#World_Science
Published 20 September 2025
▪️ နို့တိုက်သတ္တဝါတွေ၊ လူသားတွေ၊ ကြောင်တွေ၊ ဝေလငါးတွေ၊ လင်းနို့တွေ၊ ကျားတွေ၊ ခွေးတွေဟာ ဆုံးဖြတ်ချက်ချရာမှာ ဦးနှောက်နေရာတစ်ခုတည်းကို မှီခိုတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ခဲ့ကြပါတယ်။
▪️ ယခုလေ့လာချက်အသစ်မှာတော့ နို့တိုက်သတ္တဝါတွေဟာ ဒီလုပ်ငန်းစဉ်အတွက် ဦးနှောက်နေရာ အများအပြားကို အသုံးပြုကြတယ်လို့ တွေ့ရှိလာပါတယ်။
▪️ လက်ရှိမှာ ဆုံးဖြတ်ချက်ချဖို့ အဓိကကျတဲ့ နေရာကြီးနှစ်ခုက PFC နဲ့ ဟစ်ပိုကမ်းပက်စ်တို့ဖြစ်ပါတယ်။
▪️ PFC က အစီအစဉ်ချခြင်း၊ ဆန်းစစ်ခြင်း၊ ရွေးချယ်ခြင်းတို့ကို ပြုလုပ်ပေးပြီး ဟစ်ပိုကမ်းပက်စ်ကတော့ ဆုံးဖြတ်ချက်ချစဉ်မှာ PFC နဲ့ အပြန်အလှန် လုပ်ဆောင်ပါတယ်။
▪️ Written ဓာတ်ခြွခန်းမှ တွဲဖက်သုတေသနပညာရှင် အယ်လီယန်ဒရိုပန်ဗက်ကွက်ဇ်နဲ့ အဖွဲ့က ကြွက် ၁၃၉ ကောင်မှ ဦးနှောက်နေရာပေါင်း ၂၇၉ ခုရဲ့ နျူရွန် ၆ သိန်းကျော်လှုပ်ရှားမှုကို လေ့လာခဲ့ကြပါတယ်။
▪️ ဒီအခါမှာ ဆုံးဖြတ်ချက်ချခြင်းက ယခင်ထင်ထားသလို မဟုတ်ဘဲ ဦးနှောက်နေရာအများအပြားနဲ့ သက်ဆိုင်နေတယ်လို့ ကောက်ချက်ချရပါတယ်။
ဆုံးဖြတ်ချက်ချခြင်းက ရှုပ်ထွေးတဲ့ဖြစ်ရပ်ဖြစ်တာကြောင့် ဒီလေ့လာချက်က အနာဂတ်အတွက် အခြေခံအုတ်မြစ်ဖြစ်လာမယ်လို့ သုတေသီတွေ ယူဆထားပါတယ်။
▪️ ဒါ့အပြင် တွေ့ရှိချက်အသစ်တွေအတွက် လမ်းကြောင်းတွေ ဖြစ်လာနိုင်ကာ ဆုံးဖြတ်ချက်တွေ ဘယ်လိုချလဲဆိုတာကို ပုံဖော်ပေးနိုင်ပါလိမ့်မယ်။
▪️ ဒီလေ့လာချက်ဟာ အရေးပါတဲ့ အောင်မြင်မှုဖြစ်ပြီး အစသာရှိသေးကာ နောက်ထပ်အခွင့်အလမ်းပေါ်ပေါက်လာမယ်လို့ သုတေသနပြုစုသူ တာတီယာနာအန်ဂျယ်က ပြောသွားပါတယ်။
Source: India Today.
#World_Health
Published 20 September 2025
▪️ နှလုံးသွေးကြောပြဿနာရှိတဲ့ လူနာတွေမှာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့မှ ကာကွယ်နိုင်ရန် သွေးကျဲဆေး အက်စပရင်ပမာဏအနည်းငယ်ကို နေ့စဉ်သုံးစွဲခိုင်းလေ့ရှိပါတယ်။
▪️ ဒါပေမဲ့ သုတေသနအသစ်မှာတော့ နောက်ထပ်ဆေးတစ်မျိုးက ပိုပြီးထိရောက်မှုရှိတယ်လို့ တွေ့ရှိထားပါတယ်။
▪️ အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျပန်တို့လို နိုင်ငံများမှ နိုင်ငံတကာဆေးအဖွဲ့များ ဦးဆောင်ပြီး နှလုံးသွေးကြောရောဂါရှိတဲ့ လူနာပေါင်း ၂၉,၀၀၀ နီးပါးကို လေ့လာဆန်းစစ်ခဲ့ရာမှာ ကလိုပီဒိုဂရယ်က နှလုံးနဲ့ လေဖြတ်ခြင်းအန္တရာယ်တို့ ကာကွယ်ရာမှာ အက်စပရင်ထက်ပိုကောင်းပြီး သွေးယိုထွက်ခြင်းမျိုး ဖြစ်နိုင်ခြေမများစေဘူးလို့ လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။
▪️ ကလိုပီဒိုဂရယ် ရေရှည်ကုသခြင်းက အက်စပရင်နဲ့ယှဉ်ရင် နှလုံးသွေးကြောနဲ့ ဦးနှောက်သွေးကြောဖြစ်ရပ်ကြီးတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
▪️ ကလိုပီဒိုဂရယ်က သွေးတွေခဲခြင်းမှ ကာကွယ်ပေးကာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ လျှော့ချပေးကြောင်း အိန္ဒိယနှလုံးကောလိပ်မှ ဒေါက်တာစီအမ်နာဂျက်ရှ်က ပြောပါတယ်။
▪️ လက်တွေ့မှာတော့ လူတွေဟာ ကျန်းမာရေးအခြေအနေ အမျိုးမျိုးရှိကြတာကြောင့် အက်စပရင်နဲ့ ကလိုပီဒိုဂရယ်ကြား ရွေးချယ်နိုင်ပါတယ်။
▪️ အက်စပရင်အသုံးပြုနေတဲ့ လူနာတွေအနေနဲ့ ဆေးကိုချက်ချင်းမပြောင်းဘဲ ဆရာဝန်တွေနဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
▪️ ကလိုပီဒိုဂရယ်က ဆေးညွှန်းပိုင်းမှာ ပိုပြီးသင့်လျော်ပေမယ့် နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။
Source: Indian Express
အစ္စရေးလ်စစ်တပ်က ထွက်ပြေးတိမ်းရှောင်ရန် အမိန့်ထုတ်ပြန်ပြီးနောက် ခဏအကြာမှာပဲ ဂါဇာကမ်းမြောင်မှ အမြင့်မားဆုံးအဆောက်အဦဖြစ်တဲ့ အယ်ဂါဖရီမျှော်စင်ဟာ တနင်္လာနေ့ကပြိုကျသွားပြီဖြစ်ပါတယ်။
#World_News
Published 19 September 2025
#အစ္စရေးလ်စစ်တပ် #အယ်ဂါဖရီမျှော်စင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 September 2025
၁။ ဆီကြိတ်ဖတ်များ သိုလှောင်ခြင်းမပြုရန်အသိပေး
၂။ "ငလျင်ဘေးအရေးပေါ်တုံ့ပြန်ပုံ လက်တွေ့လေ့ကျင့်ခြင်း"ပြုလုပ်မည်
၃။ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်ကြောင့် ရန်ကုန်တွင်မိုးများနိုင်
၄။ အစ္စရေးလ်တိုက်ခိုက်မှုကြောင့် ဂါဇာမှအမြင့်ဆုံးအဆောက်အဦပြိုကျ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံက ဆန်ကြိတ်ခွဲထုတ်လုပ်ရေးနဲ့ ရောင်းချတဲ့လုပ်ငန်းတွေ အတွက် AI နည်းပညာနဲ့ ဆန်ရဲ့ ရူပအရည်အသွေးကို စစ်ဆေးနိုင်ပြီလို့ PHI Co., Ltd. ကနေသိရပါတယ်။
#Local_News
Published 19 September 2025
#AI #ဆန်
#YMG/NN #Yangon_Times
ဗီယက်နမ်နဲ့ လာအိုတို့မှတစ်ဆင့် ဝင်ရောက်လာနိုင်တဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်တွေကြောင့် မိုးရွာပြီး ရန်ကုန်မှာမိုးများကာရေကြီးနိုင်တယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က သုံးသပ်ပြောကြားထားပါတယ်။
#Local_News
Published 19 September 2025
#တိုင်ဖွန်းမုန်တိုင်း #ဗီယက်နမ်နဲ့လာအို
#YMG/NN #Yangon_Times
"ငလျင်ဘေးအရေးပေါ်တုံပြန်ပုံ လက်တွေ့လေ့ကျင့်ခြင်း"အစီအစဉ်ကို အခုလ(၂၀)ရက်မှာ ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် (Hall)မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 19 September 2025
#ငလျင် #ဂျပန်ဖောင်ဒေးရှင်း
#YMG/SW #Yangon_Times
#Local_News
Published 19 September 2025
▪️ မွန်ပြည်နယ် မော်လမြိုင်မြို့၌ မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲ ကိုယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ (၁၉၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို စက်တင်ဘာလ(၁၉)ရက်မှ(၂၀)ရက်နေ့,နှစ်ရက်တိုင်တိုင်လောင်းလှူ ခြင်းဖြစ်ပြီး ပထမနေ့(၁၉)ရက်နေ့တွင် ဇေယျာသီရိရပ်ကွက်၊လောကမာရဇိန်စေတီမှစတင်၍ ဒိုင်းဝန်ကွင်းအောက်လမ်းမကြီး သာယာကုန်းဝတ်တော်ကြီး၊ဗဟိုလမ်း၊ပြည်နယ်အစိုးရရုံးရှေ့အထိ အလှုခံတော်မူခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ဒုတိယနေ့(၂၀)ရက်နေ့တွင်သာယာကုန်းဝတ်တော်ကြီးမှသီရိမြိုင်ရပ်ကွက်ရွှေလမ်းထိပ်မှအတုလမာန်အောင်စေတီတော်ထိအလှူခံကြွရောက်ခဲ့ကြောင်း သိရသည်။
▪️ ထိုဆွမ်းဆန်တော်လောင်းလှူပွဲသို့ ကျောင်းပေါင်း(၄၁၃)ကျောင်းမှ ရဟန်းသာမဏေပေါင်း(၈၃၁၄)ပါး ၊သီလရှင်ဆရာကြီး/လေးများ(၁၅၁၅)ပါး ကြွရောက်အလှူခံတော်မူခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 September 2025
▪️ AI ကာတွန်းပြိုင်ပွဲ ၌ မည် သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင် ကြောင်း RecyGlo Myanmar မှသိရသည် ။
▪️ အဆိုပါပြိုင်ပွဲကို RecyGlo Myanmar ကအမှိုက်များ စနစ်တကျ စွန့်ပစ်ခွဲခြားခြင်းနှင့် ပတ်သက်သည့် အသိအမြင်များ မြှင့်တင်လိုခြင်း၊လူအများ၏ ရင်ထဲသို့ အချိန်ခဏအတွင်း သုတဖြစ်စေ၊ ရသဖြစ်စေ အချက်အလက်တစ်ခုကို ရောက်စေချင်ခြင်း စသည့်အချက်များအား ရုပ်ပြကာတွန်းများမှတဆင့်လျင်မြန်စွာရောက်ရှိရန် ရည်ရွယ်ချက်နှင့်ကျင်းပခြင်းဖြစ်သည်။
▪️ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်လက်ရာများကို လာမည့် စက်တင်ဘာလ(၂၃)ရက်အထိ လက်ခံသွားမည်ဖြစ်ကာပြိုင်ပွဲမှာ ဆုရရှိသူများကို ဆုကြေးငွေအပြင် Digital Achievement Certificate ကိုပါ ထည့်သွင်း ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို RecyGlo Myanmar page ၌ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
ပြည်တွင်းတိရစ္ဆာန်အစာ လိုအပ်ချက်ရှိလာနိုင်တာကြောင့် ဆီကြိတ်ဖတ် တွေကို သိုလှောင်ခြင်းမပြုကြဖို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 September 2025
#ဆီကြိတ်ဖတ် #မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း
#YMG/NN #Yangon_Times
#World_News
Published 19 September 2025
▪️ လက်ယာနိုင်ငံရေးလှုပ်ရှားသူ ချာလီကာ့ခ် လုပ်ကြံခံရပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ဝဲဝါဒီအဖွဲ့များအပေါ် အရေးယူဆောင်ရွက်မှုအသစ်များ ပြုလုပ်သွားမယ့်သဘော ဗုဒ္ဓဟူးနေ့က ပြောသွားကာ ဖက်ဆစ်ဆန့်ကျင်ရေး(antifa) လှုပ်ရှားတဲ့အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပစ်မှတ် လိုက်ပါတယ်။
▪️ antifa ကို ငွေကြေးထောက်ပံ့သူတွေဟာ ဥပဒေစံနှုန်းသတ်မှတ်ချက်တွေဖြင့် အပြည့်အဝ စုံစမ်းစစ်ဆေးခံသွားရမယ်လို့ ထရမ့်က Truth Social မှာ ဖော်ပြခဲ့ပါတယ်။
▪️ Antifa က ရှင်းလင်းတဲ့ ခေါင်းဆောင်ပိုင်းဖွဲ့စည်းပုံစနစ်မရှိဘဲ လွတ်လပ်တဲ့ လှုပ်ရှားရေးတစ်ခုသာဖြစ်တယ်လို့ ကျွမ်းကျင်သူများ ဆိုထားပါတယ်။
▪️ ချာလီကာ့ခ်ကို လုပ်ကြံသူခဲ့သူကို ဥပဒေစွဲချက်တင်ပြီး တစ်ရက်အကြာမှာ အသက် ၂၂ နှစ်အရွယ် တိုင်လာရော်ဘင်ဆန်ကို ပြင်ပအဖွဲ့တစ်ခုနဲ့ ဆက်စပ်တဲ့ သက်သေအထောက်အထားတွေ မတွေ့ရသေးပါဘူး။
▪️ လုပ်ကြံရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးလည်း မေးစရာတွေ ဖြစ်နေပါတယ်။
▪️ ထရမ့်နဲ့ ရာထူးမြင့်အရာရှိများကတော့ ကာ့ခ်လုပ်ကြံခံရမှုအပေါ် ရှေးရိုးစွဲဝါဒီတွေကို ရန်လိုစိတ်ရှိနေတဲ့ လက်ဝဲအုပ်စုများကိုပဲ အပြစ်တင်နေကြပါတယ်။
▪️ ဒုဥက္ကဌဂျေဒီဗန့်စ်ကလည်း ဒီလုပ်ကြံမှုအတွက် လက်ဝဲနိုင်ငံရေးသမားများကို အပြစ်တင်နေပါတယ်။
▪️ ကာ့ခ်လုပ်ကြံခံရတာကို အကြောင်းပြပြီး ထရမ့်ကပြိုင်ဘက်နိုင်ငံရေးသမားများကို ဖြိုခွင်းသွားနိုင်တယ်လို့ ဝေဖန်သူတွေ သုံးသပ်နေကြပါတယ်။
Source: Reuters
#Local_News
Published 19 September 2025
▪️ မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများရုံးဖွင့်လှစ်ခြင်းနှင့် တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများကို တီမောလက်စ်တေနိုင်ငံတွင် ခွင့်ပြုမည်မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ အလုပ်သဘော ရောက်ရှိနေသည့် တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို စက်တင်ဘာ ၁၈ ရက်က ကတိပေးပြောကြားပါတယ်။
▪️ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ ယင်းကိုဖော်ပြထားခြင်းဖြစ်ပြီး တီမောလက်စ်တေနိုင်ငံမြို့တော် ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန်လည်း တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ကမ်းလှမ်းခဲ့တယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန်လည်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ အလေးထား ဆွေးနွေးသဘောတူခဲ့တယ်လို့ သိရပါတယ်။
▪️ ယင်းအပြင် အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်တို့ကို ချုပ်ဆိုနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
▪️ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၁၇-၉-၂၀၂၅ ရက်မှ ၁၉-၉-၂၀၂၅ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့တာဖြစ်ပါတယ်။
#YMG/KNL #Yangon_Times
Page 144 of 1918