#World_News
Published 17 September 2025
▪️ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ Arakan Army(AA) ဟာ ရာဘ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောပါတယ်။
▪️ ရာမူးစစ်ကြောင်းမှူး ဗိုလ်မှူးကြီး မိုဟီဒူဒင် အာမက်က Cox's Bazar ဟိုတယ်တစ်ခုမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ "ရာဘ မူးယစ်ဆေးဝါးတွေကို ဘင်္ဂလီတွေက အဓိက မှောင်ခို ကူးကြပါတယ်။
သူတို့က ဆေးပြားတွေကို အရမ်းမြန်မြန် သယ်ဆောင်တာကြောင့် ဖမ်းရဆီးရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့နိုင်ငံက အကျိုးအမြတ်ကို မက်မောတဲ့ မသမာသူတချို့ဟာ မြန်မာနိုင်ငံက AA ဆီကနေ ရာဘတွေကို ဘင်္ဂလားဒေ့ရှ်ထဲကို သယ်ဆောင်လာကြပါတယ်" လို့ ပြောပါတယ်။
▪️ ဒီသတင်းစာရှင်းလင်းပွဲမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းဆီးရမိမှုနဲ့ နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဖို့ အစီအမံအသစ်တွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ်။
▪️ စာဖြင့်ရေးသားထားတဲ့ ကြေညာချက်မှာ ဗိုလ်မှူးကြီး မိုဟီဒူဒင်က ကမ်းရိုးတန်းဒေသတွေကနေ မူးယစ်ဆေးဝါး မှောင်ခိုကူးတာဟာ အခုအခါမှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာတယ်လို့ ပြောပါတယ်။
▪️ "ဥက္ကိယ-တက္ကနက် နယ်စပ်တစ်လျှောက်မှာ တင်းကျပ်တဲ့ စောင့်ကြည့်မှုတွေကြောင့် မှောင်ခိုသမား တွေဟာ ပင်လယ်ရေကြောင်းကနေ လှုပ်ရှားလာပါတယ်။ မူးယစ်ဆေးဝါးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ Maheshkhali၊ Banshkhali၊ Kutubdia၊ Anwara နဲ့ Kuakata ကမ်းရိုးတန်းတွေကနေ ဘင်္ဂလား ဒေ့ရှ်ထဲကို ဝင်ရောက်တယ်လို့ ခန့်မှန်းရပါတယ်။ ဒီလမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါးတွေဟာ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာသာမက တခြားနိုင်ငံတွေကိုပါ မှောင်ခိုကူးခံရတာကြောင့် ကျွန်တော်တို့ရဲ့ လူငယ်တွေနဲ့ စီးပွားရေးအတွက် အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
▪️ သူက ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတွေဟာ အမှောင်ထဲမှာ မြန်မာရေပိုင်နက်ထဲကို ဖြတ်ကျော် သွားလာနေတဲ့ ရေဒါပုံရိပ်တွေကိုလည်း ပြသခဲ့ပါတယ်။
▪️ မူးယစ်ဆေးဝါး မှောင်ခိုကူးတာကို တားဆီးဖို့အတွက် BGB၊ ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တို့ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။
▪️ နိုင်းချောင်ဆရီ နယ်စပ်ဟာလည်း အားနည်းချက်တွေရှိလာတယ်လို့ သူက ဆက်ပြောပါတယ်။ "ခက်ခဲကြမ်းတမ်းတဲ့ မြေမျက်နှာသွင်ပြင်နဲ့ ဆက်သွယ်ရေး အားနည်းတာကြောင့် ဒီဒေသကို စောင့်ကြည့်ဖို့က အရမ်းကို စိန်ခေါ်မှုဖြစ်ပါတယ်" လို့ BGB စစ်ကြောင်းမှူးက ထပ်လောင်းပြောပါတယ်။
▪️ မြန်မာအာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို မကြာခဏ ဖမ်းဆီးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မိုဟီဒူဒင်က ငါးဖမ်းသမားတွေဟာ မတော်တဆဖြစ်စေ၊ တမင်ဖြစ်စေ မြန်မာရေပိုင်နက်ထဲကို ဖြတ်ကျော်ဝင်ရောက်မှသာ ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
▪️ " AA က ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ရောက်ပြီး ငါးဖမ်းသမားတွေကို ဖမ်းဆီးတဲ့ ဖြစ်စဉ်မျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ငါးဖမ်းသမားတွေကို ရေကြောင်းနယ်နိမိတ်ကို မဖြတ်ကျော်ဖို့ အမြဲတမ်း သတိပေးနေပါတယ်" လို့ သူက ထပ်ပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး BGB ဟာ Cox's Bazar နဲ့ Bandarban နယ်စပ်ဒေသတွေကနေ ရာဘဆေးပြား ၂၈ သိန်းလောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီကာလအတွင်းမှာ သေနတ် ၂၂ လက်နဲ့ ခေတ်မီရိုင်ဖယ်တွေကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။
▪️ တစ်ချိန်တည်းမှာပဲ သီးခြားကြေညာချက်တစ်ခုမှာ တရားမဝင် လက်နက်မှောင်ခိုကူးတာကို တားဆီးဖို့အတွက် နိုင်ငံရဲ့ နယ်စပ်တွေတစ်လျှောက်မှာ ထောက်လှမ်းရေး စောင့်ကြည့်မှုနဲ့ စစ်ဆင်ရေး တွေကို တိုးမြှင့်လိုက်ပြီလို့လည်း ပြောပါတယ်။
▪️ ကြေညာချက်အရ၊ ပြီးခဲ့တဲ့ သုံးလအတွင်း ဖမ်းဆီးရမိမှုတွေမှာ ပြည်တွင်းဖြစ်နဲ့ နိုင်ငံခြားဖြစ် ပစ္စတို ၁၆ လက်၊ reolver ၂ လက်၊ SMG သေနတ် ၂ လက်၊ ရိုင်ဖယ် ၅ လက်၊ လက်လုပ်သေနတ် ၁၆ လက်၊ သေနတ် တို၃ လက်၊ မော်တာကျည် ၃ လုံး၊ လက်ပစ်ဗုံး ၈ လုံး၊ တခြားလက်နက်အမျိုးအစား ၂၇ ခု၊ ကျည်အိမ် ၂၁ ခုနဲ့ ကျည် ၁,၀၀၃ တောင့်တို့ ပါဝင်ပါတယ်။
Source The Daily Star
#World_Health
Published 17 September 2025
▪️ လက်နှစ်ဖက်စလုံးဖြင့် စာရေးတတ်အောင် လေ့ကျင့်ခြင်းက ဦးနှောက်အတွက် အလွန်အကျိုးရှိနိုင်ဖွယ်ရှိကြောင်း CARE ဆေးရုံမှ အာရုံကြောအထူးကု ဒေါက်တာမူရယ်လီခရစ်ရှ်နာက ပြောသွားပါတယ်။
▪️ မတူညီတဲ့လက်ဖြင့် စာရေးခြင်းဟာ ဦးနှောက်ရဲ့ မတူညီတဲ့အခြမ်းတွေကို လှုံ့ဆော်ပေးပါတယ်။
▪️ နှစ်ဖက်စလုံးဖြင့် စာရေးလေ့ကျင့်ခြင်းဖြင့် ဦးနှောက်ရဲ့ မတူညီတဲ့အခြမ်းတွေကြား ပူးပေါင်းဆောင်ရွက်စေကာ ဦးနှောက်အသိဉာဏ်စွမ်းရည်ကို ကောင်းကျိုးရှိစေတယ်လို့ အထောက်အထား တွေ့ရပါတယ်။
▪️ ဦးနှောက်ရဲ့ ဖွဲ့စည်းပုံပြောင်းလဲပုံ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း မြှင့်တင်ပေးကာ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတက်စေတယ်လို့ ပြောပါတယ်။
▪️ လက်နှစ်ဖက်စလုံး အသုံးပြုခြင်းဖြင့် ဦးနှောက်ရဲ့ နှစ်ခြမ်းစလုံးကို လှုံ့ဆော်ပေးပြီး ဘယ်ဘက်ခြမ်းက ကျိုးကြောင်းတွေးတောခြင်းနဲ့ ညာဘက်ခြမ်းက ဖန်တီးနိုင်စွမ်းတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုကို တိုးတက်စေတယ်လို့ ဆိုပါတယ်။
▪️ သမားရိုးကျမဟုတ်တဲ့ ရှုထောင့်တွေကနေ စဉ်းစားတတ်စေပြီး တွေးခေါ်ဖန်တီးနိုင်စွမ်းလမ်းကြောင်းသစ်တွေ ဖွင့်ပေးနိုင်ပါတယ်။
▪️ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ မသန်တဲ့လက်ဖြင့် အလွန်အကျွံအသုံးပြုတဲ့အခါ စိတ်ပျက်ရခြင်း၊ စိတ်အားထက်သန်မှု လျော့နည်းခြင်း၊ ထိခိုက်ဒဏ်ရာရတတ်ခြင်း၊ စိတ်နဲ့ခန္ဓာ ပေါင်းစပ်လှုပ်ရှားမှု မှားယွင်းတတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ဒီလိုလေ့ကျင့်အသုံးပြုသူတွေက အခြားလူတွေထက် အသိဉာဏ်လုပ်ဆောင်ချက် ထူးခြားတယ်လို့ သိရသလို ဦးနှောက်လုပ်ဆောင်မှုအမြန်နှုန်း ကျဆင်းသွားတတ်ပါတယ်။
Source: Indian Express
#World_Health
Published 17 September 2025
▪️ TikTok ကို အမေရိကန်မှာ ဆက်လက်လည်ပတ်စေမယ့်အကြောင်း အမေရိကန်နဲ့ တရုတ်တို့ကြား သဘောတူညီချက်တစ်ခုကို သမ္မတဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ ကြေညာလိုက်ကြောင်း သတင်းရင်းမြစ် ၃ ခုက ပြောပါတယ်။
▪️ သဘောတူညီချက်အရ TikTok ရဲ့ အမေရိကန်အချက်အလက် ပိုင်ဆိုင်မှုတွေကို တရုတ် ByteDance ကုမ္ပဏီထံကနေ အမေရိကန်ပိုင်ရှင်များသို့ လွှဲပြောင်းပေးရမှာဖြစ်ပြီး တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ဒီပြဿနာကြီး ပြေရှင်းဖို့ အလားအလာရှိနေပါတယ်။
▪️ အမေရိကန်မှာ သုံးစွဲသူပေါင်း သန်း ၁၇၀ လောက်ရှိနေတဲ့ TikTok ဆိုရှယ်မီဒီယာအက်ပ်အတွက် သဘောတူညီချက်ရရှိတာဟာ အင်အားကြီးနိုင်ငံနှစ်ခုကြား လနဲ့ချီဆွေးနွေးမှု အောင်မြင်တဲ့သဘော ဖြစ်လာမှာပါ။
▪️ TikTok ကို ဝယ်ယူလိုတဲ့ ကုမ္ပဏီအုပ်စုကြီးတွေ ရှိတယ်လို့ ထရမ့်က အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။
▪️ TikTok ကို ရောင်းချမှာလား ပိတ်သိမ်းခံမှာလားဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ နောက်ဆုံးသတ်မှတ်ရက်ကို ဒီဇင်ဘာ ၁၆ ရက်နေ့အထိ တိုးပေးထားပါတယ်။
▪️ အမေရိကန်မှ TikTok အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရယူသုံးမှာကို အမေရိကန်စိုးရိမ်တဲ့အတွက် ဒီလိုမျိုးလုပ်ဆောင်တာ ဖြစ်ပါတယ်။
▪️ အပြီးသတ်မှာ ဘယ်လိုသဘောတူညီချက်တွေ အတိအကျထွက်လာမလဲဆိုတာတော့ သတင်းရင်းမြစ်တွေ သေချာမပြောနိုင်သေးပါဘူး။
▪️ အမေရိကန် နိုင်ငံတော်လုံခြုံရေးအတွက် သင့်တင့်တဲ့ လုံခြုံစိတ်ချရမှု မရဘဲနဲ့တော့ သဘောတူညီချက် ဖြစ်လာမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောသွားပါတယ်။
Source: Reuters
#World_Health
Published 17 September 2025
▪️ နှလုံးကျန်းမာရေးက ကော်ဖီသောက်သုံးခြင်းအပေါ် လွှမ်းမိုးမှုရှိနေတယ်လို့ တောင်ဩစတြေးလျတက္ကသိုလ် သုတေသီများက မျိုးဗီဇအထောက်အထားဖြင့် တွေ့ရှိခဲ့ကြပါတယ်။
▪️ လူပေါင်း ၃၉၀,၄၃၅ ကို လေ့လာခဲ့တာဖြစ်ပြီး သွေးတိုးသူတွေ၊ နှလုံးအောင့်သူတွေ၊ နှလုံးခုန်မမှန်သူတွေဟာ မျိုးဗီဇအခြေခံကြည့်ရင် ကော်ဖီအနည်းငယ်သာ သောက်လေ့ရှိတာကို တွေ့ခဲ့ကြပါတယ်။
▪️ လူတွေရဲ့ မျိုးဗီဇတွေက ကော်ဖီသောက်တဲ့ ပမာဏကို ထိန်းညှိပေးပြီး အများအပြားသောက်သုံးခြင်းမှ ကာကွယ်ပေးတာဖြစ်တယ်လို့ UniSA ဩစတြေးလျစင်တာ သုတေသီနဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ အယ်လီနာဟစ်ပိုနန်က ပြောပါတယ်။
▪️ လူတွေက အကြောင်းပြချက်မျိုးစုံဖြင့် ကော်ဖီသောက်ကြပေမယ့် သွေးပေါင်ချိန်ပေါ်မူတည်ပြီး ကဖင်းဓာတ်ပမာဏကို စိတ်ချရတဲ့အနေအထားအထိ ထိန်းညှိပေးတယ်လို့ ဆိုပါတယ်။
▪️ ကော်ဖီများများသောက်တဲ့သူက ကဖင်းဓာတ်ကို မျိုးဗီဇအရ ပိုမိုခံနိုင်ရည်ရှိကာ ကော်ဖီမသောက်သူတွေကတော့ ကဖင်းဓာတ်ရဲ့ ဆိုးကျိုးတွေကို ပိုမိုခံစားရနိုင်ပြီး သွေးတိုးနိုင်ခြေ ပိုများစေပါတယ်။
▪️ ယူကေဘိုင်အိုဘဏ်မှ အချက်အလက်တွေဖြင့် လူပေါင်း ၄ သိန်းနီးပါးရဲ့ ကော်ဖီသောက်ခြင်း အလေ့အထကို လေ့လာခဲ့ကာ သွေးပေါင်ချိန်အောက်ထစ်အမှတ်နဲ့ နှလုံးခုန်နှုန်းတို့ကို နှိုင်းယှဉ်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ကော်ဖီဘယ်လောက်သောက်တယ်ဆိုတဲ့ ပမာဏက နှလုံးကျန်းမာရေးကို ညွှန်ပြနေနိုင်တယ်လို့ ပရော်ဖက်ဆာက ပြောပါတယ်။
▪️ ခန္ဓာကိုယ်က ကော်ဖီထပ်သောက်ချင်တယ်လို့ ခံစားလာရရင် ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင် အလိုက်သင့် သောက်သုံးသင့်တယ်လို့ ဆိုသွားပါတယ်။
Source: DoctorNDTV Wednesday 10
ကုလအထွေထွေညီလာခံက အစ္စရေးလ်နဲ့ ပါလက်စတိုင်း နှစ်နိုင်ငံဖြေရှင်းရေးအတွက် အဓိကအဆင့် ၄ ခုဖော်ပြထားတဲ့ နယူးယော့ခ်ကြေညာချက်ကို သောကြာနေ့က မဲအလုံးအရင်းဖြင့် ထောက်ခံခဲ့ပါတယ်။
#World_News
Published 16 September 2025
#အစ္စရေးလ်_ပါလက်စတိုင်း #နယူးယော့ခ်
#YMG #Yangon_Times #Yangon_Media_Group
၁၆ စက်တင်ဘာ၊၂၀၂၅
၂၀၂၅ ခုနှစ်၊ ရပ်ဝန်းနှင့်ပိုးလမ်းမ မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကမ္ဘာ့နိုင်ငံပေါင်း ၈၇ နိုင်ငံမှ ကိုယ်စားလှယ် ၂၀၀ ကျော်၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် မီဒီယာအဖွဲ့အစည်း ၁၆၅ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းမီဒီယာကောင်စီနှင့် ပုဂ္ဂလိက မီဒီယာများမှ ကိုယ်စားလှယ်များလည်း အဆိုပါဖိုရမ်သို့တက်ရောက်သည်။
ဖိုရမ်တက်ရောက်လာသူများက သမ္မတရှီကျင့်ဖျင် သည် ၂၀၁၃ ခုနှစ်တွင် ရပ်ဝန်းနှင့်ပိုးလမ်းမ ပဏာမခြေလှမ်း (BRI) ကို စတင်အဆိုပြုခဲ့ချိန်မှစ၍ ယင်းပဏာမခြေလှမ်းသည် အောင်မြင်မှု ရလဒ် ကောင်းများ ရရှိခဲ့ပြီး လူကြိုက်များသည့် ကမ္ဘာလုံးဆိုင်ရာ အများပိုင်အကျိုးစီးပွားတစ်ခုအဖြစ်နှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပလက်ဖောင်းတစ်ခုအဖြစ် တိုးတက်လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့ကြသည်ဟုပြည်သူ့နေ့စဉ်သတင်းစာကရေးသားသည်။
မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့်အပေါင်း” အစည်းအဝေး တွင် သမ္မတရှီသည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး ပဏာမခြေလှမ်းကို တင်ပြခဲ့ရာ ပိုမိုမျှတ၍ တန်းတူ ညီမျှသည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို မြှင့်တင်ရန်အတွက် တရုတ်တို့၏ ဉာဏ်ပညာနှင့် ဖြေရှင်း နည်းများကို အထောက်အကူပြုခဲ့သလို အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို ရှေ့သို့ဆက်လက်တိုးတက်စေရန်အတွက်လည်း ပိုမိုကျယ်ပြန့်သည့် အခွင့်အလမ်းအသစ်များကို ဖန်တီး ပေးခဲ့သည်ဟု ပြည်သူ့နေစဉ်သတင်းစာတွင်ဖော်ပြထားသည်။

ဖိုရမ်တက်ရောက်လာသူများက ကမ္ဘာတစ်ဝန်းရှိ မီဒီယာများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေသင့်ပြီး ပိုးလမ်းမစိတ်ဓာတ်ကို လက်တွေ့ကျင့်သုံးသူများနှင့် မြှင့်တင်ပေးသူများအဖြစ် ဆောင်ရွက်သင့်ကြောင်း၊ ယဉ်ကျေးမှုအစုအဝေးကြီးများအကြားတွင် နိုင်ငံအချင်းချင်း တန်းတူညီမျှမှု၊ အပြန်အလှန် လေ့လာသင်ယူမှု၊ ဆွေးနွေးမှုနှင့် အားလုံးပါဝင်နိုင်မှုတို့ကို ထိန်းသိမ်းစောင့်ရှောက်သင့် ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ ၎င်းတို့က မီဒီယာများသည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို မှတ်တမ်းတင်သူများနှင့် ပြောပြသူများအဖြစ် ဆောင်ရွက်သင့်ကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်မှု၏ လက်တွေ့လုပ်ဆောင်မှုများကို ဆက်လက်သတင်းရေးသားတင်ပြသင့်ကြောင်းနှင့် နှစ်ဖက်အနိုင်ရသည့်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သောတွန်းအားကို တည်ဆောက်ရန် ကူညီ ပေးသင့်ကြောင်း ပြောကြားခဲ့ကြသည်။
မီဒီယာများသည် ယဉ်ကျေးမှုများအကြား အပြန်အလှန်လေ့လာသင်ယူမှုကို ပါဝင်လုပ်ဆောင်သင့်ပြီး ရှေ့သို့ဆက်လက်တိုးတက်အောင် ကူညီသင့်ကြောင်း၊ နားလည်မှုတည်ဆောက်ရန်၊ ကွဲပြားမှုများကို ပေါင်းကူးပေးရန်နှင့် ပြည်သူများကို ပိုမိုရင်းနှီးလာစေရန်အတွက် အရည်အသွေးရှိသောလုပ်ကိုင်မှုများကို အသုံးပြုသင့်ကြောင်းနှင့် လူသားမျိုးနွယ်အပေါ် ဘုံအနာဂတ်အသိုက်အဝန်းတစ်ခုအတွက် အုတ်မြစ်ကို ခိုင်မာအောင် ဆောင်ရွက်သင့်ကြောင်း ၎င်းတို့က ထုတ်ဖော်ပြောကြားခဲ့သည်။
ပြည်သူ့နေစဉ်သတင်းစာ(People’s Daily)၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ယူနန်ပြည်နယ်ကော်မတီနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့ ပူးတွဲကျင်းပသည့် ယင်းဖိုရမ်ကို “ယဉ်ကျေးမှုများအကြား ဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုအတွက် မီဒီယာများအတူတကွတာဝန်ယူမှု” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်တွင် ဖွင့်ပွဲအခမ်းအနား၊ အဓိကဖိုရမ်၊ ဖိုရမ်ခွဲများ၊ ဒုတိယအကြိမ်မြောက် ပိုးလမ်းမ ကမ္ဘာလုံး ဆိုင်ရာသတင်းဆုပေးပွဲအခမ်းအနားနှင့် ၁၀+၃ မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တို့ကိုကျင်းပခဲ့သည်။
ဖိုရမ်အပြီးတွင် တရုတ်နှင့် နိုင်ငံတကာမီဒီယာကိုယ်စားလှယ်များသည် ယူနန်နှင့် အခြားသော ပြည်နယ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ပြဒေသများတစ်လျှောက် ပူးပေါင်း သတင်းတင်ဆက်မှုများကို ဆောင်ရွက်သွားကြမည်ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၉ ကြိမ်အထိ ကျင်းပခဲ့ပြီးဖြစ်သည်။ ယင်းဖိုရမ်သည် နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် ဒေသများမှ ကမ္ဘာလုံးဆိုင်ရာမီဒီယာအဖွဲ့အစည်းများနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရသည်။
Reference : People’s Daily
Photo-YMG
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးနဲ့မြေပဲစိုက်တောင်သူတွေကို သီးနှံပေါ်ပေးစနစ်နဲ့ အထွက်တိုးမြေပဲမျိုးနဲ့သွင်းအားစုတွေပေးအပ်ထားတယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 16 September 2025
#မြေပဲမျိုး #စပါးမြေပဲစိုက်တောင်သူ
#YMG/NN #Yangon_Times
တိရစ္ဆာန်အစာအတွက်အသုံးပြုတဲ့ ဂန္ဓမာပန်းမျိုးစိတ်များရဲ့ အမှုန့် ထုတ်လုပ်ခြင်းနဲ့ တင်ပို့ခြင်းလုပ်ငန်း ကြိုတင်ဆောင်ရွက်နိုင်ဖို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြရာမှာအတည်ပြုခွင့်ပြုခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 16 September 2025
#ဂန္ဓမာပန်းမျိုးစိတ် #တိရစ္ဆာန်အစာ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) ပြည်သူ့ရေးရာနှင့်လူမှုရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ “နည်းပညာနှင့် သမိုင်းမှတ်တမ်းမော်ကွန်းတိုက် ” ကို မကြာမီဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 16 September 2025
#ဆောက်လုပ်ရေး #𝐌𝐂𝐄𝐅
#YMG/SW #Yangon_Times
ခရီးစဉ်အကွာအဝေးပေါ်မူတည်ပြီးကုန်သေတ္တာတင် မော်တော်ယာဉ်ငှားရမ်းခများ တိုးမြှင့်ကောက်ခံသွားမယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းက သိရပါတယ်။
#Local_News
Published 16 September 2025
#မြန်မာနိုင်ငံကုန်သေတ္တာတင် #မော်တော်ယာဉ်များအသင်း
#YMG/NN #Yangon_Times
#Daily_News
Published 16 September 2025
၁။ ကုန်သေတ္တာတင် မော်တော်ယာဉ်ငှားရမ်းခများ ခရီးစဉ်အကွာအဝေးအလိုက်တိုးမြှင့်ကောက်ခံ
၂။ ဆောက်လုပ်ရေး“နည်းပညာနှင့်သမိုင်းမှတ်တမ်းမော်ကွန်းတိုက် ” ဖွင့်မည်
၃။ ဂန္ဓမာပန်းမျိုးစိတ်များမှ အမှုန့်ထုတ်လုပ်ခြင်းနှင့်တင်ပို့ခြင်းကိုဆောင်ရွက်ခွင့်ပြု
၄။ အစ္စရေးလ်-ပါလက်စတိုင်းပဋိပက္ခဖြေရှင်းရေးဆုံးဖြတ်ချက်မူကြမ်း ထောက်ခံမဲအပြတ်အသတ်နိုင် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 16 September 2025
▪️ တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် CHINA - ASEAN Esports Competition: 2025 ပြိုင်ပွဲတွင်မြန်မာ Esports အသင်းနှစ်သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF) မှ သိရသည်။
▪️ ထိုသို့ ဝင်ရောက်ယှဥ်ရန်အတွက် မြန်မာကိုယ်စားပြု Esports အသင်းများသည် စက်တင်ဘာ လ၁၅ရက်က နန်နင်းမြို့သို့ ထွက်ခွာသွားခဲ့ပြီကြောင်း သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ Mobile Legends နှင့် Valorant တို့တွင်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ Mobile Legends ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Ai Esports ကလည်းကောင်း၊ Valorant ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုTeam Ferox အသင်းကလည်းကောင်း ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
▪️ CHINA - ASEAN Esports Competition: 2025 (CAEC) ပြိုင်ပွဲတွင် တရုတ်၊ အင်ဒိုနီးရှား၊ တီမော၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ အသင်းများဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 147 of 1918