#Local_News
Published 13 December 2024
▪️ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်လက်ဝယ်ရှိ မြေနှင့်အဆောက်အဦ ၊ တိုက်ခန်းနှင့်မြေကွက် စုစုပေါင်း(၂၃)ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုအိတ်ဖွင့်တင်ဒါအတွက် လျှောက်လွှာများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ၂၀ ရက်နေ့အထိ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံးတွင် ရောင်းချမည်ဖြစ်ပြီး စပေါ်ငွေသွင်းရမည့်တန်ဖိုးကို အဆိုပြုလွှာဝယ်ယူသည့်အခါတွင် ပူးတွဲဖော်ပြပေးရမည်ဖြစ်ကြောင်း၊ တင်ဒါတင်သွင်းသူများအနေဖြင့် ဝယ်ယူလိုသည့် Lot No. တစ်ခုချင်းစီအတွက် သီးခြားအဆိုပြုလွှာတစ်စောင်စီတင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်စပေါ်ငွေ P.O Cheque (Payment Order Cheque)အား တင်ဒါတင်သွင်းလွှာနှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
▪️ တင်ဒါတင်သွင်းရမယ့်ရက်မှာ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၇ရက် ဖြစ်ပြီး Lot No.(1) မှ (23)အထိ ရုံးအမှတ် (၃၂) ၊ နေပြည်တော်တွင် နံနက် (၁၀)နာရီမှစ၍ အစဥ်လိုက် လက်ခံသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဝယ်ယူလိုသည့် မြေနှင့်အဆောက်အဦ ၊ တိုက်ခန်းနှင့်မြေကွက်များအားကြော်ငြာစတင်သည့်နေ့မှ စတင်ပြီးသွား ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 13 December 2024
▪️ အမေရိကန် ကျောထောက်နောက်ခံပြု ကာဒစ်ရှ်တပ်ဖွဲ့တွေနဲ့ တူရကီနောက်ခံပြု သူပုန်များကြား တိုက်ခိုက်နေကြတဲ့ ဆီးရီးယားမှာ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ဖို့ အရေးကြီးကဏ္ဍအကြောင်း ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ကြာသပတေးနေ့က တူရကီသို့ ရောက်ရှိလာပါတယ်။
▪️ တနင်္ဂနွေနေ့က ဆီးရီးယားသမ္မတ ဘာရှာအယ်အက်ဆက်ဒ်အစိုးရ ဖယ်ရှားခံရပြီးနောက် ဘလင်ကန်ဟာ ဂျော်ဒန်သို့ အရင်သွားရောက်ခဲ့ကာ အန်ကာရာ အက်ဆင်ဘိုဂါလေဆိပ်မှာ တူရကီသမ္မတ တာယစ်အာဒိုဂန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
▪️ အာဒိုဂန်နဲ့ ဘလင်ကန်တို့ ဆီးရီးယားမှာ ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြကာ အဖွဲ့အစည်းများ ပြန်လည်တည်ဆောက်ဖို့အတွက် အတူတကွ လုပ်ဆောင်သွားကြရန် အာဒိုဂန်က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
▪️ တူရကီဟာ အကြမ်းဖက်လို့ ယူဆတဲ့ အဖွဲ့အစည်းအားလုံးကို ဆန့်ကျင်ပြီး ဆီးရီးယား နိုင်ငံတော်လုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သွားမယ်လို့ အာဒိုဂန်က ပြောခဲ့ကာ အစ္စလာမ်တွေနဲ့ တိုက်ခိုက်ရာမှာ ပျော့ညံ့နေမှာမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။
▪️ အမေရိကန်နဲ့ တူရကီဟာ ဆီးရီးယားအစိုးရအနေနဲ့ တာဝန်ခံနိုင်ပြီး ပူးပေါင်းပါဝင်နိုင်မယ့် အစိုးရအဖြစ်သို့ အသွင်ကူးပြောင်းခြင်းကို ထောက်ခံကြောင်း ဘလင်ကန်က မှတ်ချက်ပြုခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောပါတယ်။
▪️ အစ္စလာမ်အဖွဲ့အစည်းကို အနိုင်ယူသွားဖို့ အရေးကြီးတာဝန်များ ဆက်လက်ဆောင်ရွက်ဖို့ကိုလည်း အလေးပေး ပြောကြားသွားပါတယ်။
▪️ နေတိုးမဟာမိတ်တွေဖြစ်တဲ့ အမေရိကန်နဲ့ တူရကီတို့ဟာ ဆီးရီးယားပြည်တွင်းစစ် ၁၃ နှစ်တာအတွင်း ဆီးရီးယားသူပုန်များကို ထောက်ခံခဲ့ကြပေမယ့် ကာဒစ်ရှ်တို့ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တွေနဲ့ ပတ်သက်လာတဲ့အခါမှာ အကျိုးစီးပွား အချင်းများလာကြပါတယ်။
#Source: Reuters
“တူရကီကျော်ထောက်နောက်ခံပြုထားသည့် သူပုန်အုပ်စုက သမ္မတအာဆတ်ကိုဖြုတ်ချကာ ဆီးရီးယားနိုင်ငံအစီအစဉ်သစ်တစ်ခုတည်ဆောက်မည်ဟုစတင်ပြောလာချိန်တွင် ထိုအုပ်စု၏ ကာလရှည်ရန်သူ တော်ဖြစ်ခဲ့သည့်အမေရိကန်ကျောထောက်နောက်ခံပြုကာ့ဒ်သူပုန်အဖွဲ့ရှေ့ရေးမည်သို့ဖြစ်မည်လဲ...”
၁၂ ဒီဇင်ဘာ ၂၀၂၄
News
ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ကို ဖြုတ်ချခဲ့တဲ့ ဂျီဟတ်သူပုန်တွေက ဆီးရီးယားနိုင်ငံကို ညီညွတ်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်တည်ဆောက်လိုတယ်လို့ပြောလိုက်ပါတယ်။
ဒါပေမယ့် ၁၄နှစ်နီးပါးကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် အဲဒီစိတ်ကူးယဉ်မှုကို လက်တွေ့ကျင့်သုံးဖို့ အတွက်ကတော့ လွယ်ကူလိမ့်မှာမဟုတ်ပါဘူး။
အမေရိကန်ရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်တဲ့ ဆီးရီးယားရဲ့ လူနည်းစု ကာ့ဒ်အတွက်ကတော့ ယခုလို အစီအစဉ်အသစ်တစ်ခုထဲဝင်ရောက်လာတာဟာ သူတို့အတွက် ပိုပြီး စိန်ခေါ်မှုတွေနှင့်ရင်ဆိုင်ရမယ့် အခြေအနေတစ်ခုဖြစ်နေပါတယ်။
Views
ဆီးရီးယားပြည်တွင်းစစ် တလျောက်မှာ ကာ့ဒ်လက်နက်ကိုင်တွေဟာ အမေရိကန်နှင့်မဟာမိတ်လုပ်ကာ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးကို တိုက်ထုတ်ခဲ့ပြီး အစ္စလမ်မစ်နိုင်ငံတော်အုပ်စု(အိုင်အက်စ်)ကိုလည်း နှိမ်နှင်းခဲ့ပါတယ်။ အဲဒီအပြင် ရေနံကြွယ်ဝတဲ့ ဆီးရီးယားအရှေ့ပိုင်းမှာလည်း အကြီးမားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတစ်ခုကို ခွဲထုတ်ရယူခဲ့ကြပါတယ်။
ဒါပေမယ့် အာရပ်မဟုတ်တဲ့ အဆိုပါ ကာ့ဒ်တွေရဲ့အောင်မြင်ခဲ့မှုတွေက ယခုအခါ စိုးရိမ်စရာဖြစ်လာပါပြီ။ ကာ့ဒ်တွေရဲ့ ကာလရှည်ကြာရန်သူလည်းဖြစ်ပြီး တူရကီရဲ့ အကူအညီကိုရယူထားတဲ့ ဆွန်နီအာရပ် သူပုန်တွေဟာ အာဆတ်ကိုဖြုတ်ချနိုင်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအသစ်မှာ ကာ့ဒ်တွေအတွက် နေရာ တစ်ခုရဖို့အလွန်ခက်ခဲမှာဖြစ်ပြီး ပဋိပက္ခဟာ ဆက်လက်ရှည်ကြာသွားနိုင်တဲ့ အခြေအနေမှာရှိနေ ပါတယ်။
ပြီးခဲ့သည့်အပတ်က ဒမတ်စကတ်သို့ စီးနင်းဝင်ရောက်လာသည့် ဂျီဟတ်သူပုန်များသည် ကာ့ဒ်များကို ငြိမ်းချမ်းစွာ ချည်းကပ်ခဲ့ပါတယ်။ ဒါပေမယ့် အရှေ့ပိုင်းက ဒီယာအယ်လ်ဇိုးမြို့မှာ အစိုးရတပ် တွေရုပ် သိမ်းသွားပြီးသိပ်မကြာခင်မှာ အဲဒီသူပုန်တွေကပဲ ကာ့ဒ်သူပုန်တွေကို အကြမ်းဖက်မောင်းထုတ်ခဲ့ပါ တယ်။
မြောက်ပိုင်းမှာ တူရကီက ကျောထောက်နောက်ခံပေးထားတဲ့ သီးခြားခွဲထုတ်ရေးအတိုက်အခံတစ်ဖွဲ့ဟာ ကာ့ဒ်တွေနှင့် နှစ်ပေါင်းများစွာ တိုက်ပွဲတွေဖြစ်နေခဲ့ပါတယ်။ သူတို့ဟာ မန်ဘစ်မြို့ကိုသိမ်းထားပါတယ်။ ပြီးတော့ ကာ့ဒ်ယာဉ်တန်းတစ်ခုကို တူရကီနိုင်ငံက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီယာဉ်တန်းဟာ အစိုးရရဲ့ လက်နက်တိုက်တွေက လုယူလာတဲ့ အကြီးစားလက်နက်တွေသယ်ဆောင်လာတာလို့ပြော ပါတယ်။
ကာ့ဒ်တွေက အဲဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်းနှင့်ပင် ကာလရှည်ကြာကတည်းက အမေရိကန်ဆီက အကူအညီတွေရယူနိုင်ခဲ့ပါတယ်။ ဆီးရီးယားအရှေ့ပိုင်းမှာ အမေရိကန်တပ်သား ၉၀၀ခန့်ရှိနေပါတယ်။ အဲဒီဒေသမှာ အမေရိကန်တပ်တွေဟာ အစ္စလမ်မစ်သောင်းကျန်းသူတွေ ပြန်လည်ထကြွလာမှာကို ဟန့်တားနိုင်ဖို့ ကာ့ဒ်သူပုန်တွေကို ကူညီပေးနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းဟာလည်း သမ္မတ ဒေါ်နယ်ထရမ့်တက်လာရင် မသေချာတော့ပါဘူး။ ထရမ့်က ဆီးရီးယားနိုင်ငံမှာ အမေရိကန်ပါဝင်ပတ် သက်နေမှုအပေါ် မယုံမကြည်ဖြစ်နေခဲ့တာကြပါပြီ။
ကာ့ဒ်တွေ ဘယ်လိုအကျပ်အတည်းကြားထဲရောက်နေသလဲ၊ အနီးကပ်သုံးသပ်ပါမယ်။
ဆီးရီးယားနိုင်ငံထဲက အမေရိကန်မဟာမိတ် ကာ့ဒ်လက်နက်ကိုင်တွေဆိုတာ ဘယ်သူတွေလဲ
ကမ္ဘာပေါ်က အကြီးမားဆုံး နိုင်ငံမဲ့ လူနည်းစုအုပ်စုကြီးတွေထဲမှာ ကာ့ဒ်တွေလည်းပါဝင်ပါတယ်။ သူတို့ ဟာ လူဦးရေသန်း၃၀ခန့်ရှိနေပြီး တူရကီ၊အီရန်၊အီရတ်နှင့်ဆီးရီးယားနိုင်ငံပိုင်နက်တွေထဲမှာ ခွပြီးနေထိုင် နေကြပါတယ်။ အဲဒီနိုင်ငံတွေအားလုံးမှာ သူတို့ဟာ လူနည်းစုဖြစ်နေပါတယ်။
မကြာခဏဆိုသလိုနှိပ်စက်မှုခံရလို့ အဲဒါတွေက ကာ့ဒ်တွေ လက်နက်ကိုင်ပုန်ကန်ထကြွအောင် မီးထိုးသလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်စောစောပိုင်းကာလမှာ သူတို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နယ်မြေတစ်ခု ဖဲ့ယူနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အာဆတ်အစိုးရနှင့်ရော သူ့ကိုဖြုတ်ချခဲ့တဲ့ သူပုန်တွေနှင့်ရော ဘယ်တော့မှ တည့်အောင်မပေါင်းခဲ့ကြပါဘူး။
၂၀၁၄ခုနှစ်မှာ အိုင်အကစ်အုပ်စုက နိုင်ငံရဲ့ သုံးပုံတစ်ပုံသိမ်းပြီးတဲ့အချိန်က အမျိုးသမီးတွေကိုပါနေရာ ပေးတဲ့ လောကီဝါဒီသမား ကာ့ဒ်လက်နက်ကိုင်သူပုန်တွေဟာ အစွန်းရောက်တွေနှင့် အနိုင်မခံအရှုံးမပေး စစ်ပွဲဆင်နွှဲခဲ့လို့ အမေရိကန်တွေမျက်စေ့ကျသွားပြီး အားပေးကူညီမှုတွေစတင်ရရှိခဲ့ကြပါတယ်။
သူတို့ဟာ ဆီးရီးယားဒီမိုကရက်တစ်အင်အားစု ဆိုပြီးဖွဲ့စည်းခဲ့ကြပါတယ်။ သူတို့အဖွဲ့မှာအာရပ် တိုက် ခိုက်ရေးသမားတွေလည်းပါဝင်လာပါတယ်။ အမေရိကန်ဦးဆောင်တဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ အမေ ရိကန်အထူးတပ်ဖွဲ့တွေရဲ့အကူအညီကိုရယူခဲ့ပြီး သူတို့ဟာ အိုင်အက်စ်တွေကို ဆီးရီးယားနိုင်ငံရဲ့ နေရာ ခပ်များများကနေ မောင်းထုတ်နိုင်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကာ့ဒ်ဦးဆောင်တဲ့တပ်တွေဟာ အစွန်း ရောက်တွေကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ပိုင်နက်ရဲ့ မြို့တော်ဖြစ်တဲ့ ရက်ကာကို သိမ်းယူနိုင်ခဲ့ကြပါတယ်။
ဘာကြောင့် တူရကီတွေက ကာ့ဒ်တွေကို တိုက်ခိုက်နေသလဲ
ဆီးရီးယားဒီမိုကရက်တစ်အင်အားစုကို သူ့ရဲ့နယ်စပ်တွေအတွင်း ကာ့ဒ်တွေရဲ့ ဆယ်စုနှစ်များစွာအကြာ သူပုန် ထမှုတွေရဲ့ ချဲ့ထွင်မှုတစ်ခုလို့ တူရကီတွေက ရှုမြင်ထားခဲ့တာကြာပါပြီ။ သူတို့ဟာ အိုင်အက်စ်လိုပဲ နောက်ထပ် အကြမ်းဖက်အုပ်စုတစ်စုလို့ တူရကီက သဘောထားပါတယ်။ အဲဒါကြောင့် သူတို့ဟာ ဆီရီးယား နိုင်ငံအသစ်ထဲမှာ မပါဝင်သင့်ဘူးလို့ တူရကီကပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း တူရကီဟာ ဆီရီးယားအမျိုးသားအင်အားစုလို့ သိထားတဲ့ တိုက်ခိုက်ရေး သမား တွေကို လေ့ကျင့်ပေးပြီး ငွေကြေးနှင့်အကူအညီတွေပေးခဲ့ပါတယ်။ တူရကီနှင့်နယ်စပ်ထိတွေ့ နေတဲ့ ဆီးရီးယား မြောက်ပိုင်းကကာ့ဒ်တွေဆီကနေ နယ်မြေတွေ ရယူထိန်းချုပ်ဖို့ တူရကီက ကူညီပေး ခဲ့ပါတယ်။ တူရကီ ကျောထောက်နောက်ခံပြုထားတဲ့ သူတို့ဟာ သူတို့ကိုယ်သူတို့ အာဆတ်ရဲ့ အတိုက် အခံတွေအဖြစ် ပုံဖော်ထားကြပါတယ်။ အချို့သော ဝေဖန်သုံးသပ်သူတွေကတော့ သူတို့ဟာ အခွင့်အရေး သမားတွေနှင့် ကာ့ဒ် မုန်းတီရေးသမားတွေဖြစ်တယ်လို့ ပြောကြပါတယ်။
ကာ့ဒ်တွေဟာ ယခုနှစ်ပိုင်းတွေအတွင်း ဆီးရီးယားအမျိုးသားအင်အားစုကို အာရုံစိုက်တိုက်ခိုက်ခဲ့ပါတယ်။ တူရကီနှင့်ကာလရှည် ဆက်ဆံရေးရှိထားတဲ့ ဒမတ်စကတ်က ခေါင်းဆောင်သစ်ဟာ ပိုပြီးရှည်လျားတဲ့ ရှေ့ပိုင်းစစ်မျက်နှာအသစ်တစ်ခု ထပ်ဖွင့်နိုင်ပါတယ်။
ဆီးရီးယားသူပုန်တွေက ကာ့ဒ်တွေကို ဘယ်လိုရှုမြင်ကြသလဲ
အယ်ကေးဒါးစစ်သွေးကြတစ်ဦးဖြစ်ခဲ့ဖူးပြီး အဲဒီအဖွဲ့နှင့် (၈)နှစ်ကြာ အဆက်ဖြတ်ထားခဲ့ပြီးဖြစ်တဲ့ အဘူ မိုဟာမက်အယ်ဂိုလာနီလို့သိကြတဲ့ အာမက်အယ်လ်ရှာရားဦးဆောင်တဲ့ အဓိက သူပုန်ခွဲထွက်အနေနှင့် အာဏာရှင်လွတ်ကင်းတဲ့ ဆီးရီယားနိုင်ငံသစ်တည်ဆောက်လိုတယ်လို့ သူကပြောပါတယ်။ အဲဒီနိုင်ငံသစ် ဟာ ဘာသာပေါင်းစုံနှင့် လူနည်းစုတွေအတွက် အလုပ်လုပ်မယ်လို့သူကဆိုပါတယ်။
ကနဦးအနေအထားတွေကတော့ အပြုသဘောဆောင်ပါတယ်လို့ ဂျာမနီအခြေစိုက် ကာ့ဒ်လေ့လာရေးစင် တာအကြီးအကဲ နာဝမ်ခါလီက သုံးသပ်ပါတယ်။ နိုင်ငံတစ်လွှားမှာ သူတို့ရဲ့ လျင်မြန်လှတဲ့ ထိုးစစ်တွေ လွန်ခဲ့တဲ့ နှစ်ပတ်ကစတင်ပြီးနောက် သူတို့ဟာ အလီပိုမြို့က ဆီးရီးယားဒီမိုကရက်တစ်အင်အားစု ထိန်းချုပ်ထားတဲ့ နယ်မြေနှစ်ခုကို သူပုန်တွေက ရှင်းလင်းနိုင်ခဲ့ပါတယ်။
“ ဆီးရီးယားဒီမိုကရက်တစ်အင်အားစုအပေါ် သူတို့က အဆိုးမပြောခဲ့တာ ဒါဟာ အပြုသဘောဆောင် တာပဲ” လို့သူကပြောပါတယ်။
သို့သော် အဲဒီခံယူချက်ကို သူတို့ဘယ်လောက်အထိတောင့်ခံထားမလဲဆိုသည်ကိုတော့ စောင့်ကြည့်ရပါ မယ်။ ဒီယာအဲလ်ဇိုးကို ဒီတစ်ပတ်ထဲ ဝင်ရောက်လာပြီးတဲ့နောက် အယ်ရှာရားအုပ်စုမှ စစ်သားတစ်ဦးက သူတို့ဟာ ရာကာနှင့် ဆီးရီးယားအရှေ့ပိုင်းနေရာတွေဆီမကြာမီ တပ်ချီလာမယ်လို့ ဗီံဒီယိုတစ်ခုရိုက်ပြီး တင်ခဲ့ပါတယ်။ အဲဒါကြောင့် ကာ့ဒ်တွေနှင့် နောက်ထပ် တိုက်ခိုက်မှုတွေဖြစ်လာနိုင်ခြေမြင့်တက်လာ ပါတယ်။
အာဆတ်အလွန်နိုင်ငံရေးအစီအစဉ်ထဲ ကာ့ဒ်တွေပူးပေါင်းလာဖို့အတွက် သူပုန်တွေဟာ ကာ့ဒ်တွေနှင့် သဘောတူညီချက်အချို့ရရှိဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒါပေမယ့် အဲသလိုသဘောတူဖို့က အရှေ့ပိုင်းမှာ ကာ့ဒ်တွေအတွက် ကိုယ်ပိုင်အုပ်ချုပ်မှုအဆင့်တစ်ခုခုကို သူပုန်တွေက လက်ခံဖို့ လိုအပ်လာပါလိမ့်မယ်။ အဲဒါဟာ ယခုအခါ ဆီးရီးယားရဲ့ အာဏာအပေးအယူမှာ အဓိကကျနေတဲ့ တူရကီအတွက် ဒေါသဖြစ်လာ နိုင်စရာရှိနေပါလိမ့်မယ်။
ထရမ့်အစိုးရက ကာ့ဒ်တွေကို ထောက်ခံမှာလား
အမေရိကန်စစ်တပ်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ထိပ်တန်းတပ်မှူးကြီးတစ်ဦးဖြစ်တဲ့ ကြည်းတပ်ဗိုလ်ချုပ် ကြီး အာရစ် ကာရီလာဟာ အင်္ဂါနေ့က ဆီးရီးယားမှာရှိတဲ့ ဆီးရီးယားဒီမိုကရက်တစ်အင်အားစုတွေနှင့် တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ဘိုင်ဒင်အစိုးရအနေနှင့် အာဆတ်အလွန်မှာ မဟာမိတ်တွေကို ကတိကဝတ် ထပ်ပြုလိုက်တဲ့သဘောဖြစ်ပါတယ်။
ဒါပေမယ့် အဲဒါဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပြောင်းလဲသွားနိုင်ပါတယ်။
ထရမ့်ဟာ အရှေ့အလယ်ပိုင်းမူဝါဒနှင့်ပတ်သက်ပြီး အသေးစိတ်အနည်းငယ်သာ ချပြပါသေးတယ်။ သူဟာ ဒေသစစ်ပွဲတွေ အဆုံးသတ်ချင်တယ်။ အမေရိကန်ကို အဲဒီစစ်ပွဲတွေဆီကနေ ပြန်ထုတ်ချင် တယ်လို့ပြောနေတာကလွဲပြီး ဘာမှအသေးစိတ်မပြောသေးပါဘူး။
အာဆတ်ဖြုတ်ချမခံရခင် အချိန်ပိုင်းကလေးအလိုမှာ ထရမ့်က ဆိုရှယ်မီဒီယာတစ်ခုမှာ စာရေးခဲ့ပါတယ်။ “ ဆီးရီးယားဟာ အရှုပ်အထွေးကြီးပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့မိတ်ဆွေလည်းမဟုတ်ဘူး။ ဆီးရီးယားနှင့် ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုဟာ ဘာမှကိုမလုပ်သင့်ဘူး။ ကျွန်တော်တို့တိုက်စရာမဟုတ်ဘူး” လို့ ထရမ့်ကရေးခဲ့တာပါ။
ထရမ့်ရဲ့ အရင်သမ္မတသက်တမ်း ၂၀၁၉ခုနှစ်တုန်းက တူရကီတွေ ကျူးကျော်မှုမတိုင်ခင် ကာ့ဒ်တွေကို ထရမ့်ကစွန့်လွှတ်ခဲ့ဖူးပါတယ်။ ဒေသထဲက အဆုံးမရှိတဲ့စစ်ပွဲတွေမှာ အမေရိကန်ပတ်သက်မှုကိုရပ်ပစ် မယ်ဆိုတဲ့ သူ့ရဲ့ မဲဆွယ်ပွဲကတိကို ဖြည့်ဆည်းတဲ့အနေနှင့် ထရမ့်ကလုပ်ခဲ့တာဖြစ်ပါတယ်။
အဲသလိုလုပ်ခဲ့လို့ ထရမ့်ဟာ ကြီးမားတဲ့ အပြစ်တင်မှုတွေ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ မဟာမိတ်တွေကို သစ္စာဖောက်သူလို့ ရီပတ်ဗလီကန်တွေက သူ့ကို စွပ်စွဲပါတယ်။ နောက်ပိုင်းမှာ ထရမ့်က သူ့အကြံကို ပြန်ရုပ်သိမ်းပေးခဲ့ရပါတယ်။ အရှေ့ပိုင်းက ရေနံတွင်းတွေလု့ခြုံရေးအတွက် ကျယ်ပြန်တဲ့မစ်ရှင်တွေကို သူသဘောတူခဲ့ရပါတယ်။ တပ်တွေဟာ သူတို့ရှိတဲ့နေရာတွေမှာဆက်ထားခဲ့ရပြီး မဟာမိတ်ဖြစ်မှုကို ဆက်ထိန်းသိမ်းထားခဲ့ရပါတယ်။
ညီလတ်
America’s closest ally in Syria is losing ground as a new order takes shape by AP
@knl/ymg
#World_Science
Published 13 December 2024
▪️ တစ်ခုနဲ့တစ်ခု နှစ်ပေါင်း ၂ သောင်းခွဲအတွင်း ကမ္ဘာဂြိုဟ်ကို ထိမှန်ခဲ့တဲ့ ဂြိုဟ်သိမ် ၂ ခုဟာ ကြာရှည်သက်ရောက်မှု မရှိခဲ့ဘူးလို့ သုတေသီများ တွေ့ရှိထားပါတယ်။
▪️ ယနေ့ ရုရှားနိုင်ငံရှိတဲ့နေရာကို ထိမှန်ခဲ့တဲ့ ဂြိုဟ်သိမ်ဆိုရင် မိုင် ၆၀ ခန့် ပေါက်ကွဲရာကြီး ဖြစ်နေခဲ့ပါတယ်။
▪️ နောက်တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၃၆ သန်းခန့်က အမေရိကန် အရှေ့ကမ်းရိုးတန်း ချေဆာပိခ်ပင်လယ်အော်မှာ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
▪️ ထိုပေါက်ကွဲရာတွေက ကမ္ဘာပေါ်မှာ အကြီးမားဆုံးဖြစ်ခဲ့ပေမယ့် နှစ်ပေါင်း ၁ သိန်းခွဲလောက် ကြာတဲ့အထိ ရာသီဥတု ပြောင်းလဲမှုကြီး မဖြစ်စေခဲ့ပါဘူး။
ဒီလို ဂြိုဟ်သိမ်ကြီးတွေ ထိမှန်ရာကနေ ပြောင်းလဲမှုကြီးများ ဖြစ်ပေါ်မယ်လို့ ထင်ခဲ့ပေမယ့် ဘာမှပြောင်းလဲမှု မဖြစ်စေခဲ့ဘူးလို့ ဦးဆောင်သုတေသီ ဘရစ်ဂက်ဝိတ်ဒ်က ပြောပါတယ်။
▪️ ပင်လယ်ကြမ်းပြင်က ရှေးခေတ်သတ္တဝါများရဲ့ ရုပ်ကြွင်းများကို တွေ့ရှိခဲ့ကြပြီး အရွယ်အစားက ဆန်စေ့မျှသာရှိကာ မိုက်ခရိုစကုပ်ဖြင့် ကြည့်တဲ့အခါ မျိုးစိတ်အမျိုးမျိုး တွေ့ရပါတယ်။
▪️ ဒီလိုမျိုး ဂြိုဟ်မွှားတွေ ရိုက်ခတ်ခဲ့ပေမယ့် ကမ္ဘာ့ရာသီဥတု တည်မြဲနေတာကို အံ့အားသင့်ရတယ်လို့ ဆိုပါတယ်။
▪️ ဒါပေမဲ့ ရေရှည်ရာသီဥတုကိုသာ ကြည့်ခဲ့ကြတာဖြစ်ပြီး ရေတိုသက်ရောက်မှုအနေနဲ့ ပျက်စီးမှုများ ရှိနိုင်ပါတယ်။
▪️ လူ့သက်တမ်းအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဂြိုဟ်မွှားတစ်ခုခု ရိုက်ခတ်ခြင်းက ကပ်ဆိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။
▪️ အဆိုပါ ဂြိုဟ်သိမ်တွေက ၅ မိုင်ခန့်သာ ကျယ်ဝန်းပေမယ့် ပေါက်ကွဲရာတွေက ကြီးမားလွန်းတာကြောင့် ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာ သိသာစေပါတယ်။
▪️ ဂြိုဟ်မွှားရိုက်ခတ်ခြင်းကြောင့် နေရောင်ကို ခဏတာ ပိတ်ကွယ်စေကာ တိမ်တွေမှာဖုန်မှုန့်တွေနဲ့ ပြည့်နှက်နေနိုင်ပါတယ်။
#Source: WION
#Local_News
Published_13 Dec 2024
▪️ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်း ဆင်း ဂုဏ်ပြုညစာစားပွဲအ ခမ်း အနားကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်၊ ဗိုလ်လောင်းစားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာနိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် တက်ရောက် ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါသင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင် မောင်အေးနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ် ကြီး၊ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုး များနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သင်တန်းဆင်းအရာရှိ များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲ တက် ရောက်လာကြ သူများ နှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကာတပ်မတော်နည်းပညာတက္ကသိုလ် ဂုဏ်ပြု စစ်တီး ဝိုင်း တပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုကိုကြည့်ရှုအားပေး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက် ဘွဲ့နှင်းသဘင်ခန်းမ ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့၏ တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#World_Lifestyle
Published 13 December 2024
▪️ မက်ဆေ့ချ်ရေးသားတဲ့အခါ အီမိုဂျီ(emoji)များ အသုံးပြုလေ့ရှိသူတွေဟာ စိတ်ခံစားချက် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူများဖြစ်ပြီး မိမိခံစားချက်များနဲ့ သူတစ်ပါးခံစားချက်များကို နားလည်ရိပ်မိ၊ ထိန်းချုပ်နိုင်စွမ်းရှိသူများ ဖြစ်တယ်လို့ အင်ဒီယာနာတက္ကသိုလ်မှ သုတေသီများ ပြောပါတယ်။
▪️ အီမိုဂျီ အသုံးပြုခြင်း နည်းပါးတဲ့ မိတ်ဆွေတွေ ချစ်သူတွေကျတော့ သိပ်ပြီးတွယ်တာမှုမရှိဘဲ စိတ်ခံစားချက် နီးစပ်မှုထက် ကိုယ်ပိုင်လွတ်လပ်ခွင့် အရေးပေးသူတွေ ဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ အီမိုဂျီအသုံးပြုခြင်းနဲ့ လူမှုဆက်ဆံရေးတို့ကြား ပတ်သက်မှုကို ပထမဆုံးလေ့လာတာ ဖြစ်တယ်လို့ သုတေသီများက ဖော်ပြခဲ့ပါတယ်။
▪️ အသက် ၃၀ ဝန်းကျင် လူပေါင်း ၃၂၀ ကို တွယ်တာမှုပုံစံတွေ၊ စိတ်ခံစားချက် ဉာဏ်ရည်ဉာဏ်သွေးတွေနဲ့ အီမိုဂျီအသုံးပြုပုံများအကြောင်း အွန်လိုင်းစစ်တမ်း ကောက်ယူခဲ့ပါတယ်။
▪️ လူတွေမှာ စိတ်ခံစားချက်ကြီး ၃ ခုရှိပြီး စိုးရိမ်မှု၊ ကင်းကွာနေထိုင်မှုနဲ့၊ စိတ်ချလုံခြုံမှုတို့ ဖြစ်ပါတယ်။
▪️ စိုးရိမ်ခံစားချက် ရှိသူတွေဟာ သူတို့ရဲ့မေတ္တာရေးမှာ မလုံခြုံမှု ခံစားရပြီး စွန့်ပစ်ခံရမှာ ထိတ်လန့်နေတတ်ပါတယ်။
▪️ စိတ်ချလုံခြုံမှုရှိတဲ့ ခံစားချက်ကတော့ ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်၊ လေးစားမှုတို့ဖြင့် ကောင်းမွန်တဲ့ မေတ္တာရေး ဖြစ်တည်နေပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ နေ့စဉ်အီမိုဂျီပေါင်း ၁၀ ဘီလီယံကျော် ပို့နေကြပြီး အမျိုးသမီးတွေက မိတ်ဆွေတွေ မိသားစုတွေနဲ့ ပို့တဲ့အခါ အမျိုးသားတွေထက် ပိုမိုအသုံးပြုကြပါတယ်။
▪️ လေ့လာချက်မှာ ဖြေဆိုသူအများစုက လူဖြူလူမျိုး၊ ဘွဲ့ရ၊ အိမ်ထောင်ရှိ၊ အင်္ဂလိပ်စကားပြော၊ အမေရိကန် နိုင်ငံသားတွေ ဖြစ်တာကို သတိပြုရပါမယ်။
▪️ ဒါဟာ သာမန်အီမိုဂျီလေးတွေ ပို့နေတာသာမဟုတ်ဘဲ မိမိရဲ့ခံစားချက်ကို ပိုမိုထိရောက်စွာ ဖော်ပြရာရောက်တယ်လို့ သုတေသီတွေ ပြောပါတယ်။
#Source: New York Post
၁၂ ဒီဇင်ဘာ ၂၀၂၄
ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းတင်ဆက်သူဟောင်းနှင့် သဘောထား တင်းမာတဲ့ ရီပတ်ဗလီကန်အမျိုးသမီး ကာရီလိတ်ကို အမေရိကန်အစိုးရရန်ပုံငွေနှင့်လည်ပတ်နေတဲ့ ဗွီအိုအေ (အမေရိကန်အသံ) ရဲ့ ညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်လိုက်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့လက ဆီးနိတ် အမတ်ရွေးကောက်ပွဲမှာ အရီဇိုနားကနေ ဝင်ရွေးပေမယ့် ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။
“လိတ်ဟာ အမေရိကန်ရဲ့ လွတ်လပ်မှုတန်ဖိုးတွေကို မျှတမှန်ကန်စွာနှင့် သတင်းတုမီဒီယာတွေဖြန့်တဲ့ အလိမ်အညာသတင်းတွေနှင့်မတူစေဘဲ ကမ္ဘာကြီးကို အသေအချာ လွှင့်ထုတ်ပါလိမ့်မယ်” လို့ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်ဆိုက်ကနေ သတင်းပါးထားပါတယ်။
လိတ်ဟာ ထရမ့်ကို အခိုင်အမာထောက်ခံသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုတွေလုပ်တယ်လို့ ထရမ့်ပြောခဲ့စဉ်ကလည်း ထရမ့်အတိုင်းသံယောင်လိုက်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ဖီးနစ်အခြေစိုက် Fox 10 ရုပ်သံဌာနမှာ သတင်းတင်ဆက်သူလုပ်ခဲ့ဖူးပါတယ်။
VOA ဟာ ဘာသာစကားပေါင်း ၄၀ကျော်နှင့်အွန်လိုင်း၊ ရေဒီယိုနှင့်ရုပ်သံတို့ကို ထုတ်လွှင့်နေပါတယ်။
ထရမ့်ရဲ့ ပထမသက်တမ်းမှာ သူဟာ VOA နှင့် ပြဿနာဖြစ်ခဲ့ဖူးပါတယ်။ VOA ကို တရုတ်ရဲ့ ဝါဒဖြန့်ချိ ရေးလုပ်နေတာလို့ ထရမ့်ကစွပ်စွဲခဲ့ပါတယ်။
Source Reuters
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ခေါ်ယူထားတဲ့ရွှေကြိုမောင်မယ်လျှောက်ထားသူတွေရဲ့"ပဏာမလူတွေ့စစ်ဆေးခြင်း"ကို ယခုလ၁၅ရက်မှာ ပြုလုပ်သွားမယ်လို့ ရွှေကြိုရွေးချယ်ရေးကော်မတီ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။
#Local_News
Published 12 December 2024
#ရွှေကြိုမောင်မယ် #လူတွေ့စစ်ဆေး
#YMG/SW #Yangon_Times
#Local_News
Published 12 December 2024
▪️ IBEC Buddhist University ၌ ကျင်းပမည့် သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူများအား ဘွဲ့များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီတွင် IBEC Buddhist University ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။
▪️ IBEC Buddhist University နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ တက္ကသိုလ်ဆီးနိတ်မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Honorary Doctorate)ရရှိသူ(၇)ဦးရှိပြီး ကျွန်းလှဗုဒ္ဓတက္ကသိုလ်၏ နာယကဆရာတော်၊ ပါမောက္ခဒေါက်တာစောပြုံးနိုင်(ပါမောက္ခချုပ် (ငြိမ်း) စစ်ကိုင်းပညာရေးတက္ကသိုလ်)(ဧည့်ပါ မောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာတင်မောင်ဝင်း(ဒု-ပါမောက္ခချုပ်(ငြိမ်း) လွိုင်ကော်တက္ကသိုလ်)(ဒု-ပါမောက္ခချုပ် (သင်ကြား) ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထို့ပြင် ပါမောက္ခဒေါက်တာရီအေး(ပါမောက္ခ ချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာမို့မို့ရီ(ပါမောက္ခချုပ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာအောင်ဆန်းလင်း(ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်၊ ရတနာပုံ ဆိုက်ဘာစီးတီး)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ဒေါက်တာပိယရတနမဟာရာဂျန်
(နိုင်ငံတကာပူးပေါင်းဆောင်ရွက်သူ၊ နီပေါ)(ဧည့်ကထိက၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ကိုလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ် နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 December 2024
▪️ မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ်ရှိ သီရိမင်္ဂလာကားဝင်းအတွင်း၌ မီးလောင်မှုတစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာ ၁၂ ရက်နေ့၊ မနက် ၂ နာရီ ၃၈မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဝဝကျေးရွာ၊ သီရိမင်္ဂလာကားဝင်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃နာရီ ၁၁မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြေင့် ဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၂ ဒီဇင်ဘာ ၂၀၂၄
▪️လာမယ့်လမှာ ကျင်းပမယ့် သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတရှီကျင့်ဖျင်ကို ဖိတ်ကြားလိုက်တယ်လို့ သတင်းများကရေးသားပါတယ်။
▪️ဒါဟာ မကြာသေးမီကမှ တရုတ်ကို အကောက်ခွန်နှုန်းထားအသစ်တွေနှင့် ခြိမ်းခြောက်ခဲ့တဲ့ထရမ့်က သမ္မတရှီကို မျက်နှာချိုသွေးလိုက်တာဖြစ်တယ်လို့ ဘလွန်းဘတ်သတင်းဌာနက ရေးသားပါတယ်။
▪️ဒါပေမယ့်ရှီတက်ဖို့ဆိုတာကတော့ ပြောရခက်ပါတယ်။ အမေရိကန်သမ္မတတွေရဲ့ကျမ်းကျိန်ပွဲကို မည်သည့် တရုတ်ခေါင်းဆောင်မှတက်ရိုးထုံးစံမရှိဘဲ သံအမတ်တွေပဲ တက်လေ့ရှိကြပါတယ်။ အဲဒီအပြင် ရာစုနှစ်တစ်စုအကျော်အတွင်း မည်သည့်နိုင်ငံခေါင်းဆောင်တစ်ဦးတစ်ယောက်မျှလည်း တက်ခဲ့တာမျိုး မရှိခဲ့ဘူးလို့ဆိုပါတယ်။
▪️တရုတ်သမ္မတရှီအနေနှင့်လည်း တက်ရောက်ဖို့ဆိုတာ နိုင်ငံရေးအရ အင်မတန်မှကြီးမားလှတဲ့ စွန့်စားမှု တစ်ခုဖြစ်ပါတယ်။ အဲဒီအပြင် ဝါရှင်တန်ရဲ့အေးမြလှတဲ့ ဇန်နဝါရီရက်မှာ ဟင်းလင်းပြင်ထဲ နာရီပေါင်း များစွာထိုင်ဖို့အတွက်လည်း အတော့်ကိုမသက်မသာရှိလှမှာပါ။
▪️တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီကိစ္စကို ဘာမှထုတ်ပြောထားခြင်းမရှိသေးပါဘူး။
▪️ရှီနှင့် မကြာသေးမီက အဆက်အသွယ်လုပ်ထားတယ်လို့ ထရမ့်က ပြီးခဲ့တဲ့အပတ် အင်န်ဘီစီရုပ်သံ အစီအစဉ်တစ်ခုမှာ ထုတ်ပြောထားပါတယ်။ဘာတွေပြောတယ်ဆိုတာကိုတော့ထရမ့်က ပြောပြဖို့ ငြင်း ဆန်ပါတယ်။သူတို့နှစ်ဦးဟာ ၂၀၁၉ခုနှစ် ဇွန်တုန်းက ဂျပန်မှာကျင်းပတဲ့ ၂၀နိုင်ငံအုပ်စုအစည်းအဝေး ပြင်ပမှာ တွေ့ခဲ့တာ နောက်ဆုံးပါ။
▪️ဘိုင်ဒင်ဟာ သူ့သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံကို တစ်ခါမှမသွားရောက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုဗစ်ကပ်ရောဂါကာလနှင့်ကြုံခဲ့ရလို့ဖြစ်ပါတယ်။
▪️ထရမ့်ရွေးကောက်ပွဲနိုင်တော့ ရှီက ဂုဏ်ပြုသတင်းစကားပါးခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်ဖို့ သူလိုလားတယ်လို့ရှီက အဲဒီတုန်းကထည့်ပြောခဲ့ပါတယ်။
Source Bloomberg
၁၂ ဒီဇင်ဘာ ၂၀၂၄
အမေရိကန်နိုင်ငံဟာ အိုးအိမ်မလုံလောက်မှုနှင့်ရင်ဆိုင်နေရတယ်လို့ ပင်န်ဆိုင်ဗန်နီးယားဝှိုက်တွန် တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဘင်ကီးစ်က ပြောတဲ့အကြောင်း NPR သတင်းဌာနက သတင်းဖော်ပြ ပါတယ်။
လက်ရှိဈေးကွက်ဟာ အတော့်ကို မတတ်နိုင်တဲ့ ဈေးကွက်ဖြစ်နေတယ်လို့သူကပြောပါတယ်။၂၀၀၈ခုနှစ် ငွေကြေးအကျပ်အတည်းတုန်းက အခြေအနေတွေနှင့် ယခုပြဿနာအချို့ကိုသူက ခြေရာကောက်ကြည့် ပါတယ်။
“ ဆောက်လုပ်ရေးက ပြုတ်ကျတာတွေ့ခဲ့ရတယ်။ အဲဒီအခါ အိမ်ယာတွေဆောက်လုပ်တာတွေ ရပ်တန့် ပစ်လိုက်ကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး လူနေအိမ်ခန်းတွေဆောက်လုပ်တာရပ်ခဲ့ကြတယ်။ အခုအခါ အနည်းဆုံး အိမ်ရာပေါင်း လေးသန်းလောက် လိုအပ်နေတယ်လို့ခန့်မှန်းမိတယ်” လို့ သူက ပြောပါတယ်။
၂၀၂၅ခုနှစ်ကို ရောက်တော့မယ့် ယခုအချိန်မှာ သန်းပေါင်းများစွာသောအမေရိကန်တွေရဲ့စိတ်ထဲမှာ အိမ်ရာကိစ္စဟာ အရေးကြီးပြဿနာတွေထဲက တစ်ခုအဖြစ်ဆက်ရှိနေတုန်းဖြစ်ပါတယ်။ အိမ်ပိုင်ဖို့ ယုတ်စွအဆုံး အိမ်ငှားဖို့တောင်မှာ အမေရိကန်တော်တော်များများအဖို့ ဒုက္ခကြုံနေကြရပါတယ်။ အချို့ သောမြို့တွေမှာ လူနေရုံမျှလောက်အိမ်ခန်းကလေးကိုပင် ဒေါ်လာတစ်သန်းလောက်ပေးနေရပါတယ်။ အိမ်ငှားတွေရဲ့ တစ်ဝက်ကျော်ဟာ သူတို့ရဲ့ ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ကို အိမ်ရာအတွက် အသုံးပြုနေ ကြရပါတယ်။
အိမ်ရာအသစ်တွေဆောက်လုပ်တာဟာ အတော့်ကိုလေးလံနှေးကွေးနေတယ်လို့ ကီးက ဆက်ပြောပါ တယ်။ အလုပ်သမားခဈေးကြီးမှုနှင့် စီမံကိန်းအကြီးစားတွေကို အရင်းအနှီးရရှိဖို့ ခက်ခဲတဲ့အတွက် အဲသလို နှေးကွေးနေရတာပါ။
သမ္မတဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ကတော့ အိမ်ရာဖွံ့ဖြိုးရေးအတွက် ဖက်ဒရယ်ပိုင်မြေတွေကို ခွင့်ပေးဖို့ အကြံပြုထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်လက်တွေ့ဖြစ်မလားဆိုတာကိုတော့ ကီးက မေးခွန်း ထုတ်နေပါတယ်။
Source NPR
Page 133 of 1617