#Local_News
Published 10 April 2025
▪️ ငလျင်ဒဏ်သင့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင်(၂၀၀)ဆံ့ ယာယီဆေးရုံများကို ဧရာဝတီဖောင်ဒေးရှင်းကကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အလျင်အမြန် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအတွက် HDU (၁၂)ကုတင်ပါ ကုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၆)ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ကန်တော်နဒီပြည်သူ့ဆေးရုံအတွက် HDU (၆)ကုတင်ပါ ကုတင် (၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၈)ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင်မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံ ဖွင့်လှစ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 April 2025
▪️ ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team များဖြင့်လည်းကောင်း၊ ဘဏ်ခွဲဖွင့်လှစ်ပေး၍လည်းကောင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်နိုင်ရေးအပါအဝင် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ငွေကြေးစီးဆင်းမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ နှင့်ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (MFS) များမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်သူများ ငွေသားထုတ်ယူမှု လွယ်ကူအဆင်ပြေစေရေးအတွက် ATM များတွင် ငွေသားလိုအပ်ချက်ပံ့ပိုးနိုင်ရေး၊ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာငွေရေးကြေးရေး အဖွဲ့အစည်းများအလိုက် ရုံးပိတ်ရက်ရှည်များတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ အလှည့်ကျတာဝန်များ ချမှတ်စီစဉ်ရေး၊ ဘဏ်နှင့် ငွေကြေးလုံခြုံမှုအတွက် လုံခြုံရေးအစီအစဉ်များချမှတ်ရေး၊ ရုံးပိတ်ရက်ရှည်များအတွင်း Mobile Team များဖြင့်လည်းကောင်း၊ ဘဏ်ခွဲဖွင့်လှစ်ပေး၍လည်းကောင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုတွင် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သီးခြားဆောင်ရွက်ပေးမည့် အစီအစဉ်များတင်ပြရေး၊ နိုင်ငံခြားငွေကိစ္စရပ်များအပါအဝင် ပြည်ပရောက်မြန်မာလုပ်သားများ၏ လွှဲပြောင်းငွေများ အခက်အခဲမရှိ ပြန်လည်ထုတ်ပေးနိုင်ရေး၊ အင်အားပြင်းငလျင်ဒဏ်ခံရသည့် နေရာများရှိ ပြည်သူများ ဘဏ်ဝန်ဆောင်မှုလွယ်ကူမြန်ဆန်စွာ ရရှိနိုင်ရန် ပံ့ပိုးပေးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းငွေများ (မြန်မာ ကျပ်/ နိုင်ငံခြားငွေ) လွှဲပြောင်းဝင်ရောက်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စက်သုံးဆီဆိုင်များအပါအဝင် အခြားလက်လီ/လက်ကား ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များတွင် မြန်မာကျူအာ (MMQR) အသုံးပြု၍ လွယ်ကူစွာငွေပေးချေနိုင်ရေးဆောင်ရွက်ပေးမည့် ကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CBM– Net ကိုလည်းသင်္ကြန်ပိတ်ရက်များအတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အောင်ပန်းဒေသထွက်ရှမ်းကုန်တွေဖြစ်တဲ့ ကုန်စိမ်းနဲ့ ဒေသထွက်ကုန်တွေ ဟာ သယ်ယူပို့ဆောင်ချိန်ကြာမြင့်နေဆဲဖြစ်တာအပြင် သင်္ကြန်ကာလ နီးကပ်လာတာကြောင့် ရန်ကုန်ကိုတင်ပို့တာ နည်းပါးနေသေးတယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံတွေက သိရပါတယ်။
#Local_News
Published 10 Apirl 2025
#အောင်ပန်းဒေသထွက်ရှမ်းကုန် #အောင်ပန်းကုန်စိမ်းပွဲရုံ
#YMG/NN #Yangon_Times
မန္တလေးငလျင်နဲ့ သဘာဝဘေးသင့် ဒေသတွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ဘိလပ်မြေတွေကိုဘိလပ်မြေစက်ရုံ (မြိုင်ကလေး)နဲ့ ဘိလပ်မြေစက်ရုံ(ပြည်ညောင်)တို့ ကနေ စက်ရုံအထိုင်ဈေးနဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#စက်ရုံအထိုင်ဈေး #ဘိလပ်မြေများရောင်းချ
#YMG/NN #Yangon_Times
အမျိုးသမီးတွေအတွက် ပန်းရံသင်တန်းဖွင့်လှစ်သွားမယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#ပန်းရံသင်တန်းအခမဲ့ဖွင့် #အမျိုးသမီးများ
#YMG/SW #Yangon_Times
မြန်မာ့မီးရထားမှ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေအဆင်ပြေစေဖို့အတွက် အထူးရထားများ ပြေးဆွဲဝန်ဆောင်မှုပေးသွားမှာဖြစ်ရာ ဧပြီ ၁၁ ရက်မှစတင်ကာ ပြေးဆွဲပေးမယ်လို့ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#အထူးရထားခရီးစဉ် #သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်
#YMG/SW #Yangon_Times
#Local_News
Published 10 April 2025
▪️ ယခုလာမည့် သင်္ကြန်ကာလအတွင်း မန္တလေး အပါအဝင်ဒေသ အားလုံး၌နေရာကွက်၍ မိုးကြီးနိုင်သောကြောင့် မြေမြိုခြင်းနှင့်ရေကြီးခြင်းများကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ အသိပေးထားသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။
▪️ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ မနက်မှ ဧပြီ ၁၁ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင် ကြောင်းသိရသည်။
▪️ ထို့အပြင် ဧပြီ၁၂ရက်နေ့မှ ၁၇ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန် တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 April 2025
▪️ မြေငလျင်ကြောင့် ထိခိုက်ခံစားရသည့် ရပ်ရွာလူထုများကို ကူညီထောက်ပံ့ရန်၊ ဥရောပသမဂ္ဂ၏ သိုလှောင်ထားသော အရေးကြီးထောက်ပံ့ရေးပစ္စည်းများ ၅၅ တန်ကို တင်ဆောင်လာသည့် ဒုတိယမြောက်လေယာဉ်သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
▪️ ယခုရောက်ရှိလာသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်မှုတွင် အရေးပေါ်အမိုးအကာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် လိုအပ်နေသူများကို ကူညီရန် အခြားအရေးကြီးပစ္စည်းများ ပါဝင်ကြောင်း၊ထိုပစ္စည်းများအားမြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော အီတလီနိုင်ငံမှလူသားချင်းစာနာမှုအဖွဲ့အစည်းဖြစ်သော Cesvi Onlus သည် လိုအပ်မှုအပေါ်အခြေခံ၍ ထိုအထောက်အပံ့များကို သက်ဆိုင်ရာဒေသများသို့ စနစ်တကျ ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ လေယာဉ်ဖြင့်ပေးပို့သောထောက်ပံ့မှုသည် ဥရောပသမဂ္ဂ Humanitarian Air Bridge ၏ ဒုတိယအကြိမ်မြောက်ပေးပို့မှုဖြစ်ပြီး၊ ပထမ လေယာဉ် ဖြင့်တင်ဆောင်လာသည့် တန်ချိန် ၈၀ ခန့်ရှိသော ထောက်ပံ့ရေး ပစ္စည်းများသည် မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး လိုအပ်သူများထံ ဖြန့်ဝေပေးနိုင်ရန် UNICEF ထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊လေကြောင်းဖြင့်ပို့ဆောင်သော ပစ္စည်းများအပြင်၊ ဥရောပသမဂ္ဂမှ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၃၃ သန်းကို ထောက်ပံ့ရန် ချမှတ်ပြီးသားဖြစ်သည့်အပြင်၊ ယခု မြေငလျင်အရေးပေါ်တုံ့ပြန်မှုအတွက် ယူရို ၁၃ သန်းကို ထပ်မံ ထောက်ပံ့မည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 5 April 2025
▪️ ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖျက်အားပြင်း မန္တလေး ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းအထိ နောက်ဆက်တွဲငလျင် ကြိမ်ရေ ၁၁၃ကြိမ်အထိရှိလာကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည် မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူ၊ကျောက်တံခါး၊ ပင်လောင်း၊ပြင်ဦးလွင် အပါအဝင် ဒေသအနှံ့အပြား၌ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ယနေ့မတ်လ ၁၀ ရက် မနက်ပိုင်း၉ နာရီ ၂၃မိနစ်၄၈ စက္ကန့်အချိန်တွင်တောင်ငူမြို့၏ တောင်-အနောက်တောင် (၁၀)မိုင်ခန့်အကွာတွင် အနက် - ၃၃ ကီလိုမီတာ ရှိပြီးရစ်(ခ်) တာစကေး ၃ ဒဿမ ၄ အဆင့်ရှိ သည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယမန်နေ့ကလည်း မြစ်သား၊စဉ့်ကူးနှင့် မန္တလေးမြို့ အနီးတစ်ဝိုက်တွင် တစ်ရက်တည်း ငလျင် ၅ ကြိမ်အထိလှုပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Business
Published 10 April 2025
▪️ ပြီးခဲ့တဲ့နှစ်အတွင်း စင်္ကာပူမှာ စားသောက်ဆိုင်များ ပိတ်သိမ်းလာကြကာ လမ်းဘေးဈေးဆိုင်များ၊ အလယ်အလတ်ဆိုင်များ၊ မစ်ရှယ်လင်ကြယ်ရ စားသောက်ဆိုင်များအထိ ပါဝင်နေပြီး ဒါဟာ စရိတ်စကများ မြင့်တက်လာခြင်းနဲ့ လူတွေ သုံးဖြုန်းမှု လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်နေပါတယ်။
▪️ အစားအသောက် လုပ်ငန်းကဏ္ဍတွေ ပိတ်သိမ်းလာရခြင်းက ၂၀၂၂ နဲ့ ၂၀၂၃ အတွင်း တစ်လကို ၂၃၀ ခန့်၊ ၂၀၂၄ မှာ တစ်လကို ၂၅၄ ဆိုင်ခန့်ရှိခဲ့ရာကနေ ယခုနှစ်မှာ တစ်လကို ၃၀၇ ဆိုင်အထိ ပျမ်းမျှရှိလာကြောင်း အစိုးရအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
▪️ Wine RVLT တွဲဖက်တည်ထောင်သူ အယ်ဗင်ဂိုက ဩဂုတ်လ ဆိုင်ခန်းငှားရမ်းသက်တမ်း ကုန်ဆုံးတဲ့အခါ ထပ်မံတိုးသွားတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
▪️ သူ့ဆိုင်ဟာဆိုရင် စင်္ကာပူမှာ ဆယ်စုနှစ်တစ်ခုနီးပါးလောက် သဘာဝဝိုင်တွေ စားစရာတွေနဲ့ တည်ခင်းဧည့်ခံပေးခဲ့တာ ဖြစ်ပါတယ်။
▪️ ၂၀၂၃ ဇွန်လလောက်တည်းက အခြေအနေမကောင်းဖြစ်နေပြီး ငှားရမ်းခ၊ ဝန်ထမ်းလစာ၊ ကုန်ကြမ်းထောက်ပံ့စရိတ်တွေ ပေးချေဖို့ ငွေဖြည့်နေရတယ်လို့ ဆိုပါတယ်။
▪️ တခြားဆိုင်လုပ်ငန်းတွေလိုပဲ ဂိုရဲ့လုပ်ငန်းဟာလည်း ဈေးနှုန်းမြင့်တက်လာတဲ့ ကုန်ပစ္စည်းများ၊ အခန်းငှားရမ်းခ၊ ဝန်ထမ်းလစာများကြောင့် ထိခိုက်လာသလို ကိုဗစ်ကပ်ရောဂါနောက်ပိုင်း လာရောက်စားသောက်ကြတဲ့ ဖောက်သည်တွေ နည်းပါးလာပါတယ်။
▪️ ၂၀၂၄၊ ၂၀၂၅ တို့မှာ ဆိုင်ပိတ်သိမ်းတဲ့ အရေအတွက်က အသစ်ဖွင့်လာတဲ့ ဆိုင်အရေအတွက်ထက် ပိုများလာပါတယ်။
▪️ ကုန်ကျစရိတ်နည်းပါးတဲ့ လမ်းဘေးဆိုင်ကစလို့ Smoke & Mirrorsလိုမျိုး rooftop bar ၊ Art di Daniele Sperindio နဲ့ Sommer and Braci တို့လို မစ်ရှယ်လင်ကြယ်ရ စားသောက်ဆိုင်များအထိပါ ပိတ်သိမ်းလာကြပါတယ်။
▪️ အခုလိုပိတ်သိမ်းလာရတဲ့ အခြေအနေက စင်္ကာပူရဲ့ အချက်အပြုတ် အမွေအနှစ်နဲ့ အာရှရဲ့ အစားသောက်မြို့တော်ကြီးဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ဆုံးရှုံးလာနိုင်တယ်လို့ အစားအစာဘလော့ဂါ ဆက်သ်လူဝီက ပြောပါတယ်။
▪️ ၁၁ နှစ်အတွင်း ၆ ဆိုင်မြောက်ဖွင့်လာတဲ့ Club Street Laundry စားသောက်ဆိုင် ပူးတွဲပိုင်ရှင် ဂျေးဂရေးကတော့ စင်္ကာပူဈေးကွက်ကို ယုံကြည်ပြီး အရေးအကြီးဆုံးဖြစ်တဲ့ ဧည့်ဝတ်ကျေမှုကို အလေးထားရင် လုပ်ငန်းတည်မြဲနိုင်မယ်လို့ ယုံကြည်နေပါတယ်။
#Source: Reuters
၁၀ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံ အစိုးရ၊ ပြည်သူများနှင့် မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးမှ သက်ဆိုင်သူများကို အပြုသဘော ဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံသွားဖို့ ကတိပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Abhay Thakur ကပြောကြားလိုက်ပါတယ်။
ဧပြီလ ၉ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အိန္ဒိယစင်တာတွင်ကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီတည်ထောင်သည့် ၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ အခမ်းအနား၌ အိန္ဒိယ သံအမတ်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ ဆက်ဆံရေးသည် ရှေးကျပြီး၊ ခိုင်မြဲကာ နက်ရှိုင်းစွာ အမြစ်တွယ်နေတယ် လို့ သံအမတ်ကြီးကပြောပါတယ်။ တူညီတဲ့ ဘာသာရေးဆိုင်ရာအမွေအနှစ်များ၊သမိုင်းဝင်ကုန်သွယ်မှု လမ်းကြောင်းများနှင့် အနုပညာ၊ စာပေနှင့် ဒဿနိကဗေဒတို့တွင် ဖလှယ်မှုများသည် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်နွှယ်မှုကို သက်သေထူနေတယ်လို့လည်း သူကဆက်ပြောပါတယ်။
အိန္ဒိယ၏ အဓိကမူဝါဒသုံးရပ်ဖြစ်သည့် အိမ်နီးချင်းပထမ၊ အရှေ့နှင့်ထိတွေ့ဆက်ဆံရေး နှင့် အင်ဒို-ပစိဖိတ်- မြန်မာ စသည့်မူဝါဒတို့ဆုံစည်းရာတွင်တည်ရှိသည့် မြန်မာနိုင်ငံသည် အိန္ဒိယအတွက် အမှန်တကယ် အထူးနေရာတစ်ခုဖြစ်တယ်လို့ သံအမတ်ကြီးက အလေးပေးပြောဆိုပါတယ်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် အိန္ဒိယ၏ ပံ့ပိုးကူညီမှုသည် ခိုင်မာလျက်ရှိနေတယ်လို့ အိန္ဒိယသံအမတ်ကြီးက ပြောကြားလိုက်ပြီး နိုင်ငံတော် တည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် သို့မဟုတ် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်မှုများစတဲ့ အတွေ့အကြုံများမျှဝေခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်းစတာတွေမှာ အိန္ဒိယက ကူညီမှုပေးနေတယ်လို့ သူကဆက်ပြောပါတယ်။
မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်သည် လူနေမှုဘဝ၏ ပျက်ဆီးလွယ်သောသဘာဝကို ပြတ်ပြတ် သားသား သတိရစေပြီး ယခုလိုအချိန်မျိုးတွင် အိန္ဒိယ-မြန်မာ စည်းလုံးညီညွတ်ရေး စိတ်ဓာတ် အစစ် အမှန် ကို မြင်တွေ့နေရတယ်လို့ အိန္ဒိယသံအမတ်ကြီးကပြောကြားပါတယ်။ အဲဒီအပြင် သံအမတ်ကြီးက အိန္ဒိယအစိုးရက မြန်မာငလျင်ကြီးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်များကို လည်း ကိန်းဂဏန်းအချက်အလက်များနှင့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။
Indian Council for Cultural Relations (ICCR)ကို အိန္ဒိယအစိုးရက ၁၉၅၀ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင်အိန္ဒိယနိုင်ငံ၏ ပြင်ပယဉ်ကျေးမှု ဆက်ဆံ ရေးနှင့်သက်ဆိုင်သည့် မူဝါဒများနှင့်အစီအစဉ်များ ကိုရေးဆွဲအကောင်အထည်ဖော်ရန်၊အိန္ဒိယနှင့်အခြားနိုင်ငံများအကြား ယဉ်ကျေးမှု ဖလှယ်မှုများပြုလုပ် ခြင်းဖြင့် အပြန်အလှန် နားလည်မှု မြှင့်တင်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၄-၂၅ ခုနှစ်များအတွင်း၊ ရန်ကုန်မြို့ရှိ ICCR ၏ Swami Vivekanand Cultural Center မှတဆင့် မြန်မာနိုင်ငံမှ အနုပညာရှင် ၂၈ ဦးသည် အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့တဲ့Kullu Dussehra ပွဲတော်၊ Surajkund Mela နှင့် Ramayan ဖျော်ဖြေပွဲများသို့တက်ရောက်ခဲ့ကြပါတယ်။ရာမာယနပန်းချီပြပွဲကို ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြသခဲ့ပါတယ်။မြန်မာနိုင်ငံမှ ကျောင်းသားများနှင့် သင်တန်းသားများအား သင်ကြားပို့ချပေးသည့် ရေတိုရေရှည်သင်တန်း စုစုပေါင်း ၄၂၁ ခု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တက္ကသိုလ်ပညာသင်ဆု ၃၉ ခုကို ICCR မှ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားတွင် ICCR ကျောင်းသူကျောင်းသားဟောင်းများဖြစ်ခဲ့ကြသည့် နိုင်ငံတာဝန်ကြီးများ လက်ရှိ ထမ်းဆောင်နေကြသူ (၅)ဦးတို့က အမှတ်တရစကားများကို ရုပ်သံဗွီဒီယိုဖြင့်ပြောကြား ခဲ့ကြပြီး မြတ်စွာ ဘုရားရှင်၏ မဟာဗုဒ္ဓဝင်ဇာတ်တော်ကို Bharatnatyamအကဖြင့် သရုပ်ဖော်ကပြသကာ မြန်မာ့ရိုးရာ သင်္ကြန်တေးသီချင်းဖြင့် အိန္ဒိယ၏ ယောဂသရုပ်ပြသမှုတို့ကိုဖန်တီး တင်ဆက်ခဲ့ကြောင်းသိရှိရပါတယ်။
#ymg/knl
#Local_News
Published 10 Apirl 2025
▪️ MAI လေကြောင်းလိုင်းမှနေပြည်တော်သို့ ယမန်နေ့ကစတင်ပြီး ပြန်လည်ပြေးဆွဲနေကြောင်း သိရသည်။
▪️ ထိုသို့ပြေးဆွဲရာတွင် MAI သည် ဧပြီလ ၉ ရက်နေ့မှစ၍ နေပြည်တော်သို့လည်းကောင်း ခရီးစဉ်များကို ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိပြီး ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့မှစ တင်၍လည်း မန္တလေးသို့ပုံမှန်ပြန်လည်ပြေးဆွဲနေပြီ
ဖြစ်သည်။
▪️ ထို့ကြောင့် ခရီးသည်များအနေဖြင့် မန္တလေးမှတဆင့် ဟုမ္မလင်း၊ ကလေး၊ ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနားနှင့် ပူတာအိုအပါအဝင် ပြည်တွင်းမြို့ကြီးများသို့ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်သည်။
▪️ ထို့အပြင် နိုင်ငံတကာခရီးစဉ်များအနေဖြင့် ရန်ကုန်မှတစ်ဆင့် ဘန်ကောက် (သုဝဏ္ဏဘူမိနှင့် ဒွန်မောင်း) နှင့် စင်္ကာပူသို့လည်း အလွယ်တကူခရီးဆက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 132 of 1740