#Local_News
Published
ရခိုင်ပြည်သူလူထုဒုက္ခမရောက်စေလို၍ AA လက်နက်ကိုင်အဖွဲ့ကို သီးခံနေရသော်လည်း ပြဿနာဖြစ်လာလျှင် တပ်မတော်ကိုအဆိုးမဆိုနှင့်ဟု နစက သတင်းထုတ်ပြန်ရေးခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ မေလ ၁၉ ရက်တွင် ပြုလုပ်သည့် ၁၄ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်သည်။
AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က လူမှုကွန်ရက် တွစ်တာတွင် နစက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏အမည်ကိုရေး၍ စိန်ခေါ်ခြင်းအပါအဝင် အခြေအနေအမျိုးအမျိုးကြောင့် ယင်းကိစ္စကို နစက အနေဖြင့် မည်သို့သဘောထားရှိသနည်းဟု သတင်းမီဒီယာတစ်ခုက မေးမြန်းစဉ် ယင်းက ပြောကြားခြင်းဖြစ်သည်။
"ဒီအချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ထပ်ပြောပါမယ်၊ ရခိုင်ပြည်သူလူထုဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ စိတ်ရှည်သီးခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီအတွက် ခုဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ကျ ပြဿနာ ဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ပြောချင်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မတည်မငြိမ်မှုများကို ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါက ကြားဝင်စေ့စပ်ပေးခဲ့မှုကြောင့် လက်ရှိအနေအထားအတိုင်း တည်ငြိမ်စပြုနေသည့် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ AA ၏ အစိုးရယန္တရားအပေါ်ထိပါးလာမှု အခြေအနေများကိုလည်း သည်းခံပေးနေရကြောင်း ၎င်းက ပြောသည်။
"ဂျပန်နိုင်ငံက မစ္စတာ ဆာဆာကာဝါရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ရပ်စဲခဲ့ပါတယ်။ အဲဒီမှာ လက်နက်ကိုင်ပဋိပက္ခများခဲ့တဲ့ ရခိုင်ပြည်နယ်ဟာပြန်ပြီး ငြိမ်းချမ်းလာတာကိုတွေ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ AA အနေနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို ဝင်ရောက်လုပ်ဆောင်နှောင့်ယှက်တာတွေ ရှိလာလို့ တော်တော်တော့သည်းညည်းခံရပါတယ်။ တရားစီရင်ရေး စနစ်တွေက အစသူတို့ဆီမှာ လာပြီးမှ တရားစီရင်ရမယ်ဆိုတာမျိုးတွေ့ရပါတယ်။နောက်တစ်ခုက AA အနေနဲ့ ရခိုင်ပြည်နယ်မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် အဲဒီနေရာမှာ ၂၀၂၂ ဇန်နဝါရီလ လောက်က စပြီးတော့ နည်းနည်းလေးပိုပြီးစိပ်လာတယ်၊ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီးတော့ လိုက်လံစည်းရုံးတာ။ ကျွန်တော်တို့သိရတဲ့ တရားဝင်မှတ်တမ်းအရဆိုရင် အနည်းဆုံး ၁၀ ကြိမ်လောက်ပေါ့။ သူတို့ဘာတွေ စည်းရုံးခဲ့တယ်ဆိုတာလည်း သိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သိရတာက အကြမ်းဖက်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီဘက်မှာ ဘာတွေဖြစ်ခဲ့တယ်။ ဘယ်လိုတွေ ဖြစ်ခဲ့တယ်၊ အခုအချိန်ထိ ဘာတွေဖြစ်နေတယ်ဆိုတာလည်း သိပါတယ်။နောက်ပိုင်းမှာ AA အနေနဲ့က သူတို့ပြောတဲ့စကားတွေထဲမှာ ဘာတွေဖြစ်လာသလဲဆိုတော့ တိုက်ပွဲကို ဖော်နေတဲ့ ပုံစံမျိုး၊ လက်နက်ကိုင်ပဋိပက္ခကို ဖော်နေတဲ့ ပုံစံမျိုးတွေ့လာရတယ်။ဖြစ်လာတာကိုတွေ့ရတယ်။ တိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက်လာတဲ့ ဟာမျိုးတွေ့ရတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
နစက အနေဖြင့် AA နှင့် ပတ်သက်၍ လူသားချင်းစာနာမှုများကို လုပ်ဆောင်ပေးခဲ့မှုများ ရှိကြောင်း၊ ပုဂ္ဂိုလ်ရေးကိစ္စများ ဖြစ်သော်လည်း နစက ၏ AA အပေါ် သဘောထားကို ပြောရခြင်း ဖြစ်သည်ဟုလည်း သတင်းစာရှင်းလင်းပွဲအတွင်း အောက်ပါအတိုင်း ပြောပြခဲ့သေးသည်။
"ပုဂ္ဂလိကဆိုင်ရာတစ်ခု ပြောချင်ပါတယ်။ AA က ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ မိန်းမနဲ့ ကလေးတွေ ဆွစ်ဇလန်မှာ ရှိတယ်။ ထွန်းမြတ်နိုင်ငံရဲ့ ယောက္ခမ ဦးစံလှကျော်၊ အရင်က ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလလောက်က ကလေးနဲ့ သမီးဆီကို လိုက်သွားဖို့ နစက ဥက္ကဌကို တင်ပြခဲ့တယ်။ လူသားချင်းစာနာထောက်ထားပြီးတော့ လွတ်လွတ်လပ်လပ် သွားခိုင်းတယ်။ အဲဒါအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထဲမှာ ပါဝင်နေသူအများစုဟာ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြသူတွေ အများစုပါတယ်။ဥက္ကဌ ၊ ဒုဥက္ကအပါအဝင်ပေါ့၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို သိတယ်။ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတာကိုလည်း သိတယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တပ်မတော်က ပါဝင်လုပ်နေတာ ဘယ်လောက်များမှန်းလည်း သိကြပါတယ်။ ဘူးသီးတောင် မောင်တောမှာ ဖြစ်ခဲ့တဲ့ကိစ္စမှာ တပ်မတော်က ဘယ်လောက်ထိ လုပ်ဆောင်ပေးခဲ့လဲဆိုတာလည်း မြင်မှာ ဖြစ်ပါတယ်"ဟု ယင်း က ဆက်လက်ပြောကြားခဲ့သည်။
#Yangon_Media_Group
#LocalNews
Published - 19 May 2022
မိုးရာသီကာလမှာ မိုးကြိုးပစ်ခြင်းကြောင့် နှစ်စဉ်လူဦးရေ(၁၀၀)ကျော် သေဆုံးလေ့ရှိတဲ့အတွက်လာမယ့်မိုးရာသီမှာ မိုးကြိုးအန္တရာယ်သတိပြုဖို့လိုအပ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 19 May 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် တံတား ၇၄ စင်း၊ တိုင်းဒေသကြီး/ပြည်နယ်အပ်နှံရန်ပုံငွေဖြင့် ၇၁ စင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အပ်နှံရန်ပုံငွေဖြင့် ၂၉ စင်း၊ စုစုပေါင်းတံတား ၁၇၄ စင်း တည်ဆောက်မှာဖြစ်ကြောင်း မနေ့ကကျင်းပတဲ့ တံတားဦးစီးဌာနရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားခဲ့ပါတယ်။
ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးရဲ့ ၁/၂၀၂၂ အမိန့် ကြော်ငြာစာပါ တင်ဒါလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ငန်းများဆောင်ရွက်ရန်၊ နိုင်ငံ့ဘဏ္ဍာများ လေလွင့်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် စက်ယာဉ်ယန္တရားများ လုံခြုံရေးအတွက် လက်တွေ့ကျသော လုံခြုံရေးစီမံချက်များ ကြိုတင်ရေးဆွဲထားရှိရန် မှာကြားခဲ့ပါတယ်။
တံတားဦးစီးဌာနအနေဖြင့် တံတားသစ်များကို တည်ဆောက်နေသကဲ့သို့ တည်ဆောက်ပြီးတံတားများရဲ့ ကြံ့ခိုင်မှု၊ ခံနိုင်ဝန်ကိုလည်း အမြဲစောင့်ကြည့် ထိန်းသိမ်းသွားရန်နှင့် တည်ဆောက်ရေးပစ္စည်းများ တင်ဒါခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ သတ်မှတ်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
တည်ဆောက်မယ့် တံတားများရဲ့ တည်နေရာ၊ အရှည်ပေနဲ့ အချက်အလက်များကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။
ymg-mnn
#Yangon_Media_Group
Published 19 May 2022
စည်းကမ်းနှင့်မကိုက်ညီ လိုင်စင်လည်းမရှိ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ (၇)ဦးကိုခေါ်ယူစစ်ဆေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ကျင်းပနေတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားလိုက်ပါတယ်။
ရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံရမှုတွေရှိနေတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခု ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲဒီသတင်းများအပေါ် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
#LocalNews
Published_19 May 2022
ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ MOU အလုပ်သမားများ တတိယအကြိမ်အဖြစ် ယနေ့ မေလ ၁၉ ရက်တွင် ထပ်မံဝင်ရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး၏ စာရင်းများအရ သိရသည်။
ရောက်ရှိအလုပ်သမားအရေအတွက်မှာ ၁၅၁ ဦးဖြစ်ပြီး ထိုင်းနိုင်ငံ Fujikura Electronics (Thailand) Co.,Ltd တွင် ၉၂ ဦး၊ Thai Chin Fu Enterprise Co.,Ltd တွင် ၂၉ ဦး၊ Samakee Concrete Product Co.,Ltd တွင် လူဦးရေ ၃၀ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း သိရသည်။
MOU အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ မေလ ၁၀ ရက်ကစ၍ သွားရောက်ခွင့်ရခဲ့ရာ ပထမအကြိမ်အဖြစ် ထိုင်းနိုင်ငံ Panuspoultry Group Co., Ltd ကြက်သားစက်ရုံ၌ လုပ်ကိုင်နိုင်ကြမည့် အလုပ်သမား၂၈၇ ဦး၊ ဒုတိယအကြိမ် မေလ ၁၁ ရက်တွင် အလုပ်သမား ၃၀၁ ဦးကိုလည်းကောင်း နှစ်နိုင်ငံသဘောတူမှုဖြင့် တရားဝင် သွားရောက်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ လတ်တလောအနေဖြင့် MOU အလုပ်သမား ၂၁၄၀၁၃ ဦး ခေါ်ယူရန်လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံမှ ၁၅၀၆၃၇ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ၄၈၂၇၂ ဦး၊ လာအိုနိုင်ငံမှ ၁၅၁၀၄ ဦး အတွက် Demand ခေါ်စာရရှိပြီး ဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံမှ MOU ဖြင့် သွားရောက်ခွင့်ရပြီးသူ ၇၃၉ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 19 May 2022
၁။ မိုးကြိုးပစ်ခြင်းကြောင့် နှစ်စဉ်လူဦးရေ(၁၀၀)ကျော် သေဆုံး၊ လာမည့်မိုးရာသီတွင် မိုးကြိုးအန္တရာယ်သတိပြုရန်လို
(ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်း)
၂။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းတွေ့ရှိသည့် ဆင်းတုတော်မှာ အေဒီ ၅ ရာစုခန့်ကဟုဆို
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(စစ်တွေဌာနခွဲ)ညွန်ကြားရေးမှူး ဦးကြည်ခင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ယူကရိန်းပဋိပက္ခအတွင်း အစွန်းရောက်များနှင့် အကြမ်းဖက်သမားများကို ကြေးစားများအဖြစ် အမေရိကန်တပ်စုဆောင်းနေသည်ဟု ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့စွပ်စွဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldNews
Published 19 May 2022
ဗြိတိန်ပြည်ထောင်စု၊ ပေါ်တူဂီ၊ စပိန်နဲ့ အမေရိကန်တို့မှာ မျောက်ကျောက်ရောဂါကူးစက်ပျံ့ပွားလျက်ရှိပါတယ်။
အင်္ဂလန်မှာ ၈ ဦး၊ ပေါ်တူဂီမှာ ၂၀ ဦးအပါအဝင် ဥရောပ ၃ နိုင်ငံမှာ ၃၆ ဦးကူးစက်ထားတာတွေ့ရှိတာကြောင့် ပျံ့ပွားမှုနည်းတယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ကို ဘယ်ကနေကူးစက်လာသလဲဆိုတာတော့ ကျန်းမာရေးအရာရှိတွေအတွက် ပဟေဌိဖြစ်နေပါတယ်။
ဗိုင်းရပ်စ်က လူတွေကြားထဲမှာ သိသာထင်ရှားခြင်းမရှိဘဲ ပျံ့နှံနေတာမျိုးဖြစ်နိုင်ပြီး ကူးစက်မှုပုံစံအသစ်ပေါ်ပေါက်လာမှာကို စိုးရိမ်နေရပါတယ်။
ယူကေကျန်းမာရေးလုံခြုံရေးအေဂျင်စီမှ ဆေးပညာအကြံပေးအရာရှိချုပ်’ဆူဆန်ဟော့ပ်ကင်းစ်’က ဒီကူးစက်မှုဟာ ရှားပါးကူးစက်မှုမျိုးဖြစ်ကြောင်း၊ ဘယ်ကနေဘယ်လိုကူးစက်လာသလဲဆိုတာကို အရေးတကြီးစုံစမ်းလေ့လာနေကြကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
မျောက်ကျောက်ရောဂါက စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ရောဂါဖြစ်ပြီး ဖျားနာခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ သားငံရေဖုထွက်ခြင်း၊ တဖြည်းဖြည်းဖြင့် ကျောက်ရောဂါပုံစံဖြစ်လာပြီး မျက်နှာ၊ လက်၊ ခြေထောက်တွေမှာ နာကျင်ရသည့်ရေကြည်ဖုများထွက်ပေါ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
မျောက်ကျောက်ရောဂါတစ်မျိုးကတော့ ကူးစက်သူ ၁၀ ရာခိုင်နှုန်းခန့် သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
လက်ရှိအင်္ဂလန်မှာဖြစ်ပွားနေတဲ့ဗိုင်းရပ်စ်ကတော့ အပျော့စားသာဖြစ်ပြီး သေဆုံးနိုင်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်သာရှိပါတယ်။ များသောအားဖြင့် ၂ ပတ်မှ ၄ ပတ်အတွင်း သက်သာသွားတတ်ပါတယ်။
ပုံမှန်အားဖြင့် မျောက်ကျောက်ရောဂါကို အာဖရိကအနောက်ပိုင်းနဲ့ အလယ်ပိုင်းတို့ရှိ တိရိစ္ဆာန်များမှ ကူးစက်လာလေ့ရှိပြီး ဗိုင်းရပ်စ်က ထိုလူများမှတဆင့် အခြားနိုင်ငံများသို့ ရောက်ရှိသွားတတ်ပါတယ်။
လူလူချင်းကူးစက်ဖို့က သွေးသားချင်းထိတွေ့မှု၊ ချောင်းဆိုးရာမှသလိပ် ဒါမှမဟုတ် အနာမှပြည်များဖြင့် ထိတွေ့မှုတိုဖြင့်သာ ကူးစက်နိုင်တာကြောင့် သိပ်ပြီးကူးစက်လေ့မရှိပါဘူး။
ဒါပေမဲ့ အင်္ဂလန်မှ ကူးစက်သူ ၈ ယောက်ထဲက ၇ ယောက်ဟာ လတ်တလောအာဖရိကကိုသွားရောက်ထားခြင်း မရှိပါဘူး။
ဒါကြောင့် အင်္ဂလန်ထဲကနေပဲ ကူးစက်တာဖြစ်မယ်လို့ ယူဆနေကြပါတယ်။
ဒ့ါအပြင် ထို ၇ ယောက်ဟာ နိုက်ဂျီးရီးယားကိုသွားထားတဲ့ လူနာနဲ့လည်း ထိတွေ့ခြင်းမရှိပါဘူး။
ထိုကဲ့သို့အချက်အလက်တွေကို ခြုံငုံကြည့်တဲ့အခါ ဗိုင်းရပ်စ်က အင်္ဂလန်နိုင်ငံထဲမှာ မသိမသာပျံ့ပွားနေပြီလို့ ယူဆလိုရပါတယ်။
အမေရိကန် မာဆာချူဆက်စ်မှလူနာဆိုရင် ရောဂါပျံ့ပွားနေတဲ့ နိုင်ငံတွေကိုသွားရောက်ခြင်းမရှိပေမယ့် ကနေဒါကိုတော့ သွားရောက်ခဲ့ပါတယ်။
ဗိုင်းရပ်စ်က ကူးစက်မှုလမ်းကြောင်းအသစ်အဖြစ် လိင်မှတဆင့်ကူးစက်မှုပါဖြစ်နေပြီဟု တွေ့ရှိနေရကြောင်း ကူးစက်ရောဂါပညာရှင်’မက်တီယိုပရိုချက်ဇ်ကာ’က တွစ်တာမှာဖော်ပြထားပါတယ်။
“လိင်တူဆက်ဆံသူတွေအနေနဲ့ အနာဖြစ်ခြင်းမျိုး၊ အဖုအပိန့်ထွက်ခြင်းမျိုးဖြစ်တယ်လို ခံစားရရင် ကျန်းမာရေးစောင့်ရှောက်မှုချက်ချင်းခံယူသင့်ပါတယ်” လို့ ‘ဟော့ပ်ကင်းစ်’က ဖော်ပြထားပါတယ်။
ယခုမျောက်ကျောက်ရောဂါက ပုံမှန်သိထားတာနဲ့ကွဲပြားစွာကူးစက်နေတာကြောင့် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ သိပ္ပံပညာရှင်များက စိုးရိမ်တကြီစောင့်ကြည့်နေကြပါတယ်။
Source: npr.
#Yangon_Media_Group
#LocalNews
Published - 19 May 2022
မိုးရာသီကာလတွေမှာကျေးရွာတွေမှာ မြွေကိုက်ခံရမှုတွေ များပြားတဲ့အတွက် မြွေအန္တရာယ်နဲ့ မြွေကိုက်ဒဏ်ရာပြုစုနည်း အသိပညာပေးတာတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်၊၊
ကရင်ပြည်နယ်၊ ဘားအံမြို့ ပေါ့ထော်ကျေးရွာမှာ ကျေးရွာအတွင်း မိုးရာသီမှာ အဖြစ်များပြီး လိုအပ်လျက်ရှိတဲ့ မြွေကိုက်ဒဏ်ရာပြုစုနည်း၊ အခြေခံအသက်ကယ်အထောက်အကူ ပြုစုနည်းတွေကိုမြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ရှင်းလင်းသရုပ်ပြတာတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊၊
အဲဒီလိုအသိပညာပေးခြင်းလုပ်ငန်းကို ဘားအံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်တွေသရုပ်ပြ ကူညီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊၊
မြန်မာနိုင်ငံမှာ နှစ်စဥ်မြွေအန္တရာယ်ကြောင့် လူသေဆုံးမှုတွေရှိနေပြီး လက်တလောမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နေရပ်စွန့်ခွာနေထိုင်နေရသူတွေဟာ တောတွေ၊ တောင်တွေထဲမှာ မြွေအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 19 May 2022
မြန်မာနိုင်ငံအနေဖြင့် အာဆီယံရဲ့ စီးပွားရေးမဏ္ဍိုင်အောက်တွင် ဆောင်ရွက်ရန် ရှိတဲ့ကိစ္စများကို တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း နစကရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်နိုင်ဦးက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ မေ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့တဲ့ အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ထို့ပြင် ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုအစီအစဉ်များမှာလည်း ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် နစကအစိုးရ အနေဖြင့် အခက်အခဲများကို ကျော်လွန်ရေး ကြိုးပမ်းဆောင်ရွက်ကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ၂၀၂၃ ခုနှစ် အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေး တည်ငြိမ်တိုးတက်လာစေရေးအတွက် အာဆီယံနိုင်ငံများ၏ အထောက်အကူနှင့် နားလည်မှုသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရဲ့အခြေအနေကို နားလည်စာနာကာ ဝိုင်းဝန်းအထောက်အကူပြုစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
အာဆီယံရဲ့ ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများတွင် အာဆီယံ၏ စီးပွားရေးထိခိုက်မှု နည်းပါးအောင်ဆောင်ရွက်ရေးနှင့် စီးပွားရေးပေါင်းစည်းမှုတွင် အာဆီယံရဲ့ အချက်အချာကျမှုကို ပိုမိုမြှင့်တင်ရေးတို့အပေါ် အာဆီယံနိုင်ငံများက ဆွေးနွေးခဲ့ကြပါတယ်။
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ထူထောင်ရာတွင် အထောက်အကူပြုတဲ့အတွက် အဆိုပါ သဘောတူညီချက် အသက်ဝင်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် အာဆီယံ စီးပွားရေးဝန်ကြီးများက တိုက်တွန်းခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_19 May 2022
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် နိုင်ငံသားကတ်ကိုင်ဆောင်၍ မဲပေးနိုင်ရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကလုပ်ဆောင်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ရှိ စာရင်းမှတ်တမ်း အချက်အလက်များကို နည်းပညာ၊ စက်ကိရိယာများ အသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးရန် ဆောင်ရွက်နေကြောင်း ဌာန၏လုပ်ငန်းများနှင့် ပတ်သက်သည့် အစည်းအဝေးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မဲစာရင်းမှန်ကန်စေရန်လည်း နည်းပညာဖြင့် အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်နေကြောင်း၊ ပြည်တွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား စနစ်တကျ ကြီးကြပ်ထိန်းသိမ်းရေး၊ ပြည်တွင်းနေ နိုင်ငံခြားသားများအား သတ်မှတ်အခွန်ဆောင်မှု ရှိစေရေးတို့အတွက် နည်းပညာများ အသုံးပြုဆောင်ရွက်နေသောကြောင့် နယ်မြေဒေသအလိုက် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းလုပ်ဆောင်နေကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
#WorldHealth
Published 19 May 2022
ကလေးနှစ်ယောက်အမေဖြစ်သူ အသက် ၃၁ နှစ်အရွယ်အမျိုးသမီးဟာ ကိုဗစ်စမ်းသပ်စစ်ဆေးတဲ့ ၆ လက်မအရှည်နှာခေါင်းတိုဖတ်တံကို မတော်တဆမျိုချမိပြီးနောက် အရေးပေါ်ခွဲစိတ်ဖယ်ထုတ်ခဲ့ရပါတယ်။
'ဘော်ဘီလီ'လိုမျိုး ကိုဗစ်စမ်းသပ်ပစ္စည်းအသုံးပြုရင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ အင်္ဂလန်သား တစ်ရာကျော်ရှိလာပြီဖြစ်ကြောင်း MailOnline က ဧပြီလမှာဖော်ပြခဲ့ပါတယ်။
မစ္စ'လီ'ဟာ ညဘက်အလုပ်တာဝန်ချိန်ပြီးဆုံးပြီးနောက် နေမကောင်းဖြစ်လာသလိုခံစားလာရကာ ကိုဗစ်စမ်းသပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနောက် တို့ဖတ်တံက ပါးစပ်ထဲဝင်သွားပြီး အာခေါင်ထဲညပ်သွားခဲ့ပါတယ်။
မစ္စ'လီ'က ဘာလုပ်ရမှန်းမသိဘဲ တိုဖတ်တံကိုမျိုချလိုက်ပေမယ့် လည်ချောင်းမှာကန့်လန့်ခံနေခဲ့ပါတယ်။
အရေးပေါ်ဌာနကိုအပြေးသွားခဲ့ရာ ဆေးဝန်ထမ်းတွေကလည်း ဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဖူးကြောင်း ပြောပြလာပါတယ်။
ဒါနဲ့ပဲ နီးစပ်ရာဆေးရုံသို့သွားခဲ့ပြီး အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ခွဲစိတ်ဆရာဝန်များက ကွေးဆန့်လို့ရတဲ့ကင်မရာလေးကို လည်ချောင်းထဲထည့်ကြည့်ရာ တို့ဖတ်တံကိုတွေ့ရှိခဲ့ကြပါတယ်။
"တို့ဖတ်တံက ပါးစပ်ထဲဝင်သွားပြီး လည်ချောင်းအနောက်ဘက်မှာ ညပ်နေခဲ့ပြီး တို့ဖတ်တံတဖက်က အာခေါင်မှာကပ်နေခဲ့ပါတယ်၊ ဖယ်ထုတ်ဖို့လုပ်ပေမယ့် မရခဲ့တာကြောင့် မျိုချလိုက်မယ်လို့တွေးမိလိုက်ပါတယ်၊ အသက်လည်းမရှူနိုင်တော့ပါဘူး၊ အဲဒီနောက်ကားထဲဝင်ပြီး အရေးပေါ်ဌာနကို မောင်းထွက်သွားပါတယ်" လို့ ဆိုပါတယ်။
အရေးပေါ်ဌာနရောက်တဲ့အခါ မစ္စ'လီ'ကဖြစ်စဉ်ကိုရှင်းပြခဲ့ရာ ဆေးဝန်ထမ်းတွေက ဘာလုပ်ရမှန်းမသိခဲ့ပါဘူး။
"တို့ဖတ်တံကိုပါးစပ်ထဲကထုတ်မှရမှာပါ၊ တကယ်လို့အူထဲကိုသာရောက်သွားရင် ပေါက်ထွက်ကုန်နိုင်ပါတယ်" လို့ ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့လက MailOnline က စုံစမ်းရာမှာ ယူကေမှာ ကိုဗစ်စမ်းသပ်ပစ္စည်းအသုံးပြုပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၃ ထောင်လောက် အကြောင်းကြားခဲ့ကြကြောင်း တွေ့ရှိခဲ့ကြပါတယ်။
PCR test ပုံစံအဟောင်းတွေက တို့ဖတ်တံကိုလည်ချောင်းအနောက်ဘက်အထိ ထည့်ပြီးတို့ရတာကြောင့် ယခုလိုအဖြစ်မျိုးအင်္ဂလန်မှာ အနည်းငယ်တွေ့ရှိနေရပါတယ်။
အချို့လူတွေမှာလည်း စမ်းသပ်ပြီးနောက် နှာခေါင်းသွေးလျှံခြင်းမျိုးကြုံတွေ့ရကြောင်း အကြောင်းကြားလာကြပါတယ်။
လူအများအပြားကလည်း မတော်တဆထိခိုက်တာမျိုးဖြစ်တဲ့အခါ သက်ဆိုင်ရာကိုအကြောင်းမကြားတတ်ကြဘူးလို့ ယူကေဆေးဝါးဌာနနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းကွပ်ကဲရေးအေဂျင်စီတို့က ဆိုပါတယ်။
တာဝန်ရှိသူတွေကတော့ ကိုဗစ်စစ်ဆေးရင်းထိခိုက်မှုမျိုးဖြစ်တဲ့အခါ မှတ်တမ်းတင်အကြောင်းကြားဖို့ မှာကြားထားပါတယ်။
ဒီလိုအကြောင်းကြားခြင်းဖြင့် အလားတူအဖြစ်မျိုး၊ ပိုမိုဆိုးရွားခြင်းမျိုးဖြစ်မလာအောင် ဖော်ထုတ်နိုင်မှာဖြစ်တယ်လို့ အကြုံပြုထားပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_ 19 May 2022
မန္တလေးတိုင်းဒေသကြီးတွင် ခေတ်မီစံပြကျေးရွာ (SMART Village) ၃ ရွာ ရွေးချယ် အကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့် မြိုပြုဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးစသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခေတ်မီစံပြကျေးရွာ (SMART Village) များ ထူထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
SMART Village များပေါ်ပေါက်လာရေး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန ၃ ခုတိုက သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေတွင် ကျေးရွာ ၃ ရွာရွေးချယ်၍ စတင်ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ကျေးရွာ ၉ ရွာ ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1747 of 1913