#LocalNews
Published _5 August 2022
မလေးရှားနိုင်ငံ KLIA ထိန်းသိမ်းရေးစခန်းနှင့် BELANTIK ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၉၈ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံပြန်ပို့ခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတွေဟာ ပြစ်ဒဏ်ကျခံပြီးထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံရပြီး ယင်းထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား အထောက်အထားပြည့်စုံသူများကို မြန်မာသံရုံးအစီအစဉ်ဖြင့်နေရပ်ပြန်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းမှ သွားရောက်သည့် မြန်မာနိုင်ငံသားများဟာ မလေးရှား-ထိုင်းနယ်စပ်မှာ အဖမ်းခံရမှုတွေလည်း မကြာခဏဖြစ်ပွားနေလျက်ရှိသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 5 Aug 2022
အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှစ၍ ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိရာ ဒီကနေ့နံနက်ပိုင်းက ကျင်းပတဲ့ ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြတ်နိုးအိမ်က ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာတက္ကသိုလ် အားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ရယူပေးခဲ့တဲ့ မမြတ်နိုးအိမ်သည် မန္တလာတက္ကသိုလ် စတုတ္ထနှစ်သမိုင်းဘာသာရပ်အထူးပြု ကျောင်းသူတစ်ဦးဖြစ်ပြီး မြန်မာတက္ကသိုလ် ဝူရှူးအားကစားအဖွဲ့အနေဖြင့် ဝူရှူး အားကစားနည်း (၄) မျိုးကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရပါတယ်။
ထို့ပြင် အာဆီယံတက္ကသိုလ်အားကစားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီကနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းနှင့် လာအိုနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၄ ဂိုး ၃ ဂိုး (ပင်နယ်တီအဆုံးအဖြတ်)ဖြင့် အနိုင်ရရှိကာ တတိယဆု ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group.
Published 5 August 2022
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရဲ့ အရှေ့တောင်ပိုင်း ချွန်ဘူရီပြည်နယ်က နိုက်ကလပ်တစ်ခုမှာ ယနေ့ ဩဂုတ် ၅ ရက် သောကြာနေ့ မနက်စောစော တစ်နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ယခုအချိန်ထိ လူပေါင်း ၄၀ခန့်အထိသေဆုံးပြီး အများအပြားဒဏ်ရာရကြတယ်လို့ ဆင်ဟွာနှင့်ရိုက်တာသတင်းများအရသိရပါတယ်။
ဆက်တာဟစ် ခရိုက်က Mountain B နိုက်ကလပ်မှာ မနက်၁နာရီကစတင် မီးလောင်တာကို ဖုန်းသတင်းအရသိရှိရတယ်လို့ ရဲမှူးကြီး ဝစ်တီပေါင် ဆွမ်ဂျိုင်က ပြောပါတယ်။ လောလောဆယ်သတင်းများအရ သေဆုံးသူတွေဟာ ထိုင်းနိုင်ငံသားတွေလို့ သိရပါတယ်။ ရိုက်တာက သေဆုံးသူ ၁၃ ဦးနှင့်ဒဏ်ရာရသူ ၃၅ ဦးလို့ သတင်းရေးသားပေမယ့် နောက်ဆုံးရ ဆင်ဟွာသတင်းမှာတော့ ထိုင်းဒေသခံမီဒီယာတွေကို ကိုးကားပြီး သေဆုံးသူ ၄၀ဦးအထိရှိလာပြီလို့ ဖော်ပြထားတာဖြစ်ပါတယ်။
Source: Reuters/Xinhua.. Video_Tiktok @asc.Thailand
#Local_News
Published -4 August 2022
ပြည်ပကို ငါးတင်ပို့သူတွေအနေနဲ့ နိုင်ငံခြားငွေလဲနှုန်းသတ်မှတ်ချက်၊ စက်သုံးဆီလိုအပ်ချက်တွေကြောင့် ပြည်ပကိုရေထွက်ကုန်တင်ပို့တဲ့နေရာမှာ အခက်အခဲတွေ့နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Wildlife
Published 4 August 2022
ကမ္ဘောဒီးယားနိုင်ငံ အန်ကာဝတ်ဘုရားကျောင်းအနီးက သစ်တောထဲကနေ မျိုးသုဉ်းအန္တရာယ်ရှိနေတဲ့ မျောက်မျိုးစိတ်တွေရဲ့အသံတွေကို ကြားနေရပါတယ်။
#Yangon_Media_Group
Published 4 August 2022
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အရှေ့ပိုင်းကမ်းခြေမှာ စပမ်းဝေလငါးကြီးတစ်ကောင် သောင်တင်ပြီး သေဆုံးနေတာ တွေ့ကြရပါတယ်။ အဲဒီဝေလငါးကြီးဟာ ၅၆ ပေ ရှည်လျားပြီး အစပထမမှာ ဆိပ်ကမ်းတစ်ခုအနီး အသက်ရှင်လျက် သောင်တင်နေတာတွေ့ခဲ့ကြရပြီး နောက်တစ်ရက် ဒေသခံတွေက ကယ်တင်ဖို့ ရောက်မလာခင် မှာ သေဆုံးသွားတာဖြစ်ပါတယ်။
Source AFP
#Sperm_Whale
#Java_Indonesia
#Nature
#Local_News
Published _4 August 2022
အမေရိကန် ဒေါ်လာဈေးမြင့်တက်လာမှုနဲ့အတူ ပို့ကုန်တင်ပို့မှု မူဝါဒ ကန့်သတ်ချက်တွေကြောင့် ပြည်ပကို တင်ပို့ရန်ကျန်ရှိနေသေးတဲ့ ပြောင်းတန်ချိန် စုစုပေါင်း ၂သိန်းကျော် ပြောင်းကုန်သည်တွေဆီ ကျန်ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA အဖွဲ့ဝင်တွေက ဖမ်းသွားတာ နှစ်ညရှိပြီ ဖြစ်ပေမဲ့ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို အခုထိ မသိရသေးဘူးလို့ ALP ရဲ့ တာဝန်ရှိသူက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းအတွင်းမှာ သံဃာတော်တစ်ပါးရဲ့ ရုပ်အလောင်းကို မနေ့က သြဂုတ်လ ၃ ရက်နေ့မှာ သန့်ရှင်းရေးလုပ်သားတွေက တွေ့ရှိခဲ့တာပါ။
#Yangon_Media_Group
Published 4 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းစစ်တိုင်းလက်အောက်က ဒုံးပျံတပ်ဖွဲ့ဟာ ကြာသပတေးနေ့က လေ့ကျင့်ရေးလှုပ်ရှားမှုအဖြစ် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ဖက်ကမ်းခြေက ကြိုတင်သတ်မှတ်ထားတဲ့ နေရာတွေကနေ ဒုံးကျည်တွေကို လက်တွေ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲသလိုပစ်ခတ်မှုမှာ ပစ်မှတ်တွေအားလုံးကို တိတိကျကျထိမှန်ခဲ့တယ်လို့ တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ဗိုလ်မှူးကြီး ရှီယီကပြောပါတယ်။
နေရာပေါင်းစုံကနေ သမားရိုးကျ ဒုံးကျည်မျိုးစုံကို တိကျစွာထိမှန်မှုနှင့် area denial တို့အတွက် စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးရှီကပြောပါတယ်။
ဒုံးပျံတပ်ဖွဲ့ဟာ လေ့ကျင့်ပစ်ခတ်မှုတွေအားလုံး အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးရှီကဆက်ပြောပါတယ်။
Source: CCTV +
#China_Live_Fire_Missile
#China_Taiwan_Tension
#Military_drill_China
#DailyNews
Published - 4 August 2022
၁။ စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်း၌ သံဃာတော်တစ်ပါး၏ ရုပ်အလောင်းတွေ့ရှိ
၂။ ALP ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် ကျောင်းသားတစ်ဦးအဖမ်းခံရသည့် ကိစ္စအကြောင်းရင်း မသိရသေး
၃။ ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိသည့် ပြောင်းတန်ချိန် ၂ သိန်းကျော် ပြည်တွင်း၌ ကျန်ရှိနေ
၄။ ကမ္ဘောဒီးယားအန်ကာဝတ်တောထဲတွင် မျိုးသုဉ်းအန္တရာယ်ရှိနေသည့် မျောက်လွှဲကျော်မျိုးစိတ် ပြန်လည်ရှင်သန်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ဝေဘာဂီဆေးရုံကြီးမှာ HIV ပိုးရှိတဲ့ ကလေးတွေကို ARTဆေး အခမဲ့ထုတ်ပေးနေတယ်လို့ ဝေဘာဂီဆေးရုံကြီးက ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာခင်ခင်ထားက ပြောပါတယ်၊၊
#Yangon_Media_Group
Page 1740 of 2053