#WorldArts
Published 11 June 2022
အီတလီရွှေပန်းထိမ်ဆရာ'လူဂီဗလာဒီယာ'မှပြုလုပ်ထားပြီး မက္ကဆီကိုမှာ ပျောက်ဆုံးသွားတယ်လို့ယူဆထားကြတဲ့ အနုပညာလက်ရာအများအပြားကို နီကွာရာဂွာနိုင်ငံ လီယွန်မြို့ရှိဘုရားကျောင်းတစ်ခုမှာ တွေ့ရှိခဲ့ကြကြောင်း အဆိုပါဘုရားကျောင်းက ဗုဒ္ဓဟူးနေ့မှာအကြောင်းကြားခဲ့ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 11 June 2022
-ကြက်ငှက်တုပ်ကွေးရောဂါကို ဘယ်လိုကြိုတင်ကာကွယ်မလဲ ဖြစ်လာရင် ဘယ်လိုကုသမလဲ??
#Yangon_Media_Group
#Health_Matters
Published - 11 June 2022
-ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံမှာ ပြန်ပေါ်လာနိုင်တဲ့အလားအလာ ဘယ်လိုမြင်ပါသလဲ??
#Yangon_Media_Group
#Health_Matters
Published - 11 June 2022
-ကမ္ဘာ့နိုင်ငံအချို့မှာ ကြက်ငှက်တုပ်ကွေး ဘာကြောင့်ပြန်ပေါ်လာပါသလဲ??
#Yangon_Media_Group
#LocalNews
Published - 11 June 2022
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ နေအိမ်ဆုံးရှုံးသွားတဲ့ မသန်စွမ်းတွေ၊ စားဝတ်နေရေးခက်ခဲနေတဲ့ မသန်စွမ်းတွေကိုအကူအညီပေးဖို့ရှိတဲ့အတွက် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း(MPHA)ကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ အသင်းဥက္ကဌဒေါက်တာကိုကိုဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 11 June 2022
နေ့စဥ်နီးပါးစက်သုံးဆီစျေးနှုန်းတွေ မြင့်တက်နေပေမဲ့လည်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ မူဆယ် ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_11 June 2022
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အထွက် ဟွေ့ယအုစစ်ဆေးရေးဂိတ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ဇွန်လ ၁၀ ရက် ၊ ည ၁၀ နာရီခန့်အချိန်က ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း သိရသည်။
ယင်းမော်တော်ယာဉ်မှာ အစစ်ဆေးမခံဘဲ မောင်းနင်းထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံ ထိုင်းသတင်းမီဒီယာများကို ကိုးကား၍ ရွှေ့ပြောင်း မြန်မာအလုပ်သမားများအရေးလုပ်ဆောင်နေသူများက ဆိုသည်။
"MOU နဲ့ပဲ ထိုင်းကိုလာကြစေချင်ပါတယ်။ အခုလို ပုံစံမျိုးပဲ ဖြစ်နေရင် အန္တရာယ် ရှိပါတယ်။ကားကို စစ်ဆေးဖို့တားတာ မောင်းပြီးပြေးလို့ လုံခြုံရေးတပ်ဖွဲ့တွေက နောက်ကလိုက်လံပြီး ကားဘီးကို သေနတ်နဲ့ ပစ်ပြီးဖမ်းတာ။ ကားသမားက ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားတယ်တဲ့"ဟု ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေး လုပ်ဆောင်နေသူတစ်ဦးကပြောသည်။
အဆိုပါ ယာဉ်ပေါ်တွင် မြန်မာနိုင်ငံသား (၉) ဦးကို စစ်ဆေးတွေ့ရှိရသောကြောင့် ယခုအခါ ဖဝေါရဲစခန်း၌ ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ယင်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရာတွင် သိမ်းဆည်းရမိခဲ့သည့် ယာဉ်နံပါတ်ကို ခြေရာခံကာ လူမှောင်ခိုပြုလုပ်နေသူများအား ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
#LocalNews
Published _11 June 2022
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Micro Enterprise လုပ်ငန်းများ မှတ်ပုံတင်ထားရှိရန် ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ကြေး ကျပ်တစ်သောင်း ပေးသွင်းပြီးပါက မိမိတို့၏ စားသောက်ကုန်လုပ်ငန်းများကို Supermarket များ၌ တင်ရောင်းနိုင်တော့မည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှ သိရသည်။
လက်ရှိတွင် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ SME မှတ်ပုံတင်ပြီး အဖွဲ့ဝင်ကတ်ထုတ်ပေးထားသည့်လုပ်ငန်း ခုနစ်သောင်းကျော်နှင့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း Micro Enterprise - ME ၁၄၀ဝ၀ ကျော်ရှိကြောင်း သိရသည်။
MSME လုပ်ငန်းများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများရေရှည်ဖွံ့ဖြိုးရေးအတွက် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးကြပ်၍ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် အသေးစားနှင့်အလတ်စား (SME) လုပ်ငန်းရှင်အများစုသည် ကုန်စျေးနှုန်းကြီးမြင့်မှုတို့ကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲများစွာရှိနေပြီး အချို့သောလုပ်ငန်းများသည် ရပ်လုနီးပါးဖြစ်နေကြောင်း သိရသည်။
Photo-DICA
ymg/sth
#Yangon_Media_Group
#WorldTravel
Published 11 June 2022
ပြည်ပကလေကြောင်းလိုင်းနဲ့ လာမယ့်ခရီးသည်များအနေနဲ့ ကိုဗစ်စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီး ရောဂါပိုးမရှိမှ ဝင်ရောက်ရမယ်ဆိုတဲ့ ၁၇ လတာလိုအပ်ချက်ကြီးကို အမေရိကန်နိုင်ငံက သောကြာနေ့က ရုတ်သိမ်းလိုက်ပါတယ်။
အမေရိကန်မှလေကြောင်းလိုင်းများနဲ့ ခရီးသွားလုပ်ငန်းက အင်တိုက်အားတိုက်စည်းရုံးခဲ့ပြီးနောက် အခုလိုသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ(CDC)မှ ညွှန်ကြားရေးမှူး'ရိုရှဲလ်ဝါလန်စကီ'က ကိုဗစ်စမ်းသပ်စစ်ဆေးမှု လိုအပ်ချက်ကိုရုတ်သိမ်းကြောင်း စာမျက်နှာ ၄ မျက်နှာပါ အမိန့်ကို ထုတ်ပြန်ခဲ့ရာ ဒီထုတ်ပြန်ချက်ဟာ ဂရင်းနစ်စံတော်ချိန် ၄ နာရီမှာ စတင်အကျုံးဝင်မှာဖြစ်ပြီး အခုလတ်တလောမှာ ကိုဗစ်စမ်းသပ်စစ်ဆေးမှု မလိုအပ်သေးကြောင်း ပြောကြားခဲ့ပါတယ်။
ပွင့်လင်းရာသီ ခရီးသွားကာလရောက်လာတဲ့အချိန်မှာ အခုလိုသတ်မှတ်လိုက်တာဖြစ်ပြီး လေကြောင်းလိုင်းတွေကလည်း ခရီးသွားမယ့်သူ အများအပြားဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားအများအပြားက နိုင်ငံခြားခရီးသွားလို့ ရောဂါပိုးတွေ့ရှိခဲ့ရင် ပြည်ပမှာသောင်တင်နေမှာ စိုးတာကြောင့် နိုင်ငံခြားခရီးမသွားကြဘူးလို့ လေကြောင်းလိုင်းများက ဆိုပါတယ်။
CDC က သိပ္ပံနည်းကျအချက်အလက်များအတိုင်း ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး နောက်ပိုင်းပြန်လိုအပ်လာရင် ကိုဗစ်စမ်းသပ်စစ်ဆေးမှု လိုအပ်ချက်ကို ပြန်လည်ထုတ်ပြန်ဖို့ ဝန်လေးနေမှာမဟုတ်ကြောင်း အမေရိကန်ကျန်းမာရေးနှင့်ဝန်ဆောင်မှုဌာနမှ အတွင်းဝန်'ဇာဗီယာဘက်ဆာရာ'က ပြောပြသွားပါတယ်။
CDC က သူတိုရဲ့ဆုံးဖြတ်ချက်ကို ရက် ၉၀ အတွင်း ပြန်လည်သုံးသပ်အကဲဖြတ်သွားနိုင်ပါတယ်။
၂၀၂၁ ဇန်နဝါရီလကတည်းက နိုင်ငံတကာမှ အမေရိကန်ကိုလေကြောင်းဖြင့် လာရောက်မယ့်ခရီးသွားတွေဟာ မထွက်ခွာခင်မှာ ကိုဗစ်ရောဂါပိုးမရှိကြောင်း စမ်းသပ်ချက်ရရှိဖို့ လိုအပ်ပါတယ်။
ကုန်းလမ်းကလာမယ့် သူတွေအတွက်တော့ CDC က ဒီလိုလိုအပ်ချက်တွေမသတ်မှတ်ခဲ့ပါဘူး။
ဥရောပနိုင်ငံအချို့မှာ ကိုဗစ်စမ်းသပ်စစ်ဆေးချက် လိုအပ်မှုတွေကို ရုတ်သိမ်းထားပြီးဖြစ်ပါတယ်။
အမေရိကန်ကိုလာမယ့်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားဖို့တော့ လိုအပ်ဆဲဖြစ်ပါတယ်။
အခုလိုကိုဗစ်စမ်းသပ်စစ်ဆေးချက် လိုအပ်မှုကို ရုတ်သိမ်းလိုက်ခြင်းက ကာကွယ်ဆေးထိုးပြီးသားခရီးသွားတွေအတွက်သာဖြစ်တယ်လို့ အုပ်ချုပ်ရေးအစိုးရအဖွဲ့က ရိုက်တာသတင်းဌာနကိုပြောကြားလိုက်ပါတယ်။
JetBlue Airways မှ အမှုဆောင်ချုပ်'ရော်ဘင်ဟေးယက်စ်'က ရိုက်တာကိုပြောပြရာ ကိုဗစ်စမ်းသပ်စစ်ဆေးမှုလိုအပ်ချက်က နိုင်ငံတကာခရီးသွားလုပ်ငန်းပြန်လည်ဦးမော့နိုင်ဖို့ နောက်ဆုံးအတားအဆီး ဖြစ်နေကြောင်း ဆိုပါတယ်။
ကမ္ဘာ့အကြီးမားဆုံး လေကြောင်းလိုင်း IATA ကလည်း ဒီလိုမထိရောက်တဲ့ လိုအပ်ချက်ကြီးကိုလည်း ဖယ်ရှားလိုက်တာ သတင်းကောင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ခရီးသွားတွေအနေနဲ့ နှာခေါင်းစည်းတပ်ဆင်ဖို့နဲ့ လေယာဉ်မစီးခင်နဲ့ ဆိုက်ရောက်ပြီးချိန်တွေမှာ ကိုဗစ်စစ်ဆေးဖို CDC က အကြုံပြုထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ အမေရိကန်ခရီးသွားလုပ်ငန်းကို အရှိန်မြှင့်ထူထောင်နိုင်တော့မယ်လို့ အမေရိကန်ခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှ စီအီးအို'ရော်ဂျာဒေါင်'က ပြောပြပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published - 11 June 2022
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ချောင်းသာကမ်းခြေကို မိုးတွင်းကာလ ခရီးသွားနည်းသည့်အတွက် ဟိုတယ်ဝန်ထမ်းအချို့ကိုလျှော့ချရန်စီစဥ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မေလကုန်ပိုင်းမှစတင်၍ ဧည့်သည်ဝင်ရောက်မှုနည်းပါးလာခြင်းကြောင့် ဟိုတယ်ပိုင်ရှင်အများစုမှ ဝန်ထမ်းတွေကို အလှည့်ကျစနစ်နှင့် ခွင့်ရက်ရှည်ပေးကာ ဝန်ထမ်းအင်အားလျော့ချခြင်းဖြစ်ကြောင်း သိရသည်။
"ဒါက မိုးရာသီဆိုတော့ ခရီးသွားကသိပ်မလာဘူး။ နည်းတယ်။ ဧည့်သည်ပါးတဲ့အချိန်ပဲ ဝန်ထမ်းတွေကို အနားပေးတာ၊ ခွင့်ပေးတာတွေလုပ်တာပါ။ တချို့ဟိုတယ်တွေဆိုရင် ပိတ်တယ်။ ဖွင့်တဲ့ဟိုတယ်တွေဆိုရင် အခန်းအပြည့်မဟုတ်ပဲ တစ်ဝက်ပဲဖွင့်ကြတယ်။ ခရီးသွားနည်းတဲ့ကာလမို့လိုပါ"ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခရီးသွားရာသီကာလဖြစ်သည့် အောက်တိုဘာ တစ်ရက်မှစ၍ ပုံမှန်အတိုင်းခရီးသွားများဝင်ရောက်လာပါက ဝန်ထမ်းများပြန်လည်ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ကိုဗစ်ကာလအလွန် ချောင်းသာသို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေမှာ ကိုဗစ်ကာလမတိုင်ခင်ထက်ပိုများကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 11 June 2022
ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ အာဇာနည်ဗိမာန်၏ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်များနှင့် အဝင်လမ်းဘေးရှိ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိများနှင့်အဆိုအမိန့်များ ရေးသားပြသထားသည့် ဆိုင်းဘုတ်များကို ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အင်ဂျင်နီယာဌာန(အဆောက်အအုံ)နှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်၊၊
ဗိမာန်အတွင်းသို့ ဖြတ်သန်းစီးဝင်သည့် သွေးဆေးကန်ရေလျှံပေါက် မြေအောက်ရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်၊ ဗိမာန်အနီးရှိ အရိပ်ရပင်များအား ပုံသွင်းပြုပြင်ခြင်းများပြုလုပ်ရန် စီစဥ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ကပြောကြားခဲ့သည်။
မြို့တော်ဝန်နှင့်အဖွဲ့သည် အာဇာနည်ဗိမာန် ကွပ်ကဲရေးရုံးသို့ ဇွန်လ ၁၀ရက်တွင် သွားရောက်၍ ကွပ်ကဲရေးရုံး အတွင်းအပြင် ပြုပြင်မွမ်းမံနေမှုများအား ကြည့်ရှုစစ်ဆေးစဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဇာနည်ဗိမာန်၏ အဝင်လမ်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များ ဆယ်ယူရှင်းလင်းရန်နှင့် မြေယာရှုခင်းများပြုပြင်ရန်၊ သစ်ပင်ကြီးများအား အလင်းဖွင့်၍ အောက်ဘက်များရှင်းလင်းရန်နှင့် သွေးဆေးကန်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးကို အသက်စတေး၍ရယူပေးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့အမှတ်ရပြီး လွတ်လပ်ရေးကိုထိန်းသိမ်းလိုစိတ်များ ပြည်သူများအတွင်း ကိန်းအောင်းစေရန်ရည်ရွယ်၍ အများပြည်သူလေ့လာနိုင်ရေး အပတ်စဉ် တနင်္လာနေ့မှအပ နေ့စဉ်ဖွင့်လှစ်ထားရှိကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 11 June 2022
လာမည့်ဇွန်လ(၁၃)ရက်တွင်ကျရောက်မည့် နယုန်လပြည့်နေ့မဟာသမယအခါတော်နေ့တွင်ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ မဟာသမယအခါတော်နေ့အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊
အဆိုပါ ဇွန်လ(၁၃)ရက်တွင် မဟာသမသုတ်ပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နံနက် (၉း၀၀)နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်သည်၊၊
အခမ်းအနားကို 'နမောတဿ 'သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း၊ သြဝါဒါစရိယဆရာတော်ကြီးများထံမှ (၈)ပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခြင်း၊ စေတီတော်ဝန်ထမ်းများနှင့် အသင်းအဖွဲ့များက မဟာသမယသုတ်ပါဠိတော်များကို ညီညာစွာဖြင့် ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရပါသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1748 of 1956