အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရဲ့နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော် (Floral Fantasia) ကို ယခုလ ၁၄ ရက်ကစပြီး ဇန်နဝါရီလ ၁၂ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ သိရပါတယ်။
#Local_News
Published 4 December 2024
#အမျိုးသားကန်တော်ကြီးဥယျာဉ် #ပန်းပွဲတော်ကျင်းပ
#YMG/SW#Yangon_Times
#Local_News
Published 4 December 2024
▪️ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၌ ယနေ့မနက်အစောပိုင်းက နေအိမ် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ သိရသည်။
▪️ ဒီဇင်ဘာ ၄ နံနက် ၁၂နာရီ၅၀မိနစ် အချိန်ခန့်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ၁၁ လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းအရ မြန်မာနိင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရေဂါလံ ၃၄၀၀ ဆံ့ ရေသယ်ယာဥ် ၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးယာဥ်များနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့၀င်များ ထွက်ခွာကာ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့၀င်များအား ထောက်ပံ့ကူညီခြင်း ၊ မီးလောင်ပြင်တွင် ဒဏ်ရာရရှိသူ ကျားတစ်ဦးအား ရှေးဦးပြုစု ကုသပေးခြင်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ မနက် ၁ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် လူသေဆုံးမှု မရှိသော်လည်း ထိခိုက်သူအား ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 04 December 2024
▪️ အင်္ဂါနေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ နေတိုး(NATO)မဟာမိတ်အဖွဲ့ဝင် ဖြစ်ရေးအတွက် ဖိတ်ကြားရန် ယူကရိန်းရဲ့ တောင်းဆိုချက်ကို နေတိုးက လက်ရှောင်ခဲ့သဖြင့် ယူကရိန်းက အနာဂတ် လုံခြုံရေး အာမခံချက်ရရှိဖို့အတွက် နေတိုးအဖွဲ့ဝင် ဖြစ်ရေးမှတပါး အခြားမရှိဘူးလို့ ကြေညာလိုက်ပါတယ်။
▪️ ယူကရိန်းကို အဖွဲ့ဝင်ဖြစ်ရေး ဖိတ်ခေါ်လိုက်ပါက ဒီဖြစ်ရပ်ကို တားဆီးဖို့ စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားအကြောင်းပြချက် တစ်ခုကိုလည်း ဖယ်ရှားပြီးသား ဖြစ်လိမ့်မယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆစ်ဘီဟာက စာရေးသားပေးပို့ခဲ့ပါတယ်။
▪️ နေတိုးအဖွဲ့က ဖိတ်ကြားချက် ထုတ်ပြန်ဖို့ နေ့ရက်ကို မသတ်မှတ်ရသေးဘဲ အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံကြား ဘုံသဘောတူညီချက် မရသေးဘူးလို့ သံတမန်များက ဆိုပါတယ်။
▪️ မကြာခင် အမေရိကန်သမ္မတ ရာထူးရယူတော့မယ် ဒေါ်နယ်ထရမ့်အစိုးရရဲ့ သက်ရောက်မှုကို မသိရမချင်း အဖွဲ့ဝင်နိုင်ငံအချို့က စောင့်ဆိုင်းနေပါသေးတယ်။
ညစာစားပွဲအပြီးမှာ လစ်သူရေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂေဘရီယယ်လီယပ်စ်လန်းစ်ဘာဂျစ်က အဖွဲ့ဝင်ဖြစ်ရေးကိစ္စ တိုးတက်မှုမရှိသေးဘူး သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ ချက်နိုင်ငံခြားရေးဝန်ကြီး ယန်းလီပက်ဗ်စကီက ယူကရိန်းကို ဖိတ်ကြားဖို့က လိုအပ်တယ်ဆိုပေမယ့် သဘောတူညီချက် မရသေးဘူးလို့ ဆိုပါတယ်။
▪️ ရုရှားနဲ့ ဆက်ဆံရေးနီးစပ်တဲ့ ဟန်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီး ပီတာဆစ်ဂျာတိုကတော့ ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ဆန့်ကျင်နေဆဲ ဖြစ်ပါတယ်။
▪️ ယူကရိန်းအနေနဲ့ နေတိုးတစ်ဖွဲ့လုံးထက်စာရင် အနောက်တိုင်း တစ်နိုင်ငံချင်းစီကနေ လုံခြုံရေး အာမခံချက်များ ရနိုင်တယ်လို့ သံတမန်အချို့က အကြံပြုပါတယ်။
▪️ နေတိုးမဟာမိတ် သဘောတူညီချက်အရ တစ်နိုင်ငံတိုက်ခိုက်ခံရပါက ဝိုင်းဝန်းခုခံတိုက်ခိုက်ရမှာဖြစ်တဲ့အတွက် ယူကရိန်းက နေတိုးအဖွဲ့ဝင် ဖြစ်ချင်နေတာ ဖြစ်ပါတယ်။
#Source: Reuters
#Local_News
Published 4 November 2024
▪️ ၂၀၂၅ ခုနှစ်၊ မတ်လတွင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားအား ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒီဇင်ဘာ ၄ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
▪️ အဆိုပါထုတ်ပြန်ချက်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်အား မတ် ၁၇ ရက်၊ အင်္ဂလိပ်စာဘာသာရပ်အား မတ် ၁၈ ရက်၊ သင်္ချာဘာသာရပ်အား မတ် ၁၉ ရက်တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဝင်ဘာ သာရပ်တို့အား မတ် ၂၀ ရက်၊ ရူပဗေဒဘာရပ်နှင့်သမိုင်းဘာသာရပ်တို့အား မတ် ၂၁ ရက်၊ ဇီဝဗေ ဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်တို့အား မတ် ၂၂ ရက်တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။
▪️ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားအရ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများမှာ ပိတ်ရက်မရှိဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 December 2024
▪️ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ eLearning Portal for MSMEs တွင်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) အတွက် လုပ်ငန်းလည်ပတ်မှုအတွင်းနှင့် ပြင်ပပတ်ဝန်းကျင်မှတစ်ဆင့် ရင်ဆိုင်ကြုံတွေ့နိုင်သည့်ထိခိုက်ဆုံးရှုံးနိုင်ခြေအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးအတွက် “ထိခိုက်ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲမှု (Risk Management)” သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
▪️ ထိုသင်တန်းမှတစ်ဆင့် မိမိစီးပွားရေးလုပ်ငန်းအတွက် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု (Risk Management) ရဲ့ အရေးပါပုံ၊ ရင်ဆိုင်ကြုံတွေ့နိုင်သည့် ထိခိုက်ဆုံးရှုံးနိုင်ခြေ (Risk) အမျိုးအစားများဖြစ်ပေါ်လာချိန်တွင် ထိရောက်စွာတုံ့ပြန်နိုင်ရန် အကဲဖြတ်သုံးသပ်ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်ခြင်းစသည့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ထည့်သွင်းစီမံတတ်သည့် အလေ့အထနှင့်ခံနိုင်ရည်ရှိမှု၊ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစွမ်းရည်ကို လက်တွေ့အသုံးချမှု စသည်များကို မြန်မာဘာသာစကားနှင့် စနစ်တကျ လေ့လာသင်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် သင်ခန်းစာအားလုံးလေ့လာပြီး Final test ဖြေဆိုအောင်မြင်ပါက UNDP ကပေးအပ်သည့်“သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion)” ကိုလည်း အခမဲ့ ရရှိမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ eLearning Portal for MSMEs ၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသောလင့်ခ်ကိုနှိပ်ပြီး မြန်မာဘာသာစကားဖြင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW#Yangon_Times
#World_Health
Published 04 December 2024
▪️ ပုံမှန်မဟုတ်တဲ့ အချိန်တွေမှာ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် မကောင်းနိုင်တာ သိထားကြပေမယ့် ယခုလေ့လာချက်အသစ်မှာတော့ အသက်အန္တရာယ်ပါ ရှိစေတယ်လို့ တွေ့ရှိလာကြပါတယ်။
▪️ အိပ်ချိန်ပုံမှန်မရှိတာဟာ နှလုံးသွေးကြောရောဂါများဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ပင် ဖြစ်စေနိုင်ပါတယ်။
▪️ တွေ့ရှိချက်များအရ အိပ်ချိန်မှန်ကန်စွာ သတ်မှတ်ဖို့က အိပ်ချိန်လုံလောက်တာထက် ပိုပြီးသင့်လျော်နေတယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။
▪️ အသက် ၄၀ မှ ၇၉ နှစ်ကြား လူပေါင်း ၇၂၀၀၀ ကျော်ကို တစ်ပတ်ကြာအောင် အိပ်စက်မှုပုံစံများ လေ့လာခဲ့ကြပါတယ်။
▪️ ရမှတ် ၈၇ မှတ်အထက်ကို အိပ်ချိန်ပုံမှန်လို့ သတ်မှတ်ကာ ၇၂ မှတ်အောက်ကိုတော့ အိပ်ချိန်ပုံမှန် မဟုတ်ဘူးလို့ သတ်မှတ်ပြီး ကြားရမှတ်ကတော့ သာမန်လို့ သတ်မှတ်ပါတယ်။
▪️ နောက် ၈ နှစ်အတွင်းမှာ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်းတို့ ဖြစ်ပျက်တဲ့ အချက်အလက်များကို စုဆောင်းခဲ့ရာမှာ အိပ်ချိန်ပုံမှန်မရှိသူတွေက နှလုံးသွေးကြော ပြဿနာကြီးများ ဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။
▪️ အိပ်ချိန်ပုံမှန်အိပ်လေ့ရှိသူတွေက တစ်ညကို ရှိသင့်ရှိထိုက်တဲ့ အိပ်ချိန် ၇ နာရီမှ ၉ နာရီကြား ပိုမိုရရှိစေတာကိုလည်း တွေ့ရပါတယ်။
▪️ အိပ်ရေးပျက်ခဲ့တာကို ပြန်ဖြည့်အိပ်ခြင်းက နှလုံးသွေးကြောပြဿနာများ ဖြစ်နိုင်ခြေကို မလျော့ကျစေပါဘူး။
▪️ ညအိပ်ချိန်မှာ ပုံမှန်သတ်သတ်မှတ်မှတ် မရှိပါက နှလုံးပြဿနာများ ဖြစ်နိုင်ခြေ များစေတာနဲ့ ဆက်စပ်နေပုံကို ဖော်ပြနေပါတယ်။
▪️ ဒါကြောင့်အိပ်ချိန်ကို ပုံမှန်သတ်မှတ်အိပ်စက်ဖို့က အရေးကြီးတယ်လို့ အကြံပြုသွားပါတယ်။
#Source: New York Post
#World_Health
Published 04 December 2024
▪️ လူတွေ အသက်ကြီးလာတဲ့အခါ ဦးနှောက်ကျုံ့လာတာကို မကာကွယ်နိုင်ပေမယ့် နှောင့်နှေးအောင်တော့ လုပ်လို့ရပါသေးတယ်။
▪️ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်းက ဦးနှောက်ကျန်းမာရေးအပေါ် သက်ရောက်နိုင်ပြီး ဦးနှောက်ကျန်းမာရေး ကျဆင်းလာခြင်းကို နှောင့်နှေးစေတယ်လို့ ဘန်ဂူရီယန်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိလာပါတယ်။
▪️ မက်ဒီတာရေးနီးယန်း စားသောက်မှုပုံစံရဲ့ အာရုံကြောကာကွယ်နိုင်စွမ်းမှာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုက ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ဦးနှောက်ရင့်ရော်ခြင်းကို နှောင့်နှေးစေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
▪️ လူတွေမှာ နေထိုင်မှုသက်တမ်းရှိသလို ဦးနှောက်မှာလည်း သူ့သက်တမ်းနဲ့သူ ရှိပါတယ်။
▪️ ဦးနှောက်သက်တမ်းနုနယ်စဉ်မှာ ဦးနှောက်ကျန်းမာရေး ပိုကောင်းပြီး ဦးနှောက်သက်တမ်း အိုမင်းတဲ့အခါ မှတ်ဉာဏ်နဲ့ အသိဉာဏ်ကျဆင်းလာပါတယ်။
▪️ မက်ဒီတာရေးနီးယန်း အစားအစာတွေက အသက်အရွယ်ကြောင့် ဦးနှောက်ကျုံ့ခြင်းကို တစ်နှစ်ခွဲအတွင်း တဝက်လောက် လျှော့ချပေးတယ်လို့ တွေ့ထားကြပါတယ်။
▪️ ထိုအစားအစာတွေမှာ ပိုလီဖီနောလ်ဓာတ် ကြွယ်ဝပြီး ဇီဝဖြစ်စဉ်ကျန်းမာရေးကို ထောက်ပံ့ရုံမက ဦးနှောက်တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တို့ကိုလည်း ကာကွယ်ပေးပါတယ်။
▪️ ဘဲစားရေမှော်ပင်တွေဆိုရင် သွေးတွင်းသကြားဓာတ်နဲ့ ဦးနှောက်ကျန်းမာရေးတို့အတွက် တိုးတက်စေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ အပင်အခြေပြု စားစရာတွေမှာ တွေ့ရတဲ့ ပိုလီဖီနောလ်က သွေး-ဦးနှောက်ပိုင်းခြားမှုကို ဖြတ်သန်းကာ ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချပေးတယ်လို့ သိရပါတယ်။
#Source: The Jerusalem Post
လက်ဘနွန်နဲ့ အစ္စရေးလ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဗုဒ္ဓဟူးနေ့ အာရုံတက်ချိန်မှာ စတင်သက်ရောက်လာပြီး မရေရာမှုတွေရော ပျော်ရွှင်မှုတွေပါ ခံစားနေရတဲ့ ထောင်ပေါင်းများစွာသော လက်ဘနွန်ရွှေ့ပြောင်းအရပ်သားတွေဟာ မြို့တော်ဘေရုကနေ နေရပ်ပြန်နေပြီဖြစ်ကာ သူတိုရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်နေပါပြီ။
#World_News
Published 3 December 2024
#လက်ဘနွန်-အစ္စရေးလ် #စစ်ဘေးရှောင်အရပ်သား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 3 December 2024
၁။ ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်းနှင့် ကောလဟာလများပျောက်ကွယ်သွားခြင်းကြောင့် မြန်မာ့ရွှေဈေးကျဆင်းလာ
၂။ ဆန်စပါးအထွက်တိုးရန် ဆောင်ရွက်ရာ၌ စိန်ခေါ်မှုများရှိနေ
၃။ အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲတစ်သောင်းကျော်ကို ယခုလ ၃၁ ရက်နောက်ဆုံးထားထုတ်ယူနိုင်
၄။ လက်ဘနွန်-အစ္စရေးလ်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စတင်အသက်ဝင်လာလာချင်းမှာပင် စစ်ဘေးရှောင်အရပ်သားများနေရပ်ပြန်နေကြ
... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Yangon, December 3, 2024
Discussions on preliminary preparations for the construction of the Kunming-Kyaukpyu railway, a major infrastructure initiative aimed at enhancing connectivity between China and Myanmar, have begun, the Chinese Embassy in Yangon has confirmed.
Dr. Zheng Zhihong, Minister Counselor of the Chinese Embassy, addressed a question from Myanmar media about the development of the China-Myanmar railway project during the China-Myanmar Media Tea Party held on December 2 at the Wyndham Grand Yangon Hotel.
"The relevant departments are in discussions regarding the early preparations. Establishing a favorable environment is crucial for the project's success," said the Chinese diplomat. "This railway is a vital initiative for both countries, serving as a strategic project that aligns with the Belt and Road Initiative and the China-Myanmar Economic Corridor. It has the potential to significantly enhance Myanmar's economic development and cultural integration."
Senior General Min Aung Hlaing, Chairman of the State Administration Council and Prime Minister of Myanmar, discussed the Kunming-Kyaukpyu railway project with Chinese Premier Li Qiang during their meeting in Kunming, Yunnan Province, on November 6. The Senior General expressed his desire to initiate construction of the railway wherever feasible.
#ymg/knl
၃ ဒီဇင်ဘာ ၂၀၂၄
ကူမင်း-ကျောက်ဖြူ တရုတ်-မြန်မာ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းများစတင်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနတွေအကြား အစောပိုင်းပြင်ဆင်မှုတွေ ဆွေးနွေးနေတယ်လို့ တရုတ်နိုင်ငံသံရုံးက အတည်ပြုပြောဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr Zheng Zhihong က ဒီဇင်ဘာ ၂ရက်တွင် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်တွင်ကျင်းပတဲ့ တရုတ်-မြန်မာ မီဒီယာပုံမှန်တွေ့ဆုံပွဲတစ်ခုတွင် ယင်းကိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“ အခုသက်ဆိုင်ရာ ဌာနတွေက အစောပိုင်းပြင်ဆင်မှုတွေကို ဆွေးနွေးနေပါတယ်။ စီမံကိန်းအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကအရေးကြီးပါတယ်” လို့ တရုတ်သံမှူးကြီးက ပြောခဲ့ပါတယ်။
“ ဒီရထားလမ်းဟာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ စီမံကိန်းဖြစ်ပါတယ်။ နှစ်နိုင်ငံ မဟာဗျူဟာမြောက် စီမံကိန်းလည်းဖြစ်ပါတယ်။ Belt &Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွက် အရေးပါတဲ့နေရာ မှာရှိနေပါတယ်။ ဒီစီမံကိန်းကနေ မြန်မာနိုင်ငံရဲ့ စီးပွားရေးနှင့်ယဉ်ကျေးမှုအခြေအနေတွေကို ကောင်းစွာ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်” လို့ Dr Zheng Zhihong က ပြောပါတယ်။
အဲဒီစီမံကိန်းအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖော်ဆောင်မှုလုပ်ဖို့အရေးကြီးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီချန်းနှင့် နိုဝင်ဘာ ၆ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် ဗိုလ်ချုပ်မှူးကြီးက အဆိုပါရထားလမ်းစီမံကိန်းကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ကူမင်း-ကျောက်ဖြူရထားလမ်းစီမံကိန်းကို စလုပ်လို့ရသည့်နေရာတွင် စတင်ဖောက်လုပ်ရန် ဆန္ဒရှိ တယ်လို့ ဗိုလ်ချုပ်မှူးကြီးက တရုတ်ဝန်ကြီးချုပ်ကို ဆွေးနွေးခဲ့ကြောင်း နစကသတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကကြီးမှူးပြီး နှစ်လတစ်ကြိမ်ကျင်းပ နေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ရက်တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး၏ တရုတ်ခရီးစဉ်ကိစ္စ၊ မြန်မာပြည် မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးကိစ္စ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြကိစ္စ၊ လာမည့် ၂၀၂၅ခုနှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅နှစ်ပြည့်အခမ်းအနားများ နှစ်နိုင်ငံစလုံးတွင် နှစ်လုံးပေါက် ကျင်းပသွားမည့်ကိစ္စများ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။
@ymg/knl
နိုင်ငံရေးနည်းလမ်းကို မယုံကြည်ပါက လက်နက်ကိုင်နည်းလမ်းကို တွန်းပို့သကဲ့သို့ ဖြစ်သည့်အတွက် ဥပဒေကြောင်းအရ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲမှုကို ပြသရန်လိုဟု ဦးကိုကိုကြီးပြော
လက်နက်ကိုင်နည်းလမ်းဟာ နိုင်ငံအတွက် အနိဌာရုံ ဆိုးကျိုးတွေ တောက်လျှောက် ကြုံတွေ့ခံစားကြရတာဖြစ်လို့ အကြမ်းမဖက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး က ပြောပါတယ်။
#Local_News
Published 3 Dec 2024
#ဦးကိုကိုကြီး #ပြည်သူ့ပါတီဥက္ကဌ
Yangon_Times/PP
Page 144 of 1618