နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ UID နံပါတ်များ အတုအပပြုလုပ်ကိုင်ဆောင်သူများကို ထိရောက်စွာအရေးယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေး ကြေညာချက်ထုတ်ပြန်ထားပါတယ်
#Local_News
Published 26 July 2025
#မှတ်ပုံတင်၊သန်းခေါင်စာရင်း #အတုကိုင်ဆောင်သူကိုအရေးယူ
#YMG/SW #Yangon_Times
အာမခံလုပ်ငန်းမှာ MSME လုပ်ငန်းတွေကို ကျပ်သန်း ၅၀ ချေးနိုင်ရန် SOP ရေးဆွဲနေတယ်လို့ ယမန်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေးက သိရပါတယ်။
#Local_News
Published 26 July 2025
#MSME #SOPရေးဆွဲနေ
#YMG/NN #Yangon_Times
#Local_News
Published 26 July 2025
▪️ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ပြိုကျပျက်စီးခဲ့သော Sky Villa အဆောက်အဦ A အဆောင်မှ အမျိုးသား(၁)ဦး ရုပ်အလောင်းတစ်လောင်းကို ယနေ့ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ Sky Villa အဆောက်အဦ A အဆောင်အား Asiaworld ကုမ္ပဏီနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ဇူလိုင်၂၆ရက်နေ့၊ မနက်၁၁ နာရီအချိန်တွင် ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် A အဆောင် (၄)လွှာ၊ အခန်းအမှတ် F4 မှ အမျိုးသား(၁)ဦး(စိစစ်ဆဲ )၏ ရုပ်အလောင်းအား ၁၁ နာရီ ခွဲ အချိန်တွင် ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 June 2025
▪️ ဒလသမ္ဗာန်တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် သမ္ဗာန်မောင်းသူနှင့် ခရီးသည်တစ်ဦးတို့၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း
ရုပ်အ ေ-လာင်းကူညီသယ်ဆောင်ပေးသည့် ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းမှ သိရသည်။
▪️ ဇူလိုင်၂၄ ရက် မနက်ပိုင်းကလေပြင်းတိုက်ခတ်မှုကြောင့် ဒလဘက်ကမ်းကနေ ဗိုလ်တထောင်ဘက်သို့ မောင်းနှင်လာသည့် သမ္ဗာန်တစ်စင်းတိမ်းမှောက်ခဲ့ရာခရီးသည်အများစုကို ကယ်ဆယ်နိုင်ခဲ့သော်လည်း သမ္ဗာန်မောင်းနှင်သူနှင့် ခရီးသည်၂ဦးပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
▪️ ယမန်နေ့ညပိုင်းက သမ္ဗာန်မောင်းသူနှင့် ခရီးသည်အမျိုးသားတို့၏ ရုပ်အလောင်းများကို ရှာတွေ့ရှိခဲ့ပြီး ခရီးသည်အမျိုးသမီးတစ်ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါတွေ့ရှိခဲ့သည့် ရုပ်အလောင်းများ ကို ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းနှင့် ရှင်သန်ရေးကူညီမှုအသင်းမှ ကားများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 26 July 2025
▪️ သောကြာနေ့က Southwest Airlines လေယာဉ်တစ်စီး လော့စ်အိန်ဂျလိစ်လေဆိပ်တစ်ခုမှ ထွက်ခွာပြီးနောက် ခဏအကြာမှာပဲ လေထဲမှာ လေယာဉ်ချင်းတိုက်မိမယ့် အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် ရုတ်တရက်ကြီး ၄၇၅ ပေလောက် နှိမ့်ဆင်းလိုက်သဖြင့် လေယာဉ်မယ် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
▪️ FlightRadar24 အချက်အလက်အရ Southwest လေကြောင်းခရီးစဉ် ၁၄၉၆ ဟာ ဟောလိဝုဒ်ဘားဘန့်လေဆိပ်ကနေ ထွက်ခွာပြီး ၆ မိနစ်မှာပဲ အမြင့်ပေ ၁၄,၁၀၀ ပေကနေ ၁၃,၆၂၅ သို့ ထိုးဆင်းသွားခဲ့ပါတယ်။
▪️ လေထဲမှာ လေယာဉ်ချင်းတိုက်မိခြင်း မဖြစ်စေရန်အတွက် အရေးတကြီးရှောင်ရှားလိုက်ရခြင်း ဖြစ်တယ်လို့ လေယာဉ်မှူးက ခရီးသည်တွေကို ပြောပြခဲ့ပါတယ်။
▪️ လေယာဉ်ရုတ်တရက် ထိုးကျသွားတဲ့ ၁၀ စက္ကန့်လောက်မှာ ခရီးသည်တွေ အော်ဟစ်နေခဲ့ကြပါတယ်။
▪️ ခရီးသည်တွေ ထိုင်ခုံကနေ မြောက်တက်သွားပြီး ခေါင်မိုးနဲ့ ဦးခေါင်းဆောင့်မိကြတယ်လို့ လေယာဉ်ပေါ်ပါလာတဲ့ ဟာသသရုပ်ဆောင် ဂျင်မီဒိုးက ပြောပြပါတယ်။
▪️ လေယာဉ်ထိုးဆင်းပြီးနောက် စက္ကန့် ၂၀ လောက်အကြာမှာ တစ်နာရီကို ၄၅၀ မိုင်နှုန်းဖြင့် ဆက်လက်ပျံသန်းနေခဲ့ပါတယ်။
▪️ နောက်ထပ်လေယာဉ်တစ်စင်းဖြစ်တဲ့ Hawker Hunter လေယာဉ်ဟာ Southwest လေယာဉ်အနီး အမြင့် ၁၄,၆၃၃ ပေမှာ ရှိနေခဲ့ပါတယ်။
▪️ Hawker Hunter လေယာဉ်မှူးတွေက Boeing 737 ကို မြင်တွေ့နေရပေမယ့် လေကြောင်းထိန်းချုပ်ရေးဆီကနေ ညွှန်ကြားချက် သေချာမရရှိခဲ့ဘူးလို့ ပြောလာပါတယ်။
▪️ ဒီလေယာဉ်ကတော့ ယူကေစစ်တပ်လေကြောင်းအာဏာပိုင်ဖြစ်တဲ့ Hunter အပြည်ပြည်ဆိုင်ရာလေကြောင်းမှ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
▪️ ဒီအဖြစ်အပျက်အတွင်း လေယာဉ်မှူးတွေနဲ့ လေယာဉ်မယ်တွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို အသိအမှတ်ပြုရမှာဖြစ်ကြောင်း၊ ခရီးသည်တွေနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းမှုက အရေးအကြီးဆုံးဖြစ်ကြောင်း Southwest က ထုတ်ပြန်ထားပါတယ်။
Source: New York Post
#World_Health
Published 26 July 2025
▪️ အာရုံကြောချို့ယွင်းတဲ့ ပါကင်ဆန်ရောဂါဖြစ်ပွားသူအချို့ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ကြပေမယ့် အများစုကတော့ အကြောင်းအရင်း မသိရှိကြပါဘူး။
▪️ သိပ္ပံပညာရှင်တွေ စောင့်ကြည့်နေကြတဲ့ ဗိုင်းရပ်စ်တစ်မျိုးက အခုဆိုရင် ဒီရောဂါဖြစ်ပွားစေနိုင်ဖွယ် ရှိတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ပါကင်ဆန်ရောဂါဖြစ်စေနိုင်ဖွယ်ရှိတဲ့ ဗိုင်းရပ်စ်လိုအရာတွေကို စူးစမ်းလေ့လာချင်တာဖြစ်တယ်လို့ နော့သ်ဝက်စတန်းဆေးအဖွဲ့အစည်းမှ အာရုံကြောရောဂါအကြီးအကဲ ဒေါက်တာ အစ်ဂေါကိုရယ်နစ်က ပြောပါတယ်။
▪️ Human Pegivirus လို့ခေါ်တဲ့ သွေးထဲကကူးစက်တဲ့ ဗိုင်းရပ်စ်ဟာ ပါကင်ဆန်ရောဂါ ရှိသူတွေ ၅၀ ရာခိုင်နှုန်းရဲ့ ဦးနှောက်နဲ့ ကျောရိုးအရည်တို့မှာ ရှိနေပါတယ်။
▪️ အဆိုပါဗိုင်းရပ်စ်ဟာ ကူးစက်တဲ့လက္ခဏာမပေါ်ဘဲ ဦးနှောက်ကို ရောက်နေတတ်တယ်လို့ ဆိုပါတယ်။
▪️ ဒါဟာ ပြင်ပအရာတစ်ခုက ခန္ဓာကိုယ်ထဲမှာ မသိလိုက်ဘဲ ဖြစ်ပျက်တဲ့သဘော ဖြစ်နေပါတယ်။
▪️ သာမန်ဆိုရင် ဘေးအန္တရာယ်မရှိတဲ့ ဗိုင်းရပ်စ်က ပါကင်ဆန်ရောဂါနဲ့ များစွာသက်ဆိုင်နေပြီး မျိုးရိုးနောက်ခံရှိတဲ့သူတွေမှာ အရေးပါနေပါတယ်။
▪️ ဗိုင်းရပ်စ်ရှိသူတွေမှာ ကိုယ်ခံအားစနစ်က ကွဲပြားတုံ့ပြန်နေပြီး တစ်ဦးနဲ့တစ်ဦးလည်း ရှုပ်ထွေးတဲ့သဘော မြင်ရပါတယ်။
▪️ LRRK2 မျိုးဗီဇပစ္စည်းထဲမှာ ပါကင်ဆန်ဆက်စပ်ဆင့်ကဲပြောင်းလဲခြင်း ဖြစ်ပေါ်တဲ့သူတွေမှာ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို တစ်မျိုးတဖုံ တုံ့ပြန်စေပါတယ်။
▪️ သိပ္ပံပညာရှင်အဖွဲ့က ဒီဗိုင်းရပ်စ် ဦးနှောက်သို့ ဘယ်လိုရောက်ရှိလဲဆိုတာကို သိရဖို့ နောက်ထပ်လေ့လာမှုကြီးတွေ ပြုလုပ်ချင်နေပါတယ်။
#Source: New York Post
#World_Science
Published 26 July 2025
▪️ MIT's Media Lab မှ သုတေသီများက AI အကူအညီတစ်ခုဖြစ်တဲ့ ChatGPT အသုံးပြုခြင်းနဲ့ ဦးနှောက်လှုပ်ရှားမှုတို့ကြား ပတ်သက်မှုကို ဖော်ထုတ်ဖို့အတွက် စမ်းသပ်ခံသူ ၅၄ ယောက်မှာ EEG ဦးနှောက်လှိုင်းတိုင်းဆင်ဆာများ တပ်ဆင်ပြီး လေ့လာခဲ့ကြပါတယ်။
▪️ အဖွဲ့ ၃ ဖွဲ့ခွဲပြီး စာစီစာပုဒ်ကို နည်းလမ်း ၃ မျိုးဖြင့် ရေးခိုင်းခဲ့ပါတယ်။
တစ်ဖွဲ့ကတော့ ဘာအကူအညီမှ မယူဘဲ ကိုယ့်ဘာသာ ရေးခိုင်းပြီး ဒုတိယအဖွဲ့ကို search engine ဖြင့် အချက်အလက်များ ရှာဖွေအသုံးပြုစေပါတယ်။
▪️ နောက်ဆုံးအဖွဲ့ကိုတော့ AI အကူအညီပါဝင်တဲ့ ChatGPT အသုံးပြုခိုင်းပါတယ်။
▪️ AI အသုံးပြုပြီးရေးတဲ့ အဖွဲ့က ဦးနှောက်ပါဝင်ပတ်သက်မှု အနည်းဆုံးဖြစ်နေပြီး ကိုယ့်ဘာသာ ရေးတဲ့သူတွေထက် ဦးနှောက်လှုပ်ရှားမှု ၅၅ ရာခိုင်နှုန်း ပိုနည်းနေတာ တွေ့ခဲ့ကြပါတယ်။
▪️ ကိုယ့်ဦးနှောက်ကိုယ်သုံးတဲ့ အဖွဲ့က ဦးနှောက်အသုံးချနိုင်စွမ်းမှာ အကျယ်ပြန့်ဆုံးဖြစ်ခဲ့ပြီး search engine အသုံးပြုတဲ့အဖွဲ့ကတော့ ထိုနှစ်ဖွဲ့ကြား ရောက်ရှိနေပါတယ်။
▪️ ChatGPT ဖြင့်ရေးတဲ့သူတွေထဲက ၈၃ ရာခိုင်နှုန်းက စာစီစာပုဒ်ရေးပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် သူတို့ရေးသားတဲ့ စာတစ်ကြောင်းကိုတောင် မမှတ်မိကြပါဘူး။
▪️ သဘောကတော့ AI ကပဲ အလုပ်တွေကို လုပ်သွားတာကြောင့် ဦးနှောက်ကို အပေါ်ယံသာ အသုံးပြုပြီး မှတ်ဉာဏ်ထဲအထိ မရောက်ရှိတာ ဖြစ်ပါတယ်။
▪️ ပိုပြီးစိုးရိမ်ရတာက AI အသုံးပြုခြင်းက အကျင့်ပါသွားပြီး AI မပါဘဲ လုပ်ခိုင်းတဲ့အခါ ဦးနှောက်က အားထုတ်မှု သိပ်မလုပ်နိုင်တော့ပါဘူး။
▪️ ဒါပေမဲ့ ဉာဏ်ရည်တု AI ဆိုတာက ရန်သူမဟုတ်ဘဲ ညီညွတ်မျှတစွာ ချင့်ချိန်အသုံးပြုရင် နေ့စဉ်ဘဝမှာ အထောက်အကူရနိုင်သလို သင်ယူလေ့လာစရာတွေလည်း ရရှိနိုင်တာကြောင့် ဘယ်လိုအသုံးပြုလဲဆိုတဲ့အပေါ် များစွာမူတည်နေပါတယ်။
#Source: The Jerusalem Post
အမေရိကန်ကုန်သွယ်ရေးအခွန်စည်းကြပ်ခြင်းတွေက ကမ္ဘာ့စီးပွားရေးကဏ္ဍကြီးတွေမှာ ဆိုးကျိုးရှိလာနိုင်ပြီး မညီမျှမှုများဖြေရှင်းရာမှာ ကန့်သတ်ချက်တွေ ရှိလာလိမ့်မယ်လို့ နိုင်ငံတကာငွေကြေးထောက်ပံ့ရေးအဖွဲ့ (IMF)က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
#World_Business
Published 25 July 2025
#ကမ္ဘာ့စီးပွားရေးကဏ္ဍ #အခွန်စည်းကြပ်ခြင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 July 2025
၁။ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်နိုင်ရေး စစ်တမ်းကောက်ယူမည်
၂။ ရန်ကုန်-ဗုဒ္ဓဂါယာ ခရီးစဉ် တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးမည်
၃။ မြေလွတ်မြေရိုင်းများအသုံးပြုခွင့်ပြုရာတွင် Quick Win လုပ်ငန်းများကို ဦးစားပေးခွင့်ပြုသွားမည်
၄။ အမေရိကန်ကုန်သွယ်ရေးအခွန်စည်းကြပ်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေးကဏ္ဍကြီးများအပေါ်ဘေးအန္တရာယ်ကျလာနိုင်သည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဘားအံနဲ့ ဘီးလင်းမြို့တွေမှာ သံလွင်နဲ့ ဘီးလင်းမြစ်ရေတွေ တိုးနေတာ ကြောင့် ယမန်နေ့ ညပိုင်းကစတင်ပြီး လူနေရပ်ကွက်တွေကို ရေစတင်ဝင်ရောက်လာခဲ့သလို မြဝတီအပါအဝင်မြို့လေးမြို့မှာလည်း မြစ်ရေတွေစိုးရိမ်ရေမှတ်ကို ဆက်လက်ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ ဒေသခံတွေထံက သိရပါတယ်။
#Local_News
Published 25 July 2025
#လူနေရပ်ကွက်များသို့ရေဝင် #မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
၂၅ ဇူလိုင် ၂၀၂၅
▪️ တီမောလက်စ်တေ နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် မြန်မာနိုင်ငံရဲ့ ထောက်ခံမှုရရှိဖို့ နစက အစိုးရကို သံခင်းတမန်ခင်းများနှင့် ချည်းကပ်နေကြောင်း သိရပါတယ်။
▪️ မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက်တဲ့ တီမောလက်စ်တေသံရုံးရဲ့ သံရုံးယာယီတာဝန်ခံ Mr. Olandino Ruide Andrade ဟာ ဇူလိုင်၂၄ ရက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ကာ တီမောလက်စ်တေ နိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်နှင့် တွေ့ဆုံခဲ့ပါတယ်။
▪️ သံရုံးယာယီတာဝန်ခံက တီမောလက်စ်တေနိုင်ငံ အာဆီယံသို့အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အားပေးထောက်ခံမှုကိုရရှိလိုပါကြောင်း၊ တီမောလက်စ်တေ နိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပါပြဋ္ဌာန်းချက်များအားလုံးကို လေးစားလိုက်နာသွားပါမယ်လို့ မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ကတိပေးပြောကြားခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
▪️ တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ကောင်းမွန်သောဆက်ဆံရေး ထူထောင်လိုတယ်လို့လည်း သူကပြောပါတယ်။
▪️ သူကမြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန်အတွက် ယင်းတို့အနေဖြင့် ဆန္ဒရှိပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တီမောလက်စ်တေနိုင်ငံ၏ မြို့တော်ဒီလီ၌ သံရုံးလာရောက် ဖွင့်လှစ်စေလိုပါကြောင်း မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။
▪️ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံပဋိညာဉ်နှင့်အညီ ဖြစ်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် လိုအပ်ပါကြောင်း တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ပြောကြားခဲ့ပါတယ်။
▪️ တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆန္ဒရှိမှုကို သိရှိ ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ တီမောလက်စ်တေ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန်ဆန္ဒရှိသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံသည် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ အာဆီယံအသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများကို တက်ကြွစွာလိုက်ပါဆောင်ရွက်လျက်ရှိပါကြောင်းလည်းပြောကြားခဲ့ပါတယ်။
▪️ မကြာမီကကျင်းပပြုလုပ်ခဲ့သည့် (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တီမောလက်စ်တေ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ကြရာတွင်လည်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်အတွက် အပြုသဘောဆောင် ဆွေးနွေးနိုင်ခဲ့ပါကြောင်း လည်း ဒုဝန်ကြီး ဦးကိုကိုကျော်က ဆက်လက်ပြောကြားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအသုံးပြုခွင့်ပြုရာတွင် ကာလတိုအတွင်း အကျိုးစီးပွားဖြစ်ထွန်းစေမည့် (Quick Win) လုပ်ငန်းများကို ဦးစားပေးခွင့်ပြုသွားမယ်လို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ (၁၆) ကြိမ်မြောက် အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 25 July 2025
#မြေလွတ်မြေရိုင်း #Quick_Win
#YMG/SW #Yangon_Times
Page 140 of 1857