#World_Health
Published 29 April 2026
■ ရေဆိုးရေညစ်တွေလိုမျိုး အနံ့ဆိုးတွေက မူးဝေခြင်း၊ မအီမသာဖြစ်ခြင်းတို့ ခံစားရနိုင်တဲ့အပြင် ကျန်းမာရေးကိုပါ သိသိသာသာ ထိရောက်နိုင်ပါတယ်။
■ ကျန်းမာရေးနဲ့ ပတ်သက်လို့ အနံ့ဆိုးတွေကို အမှုမဲ့နေတတ်ကြပေမယ့် တကယ်တမ်းမှာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ကောင်းစွာမအိပ်ရခြင်း စတဲ့ပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။
■ အနံ့ခံအာရုံတွေက အန္တရာယ်ဝင်ရောက်နေကြောင်း သတိပေးတဲ့စနစ်ဖြစ်ပြီး ဦးနှောက်က အနံ့ဆိုးတွေကို ၃၀၀ မီလီစက္ကန့်အတွင်း ပြင်ဆင်ဖော်ပြပါတယ်။
■ အန္တရာယ်ရှိတဲ့ အနံ့တွေ အမြန်သိရှိစေခြင်းက ထိုအနံ့တွေကို အလျင်အမြန် အာရုံခံမိစေပြီး ဘေးအန္တရာယ်တွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်အောင် ကူညီပေးပါတယ်။
■ ဒီလိုအနံ့တွေက မူးဝေခြင်းလိုမျိုး လက္ခဏာတွေ ဖြစ်စေတဲ့ ဗေးဂတ်စ်အာရုံကြောကို လှုံ့ဆော်ပေးခြင်းလိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေ ဖြစ်စေပါတယ်။
■ ဒီသက်ရောက်မှုတွေကို နားလည်စေဖို့ နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
■ အနံ့ဆိုးတွေကို အဆက်မပြတ် ရှူမိတဲ့အခါ ပြင်ပလှုပ်ရှားမှုတွေ ရှောင်ရှားမိသလိုမျိုး လွဲမှားတဲ့လုပ်ရပ်တွေ ဖြစ်လာနိုင်ပြီး လူမှုဘဝနဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါတယ်။
■ အနံ့ခံနိုင်စွမ်းက အသက်အရွယ်၊ ကျား/မ၊ နေထိုင်စားသောက်မှုပုံစံအလိုက် တစ်ဦးနဲ့တစ်ဦး ကွဲပြားနိုင်ပြီး လူတွေဟာ မကောင်းတဲ့ အနံ့အသက်တွေကို လွယ်လွယ်နဲ့တော့ ကျင့်သားမရကြပါဘူး။
■ ရေဆိုးရေညစ်အနီးအနားတွေမှာ နေထိုင်တဲ့ လူတွေအတွက်တော့ လေထုအနံ့ဆိုးရွားခြင်းက ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။
■ အနံ့အာရုံခံနိုင်စွမ်းက ကျန်းမာရေးအတွက် အရေးကြီးပြီး ဆာလောင်စိတ်၊ စိတ်ခံစားမှု၊ သက်ရှည်ကျန်းမာခြင်းတို့အပေါ် သက်ရောက်နိုင်ပါတယ်။
Source: BBC.
#World_Health
Published 29 April 2026
■ နို့တွေထဲမှာ နွားနို့က အကောင်းဆုံးဖြစ်နေဆဲဖြစ်ပြီး မရှိမဖြစ် ဗိုက်တာမင်များ၊ သတ္တုဓာတ်များအပြင် အရည်အသွေးမြင့် ပရိုတိန်းတွေလည်း ကြွယ်ဝပါတယ်။
■ အာဟာရပညာရှင်တွေက နေ့စဉ်နွားနို့သောက်ခြင်းက ခန္ဓာကိုယ်ကို ဘယ်လောက်သက်ရောက်စေလဲဆိုတာ မျှဝေဖော်ပြထားပါတယ်။
■ ကယ်စီယံ၊ ဗိုက်တာမင်-ဒီ၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယံ၊ ပိုတက်ဆီယံ၊ ပရိုတိန်းအပါအဝင် အရိုးထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တွေ ပေးစွမ်းနိုင်ပါတယ်။
■ အရိုးဖွဲ့စည်းမှုကို ထောက်ပံ့ပေးပြီး ကော်လာဂျင်စုဖွဲ့မှုကို ကူညီပေးတာကြောင့် အသက်ကြီးလာတဲ့အခါ အရိုးပွခြင်း ကျိုးခြင်းတို့ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
■ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉ မျိုးစလုံး ထောက်ပံ့ကာ အရည်အသွေးမြင့်ပရိုတိန်းလည်း ပါဝင်တာကြောင့် နေ့စဉ်သောက်မယ်ဆိုရင် ကြွက်သားဖွဲ့စည်းမှုအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
■ လူဆင်း၊ အိုင်ဆိုလူဆင်း၊ ဗေလင်းတို့လည်း ကြွယ်ဝတာကြောင့် အူသိမ်ထဲကနေ သွေးထဲသို့ တိုက်ရိုက်စုပ်ယူကာ ကြွက်သားတွေကို ပြုပြင်တည်ဆောက်ပေးပါတယ်။
■ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီတို့ ပေါင်းစပ်ပါဝင်ခြင်းကြောင့် ဗိုက်ပြည့်ဝစေပြီး ဆာလောင်စိတ်ကို ထိန်းချုပ်စေနိုင်ပါတယ်။
■ ပိုတက်ဆီယံနဲ့ ကယ်စီယံတို့လို အာဟာရဓာတ်တွေက သွေးပေါင်ချိန်ထိန်းသိမ်းပေးကာ နှလုံးကျန်းမာရေးကို ထောက်ကူပေးပါတယ်။
■ နေ့စဉ် နို့ ၃ ခွက်သောက်သုံးသင့်ပြီး အုတ်ဂျုံ၊ ကွေကာ၊ ကော်ဖီတို့နဲ့လည်း တွဲဖက်သောက်သုံးနိုင်ပါတယ်။
Source: Martha Stewart
တရုတ်နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများနဲ့ ကာကွယ်ရေးဝန်ကြီးများ "၂+၂" မဟာဗျူဟာမြောက် ပထမဆုံးဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့က
ကမ္ဘောဒီးယားမြိုတော် ဖနွမ်းပင်မှာ ကျင်းပခဲ့ပြီး ကဏ္ဍအသီးသီးမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ရည်ရွယ်ပါတယ်။
#Asia_Politics
Published 28 April 2026
#တရုတ်_ကမ္ဘောဒီးယား #ဖနွမ်းပင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 April 2026
၁။ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် နိုင်ငံတကာကုန်သွယ်မှု၏ ပျမ်းမျှ (၇၀) ရာနှုန်းရှိဟုဆို
၂။ မြန်မာနိုင်ငံ၏ ပထမဆုံးWomen's Academy အတွက် အပြီးသတ်လူရွေးချယ်ပွဲပြုလုပ်မည်
၃။ ပျားမွေးမြူရေး တစ်ပိုင်တစ်နိုင်လုပ်ကိုင်လိုသူများအားကူညီမည်
၄။ တရုတ်-ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးများနှင့်ကာကွယ်ရေးဝန်ကြီးများ (၂+၂)ဗျူဟာမြောက်အစည်းအဝေးကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံရဲ့နှစ်စဉ်ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုးဟာ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုးရဲ့ ပျမ်းမျှ ၇၀ ရာနှုန်းရှိတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးကပြောပါတယ်။
#Local_News
Published 28 April 2026
#ပင်လယ်ရေကြောင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရဲ့ ပထမဆုံးWomen's Academy အတွက် အပြီးသတ်လူရွေးချယ်ပွဲတွေကို မေလ၉ရက်မှစတင်ကာပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်(MFF)မှ သိရပါတယ်။
#Local_News
Published 28 April 2026
#Women's_Academy #MFF
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းရှိ ပျားမွေးမြူရေး တစ်ပိုင်တစ်နိုင်လုပ်ကိုင်လိုသူတွေကို ကူညီသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 28 April 2026
#ပျား #စစ်ကိုင်းတိုင်း
#YMG/NN #Yangon_Times
ယခင်Game City (၃) ထပ်အဆောက်အဦကို စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်အဖြစ် ပြန်လည်ပြင်ဆင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 28 April 2026
#Game_City
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရဲ့ သမ္မတသစ် ဦးမင်းအောင်လှိုင်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဝမ်ယိနဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်နေပြည်တော်မှာ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။
#Local_News
Published 28 April 2026
#သမ္မတသစ်ဦးမင်းအောင်လှိုင် #တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ
#YMG/KNL #Yangon_Times
#Local_News
Published 28 April 2026
■ MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် တရားဝင်ဖြစ်စေရေးမှတ်ပုံတင်ထားရှိရန်လိုအပ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောကြားသည်။
■ ယမာန်နေ့က နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံစဉ် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခြင်းဖြစ်သည်။
■ ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် ဝါမှ ဝါဂွမ်း၊ ချည်၊ ပိတ်၊ အထည်ထုတ်လုပ်သည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေ၊ ဝါးမှ ပျော့ဖတ်များ တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် နည်းပညာပံ့ပိုးပေးနိုင်ရေး၊ MSME များအတွက် ချေးငွေစီးဆင်းမှုမြန်ဆန်ရေး ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဒီဂျစ်တယ်စနစ်တွင်ကျယ်စွာ အသုံးပြုနိုင်ရန် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပရေး၊ နိုင်ငံတော်မှ ပေးအပ်သည့် အခွင့်အရေးများရရှိစေရန် မှတ်ပုံတင်ပြုလုပ်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ MSME အစုအဖွဲ့များ ပိုမိုအားကောင်းလာစေရေးနှင့် Agro-Base Industries ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အခြေအနေတို့ကို ဆွေးနွေးကြသည်။
■ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် တရားဝင်ဖြစ်စေရေးမှတ်ပုံတင်ထားရှိရန်၊ ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးမီကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် စွန့်ဦးတီထွင်သူများ ဖြစ်ပေါ်လာစေရေး စည်းရုံးဆောင်ရွက်ရန်၊ တစ်ဦးတစ်ယောက်ချင်းနှင့် MSME အစုအဖွဲ့များ အားကောင်းလာစေရေးအားပေးဆောင်ရွက်ရန်နှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
■ တွေ့ဆုံပွဲသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 April 2026
■ ဆော်ဒီအာရေဗျနိုင်ငံမှ မြန်မာနိုင်ငံ သို့ပြန်ရန်အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသူ(၈)ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
■ မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ ဆော်ဒီအာရေဗျနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံပြန်ရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသူ(၈)ဦးကို ဧပြီ ၂၅ ရက်က မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
■ အဆိုပါ မြန်မာနိုင်ငံသူ(၈)ဦးကိုမြန်မာသံရုံး၊ ရီရတ်ဒ်မြို့က ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့်ညှိနှိုင်း၍ ရီရတ်ဒ်-ဒိုဟာ-ဗန်ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 28 April 2026
■ ပဋိပက္ခပြေလျော့ရေးကို ရည်ရွယ်ကာ အီရန်က သံတမန်ရေးရာ အဆိုပြုချက်အသစ်တစ်ခု အမေရိကန်ကို တင်ပြထားတယ်လို့ သိရပါတယ်။
■ ဒီအစီအစဉ်ထဲမှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး၊ အီရန်အပေါ် အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှု ပယ်ဖျက်ရေး၊ နောက်ပိုင်း နျူကလီးယားညှိနှိုင်းမှု ဖြေရှင်းရေးတို့ ပါဝင်ပါတယ်။
■ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက ဖြည့်စွက်ပြုပြင်ထားတဲ့ အဆိုပြုချက်ကို ဧပြီ ၂၆ ရက်နေ့မှာ ပါကစ္စတန်သို့ ပေးပို့ခဲ့ပါတယ်။
■ အီရန်ရဲ့ နောက်ဆုံးတင်ပြချက်ကို ပြန်လည်သုံးသပ်မယ့် အစည်းအဝေးပြုလုပ်ဖို့ ထရမ့်က မျှော်လင့်ထားပါတယ်။
■ အီရန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားသမ္မတ ဗလာဒီမာပူတင်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်တို့နဲ့ ဆွေးနွေးဖို့ ရုရှားသို့ ရောက်နေပါတယ်။
■ အမေရိကန် အိမ်ဖြူတော်ကတော့ အမေရိကန်ကသာ အသာစီးရထားပြီး ပြည်သူတွေဦးစားပေးရေးသာ ရရှိမယ့် သဘောတူညီချက်မျိုး ရယူမှာဖြစ်ကြောင်း၊ အီရန်ကို နျူကလီးယားလက်နက် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ကြောင်း ပြောထားပါတယ်။
■ အီရန်က နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေကို ပြင်ဆင်ဖော်ပြလာတာ ဖြစ်ပါတယ်။
■ ဒီမတိုင်ခင်အထိတော့ ထရမ့်က အီရန်ရဲ့နျူကလီးယား ညှိနှိုင်းတင်ပြချက်တွေကို ငြင်းပယ်နေခဲ့ပါတယ်။
■ ယခုနောက်ဆုံး အီရန်အဆိုပြချက်ဗျူဟာမှာတော့ ပင်လယ်ရေကြောင်းနဲ့ စီးပွားရေးပြဿနာများ ဦးစားပေးဖြေရှင်းဖို့ ကြိုးပမ်းလာပါတယ်။
■ ဒီထဲမှာ ဟော်မုဇ်ရေလက်ကြားထဲ သင်္ဘောများဖြတ်သန်းကြေး ကောက်ခံသွားဖို့ ပါဝင်ပါတယ်။
Source: Reuters
Page 142 of 2096