတွက်စားနပ်ရိက္ခာအထောက်အပံ့တွေကို တရုတ်နိုင်ငံက WFPမှ တဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 21 July 2025
#WFP #ငလျင်သင့်ပြည်သူများကိုတရုတ်လှူဒါန်း
#YMG/SW #Yangon_Times
#Local_News
Published 21 June 2025
▪️ မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးမှ အခြေခံထုတ်လုပ်သော အလှကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
▪️ ထိုသို့တင်ပို့လိုသူများအနေဖြင့် တရုတ်နိုင်ငံ အလှကုန်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းမျဉ်း (CSAR) မှ ထုတ်ပြန်ထားတဲ့ Special Cosmetics နဲ့ General Cosmetic လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည်။
▪️ ထို့အပြင် ထောပတ်သီး၊ ထောပတ်သီးနှင့် ဆက်စပ်သည့်တန်ဖိုးမြှင့်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက်လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆက်သော သစ်သီးဝလံအဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (PRA) ကို အဝေးရောက်စနစ်ဖြင့် လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင်ရွက်ရန်လည်း နှစ်နိုင်ငံအကြား သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ထောပတ်သီးနှင့် ဆက်စပ်သည့်တန်ဖိုးမြှင့်စားသောက်ကုန်များဖြစ်သည့် ထောပတ်သီးဆီ၊ဖျော်ရည်များ၊ အေးခဲသစ်သီးများကို GACC ၏ CIFER system မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 21 July, 2025
▪️ ညအချိန်နှလုံးခုန်နှုန်း အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတို့ကြား ဆက်စပ်မှုကြီးမားကြောင်း သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ဘန်းတက္ကသိုလ်ဆေးရုံက ၁၃ နှစ်တာအတွင်း လူပေါင်း ၄,၁၇၀ ကို လေ့လာခဲ့ရာမှာ အိပ်နေစဉ် နှလုံးခုန်နှုန်းပြောင်းလဲခြင်းက လေဖြတ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဦးနှောက်အသိဉာဏ်ယိုယွင်းခြင်းစတဲ့ ကျန်းမာရေးအခြေအနေများရဲ့ အစောပိုင်းလက္ခဏာကို ပြသနေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ဒါဟာ နှလုံးခုန်ချက်ကြားမှာ ကြာမြင့်ချိန် အတက်အကျဖြစ်တဲ့သဘော ဖြစ်ပါတယ်။
▪️ နောက်ပိုင်းမှာ လေဖြတ်နိုင်ခြေရှိသူတွေမှာ နှလုံးခုန်နှုန်းပြောင်းလဲချက်က များနေပြီး စိတ်ဓာတ်ကျဝေဒနာ ခံစားရသူတွေမာတော့ ပြောင်းလဲချက်နည်းနေတာ တွေ့ရပါတယ်။
▪️ ကြိမ်နှုန်းပြောင်းလဲပြီး နှလုံးခုန်နှုန်းပြောင်းလဲချက် မြင့်တဲ့သူတွေမှာ နှလုံးသွေးကြောရောဂါ၊ ဟော်မုန်းရောဂါတို့လည်း ဖြစ်လာပါတယ်။
▪️ ဒီလိုမျိုး ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ပြောင်းလဲခြင်းနဲ့ လက္ခဏာများ ပေါ်ပေါက်လာခြင်းက အယ်ဇိုင်းမား၊ လေဖြတ်ခြင်းလိုမျိုး ရောဂါတွေကို စောစီးစွာ သိရှိကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒီလိုမျိုး နှလုံးခုန်နှုန်းအပြောင်းအလဲတွေကို စောင့်ကြည့်ဖို့ စက်ပစ္စည်းများတပ်ဆင်လာနိုင်ပါတယ်။
▪️ အိပ်စက်ခြင်းဆိုတာက ရေရှည်ကျန်းမာရေးအတွက် အဓိကထောက်တိုင်တစ်ခု ဖြစ်ပါတယ်။
▪️ ဒါကြောင့် အိပ်စက်စဉ်မှာ နှလုံးခုန်နှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဖို့က ဦးနှောက်ကျန်းမာရေးအတွက် အထူးအရေးကြီးနေပါတယ်။
#Source: ANI
#World_Health
Published 21 July, 2025
▪️ နို့ထွက်ပစ္စည်း စားတာများရင် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ သုတေသီများက ကျောင်းသား ၁ ထောင်ကျော်ကို သူတို့ရဲ့ အိပ်စက်မှုအခြေအနေ၊ စားသောက်နေထိုင်မှုပုံစံတို့နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြရာ လက်တို့စ်မတည့်ခြင်းနဲ့ အအိပ်ပျက်ခြင်းတို့ကြား ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။
▪️ လက်တို့စ်ပါဝင်တဲ့စားစရာတွေက ဒိန်ခဲ၊ နို့၊ ရေခဲမုန့်တို့ ဖြစ်ပါတယ်။
▪️ ဒီထဲက ၃ ပုံ ၁ ပုံလောက်က အိပ်မက်ဆိုးတွေ ပုံမှန်မက်တယ်လို့ ဖြေကြားပြီး ၄၀ ရာခိုင်နှုန်းက နောက်ကျမှစားခြင်း၊ အချို့သောအစားအစာကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
▪️ ဘယ်လိုအစားအစာတွေက အိပ်စက်မှုအပေါ် သက်ရောက်စေလဲဆိုတဲ့အကြောင်း မေးမြန်းခဲ့ကြပါတယ်။
▪️ လက်တို့စ်ဓာတ်မခံနိုင်သူတွေက အစာအိမ်အူလမ်းကြောင်း လက္ခဏာများ၊ အိပ်မက်ဆိုးများ၊ ကောင်းစွာအိပ်မပျော်ခြင်းတို့ ခံစားရတတ်ကြောင်း တွေ့ရှိလာပါတယ်။
▪️ အစားအစာတစ်မျိုးမျိုးကို မခံနိုင်တဲ့သူတွေမှာ မတည့်တဲ့အစာတွေကို သိရှိခြင်းဖြင့် ရှောင်ရှားနိုင်ပါတယ်။
▪️ အစားကို ကောင်းကောင်းမစားရင် ကောင်းစွာမအိပ်နိုင်ဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။
▪️ တွေ့ရှိချက်တွေက တကယ်မှတ်ချက်ပြုနိုင်လားဆိုတာ ပိုမိုသိရှိရဖို့ လူအမျိုးမျိုးမှာ လေ့လာရဦးမှာဖြစ်ပါတယ်။
▪️ အစားအစာတွေက အိပ်မက်တွေအပေါ် သက်ရောက်မှုရှိလားဆိုတာ သေချာသိရဖို့ နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ရမှာဖြစ်ပြီး ဒိန်ခဲနဲ့ အခြားစားစရာတွေ စားခြင်းဖြင့် လေ့လာချင်တယ်လို့ ဒီမွန်ထရီရယ်တက္ကသိုလ်မှ ဒေါက်တာတိုရီနီယဲဆင်က ပြောသွားပါတယ်။
#Source: MedicalXpress
Page 146 of 1857