#World_Science
Published 30 September 2025
▪️ အိုင်ဘေးရီးယားပုရွက်ဆိတ်ဘုရင်မတွေ ဥလိုက်တဲ့ ဥတချို့ထဲမှာ အခြားမျိုးစိတ်တစ်ခုရဲ့ အထီးတွေပါဝင်ပြီး အသိုက်အဖွဲ့ထဲက လုပ်သားပုရွက်ဆိတ်တွေအားလုံးရဲ့ အဖေတွေ ဖြစ်နေပါတယ်။
▪️ ဒီလိုအံ့ဩဖွယ်ဖြစ်ရပ်ကို ပြင်သစ်မောင့်ပယ်လီယာတက္ကသိုလ်မှ ဂျိုနသန်ရိုမီဂူယာက တွေ့ရှိတာ ဖြစ်ပါတယ်။
▪️ အိုင်ဘေးရီးယား ပုရွက်ဆိတ်တွေဖြစ်တဲ့ M. ibericus မျိုးစိတ်အသိုက်ထဲက လုပ်သားအားလုံးဟာ မျိုးစပ်တွေဖြစ်နေကြပြီး DNA တဝက်လောက်က M. structor နဲ့ ကိုက်ညီနေပါတယ်။
▪️ ဒါဟာ M. ibericus ဘုရင်မတွေက M. structor အထီးတွေနဲ့ မိတ်လိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။
▪️ လုပ်သားများ အသက်ရှင်ဖို့အတွက် အခြားမျိုးစိတ်တွေနဲ့ မိတ်လိုက်ပေါက်ဖွားဖို့ လိုအပ်တာဖြစ်နိုင်ပါတယ်။
▪️ ရိုမီဂူယာတို့အဖွဲ့က ဓာတ်ခွဲခန်းထဲမှာ M. ibericus အသိုက်အမြုံဒါဇင်ခန့်ကို ယူဆောင်လာကာ အထီးတစ်ကောင်မှမပါဘဲ မွေးဖွားတာကို ၂ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ M. structor အထီးသုံးကောင်ကို ဓာတ်ခွဲခန်းထဲမှာ မွေးခဲ့ရာမှာတော့ M. ibericus ဘုရင်မတွေက မျိုးစိတ်နှစ်ခုစလုံးရဲ့ အထီးတွေကို မွေးဖွားနိုင်ခဲ့ပါတယ်။
▪️ ဒါဟာ ဘုရင်မတွေမွေးတဲ့ သမီးတွေအနေနဲ့ ဘုရင်မဖြစ်လာပြီးနောက် မျိုးစိတ်နှစ်ခုစလုံးရဲ့ အထီးတွေနဲ့ မိတ်လိုက်နိုင်အောင် လုပ်ပေးပါတယ်။
▪️ M. ibericus ဘုရင်မတွေဟာ သူတို့ဆီကနေ အထီးမွေးဖို့လိုပြီး ဒီလိုမဟုတ်ရင် လုပ်သားတွေ မရရှိနိုင်ပါဘူး။
▪️ ဒီလိုမျိုး မျိုးစပ်ပေါက်ဖွားခြင်းကနေ ဆင့်ကဲပြောင်းလဲလာကြပြီး M. structor အသိုက်အမြုံတွေ မရှင်သန်နိုင်တဲ့ မက်ဒီတာရေးနီးယန်းဒေသတလျှောက်မှာ ပျံ့နှံ့တည်ရှိနေပြီ ဖြစ်ပါတယ်။
Source: NewsScientist
ထိုင်းဝန်ကြီးချုပ်သစ် အနူတင်ချာဝီရာကူက တရုတ်နဲ့ရေရှည်တည်တံ့တဲ့ မိသားစုဆက်ဆံရေးခိုင်မြဲရန် မျှော်လင့်ကြောင်း အင်္ဂါနေ့ တရုတ်မီဒီယာဂရု(CMG)နဲ့ ဘန်ကောက်အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
#Asia_Politics
#ထိုင်းဝန်ကြီးချုပ်သစ်အနူတင်ချာဝီရာကူ #တရုတ်မီဒီယာဂရု
Published 29 September 2025
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) ပွဲမှာပထမဆုရရှိခဲ့တဲ့ We Are Genius MYANMAR အသင်းက လူငယ် (၃) ဦးကို KBZPay က ဆုချီးမြှင့်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
#Local_News
Published 29 September 2025
#ကမ္ဘာ့စက်ရုပ်အိုလံပစ်ပြိုင်ပွဲ
#YMG/SW #Yangon_Times
#World_News
Published 29 September 2025
▪️ မီချီဂန် မော်မွန်ဘုရားကျောင်း အရှေ့တံခါးတွေကို ကားဖြင့် ဝင်တိုက်သူက သေနတ်ပစ်ခတ်ပြီး ဘုရားကျောင်းကို မီးရှို့ခဲ့ရာ အနည်းဆုံး ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ကာ ရဲတွေနဲ့ ပစ်ခတ်ပြီးနောက် သေနတ်သမား သေဆုံးသွားပါတယ်။
▪️ အသက် ၄၀ အရွယ် မရိန်းတပ်သားဟောင်း သောမတ်စ်ဂျေကော့ဆန်ဖို့ဒ်က ဘုရားကျောင်းကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
▪️ သေနတ်ပစ်ခံရခြင်းကြောင့် ၂ ဦးသေဆုံးကာ လောင်ကျွမ်းသွားတဲ့ ဘုရားကျောင်းကနေ နောက်ထပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့ပြီး အခြားလူတွေ ပါမပါ မသိရသေးပါဘူး။
▪️ ဘုရားကျောင်းထဲ ဆန်ဖို့ဒ်ကားမောင်းဝင်သွားချိန်မှာ လူရာနဲ့ချီ ရှိနေခဲ့ပါတယ်။
▪️ ရဲအရာရှိနှစ်ဦးက သတင်းရပြီး စက္ကန့် ၃၀ အတွင်းမှာပဲ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်ကြရာ ကားပါကင်နားမှာ အသေပစ်ခတ်ခဲ့ရပါတယ်။
▪️ အမေရိကန် စစ်မှုမှတ်တမ်းများအရ ဆန်ဖို့ဒ်ဟာ ၂၀၀၄ မှ ၂၀၀၈ အတွင်း မရိန်းတပ်သားဟောင်းဖြစ်ခဲ့ကာ အီရတ်စစ်ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။
▪️ မီချီဂန်အုပ်ချုပ်ရေးမှူး ဂရတ်ချန်ဝစ်မာက ဒီဖြစ်ရပ်အတွက် အလွန်ကြေကွဲရပြီး ဘာသာရေးကိုးကွယ်ရာ နေရာတစ်ခုမှာ အကြမ်းဖက်ခြင်းဟာ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်က Truth Social မှာလည်း အမေရိကမှ ခရစ်ယာန်တွေကို နောက်ထပ်ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ပြီး ဒီလိုအကြမ်းဖက်မှုတွေ လုံးဝရပ်တန့်ရမယ်လို့ ဖော်ပြထားပါတယ်။
▪️ ယခုမီချီဂန်ဖြစ်ရပ်ဟာ အမေရိကန်မှာ ၂၀၂၅ အတွင်း ၃၂၄ ကြိမ်မြောက် လူအများအပြားသေစေတဲ့ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)နဲ့ ဆန်စက်လုပ်ငန်းများကို ကျပ်သန်း(၅၀၀)အထိချေးငွေထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 29 September 2025
#MSME #ဆန်စက်
#YMG/SW #Yangon_Times
'ပြည်တွင်းဆီစက်များ သီတင်းကျွတ်ဈေးရောင်းပွဲတော်' ကို ရန်ကုန်မြို့မှာ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး စားသုံးသူတွေလိုသလောက်ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကသိရပါတယ်။
#Local_News
Published 29 September 2025
#မြေပဲဆီဈေးရောင်းပွဲတော် #သီတင်းကျွတ်ဈေးရောင်းပွဲတော်
#YMG/NN #Yangon_Times
အရင်နှစ်ကာလတူမှာ အရောင်းအဝယ်ပါးခဲ့ပေမယ့် အခုနှစ်လက်ရှိ အချိန်မှာတော့ ကားဈေးကွက်အရောင်းအဝယ်ပုံမှန် ဖြစ်ပြီး ဈေးမာနေတယ်လို့ မြန်မာမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 29 September 2025
#ကားဈေးကွက် #မြန်မာမော်တော်ယာဉ်ထုတ်လုပ်ရေး
#YMG/NN #Yangon_Times
#Daily_News
Published 29 September 2025
၁။ မြေပဲဆီဈေးရောင်းပွဲတော်၌ စားသုံးသူများလိုသလောက်ရောင်းချပေးမည်
၂။ MSME လုပ်ငန်းများနှင့်ဆန်စက်လုပ်ငန်းများကို ကျပ်သန်း (၅၀၀)အထိချေးငွေထုတ်ချေးမည်
၃။ ကမ္ဘာ့စက်ရုပ်အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုရှိခဲ့သူ (၃) ဦးကို KBZPay က ဆုချီးမြှင့်မည်
၄။ တရုတ်နှင့်မိသားစုကဲ့သိုဆက်ဆံရေးဆက်လက်တည်မြဲရန် ထိုင်းဝန်ကြီးချုပ်သစ်ဆန္ဒရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 29 September 2025
▪️ ကာဇက်စတန်နိုင်ငံ၊ အဲမာတီမြို့တွင် စက်တင်ဘာလ၁၈ရက်မှ အောက်တိုဘာလ ၁ ရက်အထိ ကျင်းပနေသည့် ကမ္ဘာ့လူငယ်စစ်တုရင် ပြိုင်ပွဲ၏ မြန်မာ-ကိုရီးယားပွဲစဥ်တွင် မြန်မာကလေးငယ်က ကိုရီးယားလက်ရွေးစင် ကလေးငယ်ကိုအနိုင်ရရှိခဲ့ကြောင်း သိရသည်။
▪️ ကမ္ဘာ့လူငယ်စစ်တုရင်ပြိုင်ပွဲ အသက် (၁၀) နှစ်အောက်ပွဲစဥ် (၈) တွင်
မောင်သာစစ်ကကိုရီးယားနိုင်ငံ လူငယ်လက်ရွေးစင် Lee Jinwoo ကို ပွဲကစားချိန် (၃) နာရီကြာအောင်ကစားပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲတွင် မြန်မာကစားသမားလေးက မြန်မာ့ရိုးရာဝတ်စုံ တိုက်ပုံနှင့် ပုဆိုးကိုဝတ်ဆင်ကာ ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် မြန်မာ-ကိုရီးယားပွဲစဥ်သို့ ပြိုင်ပွဲ၏ ဒိုင်ချုပ်WCCC2025 Chief Arbitor ဖြစ်သူ IVAN SYROVY က လာရောက် အားပေးဂုဏ်ပြုပြီး အမှတ်တရဓါတ်ပုံ ရိုက်ခဲ့ကြောင်း၊ ကမ္ဘာ့လူငယ်စစ်တုရင်ပြိုင်ပွဲ အသက် ၁၀ နှစ်အောက်ပွဲတွင် နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ကလေးလူငယ်စစ်တုရင်ချန်ပီယံ ၁၈၅ ယောက်၀င်ရောက်ယှဥ်ပြိုင်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 29 September 2025
▪️ အောက်တိုဘာလအတွင်းမုတ်သုံလေဆုတ်ခွာပြီး နိုင်ငံအဝှမ်း၌ မြစ်ရေများတစ်ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နိုင်ကြောင်း မိုးလေဝသနှင်ါယ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
▪️ အဆိုပါ အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိကြောင်းဆိုထားသည်။
▪️ ထို့အပြင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တွင် (၁)ကြိမ်ခန့်စီ၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 29 September 2025
▪️ရုရှားဖက်ဒရေးရှင်းနှင့်ကာဇက်စတန်နိုင်ငံများသို့အလုပ်သဘောခရီးစဉ်များသွားရောက်ခဲ့တဲ့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၉ ရက်က ခရီးစဉ်များပြီးဆုံး၍ ကာဇက်စတန်နိုင်ငံ အက်စတာ နာလေဆိပ်မှ အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်းသိရှိရပါတယ်။
#Local_News
Published 29 September 2025
▪️ ပဲခူးတိုင်း၊ရေတာရှည်မြို့အနီးမှာ ယနေ့မနက်ပိုင်း၌ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။
▪️ အဆိုမြေငလျင်သတင်းအမှတ်စဉ် ၂၃၅ သည်ယနေ့ မနက်၇နာရီ ၂၅မိနစ်၂၈ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
▪️ ယင်းမေ့ငလျင်သည် အင်အားပမာဏ - ၄.၁ ရစ်(ခ်)တာစကေး ရှိကာ
အနက် - ၁၀ ကီလိုမီတာ နှင့် ဗဟိုချက်တည်နေရာ - ရေတာရှည်မြို့၏ အနောက်မြောက်ဘက် (၁၈) မိုင်ခန့် တွင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 134 of 1918