#LocalNews
Published - 14 June 2022
သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီးရှိ ပဲခူးမြစ်အတွင်း ရေလယ်ကျွန်း အပန်းဖြေစခန်း စီမံကိန်း အကောင်အထည်ဖော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
"ရေပင်လယ်ကျွန်း အပန်းဖြေစခန်းစီမံကိန်းဆောင်ရွက်ဖို့အတွက် တင်ပြထားတယ်။ အခုကတော့ ရေလယ်အပန်းဖြေစခန်းတည်ဆောက်ဖို့ ဖြစ်နိုင်စွမ်းမြစ်ချောင်း လေ့လာဆန်းစစ် အကဲဖြတ်မှုနဲ့ ရေအရင်းအမြစ် သုံးစွဲမှုတွေကို လေ့လာဆန်းစစ်နေတုန်းပဲရှိသေးတယ်"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောသည်။
အဆိုပါ ရေလယ်ကျွန်းအပန်းဖြေစခန်း စီမံကိန်းတွင် အပျော်စီးသင်္ဘော ( River Cruise) ခရီးစဉ်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ ပါဝင်သည့် စားသောက်ဆိုင်များ၊ သစ်ပင်ပန်းမန်နှင့် သီးနှံပင်များ စိုက်ပျိုးထားရှိမည့်စိုက်ခင်းများ၊ မြန်မာမှုလက်ရာများဖြင့် ပြုလုပ်ထားသော နားနေဆောင်များနှင့် နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစား လေ့လာနိုင်မည့်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရေလွှာလျှော၊ ရေကန်၊ မြက်ခင်းတု၊ မြင်းစီးကွင်းများအပါအဝင် အဆင့်မြင့် ဟိုတယ်တစ်လုံးပါ ထည့်သွင်း တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ရေပင်လယ်ကျွန်း အပန်းဖြေစခန်းကို ရေပေါ်တွင် တည်ဆောက်ရန် မြစ်ချောင်း လေ့လာဆန်းစစ် အကဲဖြတ်မှုနှင့် ရေအရင်းအမြစ်သုံးစွဲမှုများကို လေ့လာဆန်းစစ်နေသည်ဟုလည်း သိရသည်။
ရေပင်လယ်ကျွန်းအပန်းဖြေစခန်း တည်ဆောက်ပြီးစီးပါက ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ရန်ကုန်မြို့၏ မြစ်ကြောင်း တစ်လျှောက်ရှိ နေဝင်ချိန်ဆည်းဆာအလှကို မြစ်တွင်းအပျော်စီးသင်္ဘောခရီးစဉ်ဖြင့် ကြည်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldHealth
Published 14 June 2022
ကလေးမိခင်တစ်ဦးဟာ တစ်နေ့ကို ခဏတာလေဖြတ်ခြင်းမျိုး ၁၅ ကြိမ်လောက်ခံစားနေရကာ အသက်ဆုံးရှုံးမှာကိုတွေးပူပြီး သူ့ကလေးအတွက်နှုတ်ဆက်စာတောင် ရေးသားခဲ့ပါတယ်။
အဲဒီနောက် ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အသက်ဆက်ရှင်သန်ခဲ့ပါတယ်။
အိုဟိုင်ယိုပြည်နယ်မှ အသက် ၃၉ နှစ်အရွယ်'ကိတ်ဆစ်ပယ်'ဟာ ကိုယ်ဝန်ဆောင်ပြီးနောက် ကြံ့ခိုင်မှုအားနည်းခဲ့ပြီး အစောပိုင်းဝေဒနာလက္ခဏာများ ခံစားခဲ့ရပါတယ်။
သူ့ရဲ့သားယောက်ျားလေးကို မွေးဖွားပြီး ၃ လအကြာမှာတော့ ကလေးအမေဟာ အိမ်မှာနေရင်းလဲကျသွားခဲ့ပြီး စက္ကန့် ၃၀ လောက်ကြာအောင် အကြောသေသွားခဲ့ရာ အရေးပေါ်ဌာနသို့သွားရောက်ခဲ့ရပါတယ်။
ဆရာဝန်တွေကတော့ မိခင်ဖြစ်သူဟာ ဗိုက်ခွဲမွေးပြီးနောက် ကလေးအမေတစ်ယောက်ဖြစ်လာရခြင်းရဲ့ စိတ်ဖိစီးမှုများကြောင့်ဖြစ်မယ်လို့ အစပိုင်းက ယူဆထားကြပါတယ်။
တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်တဲ့'ဆစ်ပယ်'က အခြားဆရာဝန်များနဲ့ ရောဂါရှာဖွေစစ်ဆေးကြည့်ရာမှာ ဦးခေါင်းအနောက်ဘက်က သွေးကြောများကျဉ်းမြောင်းပိတ်ဆို့ခြင်းကြောင့် လေဖြတ်ခြင်းခံစားရတာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။
ဦးနှောက်ထဲမှာ သွေးလည်ပတ်စီးဆင်းမှုကောင်းမွန်အောင် ယခုနှစ်အတွင်းခွဲစိတ်ပြီးတဲ့အခါမှာတော့ ခဏတာလေဖြတ်ခြင်းဝေဒနာ သက်သာသွားခဲ့ပါတယ်။
သူ့ကိုကုသပေးတဲ့ ကလိဗ်လန်းဆေးခန်းမှဆရာဝန်များက ကလေးအမေဟာ ကိုယ်ဝန်ဆောင်ရခြင်းကြောင့် ဒီလိုအခြေအနေဖြစ်ပေါ်စေတာမဟုတ်ပေမယ့် ကိုယ်ဝန်ဆောင်ခြင်းကြောင်း ပိုမိုဆိုးရွားလာတတ်ကြောင်း ရှင်းပြခဲ့ပါတယ်။
အမေရိကန်လူမျိုး ၁ သန်းမှာ တစ်ယောက်ကဦးနှောက်သွေးကြောပိတ်ခြင်းမျိုး ကြုံတွေ့ရတတ်ပြီး အမျိုးသမီးတွေမှာပိုအဖြစ်များကြောင်း ဂျွန်စ်ဟော့ပ်ကင်းစ်ဆေးကုသစင်တာက ပြောကြားလိုက်ပါတယ်။
သွေးလွှတ်ကြောပိတ်ဆိုရတဲ့အကြောင်းအရင်းကို သေချာမသိရသေးပေမယ့် မျိုးရိုးဗီဇနဲ့သက်ဆိုင်နေနိုင်ပါတယ်။
ဒီဝေဒနာဖြစ်ပွားသူတွေမှာ ခဏတာလေဖြတ်ခြင်းမျိုးအပြင် ခေါင်းကိုက်ခြင်း၊ စကားပြောဆိုဆက်ဆံဖို့ခက်ခဲခြင်း၊ လူနဲ့စိတ်နဲ့မကပ်တဲ့ လှုပ်ရှားမှုမျိုးဖြစ်ခြင်းတို့ ခံစားရနိုင်ပါတယ်။
ခံစားရတဲ့ လူအများအပြားမှာတော့ သွေးကျဲဆေးအသုံးပြုပြီး ဦးနှောက်ကိုသွေးရောက်ရှိမှုကောင်းမွန်အောင် ကုသနိုင်ပေမယ့် အချို့လူတွေမှာတော့ ခွဲစိတ်ကုသမှသက်သာနိုင်ပါတယ်။
ကုသမှုမခံယူခင်က သူ့ရဲ့ကလေးအတွက် နှုတ်ဆက်စာရေးသားထားရာမှာ 'သားကိုနေ့တိုင်းထွေးပွေ့နမ်းရှု့ချင်ပေမယ့် အဲဒီလိုမလုပ်နိုင်တာတောင်းပန်ပါတယ်၊ အသက်တွေကြီးလာပြီး အမေကိုယ်တိုင်ထိန်းကျောင်းပေးချင်သေးတယ်၊ သားကိုအမေချစ်တယ်' လို့ ရေးသားခဲ့ပါတယ်။
အဲဒီနောက်ဦးနှောက်နဲ့ အာရုံကြောအထူးကုဆီသွားပြီးပြသရာမှာ ဦးနှောက်သွေးကြောကျဉ်းရောဂါဖြစ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
အစက သွေးကျဲဆေးပေးပြီးကုသပေမယ့် ဝေဒနာသက်သာခြင်းမရှိရာ အိုဟိုင်ယိုရှိ ကလိဗ်လန်းဆေးခန်းသို့ ရောက်ရှိလာပါတယ်။
အဲဒီကဆရာဝန်တွေက ခွဲစိတ်မှုပြုလုပ်ပြီးနောက် ၂ ရက်အကြာမှာ ဆေးရုံဆင်းခဲ့ရပြီး အဲဒီနောက်ပိုင်း နောက်ထပ်လေဖြတ်ခြင်းမျိုးမခံစားရတော့ပါဘူး။
Source: DailyMail
#Yangon_Media_Group
#WorldNews
Published 13 June 2022
ကမ္ဘာ့အကြီးဆုံး နွားရိုင်းသတ်ကွင်းကြီးဖြစ်တဲ့ မက္ကဆီကိုပလာဇာမှာ နွားရိုင်းသတ်ပွဲပြုလုပ်ခြင်းကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ပိတ်ပင်လိုက်ကြောင်း အစိုးရတရားသူကြီးတစ်ဦးက သောကြာနေ့မှာ အမိန့်ချခဲ့ပါတယ်။
#Yangon_Media_Group
Published 13 June 2022
ဂျပန်နိုင်ငံ ကာဝါဆာကီအကြီးစားစက်မှုလုပ်ငန်းက အင်ဂျင်နီယာတွေဟာ သူတို့ရဲ့ နောက်ဆုံးတီထွင်တဲ့ စီးနင်းလို့ရတဲ့ ခြေလေးချောင်းသွား စက်ရုပ်တစ်ရုပ်ကို ထုတ်ဖော်ပြသလိုက်ကြပါတယ်။
စက်ရုပ်ကို ဥရောပ၊အာရှနှင့် အာဖရိက အရှေ့မြောက်ပိုင်းက တောင်တန်းတွေမှာ တွေ့ရတတ်တဲ့ အိုင်ဘက်စ်လို့ခေါ်တဲ့ ဆိတ်ရိုင်းမျိုးစိတ်တစ်မျိုးရဲ့ ပုံံစံ ဖန်တီးထားခြင်းဖြစ်ပါတယ်။
စက်ရုပ်အမည်ကိုတော့ ဘက်ဇ် Named "BEX"လို့ အမည်ပေးထားပြီး အဲဒီနမူနာစက်ရုပ်ဟာ ကြမ်းတမ်းပြီး မပြေပြစ်တဲ့ မြေပြင်အနေအထားတွေမှာ ဖြတ်သန်းသွားလာနိုင်ပါတယ်။အဲဒီအပြင် လေးလံတဲ့ပစ္စည်းတွေကိုလည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနှင့် လယ်ယာလုပ်ငန်းတွေမှာ သယ်ဆောင်ပေးပို့နိုင်ပါတယ်။ လူတွေကိုလည်း တင်ဆောင်သယ်ပို့နိုင်ပြီး သူတို့ရဲ့နေရာတွေမှာ အလုပ်တွေ လုပ်ကိုင်နိုင်ပါတယ်။ အခုတီထွင်လိုက်တဲ့ စက်ရုပ်ဟာ ဂျပန်ရဲ့ သက်ကြီးရွယ်အို လူအဖွဲ့အစည်းကို ကူညီပေးနိုင်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ အသက်အရွယ်ကြီးရင်တဲ့လူ့အဖွဲ့အစည်းဟာ ခပ်မြန်မြန်ကြီးထွားလာနေလို့ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာကြိးတွေ ဖြစ်ပေါ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လျော့နည်းလာတဲ့ ငယ်ရွယ်သူအုပ်စုက ကြီးမားလာတဲ့ အသက်ကြီး အုပ်စုတွေကို ကူညီထောက်ပံ့ပေးနေရလို့ဖြစ်ပါတယ်။
ဂျပန်လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အသက်၆၅နှစ်အထက်ဖြစ်ပါတယ်။ အများစုမှာ အမျိုးသမီးတွေဖြစ်ပြီး လာမယ့် ဆယ်စုနှစ်တွေမှာ ပိုပြီးများလာမယ့် အနေအထားမှာရှိနေပါတယ်။
Source AFP
#LocalNews
Published - 13 June 2022
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO)ရဲ့ပရော်ဂျက်မရလိုက်တဲ့အတွက် ကိုဗစ်အတွက်ဆေးဘက်ဝင်တဲ့ ဆေးခါးကြီးပင်ကို ကျယ်ကျယ်ပြန့်ပြန့်မစိုက်ပျိုးတော့နိုင်ဘဲ တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_13 June 2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဥရုချောင်းရေလျှံ၍ ရေဘေးသင့်သူ ၂၂၀၀ ကျော်ထိ ရှိလာကြောင်း Coln Foundation က သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်မှစကာ မိုးဆက်တိုက်ရွာသွန်းသောကြောင့် ဥရုချောင်းရေလျှံလာသဖြင့် လူနေအိမ်များ ရေနှစ်မြှုပ်ခဲ့သည့်အတွက် ဖားကန့်ကျောက်ဝိုင်း၊ ငှက်ပျောတော ၊မရှီကထောင် ရပ်ကွက်အပါအဝင် ဖားကန့်မြို့နယ် မြို့ပေါ် ငါးရပ်ကွက်မှ လူနေအိမ်များ ရေနစ်မြုပ်၍ ရေဘေးသင့်ပြည်သူများ ၂၂၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
"ရေးဘေးသင့်ပြည်သူ မိသားစုဝင်၂၂၀၀ ကျော်အတွက် ထမင်းဘူး ၊ ရေသန့်တွေကို မနက်ရောညပါ စီစဉ်ထားရှိပြီးပါပြီ၊ထမင်းရေသန့် တစ်နပ်စာကို ငွေကျပ် ၂၅ သိန်းပါ။အလှူရှင်တွေကလှူကြပါတယ်၊လောလောဆယ်တော့ လှူနေသူတွေရှိလို့ ကျေးဇူးတင်ပါတယ်"ဟု ကွန်းဖောင်ဒေးရှင်း ပရဟိတအသင်း တာဝန်ရှိသူက ပြောသည်။
ဖားကန့်မြို့တွင် နှစ်စဉ်မိုးရာသီကျရောက်သည့်အချိန်တိုင်း မိုးဆက်တိုက်ရွာသွန်းပါက ဥရုချောင်းရေ စိုးရိမ်ရေမှတ်ကိုရောက်ရှိကာ ရေလျှံ၍ လုံးခင်း၊ဖားကန့်၊ဆိုင်းတောင် ရပ်ကွက်များ ရေမြုတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_13 June 2022
ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းအတွင်း ပြုတ်ကျသေဆုံးသွားသည့် လူသုံးဦး၏ ရုပ်အလောင်းရှာဖွေရေးရပ်နားလိုက်ပြီဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များက သိရသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီခန့်က ဖားကန့်ဆေးရုံသို့ လသားအရွယ်ကလေးငယ်အား ကာကွယ်ဆေးထိုးပေးရန်လာရောက်သည့် မော်မောင်းလျှံကျေးရွာမှ မိသားစုတစ်စု စီးလာသော မော်တော်ယာဉ်မှာ ဖားကန့်မြို့ ရှရော်ခ၊ မော်မောင်းလယန်အတက် လမ်းဆုံ၊အေးမြသာယာအနီး ကားဘရိတ်ပေါက်ကာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ကျင်းအတွင်း ပြုတ်ကျခဲ့သည့်အတွက် ယာဉ်ပေါ်ပါ မိသားစုဝင်သုံးဦးလုံး သေဆုံးခဲ့ကြောင်းသိရသည်။
ယင်းမိသားစု ကားပြုတ်ကျခဲ့သည့် ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းမှာ အနက် ပေ ၄၀၀ ခန့်ရှိကြောင်း၊မိသားစုဝင်သုံးဦး၏ ရုပ်အလောင်းကို ဘတ်ဟိုးယာဉ်၊ ရေငုတ်ပစ္စည်းကိရိယာများဖြင့်သုံးရက်ခန့် အချိန်ပေးရှာဖွေခဲ့ရာ ဇွန်လ ၁၁ ရက်က အဆိုပါ မိသားစု စီးလာသည့် ပါဂျဲရိုကား အမျိုးအစားကိုသာတွေ့ရှိထုတ်ယူနိုင်ခဲ့ပြီး ရုပ်အလောင်းများကို ဇွန်လ ၁၃ ရက်ထိရှာမတွေ့နိုင်ခဲ့သည့်အတွက် ရပ်နားလိုက်ခြင်းဖြစ်ကြောင်း ဖားကန့်မြို့ရှိ ရှာဖွေရေးလုပ်နေသည့် လူမှုကူညီရေးအသင်းများမှ သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 13 June 2022
မိုးတွင်းကာလဖြစ်တဲ့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ရပ်နားထားရတဲ့အချိန်မှာပြည်ပခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုများပြားလာတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 13 June 2022
MPTA ၏ ခွင့်ပြုချက်ရ စက်သုံးဆီဆိုင်များအနေဖြင့် မိမိဆိုင်အတွင်း ဆီမပြတ်လပ်စေရေး စီမံဆောင်ရွက်ပြီး ပြတ်လပ်ပါက ဝန်ကြီးဌာနမှ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ကြေညာထားသည်။
အဆိုပါကြေညာချက်ကို ဇွန်လ ၁၂ ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စက်သုံးဆီမပြတ်လပ်စေရန် Importer ကုမ္ပဏီများ၊ စက်သုံးဆီဆိုင်များ၊ SME စက်သုံးဆီဆိုင်များ ဆီပြတ်လပ်မှုမရှိစေရန်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ယင်းအပြင် မိမိဆိုင်တွင်စက်သုံးဆီပြတ်လပ်မည့် အခြေအနေများဖြစ်ပေါ်ပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူများထံ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်တိုင်းအပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဝယ်ယူရာတွင်လည်း အခက်အခဲများရှိနေကြောင်း ကိုယ်ပိုင်ယာဉ်မာင်းနှင့် အငှားယာဉ်မောင်းတို့၏ ပြောပြချက်အရ သိရသည်။
ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည့် စက်သုံးဆီဈေးနှုန်းမှာ ၉၅ တစ်လီတာ ၂၃၇၀ ကျပ်၊ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 13 June 2022
မဏ္ဍိုင်(၃)ရပ်အောက်တွင် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ခြင်းနှင့် ဘုံစိတ်ဝင်စားမှုရှိသည့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ဇွန်လ ၁၀ ရက်က ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ ပြုလုပ်တဲ့ (၂၈) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိ ကြီးများဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Wu Jianghao နှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေးတွင် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးနှစ် (၃၀) ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အထူးအစည်းအဝေး၏ ရလဒ်များအား အကောင်အထည်ဖော်ရာ၌ တိုးတက်မှုများကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးဖြစ်ပေါ်တိုးတက်မှုများကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်ရန်အတွက် အာဆီယံ-တရုတ်လုပ်ငန်း စီမံချက် ၂၀၂၁-၂၀၂၅ ကို ပြင်ဆင်ရေးဆွဲမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက တောင်တရုတ်ပင်လယ်တွင် နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်းအကောင်အထည်ဖော်ခြင်းနှင့် ထိရောက်၍ အနှစ်သာရရှိသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် ဆွေးနွေးမှုတွင် တိုးတက်မှုများရရှိရန် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံနှင့်အတူ ပူးတွဲဥက္ကဋ္ဌ အဖြစ် ညှိနှိုင်းဆောင်ရွက်နေမှုအား ဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် ဒေသတွင်း၌ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံမှ အဆိုပြုချက်အသစ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 13 June 2022
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဇွန်လ(၁၃)ရက် မနက်ပိုင်းကနယုန်လပြည့်နေ့ မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပခဲ့ပါသည်၊၊
အခမ်းအနားကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် နန်းဦးတန်ဆောင်း၌ မနက်(၉) နာရီက စတင်ကျင်းပခဲ့ပြီး ဂေါပကအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကာအခမ်းအနားကျင်းပပြီး လှူဖွယ်ပစ္စည်းဝတ္ထုများကို သံဃာတော်များအား လှူဒါန်းဆက်ကပ်ခဲ့ကြသည်၊၊
မဟာသမယသုတ် အခါတော်နေ့ နံနက်(၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်သော မဟာသမယသုတ်ပါဋိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို "နမော တဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြခြင်း၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇ၊ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံမှ ရှစ်ပါးသီလခံယူဆောက်တူကြခြင်း၊ ဆရာတော် သံဃာတော်များမှ မဟာသမယသုတ် ပါဋိတော်ကို ရွတ်ဖတ်ပူဇော်ချီးမြှင့်ကြခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ဆရာတော်ဘုရားကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြခြင်း၊ သြဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇ၊ ဆရာတော် ဘဒ္ဒန္တကုမာရ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်၊၊
ဒုတိယပိုင်းအခမ်းအနားအစီစဥ်ဖြင့် ဗိုလ်တထောင်စေတီတော်ဝန်ထမ်းများနှင့် စနေဝတ်သင်းအဖွဲ့က မဟာသမယသုတ်ပါဋိတော်ရွတ်ဖတ်ပူဇော်ခြင်းကို အာရုံခံတန်ဆောင်း အရှေ့၊အနောက်၊ တောင်၊ မြောက်တို့တွင် သံပြိုင်ညီညာရွတ်ဖတ်ပူဇော်ကြပါသည်။ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်၍ဝန်ထမ်းများ၊ စနေဝတ်အသင်းအဖွဲ့များက သဗ္ဗေ ဘယာ ဝိမုစ္စန္တုပါဋိကိုရွတ်ဆိုပြီးခေါင်းလောင်းသံပြိုင်တီးကာ လက်ယာရစ် သုံးပတ်ပတ်ခါ ပူဇော်ခဲ့ပြီးအခမ်းအနားကိုမင်္ဂလာအောင်မြေ၌"ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ရုပ်သိမ်းခဲ့ကြောင်း ဂေါပကအဖွဲ့ကထုတ်ပြန်ထားသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 13 June 2022
ရန်ကုန်တိုင်းတွင်ကိုယ်ပိုင်ကျောင်း(၇၀)%လောက် ပြန်ဖွင့်နေပြီဖြစ်ပြီး ယခုနှစ်တွင်ကိုယ်ပိုင် ကျောင်းရွေးချယ်တက်ရောက်ကြသူ ပိုမိုများပြားနေကြောင်း ရန်ကုန်တိုင်းကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်ကYMG ကို ပြောသည်၊၊
ပြန်ဖွင့်ရန်ကျန်ရှိနေသည့် ကိုယ်ပိုင်ကျောင်းများသည် စီးပွားရေးအရတွက်ခြေမကိုက်၍ ပြန်မဖွင့်နိုင်သေးခြင်း ဖြစ်သည်ဟုဆိုသည်၊၊
"ရန်ကုန်တိုင်းမှာတော့ ကိုယ်ပိုင်ကျောင်း (၇၀)% လောက် ပြန်ဖွင့်နေပါပြီ၊၊ ၆၀%ကျော် တစ်ဝက်ကျော်ကျော်ပြန်ဖွင့်နေပြီလို့ ပြောလို့ရပါတယ်၊၊ ပြန်မဖွင့်နိုင်တဲ့ကျောင်းတွေကတော့ အချို့ အရင်းအနှီးမရှိတာ၊ အခန်းခမတတ်နိုင်တာနဲ့ တွက်ခြေမကိုက်ကြလို့ မဖွင့်ဖြစ်ကြတာ၊၊ အချို့လည်းပြုတ်ကုန်တယ်၊၊ ဖွင့်ဖြစ်တဲ့ကျောင်းတွေကလည်း ကျောင်းသူကျောင်းသားပိုရတယ်၊၊ ခါတိုင်းနှစ်တွေထက် ပိုရတယ်၊၊ ကိုယ်ပိုင်ကျောင်းကိုမှ ဘာလိုအပ်တဲ့သူများလဲဆိုရင် နှစ်နှစ်လောက် ကျောင်းပိတ်သွားလို့ နောက်မကျအောင် အပြေးအလွှားလာအပ်ကြရင်း များလာတာလည်းဖြစ်နိုင်တယ်၊၊ အချို့ပဋိပက္ခဖြစ်နေတဲ့ဒေသတွေက ကလေးတွေလည်း ဆွေမျိုးတွေရှိတဲ့ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ လာအပ်ကြတာမျိုးလည်းရှိတယ်"လို့ ဦးနေအုပ်ကပြောသည်၊၊
ကိုယ်ပိုင်ကျောင်းများကို လာရောက်အပ်နှံကြသည့် ပဋိပက္ခခဖြစ်နေသည့် အခြားဒေသမှ လာရောက်အပ်နှံသူများတွင် ကျောင်းပြောင်းလက်မှတ်ထုတ်ပေးမည့် ကျောင်းနှင့်ပညာရေးမှူးရုံးများ မရှိတော့သည့်အတွက် ကျောင်းပြောင်းလက်မှတ်များ မပါရှိကြသဖြင့် ယာယီအနေဖြင့်သာ ကျောင်းအပ်လက်ခံထားရကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1744 of 1956