April 7, 2025
Nay Pyi Taw - A powerful earthquake has devastated Myanmar’s Mandalay region, leaving at least 3,600 people dead and thousands more injured or missing, according to official reports released today.
The News Information Team of the State Administration Council (SAC) confirmed that, as of 7:00 PM on July 7, the disaster has resulted in 5,017 injuries and 160 people still unaccounted for. Rescue operations remain ongoing in the most severely affected zones.
Brigadier General Zaw Min Tun, spokesperson for the News Information Team, reported that 20 countries have joined the international relief mission. So far, 94 flights, six ground convoys, and five ships have delivered aid, while 1,738 rescue personnel have been deployed to assist in search and recovery efforts.
Emergency supplies continue to pour in, with over 1,281 tons of relief goods and 844 tons of specialized rescue equipment arriving to support survivors. Authorities and international partners are racing against time to locate those still trapped beneath the rubble.
In a combined operation involving Myanmar’s Fire Services Department, local volunteers, and international response teams, 653 individuals—338 men and 315 women—have been rescued alive from collapsed buildings. Tragically, recovery teams have also retrieved 700 bodies, comprising 340 men and 360 women.
This tragedy has prompted one of the largest humanitarian responses in Myanmar’s recent history, with medical professionals, engineers, and disaster response specialists working tirelessly to aid the survivors and restore essential services in the affected areas.
#ymg/knl
#Daily_News
Published 07 Apirl 2025
၁။ စင်ကာပူအဖွဲ့မှရှာဖွေကယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ မီးသတ်တပ်ဖွဲ့သို့ လှူဒါန်းခဲ့
၂။ ငလျင်ဘေးအတွက် နိုင်ငံပေါင်း၂၀မှ ဝန်ထမ်းနှစ်ထောင်ခန့် လာရောက်ကူညီနေ
၃။ မန္တလေးအပါအဝင်နိုင်ငံအနှံ့အပြား အချိန်အခါမဟုတ်မိုးရွာမည်
၄။ ငလျင်ဒဏ်အကြီးမားဆုံးခံစားခဲ့ရသည့် မန္တလေးတွင် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့များကုသပေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
'Sky Villa က သေတဲ့သူတွေကဘယ်လိုပြောမလဲ၊ အတွင်းထဲအထိ ကယ်ဆယ်တဲ့ကလေးတွေကို အကူအညီတောင်းတာပေါ့ဗျာ၊ ကလေးတွေရဲ့စိတ်ထဲမှာအကူအညီတောင်းနေတဲ့ သဘောစိတ်စွဲနေလို့ ရက်လည် ဆွမ်းကပ်တာလုပ်ပေးတာပါဗျ ' မြတ်သဒ္ဓါ လူမှုနာမှုကူညီရေးအသင်း ဥက္ကဌ
ဦးဇော်မြင့်နိုင်
#Local_News
Published 07 Apirl 2025
#သစ်တံခါးဆရာတော်ကြီး #သေဆုံးသူများအားရက်လည်ဆွမ်းကပ်
#YMG/NN #Yangon_Times
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအနှံ့အပြားမှာ အချိန်အခါမဟုတ်မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 07 Apirl 2025
#အချိန်အခါမဟုတ်မိုးရွာ #နိုင်ငံအနှံ့အပြား
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးအတွက် နိုင်ငံပေါင်း၂၀မှ ဝန်ထမ်းနှစ်ထောင်ခန့်က ကူညီကယ်ဆယ်ရေးတွေ လာရောက်ဆောင်ရွက်ပေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
#Local_News
Published 07 Apirl 2025
#ဝန်ထမ်းနှစ်ထောင်ခန့်လာရောက်ကူညီ #ကူညီကယ်ဆယ်ရေး
#YMG/SW #Yangon_Times
စင်ကာပူနိုင်ငံမှ ရောက်ရှိလာတဲ့မြေငလျင် ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွါခင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းအချို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှာ အသုံးပြုနိုင်ဖို့အတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 07 Apirl 2025
#စင်ကာပူအဖွဲ့ #မီးသတ်တပ်ဖွဲ့သို့လှူဒါန်း
#YMG/SW #Yangon_Times
#Local_News
Published 7 April 2025
▪️ မြန်မာ့ငလျင်ဘေးအတွက် ကနေဒါနိုင်ငံက ဒေါ်လာ ၉. ၇၅သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (ဧပြီလ ၇ရက်) ထုတ်ပြန်လိုက်သည်။
▪️ လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့ပြီး အခြေခံအဆောက်အဦများကို ဖျက်ဆီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော မြေငလျင်ကို တုံ့ပြန်သည့် အနေဖြင့် ကနေဒါနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉. ၇၅သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ထောက်ပံ့ငွေများကို အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်း၊ အမိုးအကာ၊ အစားအသောက်နှင့် အခြား အရေးပေါ်ပစ္စည်းများ ပေးအပ်ခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်ပျက်စီးဆုံး ရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးထိခိုက်မှုများလည်းဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံပေါင်း ၂၀မှ ကူညီကယ်ဆယ်ရေးများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 7 April 2025
▪️ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှ ကလေးတစ်ဦးအပါအဝင် ရုပ်အလောင်းရှစ်ခုကို ယနေ့ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အဦ ပြိုကျပျက်စီး၍ ပိတ်မိနေသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံမှ Blue Sky Rescue အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဧပြီ လ၇ရက်နေ့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မ(၆)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေ့လယ်၁၂နာရီ ၂၈ မိနစ်အချိန်တွင် မ -ကလေး(၁)ဦး၊ ၁၂နာရီ ၃၆ မိနစ်အချိန်တွင် မ (၁)ဦးတို့၏ ရုပ်အလောင်းများ ထပ်မံရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 April 2025
▪️ ဝမ်းတွင်းမြို့နယ်ရှိ ရွှေမုဌောဘုရားစေတီတော်နှင့် ရင်ပြင်ပေါ်ရှိအုတ်ကျိုးအပျက်အစီးများအားရှင်းလင်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြေငလျင်ဘေးသင့်ခဲ့သော ရွှေမုဌောဘုရားစေတီတော်နှင့် ရင်ပြင်ပေါ်ရှိအုတ်ကျိုးအပျက်အစီးများအား ယနေ့ဧပြီ ၇ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 07 April 2025
▪️ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တောင်ဆူဒန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေရဲ့ ဗီဇာအားလုံးကို ပြန်လည်ရုပ်သိမ်းရန်နဲ့ အမေရိကန်သို့ ဝင်ရောက်လာခြင်းမှ ကာကွယ်ဖို့အတွက် နောက်ထပ်ဗီဇာထုတ်ပေးခြင်းတွေကိုလည်း ကန့်သတ်သွားရန် လုပ်ဆောင်နေတယ်လို့ စနေနေ့က ပြောသွားပါတယ်။
▪️ ဒီလိုလုပ်ရတာဟာ တောင်ဆူဒန် ကြားဖြတ်အစိုးရအနေနဲ့ နေရပ်ပြန်ပို့တဲ့ တောင်ဆူဒန်နိုင်ငံသားတွေကို အချိန်နဲ့တပြေးညီ လက်ခံခြင်းမရှိတာကြောင့် ဖြစ်တယ်လို့ ရူဘီယိုက ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
▪️ ဒါပေမဲ့ တောင်ဆူဒန်အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်တဲ့အချိန်မှာတော့ ဒါတွေကို ပြန်လည်သုံးသပ်ပေးရန် အမေရိကန်ပြင်ဆင်သွားမယ်လို့ ပြောထားပါတယ်။
▪️ ဒါဟာ ဒေါ်နယ်ထရမ့် သမ္မတတာဝန်ယူပြီးနောက်ပိုင်း နိုင်ငံတစ်ခုတည်းမှ ပတ်စ်ပို့ကိုင်ဆောင်သူများကို ပထမဆုံးအနေနဲ့ နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။
▪️ တောင်ဆူဒန်ဟာ ၂၀၁၁ ခုနှစ်က မြောက်ဘက်အိမ်နီးချင်းဆီကနေ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ဘေးကြီး ကြုံတွေ့ခဲ့ရပါတယ်။
သမ္မတ ဆယ်ဗာကီယာနဲ့ ပြိုင်ဘက် ဒုသမ္မတ ရိခ်မာချာတို့က ၂၀၂၀ မှာ ကြားဖြတ်အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။
▪️ ငြိမ်းချမ်းရေးသဘောတူညီချက်က နောက်ဆုံးမှာ တိုက်ခိုက်ရေးအဖြစ်သာ အဆုံးသတ်ခဲ့ပြီး ကီယာကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက ပြီးခဲ့တဲ့လအတွင်း မာချာကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးခဲ့ပြီးနောက်မှာတော့ ကြားဖြတ်အစိုးရ ပြိုလဲဖို့ နီးစပ်လာပါတယ်။
▪️ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်ဆူဒန်မှာ နောက်ထပ်ပြည်တွင်းစစ်ကြီး မဖြစ်ပွားအောင် ကာကွယ်ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာခေါင်းဆောင်များကို တိုက်တွန်းလိုက်ပါတယ်။
▪️ ဘိုင်ဒင်အစိုးရလက်ထက်က တောင်ဆူဒန်နိုင်ငံသားတွေကို ယာယီအကာအကွယ်ရခွင့် (TPS)ပေးခဲ့ပြီး ၂၀၂၅ မေလ ၃ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
▪️ TPSက နေရပ်ပြန်ပို့ခြင်းမှ ကာကွယ်ပေးထားပြီး စစ်ဘေး၊ သဘာဝဘေး၊ အခြားအကြောင်းအရာများကြောင့် နေရပ်သို့ လုံခြုံစွာမပြန်နိုင်တဲ့ နိုင်ငံခြားသားတွေကို ပေးထားတာ ဖြစ်ပါတယ်။
▪️ ထရမ့်အစိုးရကတော့ TPSပေးထားတာတွေကို စတင်ဖျက်သိမ်းနေပြီး ဇန်နဝါရီကလည်း ဗင်နီဇွဲလား ၆ သိန်းကျော်အတွက် ကာကွယ်ခွင့်တွေကို ရုပ်သိမ်းခဲ့ပါတယ်။
#Source: DW
၇ ဧပြီ ၂၀၂၅
ဆယ်စုနှစ်၃ခုကျော်ကြာပြီဖြစ်သည့် အထူးအစီရင်ခံစာ တင်သွင်းသူကဲ့သို့သော လက်တွေ့တန်ဖိုး ကင်းမဲ့ပြီး ထိရောက်မှုမရှိသည့် လုပ်ပိုင်ခွင့်များကို အဆုံးသတ် ရန် ကုလသမဂ္ဂအား တိုက်တွန်း လိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများအပေါ် ဆွေးနွေးခဲ့မှုများနှင့် ပတ်သက်ပြီး မြန်မာ နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၆ ရက်နေ့တွင် ယင်းကဲ့သို့ တုန့်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသူတို့၏ အပြန်အလှန်ဆွေးနွေးမှုတွေဟာ အနှစ်သာရကင်းနေကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ယခုလို သဘာဝငလျင်ဘေးနှင့်ကြုံတွေ့နေရချိန်တွင် အချို့နိုင်ငံတွေရဲ့ အပ်ကြောင်းထပ်နေတဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဆက်လက်ရင်ဆိုင်နေရသည်မှာ လွန်စွာဝမ်းနည်းဖွယ် ကောင်းတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယခုအချိန်တွင် မြန်မာပြည်သူများ အမှန်တကယ် လိုအပ် သည်မှာ ကူညီဖေးမမှု၊ အကူအညီ၊ အပြုသဘောဆောင်သည့် ထိထွေ့ဆောင်ရွက်မှုနှင့် တစ်သားတည်း ဖြစ်မှုတို့သာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်လိုက်ပြီး ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ နိုင်ငံရေးသွတ်သွင်းသည့် ဆုံးဖြတ်ချက်အဆိုကို အလိုမရှိဘူးလို့လည်း တုန့်ပြန်လိုက်ပါတယ်။
ယခုအချိန်တွင် မြန်မာပြည်သူများနှင့် အတူတစ်သားတည်းရှိကြောင်း ပြသ၍ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည့် ကုလသမဂ္ဂအေဂျင်စီများ အပါအဝင် နိုင်ငံများနှင့် အဖွဲ့အစည်းများ အားလုံးကိုကျေးဇူးတင်ပြီး ယင်းကဲ့သို့ အားပေးသည့် အပြုအမူများမှာ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပြသရာရောက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ယခုကဲ့သို့ သဘာဝဘေးကြောင့်အခက်အခဲများ ကြုံတွေ့နေရသည့်ကာလတွင် မျှတ၍ လက်တွေ့ ဆန်သောချဉ်းကပ်မှုဖြင့် မြန်မာနိုင်ငံ၏ သဘာဝဘေးတုံ့ပြန်ရေး ကြိုးပမ်း ဆောင်ရွက်ချက်များကို ကူညီပံ့ပိုးရန်နှင့် မြန်မာပြည်သူများနှင့် တစ်သားတည်းရှိရန်လည်း ကုလသမဂ္ဂ ကို နိုင်ငံခြားရေးဝန်ကြီး ဌာနက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ရဲ့ တောက်လျောက်တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေဟာ မျှတမှုမရှိသည့် အခြေအမြစ်ကင်းသော တစ်ဖက် သတ်ရေးသားချက်တွေသာဖြစ်ပြီး ပညာရှင်မဆန်ဘူး လို့ ဆက်တိုက် ဝေဖန်ခံနေရတာဖြစ်ပါတယ်။
#ymg/knl
April 7, 2025
Naypyidaw – Myanmar has formally called on the United Nations to terminate the mandate of the Special Rapporteur on the situation of human rights in the country, labeling the role as ineffective and lacking practical value after more than three decades of operation.
The statement, issued by the Ministry of Foreign Affairs on April 6, came in response to discussions at the UN regarding recent reports on Myanmar’s human rights situation, presented by the UN High Commissioner for Human Rights and Special Rapporteur Tom Andrews.
In its statement, the Ministry criticized the UN proceedings as "meaningless dialogues" and expressed “deep regret” that Myanmar continues to face what it described as "relentless condemnations" from certain "biased actors in the global arena," even amid ongoing humanitarian challenges.
“What the people of Myanmar truly need at this time is assistance, support, constructive engagement, and solidarity—not politically motivated decisions that only add to their burden,” the Ministry stated.
Amid the country’s response to a recent natural disaster, the government urged the international community and the UN to adopt a more “balanced and pragmatic approach,” calling for unity and cooperation in relief efforts.
The Ministry also extended its gratitude to UN agencies, countries, and organizations that have conveyed condolence messages and provided support during this crisis. It said such gestures reflect “humanitarian cooperation and goodwill.”
The successive reports submitted by Tom Andrews, the UN Special Rapporteur on the human rights situation in Myanmar, have been consistently criticized as biased, baseless, one-sided, and unscholarly.
The UN mandate for the Special Rapporteur on Myanmar has been in place since 1992, tasked with monitoring and reporting on the human rights situation in the country.
#ymg/knl
Page 136 of 1740