#Local_News
Published 9 April 2025
▪️ မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသများမှ ကျောင်းသားများအတွက် တောင်ကိုရီးယားအခြေစိုက် ဟန်ဆန်းတက္ကသိုလ် (Hansung University)က ပညာသင်ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ပေးအပ်ရာတွင် ငလျင်ဒဏ်သင့်နေရာများရှိ ပညာထူးချွန်ကျောင်းသားများ၊ ငလျင်ဒဏ်ကြောင့် မိသားစုအခြေအနေ အခက်အခဲဖြစ်သွားခဲ့ရသော ထူးချွန်ကျောင်းသားများ၊ ငလျင်ကြောင့် ဘဝရပ်တည်ရေးခက်ခဲသွားသော ထူးချွန်ကျောင်းသားများကို ပေးအပ်မည်ဖြစ်ပြီးအချက်အလက်များနှင့်ကိုက်ညီသောကျောင်းသားများသည်၎င်းတို့ကြုံတွေ့ခဲ့ရသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများနှင့်ကြုံဆုံရင်ဆိုင်ခဲ့ရမှုများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဘဝအခက်အခဲ ကြုံတွေ့ရမှုများနှင့် ပညာဆက်လက်သင်ကြားရန်အတွက် မည်သို့အခက်ကြုံနေရပုံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများနှင့် အမှန်တကယ်ရင်ဆိုင်ခဲ့ရသော မိသားစုဖြစ်ကြောင်းများကို အတည်ပြုစာရွက်စာတမ်းများဖြင့် ဧပြီလ ၁၀ ရက်မှ မေလ ၉ ရက်အတွင်း ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ ကျောင်းသားများ၏ တင်ပြသည့်အချက်အလက်မျာအပေါ်တွင်မူတည်၍ ဟန်ဆန်းတက္ကသိုလ်(Hansung University)ဘက်က ပညာသင်ဆု ပေးအပ်သင့်၊ မသင့်ကို အကဲဖြတ်ကာ ဆုံးဖြတ်ချက်ချမှတ်ပေးသွားမည်ဖြစ်ပြီးအသေးစိတ်အချက်အလက်များကို တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 9 April 2025
▪️ နေပြည်တော် ၊ရန်ကုန်နှင့် မန္တလေးမြို့နှင့်အနီးတဝိုက်တွင် ယနေ့ညနေပိုင်း၌ နေရာကွက်ကြားမိုးရွာနိုင်ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ၊မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မနက်ပိုင်းတွင်ထုတ်ပြန်ထားသည်။
▪️ ယနေ့ ဧပြီလ ၉ ရက်နေ့ မြန်မာစံတော်ချိန် မနက်၅ နာရီ ခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပြီး အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ ဧပြီလ ၁၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင် ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
▪️ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ကြောင်း၊ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်ဖြစ်ပြီးရွာရန်ရာနှုန်း ၈ဝ ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်အရ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 April 2025
▪️ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး ရှိ စပါရှယ်တောင်အဆင်းတွင်ခရီးသည် ယာဉ် ချောက်ထဲကျ၍ ခုနှစ်ဦးေ-သဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့မှသိရသည်။
▪️ ဧပြီ၈ ရက်နေ့၊ ည ၁၀နာရီ ၄၀ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၆/၆-၇ကြား၊ စပါရှယ်တောင်အဆင်းတွင် Rozer ၆ဘီး(ခရီးသည်)ယာဉ်သည် လမ်း၏ယာဘက် ပေ(၅၀၀)ခန့်နက်သော ချောက်ထဲသို့ထိုးကျသွားကြောင်း သိရသည်။အဆိုပါသတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူ ၇ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 April 2025
▪️ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သည့် ဆွာချောင်းတံတားကို ယနေ့ဧပြီလ ၉ရက်မှ စတင်ကာ တန် ၂၀ မော်တော်ယာဉ်ကြီးများဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင်ဆွာချောင်းတံတား အား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရန်အတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူဆောင်ရွက် လျက်ရှိပြီးရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံ နှင့် ၁၆၅ မိုင် ၃ ဖာလုံကြား ရှိ ဆွာချောင်းတံတား ပြင်ဆင်မှု အခြေအနေအား ဧပြီလ ၇ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးစိုးဝင်းကသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့သို့ စစ်ဆေးရာတွင်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် အသွားလမ်း ပေ ၈၁၀ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ P7 ကို ဗဟိုထား၍ နှစ်လွှာ တစ်ထပ် ယာယီဘေလီတံတားပေ ၁၉၀ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပေ ၄၀
သုံးလွှာသုံးထပ် ဘေလီငြမ်း ထောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 09 April 2025
▪️ ဒိုမီနီကန်သမ္မတနိုင်ငံ မြို့တော်ရှိ နိုက်ကလပ်တစ်ခု ခေါင်မိုးပြိုကျခဲ့ရာမှာ အနည်းဆုံး လူ ၆၆ ဦးသေဆုံးပြီး ထိုထဲမှာ နာမည်ကြီးအဆိုတော်တစ်ဦး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၊ မေဂျာလိဂ်ဘေ့စ်ဘော အပစ်သမားဟောင်း အော့တေဗီယိုဒိုတယ်တို့ ပါဝင်ကြောင်း အာဏာပိုင်များက အင်္ဂါနေ့မှာ ပြောပါတယ်။
▪️ လူ ၁၅၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ အရေးပေါ်ကယ်ဆယ်ရေးများက Jet Set နိုက်ကလပ် အပျက်အစီးများကြားမှ အသက်ရှင်ကျန်သူများကို ဆွဲထုတ်ဖို့ ကြိုးစားနေကြဆဲဖြစ်ပြီး ထိုထဲမှ ပါဝင်သူများရဲ့ မိသားစုဝင်များကတော့ သက်ဆိုင်သူများကို ရှာဖွေဖို့ ရောက်ရှိနေကြပါတယ်။
▪️ အပျက်အစီး အစအနများကို အရှိန်မြှင့်ဖယ်ရှားဖို့အတွက် စက်ပစ္စည်းကိရိယာကြီးများ ပိုမိုအသုံးပြုလာကြကာ အရေးပေါ်ကယ်ဆယ်ရေးများ တိုးမြှင့်လာကြသလို ရှာဖွေရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဟိုမဲရိုဖီဂွယ်ရိုအာက မွန်းလွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
▪️ ပြိုကျချိန်မှာ ကလပ်ထဲ လူဘယ်နှယောက်ရှိလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ဒိုမီနီကန် အရေးပေါ်ကယ်ဆယ်ရေးစင်တာ အကြီးအကဲ ဟွမ်မန်နျူရယ်မန်ဒက်ဇ်က အင်္ဂါနေ့အစောပိုင်းမှာ ပြောသွားပါတယ်။
▪️ သေဆုံးသူတွေထဲက အပါအဝင်ဖြစ်တဲ့ ဒိုမီနီကန် နာမည်ကြီးအဆိုတော် ရပ်ဘီပီရက်ဇ် ဖျော်ဖြေမှုပြုလုပ်စဉ် ပြိုကျခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ မန်နေဂျာနဲ့ အနီးနားရှိ မိသားစုဝင်များ ပြောကြားချက်အရ သိရကာ ထိုပွဲကို နိုင်ငံရေးသမားများ၊ အားကစားသမားများနဲ့ အခြားသော အထင်ကရပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါတယ်။
▪️ ထိုထဲမှာ မွန်တီခရစ္စတီမြောက်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး နယ်လ်စီခရုဇ်လည်း ပါဝင်ပြီး သူမဟာ မေဂျာလိဂ်ဘေ့စ်ဘော All-Star ၇ ကြိမ်ရ နယ်လ်ဆန်ခရုဇ်ရဲ့ ညီမဖြစ်တယ်လို့ သမ္မတ လူးဝစ်အာဘီနေဒါက ဆိုပါတယ်။
▪️ MLBကစားသမားဟောင်းများဖြစ်တဲ့ အော့တေဗီယိုဒိုတယ်၊ တိုနီဘလန်ကိုတို့လည်း ပြိုကျမှုအတွင်း သေဆုံးခဲ့ကာ ဒိုတယ်ကတော့ အပျက်အစီးများကြားမှ ဆွဲထုတ်ပြီးနောက် ဆေးရုံသွားရာလမ်းမှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။
▪️ ထိခိုက်ဆုံးပါးသူတွေရဲ့ သက်ဆိုင်သူဆွေမျိုးတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ ပေးနေပြီး ခေါင်မိုးပြိုကျရတဲ့ အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း အရာရှိများ ပြောထားပါတယ်။
#Source: Reuters
#World_Science
Published 09 April 2025
▪️ တရုတ်သုတေသီတွေက ဝက်ကျောက်ကပ် အစားထိုးခွဲစိတ်မှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ရာ တိရိစ္ဆာန်ကနေ လူသားထံ အင်္ဂါအစားထိုးခွဲစိတ်မှုတွေမှာ ခြေလှမ်းသစ်များ လှမ်းနိုင်ခဲ့ပြီလို့ ဖော်ပြလာပြီး ဝက်အသည်းအစားထိုးမှုလည်း ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ ဗုဒ္ဓဟူးနေ့က ဆိုပါတယ်။
▪️ တရုတ်မှလူနာတစ်ဦးဟာ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်ဖြင့် အသက်ရှင်နေထိုင်နေတဲ့ တတိယမြောက်လူသား ဖြစ်လာပါတယ်။
▪️ ဒါ့အပြင် ဝက်အသည်းကို ဦးနှောက်အလုပ်မလုပ်တဲ့ လူသားထံ အစားထိုးထည့်သွင်းမယ့် စမ်းသပ်ချက်အကြောင်းကိုလည်း ဖော်ပြထားပါတယ်။
▪️ အစားထိုးအင်္ဂါများ ရှားပါးလာခြင်းကို ဖြေရှင်းဖို့အတွက် သိပ္ပံပညာရှင်တွေဟာ ဝက်တွေရဲ့ အင်္ဂါတွေ လူသားနဲ့ ပိုတူလာအောင် မျိုးဗီဇပြုပြင်နေကြပါတယ်။
▪️ ထိုကဲ့သို့ အစားထိုးမှု ၂ ခု အမေရိကန်မှာ ပြုလုပ်ခဲ့ရာ ခဏတာသာ အသက်ရှင်ခဲ့ကြပါတယ်။
▪️ နောက်ထပ် ဝက်ကျောက်ကပ်အစားထိုးသူ ၂ ဦးကတော့ ယခုထက်ထိ အသက်ရှင်နေကြဆဲ ဖြစ်ပါတယ်။
▪️ တရုတ်လူနာကို ကျောက်ကပ်အစားထိုးခွဲစိတ်ပြီးနောက် ၃ ပတ်နီးပါးကြာချိန်မှာ လူနာက အခြေအနေကောင်းနေပြီး ဝက်ကျောက်ကပ်ကလည်း ကောင်းစွာ အလုပ်လုပ်နေတယ်လို့ ရှီအန် ရှီကျင်ဆေးရုံမှ ဒေါက်တာ လင်ဝမ်က သတင်းထောက်တွေကို ပြောပါတယ်။
▪️ လူနာက အသက် ၆၉ နှစ်ရှိပြီဖြစ်ကာ လွန်ခဲ့တဲ့ ၈ နှစ်က ကျောက်ကပ်ရောဂါ တွေ့ရှိခဲ့တာဖြစ်ပြီး စစ်ဆေးမှုများပြုလုပ်ဖို့ ဆေးရုံမှာ ဆက်ထားသွားမှာဖြစ်ပါတယ်။
▪️ ဒေါက်တာဝမ်က တိရိစ္ဆာန်ထံမှ လူသားထံ အစားထိုးမှုမှာ နောက်တစ်ဆင့်တက်လှမ်းချင်နေပြီး ဝက်အသည်းတွေကို အစားထိုးဖို့ လေ့လာနေပါတယ်။
▪️ ဝက်အသည်းကို ဦးနှောက်အလုပ်မလုပ်တဲ့လူနာထံ အစားထိုးထည့်သွင်းရာမှာ ၁၀ ရက်တာ အသက်ရှင်ခဲ့ပြီး အင်္ဂါလက်မခံတဲ့ အရိပ်အယောင်မျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
▪️ အသည်းအင်္ဂါဟာ အညစ်အကြေး စွန့်ထုတ်ခြင်း၊ အာဟာရများ ဆေးဝါးများကို ခွဲခြမ်းခြင်း၊ ရောဂါတိုက်ထုတ်ခြင်း၊ သံဓာတ်သိုလှောင်ခြင်း၊ သွေးခဲထိန်းညှိခြင်းတို့အပါအဝင် လုပ်ငန်းအမျိုးမျိုး လုပ်ဆောင်ရတာကြောင့် ရှုပ်ထွေးလှပါတယ်။
#Source: AP News
#World_Health
Published 09 April 2025
▪️ စကော့တလန်မှ အမျိုးသမီး ဂျွိုင်းမိုင်လ်ဟာ ပါကင်ဆန်ရောဂါရှိသူတွေကို လက္ခဏာမပေါ်ခင်ကပင် အနံ့ခံနိုင်တယ်လို့ ပြောလာပါတယ်။
▪️ အသက် ၇၅ နှစ်ရှိ သူနာပြုဟောင်းဖြစ်သူက သူမရဲ့အနံ့ခံအာရုံဖြင့် သိပ္ပံပညာရှင်တွေကို ကူညီပေးနေပြီး ပါကင်ဆန်ရောဂါကို စောစီးစွာ လက်တွေ့သိရှိနိုင်ဖို့ နီးစပ်နေပါတယ်။
▪️ အယ်လ်ဇိုင်းမားပြီးရင် အမေရိကန်မှာ ဒုတိယအဖြစ်အများဆုံး အာရုံကြောချို့ယွင်းရောဂါဖြစ်ပြီး ရောဂါလက္ခဏာမပေါ်ခင်အထိ ဦးနှောက်ကို ဖြည်းဖြည်းချင်း ဖျက်ဆီးလာကာ အာရုံကြောဆဲလ်တွေပါ ပျက်စီးလာပါတယ်။
▪️ ထိန်းချုပ်မရအောင် တုန်လှုပ်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ လှုပ်ရှားမှု နှေးကွေးခြင်း၊ ဟန်ချက်ထိန်းရန် ခက်ခဲခြင်းတို့အထိ ခံစားရနိုင်ပါတယ်။
▪️ ပါကင်ဆန်ရောဂါအတွက် ကုသနည်းမရှိတာကြောင့် စောစီးစွာ ရောဂါတွေ့ရှိဖို့က အရေးကြီးပြီး ဆေးဝါးများ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် လက္ခဏာထိန်းချုပ်စေနိုင်သလို ရောဂါဆိုးရွားလာမှုကို နှောင့်နှေးစေနိုင်ပါတယ်။
▪️ မိုင်လ်ဟာ သူမရဲ့ခင်ပွန်းဟောင်း လက်စ်ဆီကနေ ထူးထူးခြားခြား အနံ့တစ်မျိုးထွက်နေတာကို သတိထားမိခဲ့ပြီး အစကတော့ ချွေးနံ့ဆိုးလို့သာ ထင်ခဲ့ပါတယ်။
▪️ ဆယ်စုနှစ်တစ်ခုနီးပါး အကြာမှာတော့ လက်စ်ဟာ ပါကင်ဆန်ရောဂါဖြစ်ကြောင်း တွေ့ခဲ့ပါတယ်။
▪️ နောက်ပိုင်း ပါကင်ဆန်လူနာတွေအတွက် ကူညီထောက်ပံ့ရေးအဖွဲ့မှာ ရှိနေစဉ် တခြားလူနာတွေထံကနေ ထိုကဲ့သို့ အနံ့ထူးထူးဆန်းဆန်းကို သတိထားမိခဲ့ပါတယ်။
▪️ စကော့တလန် အီဒင်ဘာ့ဂ်တက္ကသိုလ်မှ ပါကင်ဆန်သုတေသီ တီလိုကူနက်သ်ထံ သွားခဲ့ပြီး သူမရဲ့အနံ့ခံအာရုံဖြင့် ပါကင်ဆန် အစောပိုင်းရှာဖွေမှုတွေမှာ ပါဝင်ကူညီခဲ့ပါတယ်။
▪️ သူမကို စမ်းသပ်ဖို့အတွက် သုတေသီတွေက ပါကင်ဆန်လူနာများ ညလုံးပေါက်ဝတ်ထားတဲ့ အင်္ကျီတွေနဲ့ ကျန်းမာရေးကောင်းသူတွေ ဝတ်ထားတဲ့ အင်္ကျီတွေကို ပေးခဲ့ပါတယ်။
▪️ မိုင်လ်က ထိုအင်္ကျီတွေကို အနံ့ခံပြီး အံ့ဩဖွယ်ကောင်းလောက်အောင် မှန်ကန်စွာ ခွဲခြားနိုင်ခဲ့ပါတယ်။
▪️ ဒါကြောင့် ပါကင်ဆန်ရောဂါ ရှိသူတွေမှာ ထူးခြားတဲ့ အနံ့တစ်မျိုးရှိနေနိုင်တယ်လို့ တီလိုက ပြောပါတယ်။
▪️ မိုင်လ်အနံ့ခံမိတဲ့ အနံ့ဟာ ရောဂါကြောင့်ဖြစ်လာတဲ့ အရေပြားအဆီကနေ ဓာတုပြောင်းလဲမှုဖြစ်တာနဲ့ ဆက်စပ်နေနိုင်တယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်နေပါတယ်။
#Source: New York Post
၈ ဧပြီ ၂၀၂၅
အမေရိကန်ပြည်ထောင်စု အခြေစိုက် အကျပ်အတည်းတုန့်ပြန်ရေး လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Samaritan's Purse ၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော်တွင် ယာယီ ဆေးရုံ ဖွင့်လှစ်ကာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးဝါးကုသပေးလျက် ရှိပါတယ်။
Samaritan's Purse သည် နေပြည်တော် ရွှေကြာပင် ဘောလုံးကွင်းနှင့်အားကစားရုံအတွင်းတွင် ယာယီ ဆေးရုံတစ်ရုံဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း နစက ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
ထိုအဖွဲ့သည် ဧပြီ ၇ ရက်က ငလျင်ဘေးသင့် အရိုးလူနာ (၄) ဦးကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုကဲ့သို့ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်းကို Samaritan's Purse ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ လူနာ ၁၀၀နီးပါးက ဆေးဝါးကုသခံဖို့စောင့်ဆိုင်းနေကြတဲ့အတွက် သူတို့ရဲ့ဆေးအဖွဲ့ဟာ ယာယီဆေးရုံ တည် ဆောက်မှုပြီးစီးအောင် မစောင့်ဘဲ အနီးနားက အဆောက်အဦတစ်ခုထဲမှာပဲ ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ Samaritan's Purse အဖွဲ့ကပြောပါတယ်။
မကြာမီမှာ ဒုတိယအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိလာမှာဖြစ်ပြီး အဲဒီအထဲမှာ ကယ်ဆယ်ရေးပစ္စည်းတွေက ၁၀၄တန်ကျော်ပါဝင်တယ်လို့ အဖွဲ့ကပြောပါတယ်။ အဲဒါတွေက ရေသန့်စင် စက် (၆)ခု၊ ဆိုလာမီးများ၊စောင်များ၊ခြင်ထောင်များနှင့် အခြားသော အရေးကြီးလိုအပ်သော ပစ္စည်းများ ပါဝင်တယ်လို့ ဆိုပါတယ်။
Samaritan’s Purse အဖွဲ့ဟာ မြန်မာနိုင်ငံတွင် ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းကယ်ဆယ်တုန့်ပြန်ရေး လုပ်ငန်းတွေမှာ လာရောက်ကူညီလုပ်ဆောင်ခဲ့ဖူးပြီး ၂၀၁၇မှ ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ခဲ့တယ်လို့သိရှိရပါတယ်။
April 8, 2025
Nay Pyi Taw - Samaritan's Purse, a U.S.-based crisis response and humanitarian organization, has opened a temporary hospital in Nay Pyi Taw, Myanmar, to provide medical treatment for those injured in the Mandalay earthquake.
According to a press release from the Ministry of Health, Samaritan's Purse has set up a temporary hospital inside the Shwe Kyarpin football field and sports complex in Nay Pyi Taw.
The organization successfully performed surgeries on four earthquake victims with bone injuries on April 7, as stated in the release.
Samaritan's Purse also confirmed the successful surgeries in its own press statement. Since nearly 100 patients were waiting for medical treatment, their medical team began providing care in a nearby building without waiting for the full construction of the temporary hospital.
A second batch of relief supplies is expected to arrive soon, including over 104 tons of aid, such as six water purification systems, solar lights, blankets, mosquito nets, and other essential items.
Samaritan’s Purse has previously assisted in Myanmar during the 2008 Cyclone Nargis relief efforts and maintained an office in the country from 2017 to 2022.
#ymg/knl
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အတိုင်ပင်ခံအကြီးအကဲ မူဟာမက်ယူနက်စ်က ပေကျင်းက သီးသန့်အင်တာဗျူးတစ်ခုအတွင်း တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးမှုအကြောင်း ပြောကြားရာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုရဲ့ အရေးပါမှုအကြောင်းကို ချီးကျူးပြောဆိုသွားပါတယ်။
#Asia_Politics
Published 08 Apirl 2025
#မူဟာမက်ယူနက်စ် #တရုတ်ရင်းနှီးမြှုပ်နှံမှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 08 Apirl 2025
၁။ ငလျင်ကြောင့် ကလေးများ ပုံမှန်ပြန်ဖြစ်ချိန်ကြာပါက ပညာရှင်များနှင့် ချိတ်ဆက်ရန် အကြံပြု
၂။ မြန်မာနိုင်ငံသားများအတွက် အလုပ်နှင့်သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်သက်တမ်း ၃လမှ ၆ လအထိတိုးမြင့်
၃။ တစ်ပတ်အတွင်း မန္တလေးအပါအဝင် ဒေသအများစု မိုးအသင့်အတင့်မှမိုးများနိုင်
၄။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံ့အကြီးအကဲ မူဟာမက်ယူနက်စ်ချီးကျူးပြောဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_8 April 2025
▪️ မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း (Wunna Theikdi Sports Complex) အတွင်းရှိ အားကစားရုံများကိူ နည်းပညာရှင်များဖြင့်ပြန်လည် ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ငလျင်ကြောင့် ဘောလုံးကွင်းနှင့် ပြေးလမ်းထိခိုက်ပျက်စီးခဲ့ရမှုများ၊ ပွဲကြည့်စင်နှင့် ဝင်ပေါက်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ယင်းနေရာသို့ ဧပြီလ ၇ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ယင်းက ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းရှိ အားကစားရုံများနှင့် အားကစားကွင်းများကိုပညာရှင်များဖြင့် စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင် ရွက်သွား ရန် အားကစားပွဲများကျင်းပချိန်တွင် အားကစားသမားများနှင့် ပရိသတ်များ အများအပြားလာ ရောက်ကြမည်ဖြစ်သဖြင့် ကြံ့ခိုင် မှုကို အလေးပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မီတာ ၄၀၀ ပြေးလမ်းနှင့် ပွဲကြည့်စင်များရှိ ထိုင်ခုံများကို စနစ်တကျဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် နစကဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
▪️ အလားတူအားကစားရုံများထိခိုက်ပျက်စီးမှု အနည်းငယ်သာဖြစ် ပေါ်ခဲ့သော်လည်း Indoor Games များကျင်း ပရာနေရာများဖြစ်သဖြင့် နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ကြံ့ခိုင်မှုအခြေအနေကို သိရှိနိုင်ရေး ဆောင် ရွက်သွား ရန် ၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် အဆောက်အဦ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေး၍ စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
▪️ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)နှင့်(B) ကို၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ဝဏ္ဏသိဒ္ဓိရေကူးကန်ကို ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
Page 134 of 1740